ZawGyiျဖင့္ဖတ္ရန္

မေန႔က’ပလက္ဝ’ဘက္မွာ AA သူပုန္ေတြနဲ႔တပ္မေတာ္တိုက္ပြဲေတြျဖစ္တယ္။ကြၽန္ေတာ့္သားဗိုလ္ႀကီးေဇာ္ထြန္းေက်ာ္ ဒဏ္ရာရတယ္၊

ဒါေပမဲ့ေသေလာက္တဲ့အထိေတာ့မစိုးရိမ္ရဘူးလို႔သူတို႔တပ္ရင္းကတပ္ေထာက္ဗိုလ္ႀကီးကဖုန္းနဲ႔အေၾကာင္းၾကားပါတယ္။

က်ဳပ္ရင္မခုန္ပါဘူး။စစ္သားပဲဗ်ာ၊တိုက္ပြဲျဖစ္တာဆန္းသလား?။ဒဏ္ရာရတာဆန္းသလား?။တစ္ခ်ိဳ႕စစ္သည္ေတြတိုင္းျပည္အတြက္အသက္ေတာင္ေပးသြားၾကေသးတာပဲ။

က်ည္ဆံေတြနဲ႔ပစ္တာေလဗ်ာ၊ပန္းနဲ႔ေပါက္တာမဟုတ္ဘူး၊က်ဳပ္တို႔တုန္းက(ဗကပ)နဲ႔ဘက္နက္ဖိုင္နယ္တက္ထိုးခဲ့ရတာ၊(ဗကပ)ကလည္းက်ားတက္ထိုးလို႔အသဲအသန္ခုခံခဲ့ၾကရ
တာ။

သားေရ…..မင္းအဖိုးလည္းစစ္သား၊မင္းအေဖလည္းစစ္သားအခုမင္းလည္းစစ္သားျဖစ္တာေၾကာင့္တိုင္းျပည္ရန္ကိုျပည္သူေတြအတြက္အသက္ေပးၿပီးသာကာကြယ္ပါ

လို႔ပဲအေဖမွာခ်င္ပါတယ္၊

အေဖတို႔တုန္းကလို”ငါမေသငါ့စခန္းမက်ေစရ”ဆိုတဲ့ေဆာင္ပုဒ္နဲ႔အညီအဲဒီ AA သူပုန္ေတြကိုအသက္ေပးၿပီးတိုက္ပစ္ကြာ၊

လိုအပ္မယ္ဆိုရင္မင္းတို႔တပ္ခ်ဳပ္ႀကီးကိုအေဖကိုယ္တိုင္ပါဝင္တိုက္ခ်င္ပါတယ္လို႔သတင္းပို႔ေပးပါ။

ဒါေပမဲ့အခုမင္းတိုု႔ကိုင္ေနတဲ့ MA-1/ MA-2/ MA-3 ေတြေတာ့မကိုင္ခ်င္ဘူးကြာ၊အေဖတို႔တုန္းက ကိုင္ခဲ့တဲ့ G-3/G-4 ေမာင္းျပန္ေသနတ္ေတြနဲ႔ တိုက္ခ်င္ပါေၾကာင္းေျပာေပးပါကြာ၊

မင္းတို႔တပ္ခ်ဳပ္ႀကီးသာခြင့္ျပဳမယ္ဆိုရင္အခ်ိန္မေ႐ြးလာေခၚပါလို႔။

မင္းလည္းအျမန္က်န္းမာၿပီး AA သူပုန္ေတြကိုျပန္လည္တိုက္ခိုက္ဖို႔ေရွ႕တန္းျပန္လည္ထြက္ခြာႏႈိင္ပါေစလို႔အေဖဆုေတာင္းလိုက္ပါတယ္။

(တိုင္းျပည္နဲ႔လူမ်ိဳးအတြက္အသက္ကိုေပးကာအေဖ့လိုပဲတာဝန္ေက်ပါ့မယ္၊)

တိုင္းခ်စ္ျပည္ခ်စ္ ၊ အမ်ိဳးခ်စ္သည့္

စစ္သားေဖေဖ ၊ တာဝန္ေက်သို႔

စစ္ေျမေရွ႕တန္း ၊ တပ္စခန္းမွာ

ထမ္း႐ြက္တာဝန္ ၊ သားေက်ႁပြန္လ်က္

ေတာ္လွန္ဆင္ႏႊဲ

တိုက္ပြဲအလီလီ ၊ ေအာင္ပြဲခ်ီကာ

ျမန္ျပည္တစ္ဝွမ္း ၊ စဥ္ၿငိမ္းခ်မ္းေအာင္

ႀကိဳးပန္းပါေလ ၊ ခ်စ္သားေရလို႔

ေဖေဖမွာလိုက္ခ်င္ပါေၾကာင္း။

Credit:Thetoo Naing

Unicodeဖြင့်ဖတ်ရန်

အဖေစစ်သား။သားစစ်သား

မနေ့က’ပလက်ဝ’ဘက်မှာ AA သူပုန်တွေနဲ့တပ်မတော်တိုက်ပွဲတွေဖြစ်တယ်။ကျွန်တော့်သားဗိုလ်ကြီးဇော်ထွန်းကျော် ဒဏ်ရာရတယ်၊

ဒါပေမဲ့သေလောက်တဲ့အထိတော့မစိုးရိမ်ရဘူးလို့သူတို့တပ်ရင်းကတပ်ထောက်ဗိုလ်ကြီးကဖုန်းနဲ့အကြောင်းကြားပါတယ်။

ကျုပ်ရင်မခုန်ပါဘူး။စစ်သားပဲဗျာ၊တိုက်ပွဲဖြစ်တာဆန်းသလား?။ဒဏ်ရာရတာဆန်းသလား?။တစ်ချို့စစ်သည်တွေတိုင်းပြည်အတွက်အသက်တောင်ပေးသွားကြသေးတာပဲ။

ကျည်ဆံတွေနဲ့ပစ်တာလေဗျာ၊ပန်းနဲ့ပေါက်တာမဟုတ်ဘူး၊ကျုပ်တို့တုန်းက(ဗကပ)နဲ့ဘက်နက်ဖိုင်နယ်တက်ထိုးခဲ့ရတာ၊(ဗကပ)ကလည်းကျားတက်ထိုးလို့အသဲအသန်ခုခံခဲ့ကြရ
တာ။

သားရေ…..မင်းအဖိုးလည်းစစ်သား၊မင်းအဖေလည်းစစ်သားအခုမင်းလည်းစစ်သားဖြစ်တာကြောင့်တိုင်းပြည်ရန်ကိုပြည်သူတွေအတွက်အသက်ပေးပြီးသာကာကွယ်ပါ

လို့ပဲအဖေမှာချင်ပါတယ်၊

အဖေတို့တုန်းကလို”ငါမသေငါ့စခန်းမကျစေရ”ဆိုတဲ့ဆောင်ပုဒ်နဲ့အညီအဲဒီ AA သူပုန်တွေကိုအသက်ပေးပြီးတိုက်ပစ်ကွာ၊

လိုအပ်မယ်ဆိုရင်မင်းတို့တပ်ချုပ်ကြီးကိုအဖေကိုယ်တိုင်ပါဝင်တိုက်ချင်ပါတယ်လို့သတင်းပို့ပေးပါ။

ဒါပေမဲ့အခုမင်းတိုု့ကိုင်နေတဲ့ MA-1/ MA-2/ MA-3 တွေတော့မကိုင်ချင်ဘူးကွာ၊အဖေတို့တုန်းက ကိုင်ခဲ့တဲ့ G-3/G-4 မောင်းပြန်သေနတ်တွေနဲ့ တိုက်ချင်ပါကြောင်းပြောပေးပါကွာ၊

မင်းတို့တပ်ချုပ်ကြီးသာခွင့်ပြုမယ်ဆိုရင်အချိန်မရွေးလာခေါ်ပါလို့။

မင်းလည်းအမြန်ကျန်းမာပြီး AA သူပုန်တွေကိုပြန်လည်တိုက်ခိုက်ဖို့ရှေ့တန်းပြန်လည်ထွက်ခွာနှိုင်ပါစေလို့အဖေဆုတောင်းလိုက်ပါတယ်။

(တိုင်းပြည်နဲ့လူမျိုးအတွက်အသက်ကိုပေးကာအဖေ့လိုပဲတာဝန်ကျေပါ့မယ်၊)

တိုင်းချစ်ပြည်ချစ် ၊ အမျိုးချစ်သည့်

စစ်သားဖေဖေ ၊ တာဝန်ကျေသို့

စစ်မြေရှေ့တန်း ၊ တပ်စခန်းမှာ

ထမ်းရွက်တာဝန် ၊ သားကျေပြွန်လျက်

တော်လှန်ဆင်နွှဲ

တိုက်ပွဲအလီလီ ၊ အောင်ပွဲချီကာ

မြန်ပြည်တစ်ဝှမ်း ၊ စဉ်ငြိမ်းချမ်းအောင်

ကြိုးပန်းပါလေ ၊ ချစ်သားရေလို့

ဖေဖေမှာလိုက်ချင်ပါကြောင်း။

Credit:Thetoo Naing