Zawgyi ျဖင့္ဖတ္ရန္
ကိုဆိုဗို ဝန္ႀကီးခ်ဳပ္ က ရာထူးတာဝန္၏ အစိတ္အပိုင္းအျဖစ္ စမတ္က်က် ဝတ္စားရမည္ ေျပာလ်က္ ၎၏ လစာကို လစာတိုးယူျခင္းက မွ်တသည္ ဆိုလိုက္ၿပီးေနာက္ ဒီဇင္ဘာ ၂၆ ရက္တြင္ ကန္႔ကြက္ဆန္႔က်င္မႈမ်ား ျပသသည့္အေနျဖင့္ စိတ္ဆိုးေဒါသထြက္ေသာ ျပည္သူမ်ားက အစိုးရ႐ုံးခ်ဳပ္၏ ဝင္းၿခံစည္း႐ုိးမ်ားတြင္ နက္ကတိုင္လည္စည္းမ်ား ရာေပါင္းမ်ားစြာ လာေရာက္ခ်ည္ေႏွာင္ထားၾကကာ ဆႏၵျပသခဲ့ၾကသည္။

ဝန္ႀကီးခ်ဳပ္ ရာမတ္ရွ္ဟာရာဒီနက္ဂ္အား ႐ႈတ္ခ်သည့္ သေဘာျဖင့္ အေရာင္စုံ၊ ဒီဇိုင္းစုံ နက္ကတိုင္ေပါင္း ၃၀၀ ေက်ာ္ထက္မနည္းအျပင္ ေၾကာင္ေၾကာင္က်ားက်ား ရွပ္အကၤ်ီမ်ားကိုပါ လာေရာက္ ခ်ည္ေႏွာင္ထားၾကျခင္း ျဖစ္သည္။

ဝန္ႀကီးခ်ဳပ္က ၎၏ လစာကို တစ္လလွ်င္ ယူ႐ုိေငြ ၁၅၀၀ မွ ၃၀၀၀ (အေမရိကန္ေဒၚလာ ၃၅၀၀ ) အထိ တိုးျမွင့္ယူလိုက္ၿပီးေနာက္ ယခုကဲ့သို႔ ဆန္႔က်င္မႈမ်ား ျဖစ္ပြားလာျခင္း ျဖစ္သည္။

ကိုဆိုဗိုတြင္ အလုပ္လက္မဲ့ႏႈန္းထားႏွင့္ ဆင္းရဲမြဲေတမႈ ႏႈန္းထားသည္ ၃၀ ရာခုိင္ႏႈန္း အထက္တြင္ ရွိေနသည္။

ထိုသို႔ လစာတိုးျမွင့္ယူရျခင္းကို ကာကြယ္သည့္အေနျဖင့္ ၿပီးခဲ့သည့္သီတင္းပတ္က အင္တာဗ်ဴးတစ္ရပ္တြင္ ဝန္ႀကီးခ်ဳပ္က “ကၽြန္ေတာ္မွာ နက္ကတိုင္လည္စည္းကိုလည္း မလႊဲမေရွာင္သာ စည္းရတယ္။ အဝတ္ေဟာင္းနဲ႔ အျပင္ထြက္လို႔လည္း မျဖစ္ႏိုင္ဘူး။ ဒါေၾကာင့္ ရွပ္အကၤ်ီတစ္ထည္ေတာ့ ရွိရမယ္ေလ။”ဟု ဖာဖာေထးေထး ေျပာခဲ့ျခင္း ျဖစ္သည္။

သို႔ေသာ္လည္း Beyond The Wall တက္ၾကြလႈပ္ရွားသည့္အဖြဲ႔က ဒီဇင္ဘာ ၂၆ ရက္တြင္ ယင္းသို႔အေျပာကို ကန္႔ကြက္လ်က္ အစိုးရ႐ုံးခ်ဳပ္ ၿခံစည္း႐ုိးတြင္ နက္ကတိုင္လည္စည္းမ်ား စုေဆာင္းေကာက္ယူကာ လာေရာက္ခ်ည္ထားခဲ့ၾကျခင္း ျဖစ္သည္။

“ဝန္ႀကီးခ်ဳပ္ ဟာရာဒီနက္ဂ္အေနနဲ႔ လည္စည္းနက္ကတိုင္ တစ္ခုေတာင္ မရွိၾကတဲ့ ျပည္သူေတြကို ကိုယ္စားျပဳေနရသူဆိုတာ မေမ့သင့္ဘူး။ ဒါေပမယ့္ ဝန္ႀကီးခ်ဳပ္ဟာ ဆင္းရဲမႈ ျပႆနာကို ရင္ဆုိင္ေနရတယ္။”ဟု အဆိုပါအဖြဲ႔၏ ေခါင္းေဆာင္တစ္ဦးက ေျပာခဲ့သည္။

Credit; mizzima

 

Unicode ဖြင့်ဖတ်ရန်

ကိုဆိုဗို ဝန်ကြီးချုပ်က ရာထူးတာဝန်၏ အစိတ်အပိုင်းအဖြစ် စမတ်ကျကျ ဝတ်စားရမည် ပြောလျက် ၎င်း၏ လစာကို လစာတိုးယူခြင်းက မျှတသည် ဆိုလိုက်ပြီးနောက် ဒီဇင်ဘာ ၂၆ ရက်တွင် ကန့်ကွက်ဆန့်ကျင်မှုများ ပြသသည့်အနေဖြင့် စိတ်ဆိုးဒေါသထွက်သော ပြည်သူများက အစိုးရရုံးချုပ်၏ ဝင်းခြံစည်းရိုးများတွင် နက်ကတိုင်လည်စည်းများ ရာပေါင်းများစွာ လာရောက်ချည်နှောင်ထားကြကာ ဆန္ဒပြသခဲ့ကြသည်။

ဝန်ကြီးချုပ် ရာမတ်ရှ်ဟာရာဒီနက်ဂ်အား ရှုတ်ချသည့် သဘောဖြင့် အရောင်စုံ၊ ဒီဇိုင်းစုံ နက်ကတိုင်ပေါင်း ၃၀၀ ကျော်ထက်မနည်းအပြင် ကြောင်ကြောင်ကျားကျား ရှပ်အင်္ကျီများကိုပါ လာရောက် ချည်နှောင်ထားကြခြင်း ဖြစ်သည်။

ဝန်ကြီးချုပ်က ၎င်း၏ လစာကို တစ်လလျှင် ယူရိုငွေ ၁၅၀၀ မှ ၃၀၀၀ (အမေရိကန်ဒေါ်လာ ၃၅၀၀ ) အထိ တိုးမြှင့်ယူလိုက်ပြီးနောက် ယခုကဲ့သို့ ဆန့်ကျင်မှုများ ဖြစ်ပွားလာခြင်း ဖြစ်သည်။

ကိုဆိုဗိုတွင် အလုပ်လက်မဲ့နှုန်းထားနှင့် ဆင်းရဲမွဲတေမှု နှုန်းထားသည် ၃၀ ရာခိုင်နှုန်း အထက်တွင် ရှိနေသည်။

ထိုသို့ လစာတိုးမြှင့်ယူရခြင်းကို ကာကွယ်သည့်အနေဖြင့် ပြီးခဲ့သည့်သီတင်းပတ်က အင်တာဗျူးတစ်ရပ်တွင် ဝန်ကြီးချုပ်က “ကျွန်တော်မှာ နက်ကတိုင်လည်စည်းကိုလည်း မလွှဲမရှောင်သာ စည်းရတယ်။ အဝတ်ဟောင်းနဲ့ အပြင်ထွက်လို့လည်း မဖြစ်နိုင်ဘူး။ ဒါကြောင့် ရှပ်အင်္ကျီတစ်ထည်တော့ ရှိရမယ်လေ။”ဟု ဖာဖာထေးထေး ပြောခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း Beyond The Wall တက်ကြွလှုပ်ရှားသည့်အဖွဲ့က ဒီဇင်ဘာ ၂၆ ရက်တွင် ယင်းသို့အပြောကို ကန့်ကွက်လျက် အစိုးရရုံးချုပ် ခြံစည်းရိုးတွင် နက်ကတိုင်လည်စည်းများ စုဆောင်းကောက်ယူကာ လာရောက်ချည်ထားခဲ့ကြခြင်း ဖြစ်သည်။

“ဝန်ကြီးချုပ် ဟာရာဒီနက်ဂ်အနေနဲ့ လည်စည်းနက်ကတိုင် တစ်ခုတောင် မရှိကြတဲ့ ပြည်သူတွေကို ကိုယ်စားပြုနေရသူဆိုတာ မမေ့သင့်ဘူး။ ဒါပေမယ့် ဝန်ကြီးချုပ်ဟာ ဆင်းရဲမှု ပြဿနာကို ရင်ဆိုင်နေရတယ်။”ဟု အဆိုပါအဖွဲ့၏ ခေါင်းဆောင်တစ်ဦးက ပြောခဲ့သည်။

Credit; mizzima