ZawGyiျဖင့္ဖတ္ရန္

သီဟထက္ေအာင္ ကို ေနာက္ဆုံးအခြင့္အေရးေပးမည္ ျဖစ္ၿပီး အသင္းက ခ်မွတ္ထားသည့္စည္ကမ္းမ်ားကို လိုက္နာျခင္းမရွိပါက လာမည့္ေဘာလုံးရာသီတြင္ အသုံးျပဳမည္မဟုတ္ေၾကာင္းနည္းျပခ်ဳပ္ ဦးမ်ိဳးမင္း ထြန္းက ေျပာသည္။
သီဟထက္ေအာင္သည္ ၿပီး ခဲ့သည့္ ၂၀၁၇ ေဘာလုံးရာသီက ရန္ကုန္ယူႏိုက္တက္အသင္းမွ ခ် မွတ္ထားသည့္ စည္းကမ္းမ်ားကို မလိုက္နာျခင္းေၾကာင့္ ယူ-၂၀ အသင္းႏွင့္ ေလ့က်င့္ခန္းလုပ္ ေဆာင္ရန္ ျပစ္ဒဏ္ခ်မွတ္ခံခဲ့ရ ကာ ရန္ကုန္ယူႏိုက္တက္အသင္း ၏ ပြဲစဥ္မ်ားကို ပါဝင္ခြင့္မရခဲ့ေပ။ ၂၀၁၇ ေဘာလုံးရာသီဒုတိယအ ေက်ာ့တြင္ ခ်င္းယူႏိုက္တက္အ သင္းသို႔ အငွားခ်ထားျခင္းခံရ သည္။

‘‘ေဘာလုံးသမားဆိုတာ ေလ့က်င့္ခန္းမလုပ္ဘဲ ကစားလို႔မရပါ ဘူး။ ကြၽန္ ေတာ္က ေလ့က်င့္ခန္း မွာ လုပ္အားႏႈန္းေကာင္းတဲ့ ကစား သမားကို ေ႐ြးခ်ယ္ၿပီး ပြဲထြက္ ေစတာပါ။ သီဟထက္အာင္က ေလ့က်င့္ခန္း မလုပ္ခ်င္ဘူး။ ကြၽန္ ေတာ္သူ႔ကို အခြင့္အေရးသုံး၊ ေလးႀကိမ္ေပးခဲ့ ပါတယ္။ ဒီတစ္ ေခါက္ကေတာ့ ေနာက္ဆုံးပါပဲ။ သူ႔အေနနဲ႔ ကိုယ့္ကိုယ္ကိုယ္ မျပင္ ႏိုင္ဘူးဆိုရင္ေတာ့ ရန္ကုန္အ သင္းရဲ႕ အနာဂတ္မွာ သူပါမွာမ ဟုတ္ေတာ့ဘူး’’ ဟု ဦးမ်ိဳးမင္း ထြန္းက ေျပာသည္။

သီဟထက္ေအာင္ သည္ ထိုင္းဖိတ္ေခၚဖလား M-150 သို႔ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ျမန္မာယူ-၂၃ အသင္း၌ မူလက ေ႐ြးခ်ယ္ခံထားရသည္။

သို႔ ေသာ္ ႏိုဝင္ဘာ ၂၆ ရက္ကယွဥ္ ၿပိဳင္ခဲ့သည့္ မြန္ဂိုလီးယားအသင္းႏွင့္ ေျခစမ္းပြဲတြင္ ကစားပုံၾကမ္းတမ္းခဲ့ၿပီး ႏွစ္ဝါ၊ တစ္နီျဖင့္ထုတ္ပယ္ျခင္းခံရသည္။

ယင္းပြဲျဖစ္ရပ္ႏွင့္ပတ္သက္ ၿပီး ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္က သီဟထက္ေအာင္ကို ဒဏ္ ေၾကးက်ပ္တစ္သိန္း ခ်မွတ္ကာ အသင္းက ျပန္လႊတ္ခဲ့သည္။

ရန္ကုန္ ယူႏိုက္တက္အ သင္း သည္ လာမည့္ ၂၀၁၈ ေဘာလုံးရာသီတြင္ ေအအက္ဖ္စီဖလား ၿပိဳင္ပြဲသို႔ ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ရရွိထားၿပီး ႏိုဝင္ဘာ ၂၇ ရက္ကေလ့က်င့္မႈ ျပန္လည္စတင္ေန သည္။

Credit:7Daydaily

Unicodeဖြင့်ဖတ်ရန်

သီဟထက်အောင်ကို နောက်ဆုံးအခွင့်အရေးပေးမည်ဟု ရန်ကုန်နည်းပြဆို

သီဟထက်အောင်ကို နောက်ဆုံးအခွင့်အရေးပေးမည် ဖြစ်ပြီး အသင်းက ချမှတ်ထားသည့်စည်ကမ်းများကို လိုက်နာခြင်းမရှိပါက လာမည့်ဘောလုံးရာသီတွင် အသုံးပြုမည်မဟုတ်ကြောင်းနည်းပြချုပ် ဦးမျိုးမင်း ထွန်းက ပြောသည်။
သီဟထက်အောင်သည် ပြီး ခဲ့သည့် ၂၀၁၇ ဘောလုံးရာသီက ရန်ကုန်ယူနိုက်တက်အသင်းမှ ချ မှတ်ထားသည့် စည်းကမ်းများကို မလိုက်နာခြင်းကြောင့် ယူ-၂၀ အသင်းနှင့် လေ့ကျင့်ခန်းလုပ် ဆောင်ရန် ပြစ်ဒဏ်ချမှတ်ခံခဲ့ရ ကာ ရန်ကုန်ယူနိုက်တက်အသင်း ၏ ပွဲစဉ်များကို ပါဝင်ခွင့်မရခဲ့ပေ။ ၂၀၁၇ ဘောလုံးရာသီဒုတိယအ ကျော့တွင် ချင်းယူနိုက်တက်အ သင်းသို့ အငှားချထားခြင်းခံရ သည်။

‘‘ဘောလုံးသမားဆိုတာ လေ့ကျင့်ခန်းမလုပ်ဘဲ ကစားလို့မရပါ ဘူး။ ကျွန် တော်က လေ့ကျင့်ခန်း မှာ လုပ်အားနှုန်းကောင်းတဲ့ ကစား သမားကို ရွေးချယ်ပြီး ပွဲထွက် စေတာပါ။ သီဟထက်အာင်က လေ့ကျင့်ခန်း မလုပ်ချင်ဘူး။ ကျွန် တော်သူ့ကို အခွင့်အရေးသုံး၊ လေးကြိမ်ပေးခဲ့ ပါတယ်။ ဒီတစ် ခေါက်ကတော့ နောက်ဆုံးပါပဲ။ သူ့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် မပြင် နိုင်ဘူးဆိုရင်တော့ ရန်ကုန်အ သင်းရဲ့ အနာဂတ်မှာ သူပါမှာမ ဟုတ်တော့ဘူး’’ ဟု ဦးမျိုးမင်း ထွန်းက ပြောသည်။

သီဟထက်အောင်သည် ထိုင်းဖိတ်ခေါ်ဖလား M-150 သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာယူ-၂၃ အသင်း၌ မူလက ရွေးချယ်ခံထားရသည်။

သို့ သော် နိုဝင်ဘာ ၂၆ ရက်ကယှဉ် ပြိုင်ခဲ့သည့် မွန်ဂိုလီးယားအသင်းနှင့် ခြေစမ်းပွဲတွင် ကစားပုံကြမ်းတမ်းခဲ့ပြီး နှစ်ဝါ၊ တစ်နီဖြင့်ထုတ်ပယ်ခြင်းခံရသည်။

ယင်းပွဲဖြစ်ရပ်နှင့်ပတ်သက် ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သီဟထက်အောင်ကို ဒဏ် ကြေးကျပ်တစ်သိန်း ချမှတ်ကာ အသင်းက ပြန်လွှတ်ခဲ့သည်။

ရန်ကုန် ယူနိုက်တက်အ သင်း သည် လာမည့် ၂၀၁၈ ဘောလုံးရာသီတွင် အေအက်ဖ်စီဖလား ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိထားပြီး နိုဝင်ဘာ ၂၇ ရက်ကလေ့ကျင့်မှု ပြန်လည်စတင်နေ သည်။

Credit:7Daydaily