ZawGyiျဖင့္ဖတ္ရန္

မဲေစာက္ျမ၀တီ ထိုင္းျမန္မာ ကုန္သြယ္ေရး အေျခအေနသတင္း BBC ကေန နားေထာင္ၿပီး ျပည္ျမန္မာ အေရးအတြက္ ရင္ေလးမိတယ္။ BBC တင္ျပခ်က္သတင္းကို ျပန္ေရးျပပါ့မယ္။
ျမ၀တီ မဲေစာက္ ထိုင္းျမန္မာ ကုန္သြယ္ေရး အေျခအေနကို မဲေစာက္မွ ဘီဘီစီ သတင္းေထာက္ ကိုေအာင္ေက်ာ္ဦးက တင္ျပေပးပါ့မယ္။
မဲေစာက္ ျမ၀တီ ကုန္သြယ္ေရး လမ္းေၾကာင္းကေန အခုရက္ပိုင္းမွာ ျမန္မာဘက္ကို စားေသာက္ကုန္ ပစၥည္းေတြ အမ်ားႀကီး သြားေနတာမို႔ ျမ၀တီ ခ႐ိုင္ ကုန္သည္ႀကီးမ်ားအသင္း ဥကၠဌ ေဒၚသင္းသင္းျမတ္ကို က်ေနာ္ေမးၾကည့္ထားပါတယ္။
“ပဲသမားကလည္း စိုက္ရင္ ရံႈးတယ္။ၾကက္သြန္နီကလည္း ရံႈးတယ္။ဒီေတာ့ က်မတို႔ရဲ႕ လူ႔စြမ္းအား အရင္းအျမစ္ေတြက ထိုင္းဆီ ေရာက္သြားတယ္။
ထိုင္းမွာ သူတို႔ ဘာသြားျပန္လုပ္သလဲ။ ေျပာင္းစိုက္တယ္။ ပဲစိုက္တယ္။ ျငဳပ္သီးစိုက္တယ္။ အခုက ဒူးရင္းသီးလည္း ယိုဒယားပဲ။ သခြါးသီး ေဂၚဖီထုတ္ ေဂၚဖီပန္း အကုန္ပဲ။ သံပုရာသီးကအစ။
ၾကက္လည္း၀င္တယ္။ ဘဲဥလည္း ၀င္တယ္။ ၾကက္ဥလည္း ၀င္တယ္။ ငါး ပုဇြန္ေၾကာ့ေလးေတြကအစ။
ကြ်န္မတို႔ဘက္က ဘာမွ မထုတ္ႏိုင္ဘူး။ ကြ်နိမတို႔ ထုတ္တာနဲ႔ ရံႈးတာ။
အဲ့ဒီလို မရံႈးေအာင္ နည္းပညာနဲ႔ ပံ့ပိုးကူညီမႈေတြ ရွိတယ္ဆိုရင္ ကြ်နိမတို႔ စိုက္ပ်ိဳးေရး အားေကာင္းလာမယ္လို႔ ထင္တယ္။ အဲ့ဒီအခါက်ရင္ သူမ်ားေတြဆီကလည္း ၀ယ္စရာ မလိုေတာ့ဘူး။ ” လို႔ ေျပာပါတယ္။
“မဲေစာက္ဘက္ကေန ျမ၀တီ ျမန္မာဘက္ကို သြားေနတဲ့ ကုန္ပစၥည္း အေျခအေနေတြကို သိရဖို႔ က်ေနာ္သြားၾကည့္ ပါအံုးမယ္။
အခုက်ေနာ္ မဲေစာက္လက္ကား ေစ်းကြက္ကို ေရာက္ေတာ့ ဒူးရင္းသီးကား အစီး(၂၀)ေက်ာ္ သရက္သီးကား(၁၂)စီး နာနတ္သီးကား(၈)စီးအျပင္ အသီးအႏွံတင္ထားတဲ႔ကား(၆)စီးလည္း ျမဝတီဘက္ကို ထြက္ဖို႔ ျပင္ဆင္ေနတာ ေတြ႕ခ႔ဲရပါတယ္။
ၿပီးေတာ့ ေမြးျမဴေရးၾကက္အရွင္ငါးပုစြန္ေတြနဲ႕ ေအးခဲထားတဲ႔ ၾကက္သားေတြနဲ႔ ၾကက္ကလီဇာေတြအျပင္ ၾကက္ဥ ဘဲဥေတြ တင္ထားတဲ့ ကားေတြပါ စုစုေပါင္း အစီးတစ္ရာေက်ာ္ ေန႔စဥ္ျမန္မာဘက္ကို သြားေနတယိလို႔ လက္ကား ကုန္သည္ေတြက က်ေနာ့္ကို ေျပာျပပါတယ္။
ဘန္ေကာက္ကေန တိုက္႐ိုက္ ျမန္မာဘက္ကို သြားေနတာေတြက သၾကားကားေတြ အမ်ားဆံုးျဖစ္ပါတယ္။ ၿပီးေတာ့ ဓါတ္ဆီ ဒီဇယ္ဆီနဲ႔ မီးဖိုေခ်ာင္သံုး ဂတ္စ္ဓါတ္ေငြ႕ကားေတြ ျဖစ္ၿပီးေတာ့ ႏွစ္ထပ္ ကုန္ကားေတြမွာေတာ့ ေမာ္ေတာ္ဆိုင္ကယ္ေတြ ျဖစ္ပါတယ္။
လုပ္ငန္းသံံုး ပစၥည္းေတြက သတင္းစာ စကၠဴလိပ္ႀကီးေတြ အထည္လိပ္ေတြ သားေရတုလိပ္ေတြ အျပင္ သံျပား သံေခ်ာင္း သစ္သားတုေတြ ေဆာက္လုပ္ေရးသံုး ပစၥည္းေတြ မ်ားပါတယ္။ ဒါေတြအျပင္ transit ျဖတ္ေက်ာ္ခြင့္နဲ႔လာတဲ့ အလွကုန္ စားေသာက္ကုန္ေတြ တင္ထားတဲ့ ကြန္တိန္နာ ကုန္ေသတၱာေတြလည္း အေတာ္မ်ားပါတယ္။
ျမန္မာႏိုင္ငံကေန ထိုင္းဘက္ ျပန္၀င္တာက ျငဳပ္သီးေျခာက္ ၾကက္သြန္နီ ပဲမ်ိဳးစံု အာလူးေတြနဲ႔ ကြ်န္းသစ္နဲ႔ လုပ္ထားတဲ့ ပရိေဘာက အၾကမ္းထည္ေတြ ေတြ႕ရပါတယ္။ နယ္စပ္လမ္းေၾကာင္းကေန ထိုင္းဘက္ကို ၀င္လာတာက ႏြား သိုး ကြ်ဲ ဆိတ္ နဲ႔ ဓါတ္သတၱဳ ကုန္ၾကမ္းေတြကို ေတြ႕ရပါတယ္ ခင္ဗ်ာ။”
ကဲ အထက္က ကုန္စည္ စီးဆင္းမႈကို ၾကည့္ရင္ ျမန္မာေတြ ဘာ့ေၾကာင့္ ဆင္းရဲေနသလဲ ထိုင္းေတြ ဘာ့ေၾကာင့္ ခ်မ္းသာေနသလဲ ဆိုတဲ့ အေျဖကို ေတြ႕ရမွာ ျဖစ္ပါတယ္။ကိုယ့္ဆီက ဘာမွ မထုတ္လုပ္ႏိုင္ပါပဲ လိုသမွ် ၀ယ္သံုးေနရတဲ့ အေျခအေနကေန ေျပာင္းႏိုင္ပါမွ ႏိုင္ငံခ်မ္းသာမွာ ျဖစ္ပါတယ္။
ေ၀းေ၀း ၾကည့္စရာ မလိုပါဘူး။ရန္ကုန္ၿမိဳ႕ထဲက Super market တစ္ခုခု သြားၾကည့္ရံုနဲ႔ ျပည္တြင္းထုတ္ ဘယ္ေလာက္ေရာင္းၿပီး ျပည္ပကုန္ ဘယ္ေလာက္ေရာင္းတယ္ဆိုတာ သိသာပါတယ္။ႏိုင္ငံ တိုးတက္လာဖို႔ နည္းပညာနဲ႔ လံုေလာက္တဲ့ ပံ့ပိုးမႈေတြ အျမန္ဆံုး လိုေနပါၿပီ။

ရင္နာစြာျဖင့္
ေဇာ္လြင္၀င္း

Credit :Kanaung News

Unicodeဖြင့်ဖတ်ရန်

မြန်မာနဲ.ထိုင်းဘာလို့ဆင်းရဲချမ်းသာကွာခြားနေလဲ ? (သိသင့်လို့ ဖတ်ကြည့်ဗျာ)

မဲစောက်မြဝတီ ထိုင်းမြန်မာ ကုန်သွယ်ရေး အခြေအနေသတင်း BBC ကနေ နားထောင်ပြီး ပြည်မြန်မာ အရေးအတွက် ရင်လေးမိတယ်။ BBC တင်ပြချက်သတင်းကို ပြန်ရေးပြပါ့မယ်။
မြဝတီ မဲစောက် ထိုင်းမြန်မာ ကုန်သွယ်ရေး အခြေအနေကို မဲစောက်မှ ဘီဘီစီ သတင်းထောက် ကိုအောင်ကျော်ဦးက တင်ပြပေးပါ့မယ်။
မဲစောက် မြဝတီ ကုန်သွယ်ရေး လမ်းကြောင်းကနေ အခုရက်ပိုင်းမှာ မြန်မာဘက်ကို စားသောက်ကုန် ပစ္စည်းတွေ အများကြီး သွားနေတာမို့ မြဝတီ ခရိုင် ကုန်သည်ကြီးများအသင်း ဥက္ကဌ ဒေါ်သင်းသင်းမြတ်ကို ကျနော်မေးကြည့်ထားပါတယ်။
“ပဲသမားကလည်း စိုက်ရင် ရှုံးတယ်။ကြက်သွန်နီကလည်း ရှုံးတယ်။ဒီတော့ ကျမတို့ရဲ့ လူ့စွမ်းအား အရင်းအမြစ်တွေက ထိုင်းဆီ ရောက်သွားတယ်။
ထိုင်းမှာ သူတို့ ဘာသွားပြန်လုပ်သလဲ။ ပြောင်းစိုက်တယ်။ ပဲစိုက်တယ်။ ငြုပ်သီးစိုက်တယ်။ အခုက ဒူးရင်းသီးလည်း ယိုဒယားပဲ။ သခွါးသီး ဂေါ်ဖီထုတ် ဂေါ်ဖီပန်း အကုန်ပဲ။ သံပုရာသီးကအစ။
ကြက်လည်းဝင်တယ်။ ဘဲဥလည်း ဝင်တယ်။ ကြက်ဥလည်း ဝင်တယ်။ ငါး ပုဇွန်ကြော့လေးတွေကအစ။
ကျွန်မတို့ဘက်က ဘာမှ မထုတ်နိုင်ဘူး။ ကျွနိမတို့ ထုတ်တာနဲ့ ရှုံးတာ။
အဲ့ဒီလို မရှုံးအောင် နည်းပညာနဲ့ ပံ့ပိုးကူညီမှုတွေ ရှိတယ်ဆိုရင် ကျွနိမတို့ စိုက်ပျိုးရေး အားကောင်းလာမယ်လို့ ထင်တယ်။ အဲ့ဒီအခါကျရင် သူများတွေဆီကလည်း ဝယ်စရာ မလိုတော့ဘူး။ ” လို့ ပြောပါတယ်။
“မဲစောက်ဘက်ကနေ မြဝတီ မြန်မာဘက်ကို သွားနေတဲ့ ကုန်ပစ္စည်း အခြေအနေတွေကို သိရဖို့ ကျနော်သွားကြည့် ပါအုံးမယ်။
အခုကျနော် မဲစောက်လက်ကား ဈေးကွက်ကို ရောက်တော့ ဒူးရင်းသီးကား အစီး(၂၀)ကျော် သရက်သီးကား(၁၂)စီး နာနတ်သီးကား(၈)စီးအပြင် အသီးအနှံတင်ထားတဲ့ကား(၆)စီးလည်း မြဝတီဘက်ကို ထွက်ဖို့ ပြင်ဆင်နေတာ တွေ့ခဲ့ရပါတယ်။
ပြီးတော့ မွေးမြူရေးကြက်အရှင်ငါးပုစွန်တွေနဲ့ အေးခဲထားတဲ့ ကြက်သားတွေနဲ့ ကြက်ကလီဇာတွေအပြင် ကြက်ဥ ဘဲဥတွေ တင်ထားတဲ့ ကားတွေပါ စုစုပေါင်း အစီးတစ်ရာကျော် နေ့စဉ်မြန်မာဘက်ကို သွားနေတယိလို့ လက်ကား ကုန်သည်တွေက ကျနော့်ကို ပြောပြပါတယ်။
ဘန်ကောက်ကနေ တိုက်ရိုက် မြန်မာဘက်ကို သွားနေတာတွေက သကြားကားတွေ အများဆုံးဖြစ်ပါတယ်။ ပြီးတော့ ဓါတ်ဆီ ဒီဇယ်ဆီနဲ့ မီးဖိုချောင်သုံး ဂတ်စ်ဓါတ်ငွေ့ကားတွေ ဖြစ်ပြီးတော့ နှစ်ထပ် ကုန်ကားတွေမှာတော့ မော်တော်ဆိုင်ကယ်တွေ ဖြစ်ပါတယ်။
လုပ်ငန်းသံုံး ပစ္စည်းတွေက သတင်းစာ စက္ကူလိပ်ကြီးတွေ အထည်လိပ်တွေ သားရေတုလိပ်တွေ အပြင် သံပြား သံချောင်း သစ်သားတုတွေ ဆောက်လုပ်ရေးသုံး ပစ္စည်းတွေ များပါတယ်။ ဒါတွေအပြင် transit ဖြတ်ကျော်ခွင့်နဲ့လာတဲ့ အလှကုန် စားသောက်ကုန်တွေ တင်ထားတဲ့ ကွန်တိန်နာ ကုန်သေတ္တာတွေလည်း အတော်များပါတယ်။
မြန်မာနိုင်ငံကနေ ထိုင်းဘက် ပြန်ဝင်တာက ငြုပ်သီးခြောက် ကြက်သွန်နီ ပဲမျိုးစုံ အာလူးတွေနဲ့ ကျွန်းသစ်နဲ့ လုပ်ထားတဲ့ ပရိဘောက အကြမ်းထည်တွေ တွေ့ရပါတယ်။ နယ်စပ်လမ်းကြောင်းကနေ ထိုင်းဘက်ကို ဝင်လာတာက နွား သိုး ကျွဲ ဆိတ် နဲ့ ဓါတ်သတ္တု ကုန်ကြမ်းတွေကို တွေ့ရပါတယ် ခင်ဗျာ။”
ကဲ အထက်က ကုန်စည် စီးဆင်းမှုကို ကြည့်ရင် မြန်မာတွေ ဘာ့ကြောင့် ဆင်းရဲနေသလဲ ထိုင်းတွေ ဘာ့ကြောင့် ချမ်းသာနေသလဲ ဆိုတဲ့ အဖြေကို တွေ့ရမှာ ဖြစ်ပါတယ်။ကိုယ့်ဆီက ဘာမှ မထုတ်လုပ်နိုင်ပါပဲ လိုသမျှ ဝယ်သုံးနေရတဲ့ အခြေအနေကနေ ပြောင်းနိုင်ပါမှ နိုင်ငံချမ်းသာမှာ ဖြစ်ပါတယ်။
ဝေးဝေး ကြည့်စရာ မလိုပါဘူး။ရန်ကုန်မြို့ထဲက Super market တစ်ခုခု သွားကြည့်ရုံနဲ့ ပြည်တွင်းထုတ် ဘယ်လောက်ရောင်းပြီး ပြည်ပကုန် ဘယ်လောက်ရောင်းတယ်ဆိုတာ သိသာပါတယ်။နိုင်ငံ တိုးတက်လာဖို့ နည်းပညာနဲ့ လုံလောက်တဲ့ ပံ့ပိုးမှုတွေ အမြန်ဆုံး လိုနေပါပြီ။

ရင်နာစွာဖြင့်
ဇော်လွင်ဝင်း

Credit :Kanaung News