Mygqmr4uawexw2idxsot

ZawGyiျဖင့္ဖတ္ရန္
နာမည္ေက်ာ္ TV စတားတစ္ဦးျဖစ္တဲ့ Khloe Kardashian တစ္ေယာက္ အစ္စတာဂရမ္မွာ သူမ Fan ေတြမ်က္လံုးျပဴးသြားေစမယ့္ ဓာတ္ပံုတစ္ပံုကို တင္ခဲ့ပါတယ္။ အရင္က ထြက္ေပၚထားတဲ့သတင္းေတြေၾကာင့္ ဒီကိစၥကို Fan ေတြအားလံုး ရိပ္မိသိရွိၿပီးသားဆိုေပမယ့္ သူမကိုယ္တိုင္က အခုလိုတင္လိုက္တဲ့ ဓာတ္ပံုေၾကာင့္ Fan ေတြအားလံုး အံ့ၾသခဲ့ရတာပါ။ ဒါေပမယ့္လည္းသူမကို ခ်စ္တဲ့ Fan ေတြကေတာ့ သူမအတြက္ ဂုဏ္ျပဳစကားေတြ ဝမ္းသာစြာဆိုခဲ့ၾကပါတယ္။

ဘယ္လိုပံုတင္လို႕ပါလိမ့္

သူမတင္ခဲ့တဲ့ ဓာတ္ပံုကေတာ့ ကိုယ္ဝန္ေဆာင္မိသားစုပံုစံမ်ဳိး႐ိုက္ကူးထားတဲ့ သူမနဲ႕ ခ်စ္သူ Tristan Thompson တို႔ရဲ႕ပံုပါ။ ပံုေလးကို ၾကည့္ပါဦး ဒီေလာက္ထိရွိေနလိမ့္မယ္လို႕ ထင္မထားဘူးေလ။ ေနာက္ၿပီး သူမကိုယ္တိုင္က အခုလိုဓာတ္ပံုကို ႐ိုက္ကူးထားတယ္ဆိုေတာ့ ကေလးအတြက္ဘယ္ေလာက္ထိ ေမွ်ာ္လင့္ေနၾကတယ္ဆိုတာ သိသာမွာပါ။ ကၽြန္မရဲ႕အႀကီးမားဆံုးအိပ္မက္ကို နားလည္ပါၿပီ ကၽြန္မတို႕မွာ ကေလးေလးရွိေနပါၿပီ ဆိုၿပီးသူမက အင္စတာဂရမ္မွာ ဒီအျဖဴအမည္း ဓာတ္ပံုကိုတင္ခဲ့တာပါ။ ေနာက္ၿပီး သူမက နားလည္ေပးၾကတဲ့ Fan ေတြအားလံုးကိုလည္း ေက်းဇူးတင္ပါတယ္လို႕လည္း ေရးသားထားပါေသးတယ္။

ဂုဏ္ယူပါတယ္ေနာ္

Khloe နဲ႕ Tristan တို႕ေရ ပထမဆံုးကေလးေလးအတြက္ ဂုဏ္ယူပါတယ္ေနာ္။ ေနာက္ၿပီး ႏွစ္ဦးစလံုးကလည္း ေဘဘီေလးအတြက္ စိတ္လႈပ္ရွားေမွ်ာ္လင့္ေနၾကတာမဟုတ္လား။ ေနာက္သူတို႔ႏွစ္ေယာက္လည္း ကေလးေလးရွိၿပီးမွ ပိုပိုတိုးၿပီး သံေယာဇဥ္ေတြေႏွာင္ဖြဲ႕သြားၾကတယ္ေနာ္။ ေနာက္ပိုင္းမွာ Khloe နဲ႕ Tristan တို႔ရဲ႕ ေပ်ာ္ရႊင္စရာ မိသားစုဘဝေလးကိုလည္း ျမင္ေတြ႕ႏိုင္ၾကဦးမွာပါေနာ္။

ref:celebrity insider
#HM

Credit: MOMOLAY

 

Unicodeဖြင့်ဖတ်ရန်

နာမည်ကျော် TV စတားတစ်ဦးဖြစ်တဲ့ Khloe Kardashian တစ်ယောက် အစ်စတာဂရမ်မှာ သူမ Fan တွေမျက်လုံးပြူးသွားစေမယ့် ဓာတ်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။ အရင်က ထွက်ပေါ်ထားတဲ့သတင်းတွေကြောင့် ဒီကိစ္စကို Fan တွေအားလုံး ရိပ်မိသိရှိပြီးသားဆိုပေမယ့် သူမကိုယ်တိုင်က အခုလိုတင်လိုက်တဲ့ ဓာတ်ပုံကြောင့် Fan တွေအားလုံး အံ့သြခဲ့ရတာပါ။ ဒါပေမယ့်လည်းသူမကို ချစ်တဲ့ Fan တွေကတော့ သူမအတွက် ဂုဏ်ပြုစကားတွေ ဝမ်းသာစွာဆိုခဲ့ကြပါတယ်။

ဘယ်လိုပုံတင်လို့ပါလိမ့်
သူမတင်ခဲ့တဲ့ ဓာတ်ပုံကတော့ ကိုယ်ဝန်ဆောင်မိသားစုပုံစံမျိုးရိုက်ကူးထားတဲ့ သူမနဲ့ ချစ်သူ Tristan Thompson တို့ရဲ့ပုံပါ။ ပုံလေးကို ကြည့်ပါဦး ဒီလောက်ထိရှိနေလိမ့်မယ်လို့ ထင်မထားဘူးလေ။ နောက်ပြီး သူမကိုယ်တိုင်က အခုလိုဓာတ်ပုံကို ရိုက်ကူးထားတယ်ဆိုတော့ ကလေးအတွက်ဘယ်လောက်ထိ မျှော်လင့်နေကြတယ်ဆိုတာ သိသာမှာပါ။ ကျွန်မရဲ့အကြီးမားဆုံးအိပ်မက်ကို နားလည်ပါပြီ ကျွန်မတို့မှာ ကလေးလေးရှိနေပါပြီ ဆိုပြီးသူမက အင်စတာဂရမ်မှာ ဒီအဖြူအမည်း ဓာတ်ပုံကိုတင်ခဲ့တာပါ။ နောက်ပြီး သူမက နားလည်ပေးကြတဲ့ Fan တွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်လို့လည်း ရေးသားထားပါသေးတယ်။

ဂုဏ်ယူပါတယ်နော်

Khloe နဲ့ Tristan တို့ရေ ပထမဆုံးကလေးလေးအတွက် ဂုဏ်ယူပါတယ်နော်။ နောက်ပြီး နှစ်ဦးစလုံးကလည်း ဘေဘီလေးအတွက် စိတ်လှုပ်ရှားမျှော်လင့်နေကြတာမဟုတ်လား။ နောက်သူတို့နှစ်ယောက်လည်း ကလေးလေးရှိပြီးမှ ပိုပိုတိုးပြီး သံယောဇဉ်တွေနှောင်ဖွဲ့သွားကြတယ်နော်။ နောက်ပိုင်းမှာ Khloe နဲ့ Tristan တို့ရဲ့ ပျော်ရွှင်စရာ မိသားစုဘဝလေးကိုလည်း မြင်တွေ့နိုင်ကြဦးမှာပါနော်။

ref:celebrity insider
#HM
Credit: MOMOLAY

 

 

Q566ltsy31pxuaokhqrw