ZawGyiဖြင့်ဖတ်ရန်

ညတစ်ညမှာယောက်ျားဖြစ်သူ ဟာ အရက်မူးပြီး အိမ်ပြန်လာပါတယ်. . . . ။




.သူဟာ အရမ်း တုန်လှုပ်သွားသလို- အိပ်ခန်းထဲက မိန်းမဖြစ်သူနဲ့ တစိမ်းယောက်ျားတို့ဟာလည်း သူ့ကိုမြင်တော့ – တို့လို့တန်းလန်းနဲ့ အံ့သြတကြီး ကြည့်လိုက်ကြပြီး လန့်ဖြန့်သွားကြပါတယ်. . . . . . ” ဟင် ရှင် ရှင် –” ” ဟာ ခင်ဗျား ခင်ဗျား ”

သူလည်း ဒေါသတွေ ငယ်ထိပ်ရောက် နေတော့ – ဘာကိုမှ မမြင်နိုင်တော့ပဲ – တစိမ်းယောက်ျားဖြစ်သူကို အပေါ်ကနေ ခွစီးပြီး စိတ်ကြိုက် ထိုးကြိတ် တော့တာပေါ့. . . . . . . . ” ငိုးမသား ကြာကူလီကောင် – သေစမ်း သေစမ်း ” ” ကဲကွာ – ကဲကွာ ” ” ဒုတ် ” ” ခွက် ” ” ရှင် ရှင် — ဘာလုပ်တာလဲ – ခုချက်ချင်း ရပ်စမ်း




Share From:Hla Taw Thar

Unicodeဖြင့်ဖတ်ရန်

ဆောရီးဗျာ နဲနဲများသွားတယ်

ညတစ်ညမှာယောကျ်ားဖြစ်သူ ဟာ အရက်မူးပြီး အိမ်ပြန်လာပါတယ်. . . . ။

အိမ်ရှေ့ရောက်တော့ – ” မိန်းမရေ တံခါးဖွင့်အုံး” လို့ အော်ခေါ်ပေမဲ့ အထဲက ပြန်လည်းမထူး တံခါးလည်း လာ မဖွင့်ပေးတာနဲ့ တံခါးကို ရိုက်ချိုးပြီး အိမ်ထဲ ဝင်လာခဲ့ပါတယ်. . . . . ။

လူကလည်း အရက် အရမ်းမူးနေ-မိန်းမဖြစ်သူကကလည်း အိမ်တံခါး လာ မဖွင့်ပေးတော့ ” တောက်” တခေါက်ခေါက်နဲ့ စိတ်တွေ တအား တိုလာတာပေါ့. . . . . . . ” မတာမ – နင် သေဖို့သာပြင် -“. . . ဒါနဲ့ အိပ်ခန်းထဲကို ရောက်တော့

သူ့မိန်းမဟာ -သူ လုံးဝ ထင်မထားတဲ့ အပြုအမူကို ပြုလုပ်နေတာကို တအံ့တသြတွေ့လိုက်ရပါတယ်. . . . . . ” ဟင် ” အဲ့ဒါကတော့ သူ့မိန်းမဟာ အခြားယောက်ကျားတစ်ယောက်နဲ့ အိပ်ခန်းထဲမှာ ချစ်ရေလူးနေတာပါဘဲ

.သူဟာ အရမ်း တုန်လှုပ်သွားသလို- အိပ်ခန်းထဲက မိန်းမဖြစ်သူနဲ့ တစိမ်းယောကျ်ားတို့ဟာလည်း သူ့ကိုမြင်တော့ – တို့လို့တန်းလန်းနဲ့ အံ့သြတကြီး ကြည့်လိုက်ကြပြီး လန့်ဖြန့်သွားကြပါတယ်. . . . . . ” ဟင် ရှင် ရှင် –” ” ဟာ ခင်ဗျား ခင်ဗျား ”

သူလည်း ဒေါသတွေ ငယ်ထိပ်ရောက် နေတော့ – ဘာကိုမှ မမြင်နိုင်တော့ပဲ – တစိမ်းယောကျ်ားဖြစ်သူကို အပေါ်ကနေ ခွစီးပြီး စိတ်ကြိုက် ထိုးကြိတ် တော့တာပေါ့. . . . . . . . ” ငိုးမသား ကြာကူလီကောင် – သေစမ်း သေစမ်း ” ” ကဲကွာ – ကဲကွာ ” ” ဒုတ် ” ” ခွက် ” ” ရှင် ရှင် — ဘာလုပ်တာလဲ – ခုချက်ချင်း ရပ်စမ်း

” ဒါကို မိန်းမဖြစ်သူက လာ တားတော့ မိန်းမဖြစ်သူကိုလည်း ပါးတွေ ဘယ်ပြန်ညာပြန် ရိုက်ချ ပစ်လိုက်ပြန်တယ်. . . . . . . ” အောင်မာ ကောင်မက လင်ငယ်ကို ထိတော့ နာတယ်ပေါ့ – ” ” ကဲဟာ ” ” ဖြန်း –ဖြန်း ” ထိုအခါ မိန်းမဖြစ်သူလည်း ကြောက်အားလန့်အားနဲ့ အော်ဟစ် အကူအညီ တောင်းပါတော့တယ် ”

လာကြပါအုံးရှင် -ကယ်ကြပါအုံး – ဒီမှာ လူတစ်ယောက် ကျမတို့ အိမ်ထဲကို ဝင်ပြီး ရမ်းကားနေလို့ပါရှင့် “. . . . . . . . . ” ဟင် ” မိန်းမဖြစ်သူရဲ့ အော်သံကြောင့် သူလည်း အံ့သြပြီး ဇဝေဇဝါ ဖြစ်သွားပါတယ်. . . . . . . ဒါနဲ့ သူဟာ အိပ်ခန်းထဲကိုလည်း သေချာပြန်ကြည့်

မိန်းမဖြစ်သူကိုလည်း သေချာ ပြန်ကြည့် လိုက်ပြီး -အခုလို ရေရွတ် လိုက်ပါတော့တယ် ” ဟာ — သောက်ဂွ – ငါ အိမ် မှား ဝင် လာ မိ ပြီ ” တဲ့. . . . . . . . . .

Share From:Hla Taw Thar