Zawgyi ဖြင့်ဖတ်၇န်






Credit: DVB
Unicodeဖြင့်ဖတ်ရန်

ရန်ကုန်မြို့ ကန်တော်ကြီးဝင်းထဲမှာ နိုင်ငံသားစိစစ်ရေးကတ်နဲ့ အိမ်ထောင်စုစာရင်းတွေ ထပ်တွေ့ခဲ့တယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။

ရေစိုပြီး ပြန့်ကျဲနေတဲ့ အိမ်ထောင်စုစာရင်း မူရင်း ၂၁ ခုနဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၂၂ ခု တွေ့ခဲ့ရတာပါ။

ဒီဇင်ဘာ ၃ ရက်နေ့က နဂါးကျွန်း မြက်ခင်းမှာ စည်ပင်ဝန်ထမ်းတယောက်က တွေ့လို့ ဗဟန်းမြို့မရဲစခန်းကို လာအပ်ခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်နေ့ကလည်း အဲဒီနေရာ ဝန်းကျင်ကနေ နိုင်ငံသားစိစစ်ရေး ကတ်ပြား ၁၂၉ ခုနဲ့ အိမ်ထောင်စုစာရင်း ၂၁ ခု ကောက်ရလို့ ဗဟန်းရဲစခန်းမှာ အပ်နှံခဲ့သေးတာ ဖြစ်ပါတယ်။

ဒါတွေနဲ့ ပတ်သက်ပြီး တရားဝင် ထုတ်ပေးထားတာတွေ ဟုတ်၊ မဟုတ် သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ် လဝက ဦးစီးမှူးရုံးတွေကို ဆက်သွယ်ထားတယ်လို့လည်း ထုတ်ပြန်ထား ပါတယ်။

Credit: DVB