Zawgyi ဖြင့်ဖတ်ရန်
Photos©Shwe Poe Eain
Credit: pannpwint
Unicode ဖြင့်ဖတ်ရန်
သရုပ်ဆောင် ရွှေပိုးအိမ်တစ်ယောက်ကတော့ မကြာသေးခင်က ဖြစ်ပွားခဲ့သော စွပ်စွဲ တိုက်ခိုက်ခံရမှုတွေကြောင့် စီးပွားရေးပဲ လုပ်တော့မယ်လို့ ဆုံးဖြတ်မိတဲ့အထိ ဖြစ်ရတယ်လို့ ဆိုပါတယ်။ပြီးခဲ့တဲ့လက အဆိုတော် ချမ်းချမ်းနဲ့ သရုပ်ဆောင် ဘုဏ်းသိုက်တို့ လင်မယားကွာရှင်း ပြတ်စဲခြင်းနဲ့အတူ သရုပ်ဆောင် ရွှေပိုးအိမ်တစ်ယောက် စွပ်စွဲခံခဲ့ရတာ ဖြစ်ပါတယ်။အွန်လိုင်းပေါ်က ပြင်းထန်သော စွပ်စွဲချက်တွေကို ပြန်လည်တုန့်ပြန်မှုမလုပ်ခဲ့ပဲ အင်တာဗျူးတွေလည်း ရှောင်နေခဲ့တာပါ။
ဒီနေ့ (ဒီဇင်ဘာလ ၂၅ ရက်) မှာမှ ဆန်းဒေးဂျာနယ်ရဲ့ အင်တာဗျူးတစ်ခုမှာ အနည်းငယ် ပြောဆိုလာတာ ဖြစ်ပါတယ်။“ဒီအလုပ်ကို ဆက်မလုပ်ဖို့တောင် စဉ်းစားမိတယ်ပေါ့နော်၊ အမေတို့ နောက်ထပ်ပိုပြီး တိုက်ခိုက်တာ မခံစေချင်တော့ဘူး။
အဲ့တော့ သမီးဒီအလုပ်ကို မလုပ်တော့ဘူး၊ စီးပွားရေးပဲ လုပ်တော့မယ် လို့ ဆုံးဖြတ်ချက်ချပြီးတော့ သူတို့ကို ပြောတယ်ပေါ့နော်။
ညီမမိဘတွေက ရတယ် ငါတို့ခံနိုင်ရည်ရှိတယ်။ ဒီအလုပ်ကို ဆက်လုပ် စိတ်အရမ်းကြီးလည်း နှစ်မထားနဲ့” လို့ ပြောခဲ့တာ ဖြစ်ပါတယ်။ရွှေပိုးအိမ်ကိုကြည့်ရတာ စိတ်နုနယ်တဲ့အနေအထားဖြစ်ပြီး ပြီးခဲ့တဲ့ ကောလဟာလနဲ့ စွပ်စွဲမှုတွေအကြား အကြီးအကျယ် ခံစားခဲ့ရတာကို မြင်ရပါတယ်။
ရူးသွားမလားတောင် ထင်မိတယ်၊ တော်တော်လေးကို စိတ်ဓာတ်ကျတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ အမေဖြစ်သူလည်း နေမကောင်း ဖြစ်နေသူလို သူမလည်း ခု နေမကောင်းဘူးလို့ သိရပါတယ်။
Photos©Shwe Poe Eain
Credit: pannpwint