Zawgyi ျဖင့္ဖတ္ရန္

ပန္ကိတ္ ကို ပံုမွန္စားေနက်လို ပ်ားရည္ေလးဆမ္းၿပီး မစားေတာ့ဘဲ ပန္းေဂၚဖီစိမ္း နဲ႔ ခ်ိစ္ ကို ေရာစပ္ျပဳလုပ္ထားတဲ့ ေဆာ့စ္နဲ႔ ဆမ္းစား ရမွာပါ။

ေပ်ာ္႐ႊင္ဖြယ္ ခရစၥမတ္ အားလပ္ရက္ေလး ျဖစ္ပါေစေနာ္။ ဒီႏွစ္ ခရစၥမတ္ အားလပ္ရက္မွာ ခရီး မသြားဘဲ အိမ္တြင္းေအာင္းမယ္ ဆိုသူမ်ားအတြက္ ဥေရာပစတိုင္လ္ အစားအစာတစ္မ်ိဳးကို စမ္းသပ္ တီထြင္ထားတဲ့ ဟင္းလ်ာတစ္မ်ိဳးကို မိတ္ဆက္ေပးခ်င္ ပါတယ္ေနာ္။ အဲဒါကေတာ့ ပန္းေဂၚဖီစိမ္း ခ်ိစ္ပန္ကိတ္ပါပဲ။

ပန္ကိတ္ ကို ပံုမွန္စားေနက်လို ပ်ားရည္ေလးဆမ္းၿပီး မစားေတာ့ဘဲ ပန္းေဂၚဖီစိမ္းနဲ႔ ခ်ိစ္ကို ေရာစပ္ျပဳလုပ္ထားတဲ့ ေဆာ့စ္နဲ႔ ဆမ္းစားရမွာပါ။ ျပဳလုပ္ရလြယ္ကူသလို ခရစၥမတ္ မနက္စာ အတြက္ မိသားစု တစ္ခုလံုးကို ေပ်ာ္႐ႊင္ေစမယ့္ ပန္ကိတ္ေလးလည္း ျဖစ္ပါတယ္။

ပါဝင္ပစၥည္းမ်ား

Double Cream (၁၅၀) မီလီလီတာ၊ Parmesan cheese (အီတလီဒိန္ခဲအမာ) (၁၀၀) ဂရမ္၊ Cheddar cheese (ဒိန္ခဲအမာ) (၁၀၀) ဂရမ္၊ မ႐ိုးနိစ္ (၁၀၀) မီလီ လီတာ၊ ႏြားႏို႔ (၃၀၀) မီလီလီတာ၊ ၾကက္ဥ (၂) လံုး၊ ေထာင္းၿပီးသား ၾကက္သြန္ျဖဴ လက္ဖက္ရည္ဇြန္း (၁) ဇြန္းနဲ႔ ဂ်ံဳမႈန္႔အလြတ္ (၂) ဇြန္းတို႔ပဲ ျဖစ္ပါတယ္။

ျပဳလုပ္နည္း

အရင္ဆံုး ဒယ္အိုးျပား အႀကီးတစ္လံုးထဲမွာ double cream ကိုထည့္ၿပီး ညင္သာစြာေမႊေပးလိုက္ပါ။ ၿပီးမွ အမႈန္႔ႀကိတ္ထားတဲ့ cheddar cheese (ဒိန္ခဲအမာ) နဲ႔ parmesan cheese (အီတလီဒိန္ခဲ) တို႔ကိုပါ ဒယ္အိုးထဲေရာထည့္ၿပီး သမသြားသည္အထိ ေမႊေပးလိုက္ပါ။ ၿပီးရင္ ဆားနည္းနည္းထပ္ေရာၿပီး ပါဝင္ပစၥည္းအားလံုး ထူထဲေစးပ်စ္တဲ့ ခရင္မ္ေဆာ့စ္အႏွစ္တစ္မ်ိဳး ျဖစ္လာသည္အထိ ေသခ်ာေမႊေပးလိုက္ပါ။

အဲဒီလိုလုပ္ေနခ်ိန္မွာ ပန္းေဂၚဖီ ဖတ္ေလးေတြကိုေတာ့ ေရေႏြးပူပူထဲမွာ (၂) မိနစ္ခန္႔ ေရေႏြးေဖ်ာထား ေပးရပါမယ္။ ၿပီးရင္ေတာ့ ဒယ္အိုးျပားေနာက္တစ္လံုးထဲမွာ ပန္းေဂၚဖီျပဳတ္ဖတ္ေလးေတြရယ္၊ ေရေအးနည္းနည္းရယ္ကို ေရာၿပီး တည္ထားေပးလိုက္ပါ။ ခနၾကာရင္ေတာ့ ညက္ေနေအာင္ေထာင္းထားတဲ့ ၾကက္သြန္ျဖဴနဲ႔ မ႐ိုးနိစ္ကိုပါ ေရာထည့္ေပးလိုက္ပါ။ ၿပီးရင္ေတာ့ ခြက္တစ္ခြက္ထဲကို ေျပာင္းလွယ္ထည့္ထားေပးလိုက္ပါ။

ပန္းကန္လံုးတစ္လံုးကိုယူၿပီး ၾကက္ဥရယ္၊ ဒိန္ခဲမႈန္႔ရယ္၊ ဂ်ံဳမႈန္႔ရယ္၊ ဆားရယ္ကိုေရာၿပီး အႏွစ္ေလးျဖစ္ေအာင္ ဖန္တီးေပးလိုက္ပါ။ ၿပီးရင္ ႏြားႏို႔နည္းနည္းကို ညင္သာစြာ ေရာထည့္ေပးလိုက္ပါ။ ေနာက္ၿပီးရင္ သေဘၤာေဆးလို ပ်စ္သြားသည္အထိ ေယာက္ခ်ိဳဇြန္းေလး တစ္ေခ်ာင္းနဲ႔ ေမႊေပးေနလိုက္ပါ။ မီးဖိုေပၚမွာေတာ့ ဒယ္အိုးျပားကုိ မီးအပူေပးလိုက္ၿပီး ေထာပတ္နည္းနည္းထည့္ထားလိုက္ပါ။

ေထာပတ္ဆီ အရည္ေပ်ာ္သြားၿပီဆိုရင္ေတာ့ ခုနက ေယာက္ခ်ိဳဇြန္းနဲ႔ေမႊေနတဲ့ မုန္႔ႏွစ္ေလးကို ဒယ္အိုးျပား ထဲေလာင္းထည့္လိုက္ပါ။ ၿပီးရင္အေပၚက သံေယာက္မေလးနဲ႔ လိုက္ဖိၿပီး ပန္ကိတ္ေလးျဖစ္ေအာင္ ေၾကာ္ေပးႏိုင္ပါၿပီ။ တစ္မိနစ္ခန္႔ၾကာရင္ ထက္ေအာက္လွန္ေပးၿပီး ႏွစ္ဖက္စလံုး အညိဳေရာင္ႏုႏုေလး သမ္းလာသည္အထိ ေၾကာ္ေပးလိုက္ပါ။

ပန္ကိတ္ က်က္ၿပီဆိုရင္ ပန္းကန္ျပားတစ္ခ်ပ္ထဲထည့္ၿပီး ခုနကျပဳလုပ္ထားတဲ့ ပန္းေဂၚဖီစိမ္းနဲ႔ ဒိန္ခဲေဆာ့စ္အႏွစ္ကို အေပၚက ေလာင္းေပးလိုက္ပါ။ ၿပီးရင္ ပန္ကိတ္ ကို အလည္ကေန ေခါက္ခ်ိဳးခ်ိဳးခ်လိုက္ပါ။ အဲဒီအေပၚကေနမွ မ႐ိုးနိစ္ေလး နည္းနည္းသုတ္ၿပီးရင္ အရသာ႐ွိတဲ့ ပန္းေဂၚဖီစိမ္း ခ်ိစ္ပန္ကိတ္ေလးကို အားလပ္ရက္မွာ မိသားစုနဲ႔အတူ သံုးေဆာင္ႏိုင္ပါၿပီ။

Credit :Duwun

 

Unicode ဖြင့်ဖတ်ရန်

ပန်းဂေါ်ဖီစိမ်း ချိစ်ပန်ကိတ် လုပ်စားကြမယ်

ပန်ကိတ်ကို ပုံမှန်စားနေကျလို ပျားရည်လေးဆမ်းပြီး မစားတော့ဘဲ ပန်းဂေါ်ဖီစိမ်းနဲ့ ချိစ်ကို ရောစပ်ပြုလုပ်ထားတဲ့ ဆော့စ်နဲ့ ဆမ်းစားရမှာပါ။

ပျော်ရွှင်ဖွယ် ခရစ္စမတ်အားလပ်ရက်လေး ဖြစ်ပါစေနော်။ ဒီနှစ်ခရစ္စမတ် အားလပ်ရက်မှာ ခရီးမသွားဘဲ အိမ်တွင်းအောင်းမယ် ဆိုသူများအတွက် ဥရောပစတိုင်လ် အစားအစာတစ်မျိုးကို စမ်းသပ်တီထွင်ထားတဲ့ ဟင်းလျာတစ်မျိုးကို မိတ်ဆက်ပေးချင် ပါတယ်နော်။ အဲဒါကတော့ ပန်းဂေါ်ဖီစိမ်း ချိစ်ပန်ကိတ်ပါပဲ။

ပန်ကိတ်ကို ပုံမှန်စားနေကျလို ပျားရည်လေးဆမ်းပြီး မစားတော့ဘဲ ပန်းဂေါ်ဖီစိမ်းနဲ့ ချိစ်ကို ရောစပ်ပြုလုပ်ထားတဲ့ ဆော့စ်နဲ့ ဆမ်းစားရမှာပါ။ ပြုလုပ်ရလွယ်ကူသလို ခရစ္စမတ်မနက်စာအတွက် မိသားစုတစ်ခုလုံးကို ပျော်ရွှင်စေမယ့် ပန်ကိတ်လေးလည်း ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

Double Cream (၁၅၀) မီလီလီတာ၊ Parmesan cheese (အီတလီဒိန်ခဲအမာ) (၁၀၀) ဂရမ်၊ Cheddar cheese (ဒိန်ခဲအမာ) (၁၀၀) ဂရမ်၊ မရိုးနိစ် (၁၀၀) မီလီ လီတာ၊ နွားနို့ (၃၀၀) မီလီလီတာ၊ ကြက်ဥ (၂) လုံး၊ ထောင်းပြီးသား ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း (၁) ဇွန်းနဲ့ ဂျုံမှုန့်အလွတ် (၂) ဇွန်းတို့ပဲ ဖြစ်ပါတယ်။

ပြုလုပ်နည်း

အရင်ဆုံး ဒယ်အိုးပြားအကြီးတစ်လုံးထဲမှာ double cream ကိုထည့်ပြီး ညင်သာစွာမွှေပေးလိုက်ပါ။ ပြီးမှ အမှုန့်ကြိတ်ထားတဲ့ cheddar cheese (ဒိန်ခဲအမာ) နဲ့ parmesan cheese (အီတလီဒိန်ခဲ) တို့ကိုပါ ဒယ်အိုးထဲရောထည့်ပြီး သမသွားသည်အထိ မွှေပေးလိုက်ပါ။ ပြီးရင် ဆားနည်းနည်းထပ်ရောပြီး ပါဝင်ပစ္စည်းအားလုံး ထူထဲစေးပျစ်တဲ့ ခရင်မ်ဆော့စ်အနှစ်တစ်မျိုး ဖြစ်လာသည်အထိ သေချာမွှေပေးလိုက်ပါ။

အဲဒီလိုလုပ်နေချိန်မှာ ပန်းဂေါ်ဖီဖတ်လေးတွေကိုတော့ ရေနွေးပူပူထဲမှာ (၂) မိနစ်ခန့် ရေနွေးဖျောထား ပေးရပါမယ်။ ပြီးရင်တော့ ဒယ်အိုးပြားနောက်တစ်လုံးထဲမှာ ပန်းဂေါ်ဖီပြုတ်ဖတ်လေးတွေရယ်၊ ရေအေးနည်းနည်းရယ်ကို ရောပြီး တည်ထားပေးလိုက်ပါ။ ခနကြာရင်တော့ ညက်နေအောင်ထောင်းထားတဲ့ ကြက်သွန်ဖြူနဲ့ မရိုးနိစ်ကိုပါ ရောထည့်ပေးလိုက်ပါ။ ပြီးရင်တော့ ခွက်တစ်ခွက်ထဲကို ပြောင်းလှယ်ထည့်ထားပေးလိုက်ပါ။

ပန်းကန်လုံးတစ်လုံးကိုယူပြီး ကြက်ဥရယ်၊ ဒိန်ခဲမှုန့်ရယ်၊ ဂျုံမှုန့်ရယ်၊ ဆားရယ်ကိုရောပြီး အနှစ်လေးဖြစ်အောင် ဖန်တီးပေးလိုက်ပါ။ ပြီးရင် နွားနို့နည်းနည်းကို ညင်သာစွာ ရောထည့်ပေးလိုက်ပါ။ နောက်ပြီးရင် သင်္ဘောဆေးလို ပျစ်သွားသည်အထိ ယောက်ချိုဇွန်းလေး တစ်ချောင်းနဲ့ မွှေပေးနေလိုက်ပါ။ မီးဖိုပေါ်မှာတော့ ဒယ်အိုးပြားကို မီးအပူပေးလိုက်ပြီး ထောပတ်နည်းနည်းထည့်ထားလိုက်ပါ။

ထောပတ်ဆီ အရည်ပျော်သွားပြီဆိုရင်တော့ ခုနက ယောက်ချိုဇွန်းနဲ့မွှေနေတဲ့ မုန့်နှစ်လေးကို ဒယ်အိုးပြားထဲလောင်းထည့်လိုက်ပါ။ ပြီးရင်အပေါ်က သံယောက်မလေးနဲ့ လိုက်ဖိပြီး ပန်ကိတ်လေးဖြစ်အောင် ကြော်ပေးနိုင်ပါပြီ။ တစ်မိနစ်ခန့်ကြာရင် ထက်အောက်လှန်ပေးပြီး နှစ်ဖက်စလုံး အညိုရောင်နုနုလေး သမ်းလာသည်အထိ ကြော်ပေးလိုက်ပါ။

ပန်ကိတ်ကျက်ပြီဆိုရင် ပန်းကန်ပြားတစ်ချပ်ထဲထည့်ပြီး ခုနကပြုလုပ်ထားတဲ့ ပန်းဂေါ်ဖီစိမ်းနဲ့ ဒိန်ခဲဆော့စ်အနှစ်ကို အပေါ်က လောင်းပေးလိုက်ပါ။ ပြီးရင် ပန်ကိတ်ကို အလည်ကနေ ခေါက်ချိုးချိုးချလိုက်ပါ။ အဲဒီအပေါ်ကနေမှ မရိုးနိစ်လေး နည်းနည်းသုတ်ပြီးရင် အရသာရှိတဲ့ ပန်းဂေါ်ဖီစိမ်း ချိစ်ပန်ကိတ်လေးကို အားလပ်ရက်မှာ မိသားစုနဲ့အတူ သုံးဆောင်နိုင်ပါပြီ။

Credit :Duwun