ZawGyiျဖင့္ဖတ္ရန္
ဖိလစ္ပိုင္ႏုိင္ငံ အဂူဆန္ဒယ္ဆာျပည္နယ္က အသက္ ၄၇ ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦးဟာ ၂၀၁၄ ခုနွစ္အထိ ေျမႀကီးေပၚမွာ ေနထုိင္ခဲ့ၿပီးမွ သူ႔အိမ္အနီးက ေပ ၆၀ ျမင့္တဲ့အုန္းပင္ေပၚကို တက္ေနခဲ့ပါတယ္။ အဲဒီေနာက္ပိုင္း သူဟာ လံုး၀မဆင္းဘဲ တစ္သက္လံုးေနမယ့္လကၡဏာရွိတဲ့အတြက္ အာဏာပိုင္ေတြက သူ႔ကို မၾကာေသးမီက ကယ္ဆယ္ ခဲ့ရပါတယ္။ ဂီးလ္ဘတ္ဆန္းခ်က္ဇ္လို႔ အမည္ရတဲ့ အမ်ိဳးသားဟာ လြန္ခဲ့တဲ့ ၃ နွစ္က အျငင္းအခုန္ျဖစ္ရင္း ေခါင္းကို ေသနတ္မွန္ၿပီး ေနာက္ပိုင္း အနီးအပါးက အုန္းပင္တစ္ပင္ေပၚကို တက္သြားခဲ့ပါတယ္။ သူ႕ကို လူတစ္ေယာက္ေယာက္က လာသတ္မွာ အလြန္ေၾကာက္တဲ့အတြက္ အျမင့္ဆံုးသစ္ပင္ေပၚ တက္ေနမွ အႏၱရာယ္ကင္းမယ္လုိ႔ ယူဆခဲ့ေၾကာင္း သူ႔အေမက ဆုိပါတယ္။
အဲဒါေၾကာင့္ ၿပီးခဲ့တဲ့ သံုးႏွစ္လံုးလံုး အပင္ေပၚမွာေနရင္း သူ႔အေမေန႔စဥ္ယူလာေပးတဲ့ အစားအစာနဲ႔ ေရတုိ႔ကို စားေသာက္ရင္း အသက္ဆက္ေနပါတယ္။ ဂီးလ္ဘတ္ရဲ႕အစ္ကို အယ္လ္ဒရင္ဆန္းခ်က္ဇ္က သူနဲ႔ တျခားမိသားစု၀င္ေတြဟာ သူ႔ကို အၿမဲဆင္းလာခုိင္းေပမယ့္ သူက သူတုိ႔ကို လက္ဟန္ျပၿပီး ထြက္သြားခုိင္းပါတယ္။ “တစ္ႀကိမ္မွာ ကြ်န္ေတ္ာက သူ႔ကို ဆင္းလာဖုိ႔ေျပာတယ္” လုိ႔ အယ္လ္ဒရင္က ေကအမ္ေဂ်အက္စ္ရုပ္သံကုိ ေျပာပါတယ္။
“သူက တိတ္တိတ္ေန..ငါ ဆင္းမလာဘူး..ငါဆင္းလာရင္ င့ါကုိ သူမ်ားသတ္သြားလိမ့္မယ္လုိ႔ ေျပာတယ္” ၂၀၀၀ ခုနွစ္ကတည္းက မုဆုိးဖုိျဖစ္ခဲ့တဲ့သူဟာ သူ႔အေမက သူေမြးထားတဲ့ သားသမီးေတြကို မေစာင့္ေရွာက္ႏုိင္ေတာ့ဘူး၊ အသက္ႀကီးလာၿပီလုိ႔ အသနားခံခဲ့တာေတာင္ သူ႕ရဲ႕သစ္ပင္ေပၚကေန ဆင္းမလာခဲ့ပါဘူး။ ေအာက္တုိဘာ ၁၁ ရက္မွာ ဂီးလ္ဘတ္မိသးစု၀င္ေတြနဲ႔ လူ ၅၀ ဦးပါအဖြဲ႕ဟာ သူ႔ကို သူ႔သေဘာအတုိင္းဆင္းလာပါလို႔ ေနာက္တစ္ႀကိမ္ စည္းရံုးခဲ့ၿပီးေနာက္ အဆုိပါအုန္းပင္ကို လႊစက္နဲ႔ ျဖတ္ေတာက္ခဲ့ပါတယ္။ ဒါဟာခက္ခဲတဲ့ လုပ္ငန္းျဖစ္ၿပီး တခုခုခြ်တ္ေခ်ာ္သြားရင္ အပင္ေပၚက သူ႔အတြက္ အသက္အႏၱရာယ္ရွိႏိုင္ပါတယ္။
ဒါေပမယ့္ အဆံုးမွာေတာ့ အားလံုး စီစဥ္ထားတဲ့အတုိင္း ျဖစ္လာခဲ့လုိ႔ ဂီးလ္ဘတ္ဟာ ေျမႀကီးေပၚ ျပန္ေရာက္လာခဲ့ပါတယ္။ ေဖ့စ္ဘုတ္ခ္ေပၚက ဗီဒီယုိေတြမွာ ဂီးလ္ဘတ္ဆန္းခ်က္ဇ္ရဲ႕ တစ္ကိုယ္လံုး ယားနာေတြ၊ ပိုးမႊားကိုက္နာေတြ ျပည့္နွက္ ေနပါတယ္။ သူဟာ အုန္းပင္ေပၚမွာ အခ်ိန္အၾကာႀကီး ကုန္းကုန္းကြကြေနခဲ့တဲ့အတြက္ ခါးရိုးလည္း ပံုစံပ်က္ယြင္းေနပါတယ္။ ဒါေပမယ့္ သူ႔စိတ္ဒဏ္ရာကေတာ့ အဆုိးဆံုးျဖစ္ပါလိမ့္မယ္။ စိတ္ပညာရွင္တစ္ဦးရဲ႕ အေစာပုိင္းအကဲျဖတ္မႈအရ အသက္ ၄၇ ႏွစ္အရြယ္ အမ်ိဳးသားဟာ ထင္ေယာင္ထင္မွားမႈေတြ ျဖစ္ေနၿပီး တစ္ေယာက္ေယာက္က သူ႔ကိုသတ္မယ္ဆုိတဲ့ အထင္မွားမႈခံစားေနရပါတယ္။ သူ႔ကို ေဆးကုသထားၿပီး ပံုမွန္ဘ၀ကိုျပန္ေရာက္ဖို႔ ေဆးပံုမွန္ေသာက္ဖုိ႔ လိုအပ္ပါလိမ့္မယ္။
စုျပည့္စံု
ref: odditycentral, Oct 24th
Credit: KUMUDRA
Unicodeဖြင့်ဖတ်ရန်

READ  အမွန္တရား အတြက္ ေစာင့္ဆိုင္းေနတဲ့ အသက္ ၁၇ ႏွစ္ အရြယ္ သားသည္ မိခင္

ဖိလစ်ပိုင်နိုင်ငံ အဂူဆန်ဒယ်ဆာပြည်နယ်က အသက် ၄၇ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ ၂၀၁၄ ခုနှစ်အထိ မြေကြီးပေါ်မှာ နေထိုင်ခဲ့ပြီးမှ သူ့အိမ်အနီးက ပေ ၆၀ မြင့်တဲ့အုန်းပင်ပေါ်ကို တက်နေခဲ့ပါတယ်။ အဲဒီနောက်ပိုင်း သူဟာ လုံးဝမဆင်းဘဲ တစ်သက်လုံးနေမယ့်လက္ခဏာရှိတဲ့အတွက် အာဏာပိုင်တွေက သူ့ကို မကြာသေးမီက ကယ်ဆယ် ခဲ့ရပါတယ်။ ဂီးလ်ဘတ်ဆန်းချက်ဇ်လို့ အမည်ရတဲ့ အမျိုးသားဟာ လွန်ခဲ့တဲ့ ၃ နှစ်က အငြင်းအခုန်ဖြစ်ရင်း ခေါင်းကို သေနတ်မှန်ပြီး နောက်ပိုင်း အနီးအပါးက အုန်းပင်တစ်ပင်ပေါ်ကို တက်သွားခဲ့ပါတယ်။ သူ့ကို လူတစ်ယောက်ယောက်က လာသတ်မှာ အလွန်ကြောက်တဲ့အတွက် အမြင့်ဆုံးသစ်ပင်ပေါ် တက်နေမှ အန္တရာယ်ကင်းမယ်လို့ ယူဆခဲ့ကြောင်း သူ့အမေက ဆိုပါတယ်။
အဲဒါကြောင့် ပြီးခဲ့တဲ့ သုံးနှစ်လုံးလုံး အပင်ပေါ်မှာနေရင်း သူ့အမေနေ့စဉ်ယူလာပေးတဲ့ အစားအစာနဲ့ ရေတို့ကို စားသောက်ရင်း အသက်ဆက်နေပါတယ်။ ဂီးလ်ဘတ်ရဲ့အစ်ကို အယ်လ်ဒရင်ဆန်းချက်ဇ်က သူနဲ့ တခြားမိသားစုဝင်တွေဟာ သူ့ကို အမြဲဆင်းလာခိုင်းပေမယ့် သူက သူတို့ကို လက်ဟန်ပြပြီး ထွက်သွားခိုင်းပါတယ်။ “တစ်ကြိမ်မှာ ကျွန်တေ်ာက သူ့ကို ဆင်းလာဖို့ပြောတယ်” လို့ အယ်လ်ဒရင်က ကေအမ်ဂျေအက်စ်ရုပ်သံကို ပြောပါတယ်။
“သူက တိတ်တိတ်နေ..ငါ ဆင်းမလာဘူး..ငါဆင်းလာရင် င့ါကို သူများသတ်သွားလိမ့်မယ်လို့ ပြောတယ်” ၂၀၀၀ ခုနှစ်ကတည်းက မုဆိုးဖိုဖြစ်ခဲ့တဲ့သူဟာ သူ့အမေက သူမွေးထားတဲ့ သားသမီးတွေကို မစောင့်ရှောက်နိုင်တော့ဘူး၊ အသက်ကြီးလာပြီလို့ အသနားခံခဲ့တာတောင် သူ့ရဲ့သစ်ပင်ပေါ်ကနေ ဆင်းမလာခဲ့ပါဘူး။ အောက်တိုဘာ ၁၁ ရက်မှာ ဂီးလ်ဘတ်မိသးစုဝင်တွေနဲ့ လူ ၅၀ ဦးပါအဖွဲ့ဟာ သူ့ကို သူ့သဘောအတိုင်းဆင်းလာပါလို့ နောက်တစ်ကြိမ် စည်းရုံးခဲ့ပြီးနောက် အဆိုပါအုန်းပင်ကို လွှစက်နဲ့ ဖြတ်တောက်ခဲ့ပါတယ်။ ဒါဟာခက်ခဲတဲ့ လုပ်ငန်းဖြစ်ပြီး တခုခုချွတ်ချော်သွားရင် အပင်ပေါ်က သူ့အတွက် အသက်အန္တရာယ်ရှိနိုင်ပါတယ်။
ဒါပေမယ့် အဆုံးမှာတော့ အားလုံး စီစဉ်ထားတဲ့အတိုင်း ဖြစ်လာခဲ့လို့ ဂီးလ်ဘတ်ဟာ မြေကြီးပေါ် ပြန်ရောက်လာခဲ့ပါတယ်။ ဖေ့စ်ဘုတ်ခ်ပေါ်က ဗီဒီယိုတွေမှာ ဂီးလ်ဘတ်ဆန်းချက်ဇ်ရဲ့ တစ်ကိုယ်လုံး ယားနာတွေ၊ ပိုးမွှားကိုက်နာတွေ ပြည့်နှက် နေပါတယ်။ သူဟာ အုန်းပင်ပေါ်မှာ အချိန်အကြာကြီး ကုန်းကုန်းကွကွနေခဲ့တဲ့အတွက် ခါးရိုးလည်း ပုံစံပျက်ယွင်းနေပါတယ်။ ဒါပေမယ့် သူ့စိတ်ဒဏ်ရာကတော့ အဆိုးဆုံးဖြစ်ပါလိမ့်မယ်။ စိတ်ပညာရှင်တစ်ဦးရဲ့ အစောပိုင်းအကဲဖြတ်မှုအရ အသက် ၄၇ နှစ်အရွယ် အမျိုးသားဟာ ထင်ယောင်ထင်မှားမှုတွေ ဖြစ်နေပြီး တစ်ယောက်ယောက်က သူ့ကိုသတ်မယ်ဆိုတဲ့ အထင်မှားမှုခံစားနေရပါတယ်။ သူ့ကို ဆေးကုသထားပြီး ပုံမှန်ဘဝကိုပြန်ရောက်ဖို့ ဆေးပုံမှန်သောက်ဖို့ လိုအပ်ပါလိမ့်မယ်။
စုပြည့်စုံ
ref: odditycentral, Oct 24th
Credit: KUMUDRA

READ  ဖိလစ္ပိုင္ တြင္ လြတ္လပ္ေရးေန႔က်င္းပစဥ္ စု႐ုံးဆႏၵျပမႈမ်ား ျဖစ္

LEAVE A REPLY