ZawGyiဖြင့်ဖတ်ရန်

မြန်မာ့ Miss လေး ခင်ဝင့်ဝါ ကတော့ မိန်းကလေးလိုနေထိုင်ရတာထက် ယောက်ကျားလေးပုံစံမျိုးနေထိုင်ရတာကိုပိုမိုနှစ်သက်တယ်ပေမယ့် သူမဟာ ယောက်ကျားလေးစိတ်ပေါက်နေသူတစ်ဦးတော့မဟုတ်ပါဘူး။




Credit – လှတောသား

Unicodeဖြင့်ဖတ်ရန်
မြန်မာ့ Miss လေး ခင်ဝင့်ငါ ကတော့ မိန်းကလေးလိုနေထိုင်ရတာထက် ယောက်ကျားလေးပုံစံမျိုးနေထိုင်ရတာကိုပိုမိုနှစ်သက်တယ်ပေမယ့် သူမဟာ ယောက်ကျားလေးစိတ်ပေါက်နေသူတစ်ဦးတော့မဟုတ်ပါဘူး။

“ညီမ Lesbian တော့မကြိုက်ဖူး ယောက်ကျားလေးနဲ့ဖတ်ပြီးတော့ ဟီးဟီးဟားဟားနေလို့ရှိရင်ပြောခံရမှာလေ အဲ့လိုမျိုးလည်း မရိုင်းတတ်ဖူးဆိုတော့ သူငယ်ချင်းတွေနဲ့တွေ့ရင်တော့ အရမ်းပျော်တယ်ဆိုတော့ ပိုပြီးတော့သိသာနေတာနေမှာပေါ့နော် လွတ်လပ်ပြီးတော့ ပေါ့ပါးနေသလိုခံစားရတာပေါ့”

“ကိုယ့်ကိုသားလို့ပဲပြောနေကျဆိုတော့ သားပါပဲ မပြောင်းတော့ဖူး နှုတ်ကျိုးနေပြီလေ ငယ်ငယ်လေးတည်းက အထက်မှာအကိုနဲ့ တစ်နှစ်ပဲကွာတာဆိုတော့ အကိုက သားသားလို့ပဲပြောတော့ ကိုယ့်ကိုယ်ကိုလည်း သားကလေ သားကလေနဲ့ပဲပြောနေတာပေါ့နော် အမြဲတမ်းအိမ်မှာဆိုလည်း အဲ့လိုပဲ သားကလေ တခါတလေ လူကြားထဲမှာဆိုရင်တော့ သမီးပေါ့နော် ဇွတ်သမီးတာပေါ့ ဒါပေမယ့်လည်း နှုတ်ကကျိုးတော့ တခါတလေကျရင် လူကြားထဲမှာ သားလို့ထွက်သွားတာပေါ့”

“မိန်းမချင်းလည်းမကြိုက်ပါဘူး Tomboy လိုလည်းမကြိုက်ပါဘူး တချို့ကျတော့လည်း ယောင်္ကျာလျာ နဲ့ကြိုက်နေတာလားပေါ့ မျိုးစုံပေါ့ Tomboy နဲ့လည်းမဟုတ်ပါဘူး ဒါပေမယ့် အကုန်လုံးနဲ့တော့ ပျော်ပျော်ရွှင်ရွှင်နေတတ်လို့ပါ အဲ့ဒါကြောင့်အထင်မလွဲပါနဲ့” လို့ သူမရဲ့ပရိသတ်တွေကို ရှင်းပြလာပါတယ်။

Credit – လွေတာသား