ZawGyiျဖင့္ဖတ္ရန္

ေလာကမွာ ေရျမင့္မွ ျကာတင့္သလိုဘဲ အိမ္ေထာင္ဖက္ေကာင္းမွ မိန္းမသားဘဝလွပတာ ဘယ္သူမွမျငင္းနိုင္တဲ့အခ်က္ဘဲ ျဖစ္တယ္…. အိမ္ေထာင္တစ္ခုတည္ေဆာက္ဖို႕အတြက္ဆိုရင္ လံုေလာက္တဲ့ ေငြေၾကးအျပင္ ဘဝအတြက္ ေကာင္းမြန္တဲ့ အေတြးအေခၚတစ္ခ်ိဳ႕လိုအပ္တယ္ …. မိန္းမတစ္ေယာက္ အိမ္ေထာင္ျပဳတယ္ဆိုတာ ကိုယ့္ခ်စ္သူကို ခ်စ္တဲ့စိတ္အျပင္ ယံုၾကည္အားကိုးမႈေတြအျပည္႕ပါ ပါတယ္…. ကိုယ့္ဘ၀တစ္ခုလံုး ပံုအပ္ျပီး လက္တြဲေလွ်ာက္လွမ္းရမယ့္ အိမ္ေထာင္ဦးစီျဖစ္လာမယ့္သူကို ယံုၾကည္မႈ ေလးစား အားကိုးမႈ မရွိပဲနဲ႕ဘယ္မိန္းခေလးမွ လက္တြဲဖို႕ကို ေခါင္းျငိမ့္မွာ မဟုတ္ဘူး….
မိန္းမ တစ္ေယာက္ဟာ ကိုယ့္လင္သားအေပၚ ခ်စ္တယ္ဆိုတာထက္ အားကိုးယံုၾကည္လို ့လက္ထပ္တာဆိုရင္ ပိုသဘာဝက်တယ္…. ကိုယ့္ကုိ သူတစ္ကယ္ခ်စ္တယ္လို႕ ယံုၾကည္လို ့… ကိုယ့္ကို စိတ္ခ်မ္းသာ ေပ်ာ္ရႊင္ေအာင္ ထားမယ္လို႕ ယံုၾကည္လို ့ … ကိုယ့္ကို ဘယ္ေတာ့မွ ပစ္မသြားပဲ ရိုးေျမက်သစၥာရွိရွိေပါင္းသင္းမယ့္သူလို႕ယံုၾကည္လို ့….လက္ထပ္ၾကတာဘဲ ျဖစ္တယ္… ကၽြန္မဖတ္ဖူးတယ္…”မိန္းခေလးေတြရဲ႕ စိတ္ကူးထဲက အလိုခ်င္ဆံုး အိမ္ေထာင္ဖက္က အရည္အခ်င္းရွိျပီး ကိုယ့္ကို ၾကင္နာ ဂရုစိုက္ အလိုလိုက္ျပီး ခ်စ္တဲ့ေယာက်ာ္းမ်ိဳးပါဘဲ့တဲ့…”
ဒါဘယ္ေလာက္ဂုဏ္ယူစရာေကာင္းလဲေနာ္… မိန္းမတေယာက္ရဲ႕ယံုၾကည္မႉကို သင္အိမ္ေထာင္ဦးစီးျဖစ္လာတဲ့အခါ ဘယ္ေသာအခါမွ မဖ်က္စီးပါနဲ႔…. ေယာက်ာၤးေကာင္းတို႔မည္သည္ မိန္းမ၏ယံုၾကည္မွဴကို ဘယ္ေတာ့မွ မခ်ိဳးေဖာက္တတ္ၾကလို ့ပါဘဲ….
သူမ်ားတကာမယံုၾကည္ရင္ေနပါ….မိမိအိမ္သူမယား မယံုၾကည္ရတဲ့သူ ဘယ္ေတာ့မွ အျဖစ္မခံပါနဲ႔… ေယာက်ၤားေကာင္းတို ့မည္သည္ ကိုယ္က်င့္ သိကၡာကို မိမိရဲ့ အသက္လို တန္ဖိုးထားျကလို ့ပါဘဲ….
သူမ်ားတကာ အထင္မႀကီးရင္ေနပါ…မိမိအိမ္သူမယားက အထင္ေသးတဲ့သူ အျဖစ္မခံပါနဲ႔…. ေယာက်ၤားေကာင္းတို့မည္သည္ မိမိရသမွ် သိသမွ်ကို မထိန္မခ်န္ မကြယ္မဝွက္ဘဲ ေျပာတတ္ျကလို့ပါဘဲ…
သူမ်ားတကာ ဂ႐ုမစိုက္ရင္ေနပါ…မိမိအိမ္သူမယား ဂ႐ုမစိုက္ဘဲ ပစ္ထားတဲ့သူ အျဖစ္မခံပါနဲ႔ ….
ေယာက်ာၤးေကာင္းတို့မည္သည္ မိမိ အိမ္ေထာင္ဖက္မွတပါး တျခားသူနွင့္ မေဖာက္ျပန္မိဖို ့ေရွာင္က်ဥ္ျကလို ့ပါဘဲ….. တကယ္ေတာ့ ေအာင္ျမင္တဲ့ အိမ္ေထာင္တခုမွာ အိမ္ေထာင္ဦးစီးျဖစ္တဲ့ ေယာက်ာ္းျဖစ္သူ၏စိတ္ဓါတ္နဲ႕ ခံယူခ်က္ဟာ တကယ္ကို အဓိကက်လို့ပါဘဲ…. အေၾကာင္းရွိလို႔ အက်ိဳးျဖစ္ရတယ္ဆိုရင္ေတာင္ အေၾကာင္းေကာင္းဖို႔အတြက္ မိမိရဲ့ သီလကို မပ်က္ေစဖို့ ျကိဳးစားပါ… အေျကာင္းေကာင္းမွ အက်ိဳးေပးေကာင္းျပီး ကံေကာင္းသူတေယာက္ျဖစ္မွာပါ… လူသားတိုင္း သာယာတဲ့ အိမ္ေထာင္တခုကို ေအာင္ျမင္စြာ ထူေထာင္ႏိုင္ၾကပါေစ…

READ  မ႐ိုးေျဖာင့္ျခင္း

Credit:Nannan Oo Nannan Oo

Unicodeဖြင့်ဖတ်ရန်

 

လောကမှာ ရေမြင့်မှ ကြာတင့်သလိုဘဲ အိမ်ထောင်ဖက်ကောင်းမှ မိန်းမသားဘဝလှပတာ ဘယ်သူမှမငြင်းနိုင်တဲ့အချက်ဘဲ ဖြစ်တယ်…. အိမ်ထောင်တစ်ခုတည်ဆောက်ဖို့အတွက်ဆိုရင် လုံလောက်တဲ့ ငွေကြေးအပြင် ဘဝအတွက် ကောင်းမွန်တဲ့ အတွေးအခေါ်တစ်ချို့လိုအပ်တယ် …. မိန်းမတစ်ယောက် အိမ်ထောင်ပြုတယ်ဆိုတာ ကိုယ့်ချစ်သူကို ချစ်တဲ့စိတ်အပြင် ယုံကြည်အားကိုးမှုတွေအပြည့်ပါ ပါတယ်…. ကိုယ့်ဘဝတစ်ခုလုံး ပုံအပ်ပြီး လက်တွဲလျှောက်လှမ်းရမယ့် အိမ်ထောင်ဦးစီဖြစ်လာမယ့်သူကို ယုံကြည်မှု လေးစား အားကိုးမှု မရှိပဲနဲ့ဘယ်မိန်းခလေးမှ လက်တွဲဖို့ကို ခေါင်းငြိမ့်မှာ မဟုတ်ဘူး….
မိန်းမ တစ်ယောက်ဟာ ကိုယ့်လင်သားအပေါ် ချစ်တယ်ဆိုတာထက် အားကိုးယုံကြည်လို့လက်ထပ်တာဆိုရင် ပိုသဘာဝကျတယ်…. ကိုယ့်ကို သူတစ်ကယ်ချစ်တယ်လို့ ယုံကြည်လို့… ကိုယ့်ကို စိတ်ချမ်းသာ ပျော်ရွှင်အောင် ထားမယ်လို့ ယုံကြည်လို့ … ကိုယ့်ကို ဘယ်တော့မှ ပစ်မသွားပဲ ရိုးမြေကျသစ္စာရှိရှိပေါင်းသင်းမယ့်သူလို့ယုံကြည်လို့….လက်ထပ်ကြတာဘဲ ဖြစ်တယ်… ကျွန်မဖတ်ဖူးတယ်…”မိန်းခလေးတွေရဲ့ စိတ်ကူးထဲက အလိုချင်ဆုံး အိမ်ထောင်ဖက်က အရည်အချင်းရှိပြီး ကိုယ့်ကို ကြင်နာ ဂရုစိုက် အလိုလိုက်ပြီး ချစ်တဲ့ယောကျာ်းမျိုးပါဘဲ့တဲ့…”
ဒါဘယ်လောက်ဂုဏ်ယူစရာကောင်းလဲနော်… မိန်းမတယောက်ရဲ့ယုံကြည်မှူကို သင်အိမ်ထောင်ဦးစီးဖြစ်လာတဲ့အခါ ဘယ်သောအခါမှ မဖျက်စီးပါနဲ့…. ယောကျာၤးကောင်းတို့မည်သည် မိန်းမ၏ယုံကြည်မှူကို ဘယ်တော့မှ မချိုးဖောက်တတ်ကြလို့ပါဘဲ….
သူများတကာမယုံကြည်ရင်နေပါ….မိမိအိမ်သူမယား မယုံကြည်ရတဲ့သူ ဘယ်တော့မှ အဖြစ်မခံပါနဲ့… ယောင်္ကျားကောင်းတို့မည်သည် ကိုယ်ကျင့် သိက္ခာကို မိမိရဲ့ အသက်လို တန်ဖိုးထားကြလို့ပါဘဲ….
သူများတကာ အထင်မကြီးရင်နေပါ…မိမိအိမ်သူမယားက အထင်သေးတဲ့သူ အဖြစ်မခံပါနဲ့…. ယောင်္ကျားကောင်းတို့မည်သည် မိမိရသမျှ သိသမျှကို မထိန်မချန် မကွယ်မဝှက်ဘဲ ပြောတတ်ကြလို့ပါဘဲ…
သူများတကာ ဂရုမစိုက်ရင်နေပါ…မိမိအိမ်သူမယား ဂရုမစိုက်ဘဲ ပစ်ထားတဲ့သူ အဖြစ်မခံပါနဲ့ ….
ယောကျာၤးကောင်းတို့မည်သည် မိမိ အိမ်ထောင်ဖက်မှတပါး တခြားသူနှင့် မဖောက်ပြန်မိဖို့ရှောင်ကျဉ်ကြလို့ပါဘဲ….. တကယ်တော့ အောင်မြင်တဲ့ အိမ်ထောင်တခုမှာ အိမ်ထောင်ဦးစီးဖြစ်တဲ့ ယောကျာ်းဖြစ်သူ၏စိတ်ဓါတ်နဲ့ ခံယူချက်ဟာ တကယ်ကို အဓိကကျလို့ပါဘဲ…. အကြောင်းရှိလို့ အကျိုးဖြစ်ရတယ်ဆိုရင်တောင် အကြောင်းကောင်းဖို့အတွက် မိမိရဲ့ သီလကို မပျက်စေဖို့ ကြိုးစားပါ… အကြောင်းကောင်းမှ အကျိုးပေးကောင်းပြီး ကံကောင်းသူတယောက်ဖြစ်မှာပါ… လူသားတိုင်း သာယာတဲ့ အိမ်ထောင်တခုကို အောင်မြင်စွာ ထူထောင်နိုင်ကြပါစေ…

READ  ေဒါသ စိတ္ေတြ ဘယ္လိုထိန္းမလဲ

Credit:Nannan Oo Nannan Oo

LEAVE A REPLY