ZawGyiျဖင့္ဖတ္ရန္

Brazil ဘရာဇီးႏိုင္ငံက အမ်ိဳးသမီးေတြခ်ည္းသာ ေနထိုင္ၾကတဲ့ ထူးျခားဆန္းျပားတဲ့ ၿမိဳ႕ေလးရဲ႕ အမည္ကေတာ့ Noiva do Cordeiro ႏိုဗာဒိုေကာ္ေဒရိုၿမိဳ႕ပဲ ျဖစ္ပါတယ္။ ဒီၿမိဳ႕ေလးမွာ ေနထိုင္ၾကတဲ့ ၿမိဳ႕ခံဦးေရ ၆၀၀ က အမ်ိဳးသမီးေတြပဲ ျဖစ္ပါတယ္။ ဒီၿမိဳ႕ေလးမွာ တခ်ိဳ႕အမ်ိဳးသမီးေတြက အိမ္ေထာင္ရွိၾကေပမယ့္ ခင္ပြန္းသည္ေတြကို ၿမိဳ႕မွာမေနေစဘဲ အေ၀းမွာ အလုပ္သြားလုပ္ခိုင္းထားၾကၿပီး ပိတ္ရက္မ်ိဳးက်မွ ခဏျပန္အလည္လာခြင့္ျပဳထားတာမ်ိဳးျဖစ္တယ္လို႔ သိရပါတယ္။

သားသမီးေတြရလာတဲ့အခါမွာလည္း သမီးျဖစ္သူကို ၿမိဳ႕မွာ အၿမဲေနခြင့္ျပဳေပမယ့္ သားျဖစ္သူေတြကိုေတာ့ အသက္ ၁၈ ႏွစ္ျပည့္တာနဲ႔ အျခားအရပ္ေဒသမွာ သြားေနခိုင္းတဲ့ ထူးျခားတဲ့ ဓေလ့နဲ႔ ၿမိဳ႕ေလးပဲျဖစ္ပါတယ္။ ၁၈၉၀ ျပည့္ႏွစ္မွာ အမ်ိဳးသမီးတစ္ဦးကို အိမ္ေထာင္ေရးေဖာက္ျပန္တယ္လို႔ Catholic church ကက္သလစ္ဘုရားေက်ာင္းက စြပ္စြဲၿပီး အဲ့ဒီမိန္းကေလးနဲ႔ သူ႔ရဲ႕မိသားစုကို ၿမိဳ႕ကေန ေမာင္းထုတ္လိုက္ၾကပါတယ္။ ဒီအမ်ိဳးသမီးနဲ႔ မိသားစုက ေနရာေရႊ႕ေျပာင္းခဲ့ရၿပီး တျဖည္းျဖည္းနဲ႔ အမ်ိဳးသမီးခ်ည္းသီးသန္႔လက္ခံတဲ့ ၿမိဳ႕ေလး ျဖစ္ေပၚလာခဲ့ရတာျဖစ္ပါတယ္။

ဒီၿမိဳ႕ေလးမွာ အမ်ိဳးသားေတြရဲ႕ အခန္းက႑က အလြန္ေမွးမွိန္ၿပီး လယ္ယာစိုက္ပ်ိဳးတာက အစ ဘာသာေရးကိုးကြယ္ယံုၾကည္မႈေတြအထိ အမ်ိဳးသမီးေတြခ်ည္း ကန္႔သတ္ခ်ဳပ္ခ်ယ္မႈမရွိ လြတ္လပ္စြာ လႈပ္ရွားေဆာင္ရြက္ၾကတာျဖစ္ပါတယ္။ ဒီၿမိဳ႕က အမ်ိဳးသမီးေတြက အျပင္က အသိုင္းအ၀ိုင္းက အမ်ိဳးသားေတြနဲ႔ ႀကံဳဆံုခ်စ္ႀကိဳက္ဖို႔ အခြင့္အေရးအလြန္နည္းပါးၿပီး ၀မ္းကြဲအကိုေတြ၊ ေမာင္ေတြလိုမ်ိဳး နီးစပ္ရာ အသိုင္းအ၀ိုင္းထဲက အမ်ိဳးသားေတြနဲ႔ပဲ ဖူးစာဆံုေလ့ရွိတယ္လို႔ သိရပါတယ္။

Ref; Daily Mail

#Credit_Aung Zaw Hte

Unicodeဖြင့်ဖတ်ရန်

Brazil ဘရာဇီးနိုင်ငံက အမျိုးသမီးတွေချည်းသာ နေထိုင်ကြတဲ့ ထူးခြားဆန်းပြားတဲ့ မြို့လေးရဲ့ အမည်ကတော့ Noiva do Cordeiro နိုဗာဒိုကော်ဒေရိုမြို့ပဲ ဖြစ်ပါတယ်။ ဒီမြို့လေးမှာ နေထိုင်ကြတဲ့ မြို့ခံဦးရေ ၆၀၀ က အမျိုးသမီးတွေပဲ ဖြစ်ပါတယ်။ ဒီမြို့လေးမှာ တချို့အမျိုးသမီးတွေက အိမ်ထောင်ရှိကြပေမယ့် ခင်ပွန်းသည်တွေကို မြို့မှာမနေစေဘဲ အေ၀းမှာ အလုပ်သွားလုပ်ခိုင်းထားကြပြီး ပိတ်ရက်မျိုးကျမှ ခဏပြန်အလည်လာခွင့်ပြုထားတာမျိုးဖြစ်တယ်လို့ သိရပါတယ်။

သားသမီးတွေရလာတဲ့အခါမှာလည်း သမီးဖြစ်သူကို မြို့မှာ အမြဲနေခွင့်ပြုပေမယ့် သားဖြစ်သူတွေကိုတော့ အသက် ၁၈ နှစ်ပြည့်တာနဲ့ အခြားအရပ်ဒေသမှာ သွားနေခိုင်းတဲ့ ထူးခြားတဲ့ ဓလေ့နဲ့ မြို့လေးပဲဖြစ်ပါတယ်။ ၁၈၉၀ ပြည့်နှစ်မှာ အမျိုးသမီးတစ်ဦးကို အိမ်ထောင်ရေးဖောက်ပြန်တယ်လို့ Catholic church ကက်သလစ်ဘုရားကျောင်းက စွပ်စွဲပြီး အဲ့ဒီမိန်းကလေးနဲ့ သူ့ရဲ့မိသားစုကို မြို့ကနေ မောင်းထုတ်လိုက်ကြပါတယ်။ ဒီအမျိုးသမီးနဲ့ မိသားစုက နေရာရွှေ့ပြောင်းခဲ့ရပြီး တဖြည်းဖြည်းနဲ့ အမျိုးသမီးချည်းသီးသန့်လက်ခံတဲ့ မြို့လေး ဖြစ်ပေါ်လာခဲ့ရတာဖြစ်ပါတယ်။

ဒီမြို့လေးမှာ အမျိုးသားတွေရဲ့ အခန်းကဏ္႑က အလွန်မှေးမှိန်ပြီး လယ်ယာစိုက်ပျိုးတာက အစ ဘာသာရေးကိုးကွယ်ယုံကြည်မှုတွေအထိ အမျိုးသမီးတွေချည်း ကန့်သတ်ချုပ်ချယ်မှုမရှိ လွတ်လပ်စွာ လှုပ်ရှားဆောင်ရွက်ကြတာဖြစ်ပါတယ်။ ဒီမြို့က အမျိုးသမီးတွေက အပြင်က အသိုင်းအ၀ိုင်းက အမျိုးသားတွေနဲ့ ကြုံဆုံချစ်ကြိုက်ဖို့ အခွင့်အရေးအလွန်နည်းပါးပြီး ၀မ်းကွဲအကိုတွေ၊ မောင်တွေလိုမျိုး နီးစပ်ရာ အသိုင်းအ၀ိုင်းထဲက အမျိုးသားတွေနဲ့ပဲ ဖူးစာဆုံလေ့ရှိတယ်လို့ သိရပါတယ်။

Ref; Daily Mail

#Credit_Aung Zaw Hte