Zawgyi ဖြင့်ဖတ်ရန်


Yjxasp9lc6y26elsz1h6


Credit: မျက်ပြေ(မိုမိုလေး)
Unicode ဖြင့်ဖတ်ရန်

အနုပညာပျိုးခင်းကနေ အနုပညာလောကထဲကို ရောက်လာခဲ့တဲ့မင်းသမီးလေး ရွှေသမီးက အနေအေးအေးနဲ့ ချစ်စရာကောင်းသူလေးပါ။ အနုပညာ အလုပ်တွေကိုလဲ အဆက်မပြတ် လုပ်ကိုင်နေသူလေးပါပဲ။ လူတိုင်း စိတ်ဝင်တစား ရှိလှတဲ့ သူမရဲ့ အချစ်ရေးကတော့ တစ်ယောက်ထဲ အေးအေးဆေးဆေးပဲ ဖြစ်ပြီး အချစ်ရေးဆိုတာကြီးက အဝေးကြီးမျာလို့ သိရပါတယ်။

အခုမှ အသက်ကလဲ ၂၂နှစ်ပဲ ရှိသေးတယ်။ ရည်းစားလဲ မရှိဘူး အိမ်ထောင်ပြုဖို့ဆိုတာ အဝေးကြီးလိုပါသေးတယ်။ အဲဒီအကြောင်းတွေလဲ အခုထိမစဉ်းစားရသေးပါဘူး။ ပရိတ်သတ်ကြီးကို ပြောချင်တာကတော့ အိမ်ထောင်မပြုသေးပါဘူး။ အဝေးကြီး အဝေးကြီး လိုပါသေးတယ်။ အခုအချိန်မှာ အနုပညာနဲ့ပတ်သတ်လို့ အလုပ်တွေအများကြီး လုပ်ရပါဦးမယ်။

အချစ်ရေးကိစ္စကို မစဉ်းစားသေးတာပါ။ လက်ရှိကတော့ ရုပ်ရှင်ကားကြီးတွေကော ဗီဒီယိုကားလေးတွေပါ မျှပြီးရိုက်ဖြစ်နေပါတယ်။ ရိုက်ကွင်းအများစုက နယ်ထွက်ရိုက်နေတာဆိုတော့ နယ်ဘက်တွေတော့ အစုံရောက်ဖြစ်တယ်။ လတ်တလောကတော့ သရဲ ဟာသကားလေးဖြစ်တဲ့ ဂယ်ပဲ သရဲနဲ့သူငယ်ရွာ ရုပ်ရှင်ကားကြီး ကိုထွန်းထွန်း၊ ကိုရဲလေး၊ ကိုခင်လှိုင်၊ ကိုဂျိုကာတို့နဲ့ ရိုက်ထားတာလေး ရုံတင်ဖို့ရှိပါတယ်။

Credit: မျက်ပြေ(မိုမိုလေး)