ZawGyiျဖင့္ဖတ္ရန္

Viber အသံုးျပဳသူေတြအတြက္ အေမရိကန္ေဒၚလာ ၇ သန္းတန္ဖိုးရွိ လက္ေဆာင္ေတြ ေပးသြားမယ္လို႔ သိရပါတယ္။

အဲဒီ Platform ေပၚမွာ Viber ရဲ႕ တရားဝင္ Chatbot ကို အသံုးျပဳဖို႔ စာရင္းေပးသြင္းသူေတြအေနနဲ႔ ၀.၅၀ ေဒၚလာ မွ ၃ ေဒၚလာအထိ Viber Out အသံုးျပဳရမွာျဖစ္ေၾကာင္း၊ Credit သို႔မဟုတ္ ေရာင္းအားအေကာင္းဆံုး Sticker Pack ငါးခုထဲကေန ဘယ္တစ္ခုကုိမဆို အခမဲ့ရယူႏုိင္ျခင္း အပါအဝင္ လက္ေဆာင္အမ်ိဳးမ်ိဳးကို က်ပန္းစနစ္ျဖင့္ ရရွိႏိုင္မယ္လို႔ ဆိုပါတယ္။ အဲဒီအစီအစဥ္ကို Viber ရဲ႕ (၇) ႏွစ္ျပည့္ သက္တမ္းအေနနဲ႔ ေဆာင္ရြက္တာလို႔ သိရပါတယ္။ သံုးစြဲသူေတြအေနနဲ႔ သူတို႔ရဲ႕ မိတ္ေဆြေတြနဲ႔ မိသားစုဝင္ေတြကိုလည္း စာရင္းေပးသြင္းဖို႔နဲ႔ Chatbot မွ လက္ေဆာင္မ်ား ရယူဖို႔လည္း ဖိတ္ေခၚႏိုင္မွာျဖစ္ပါတယ္။ အဲဒီ Chatbot ကို http://bit.ly/Viber7Celebration မွာ ဝင္ေရာက္အသံုးျပဳႏိုင္တယ္လို႔ ဆိုပါတယ္။

“ဒီႏွစ္အတြင္းမွာ ကြၽန္ေတာ္တို႔ရဲ႕ အသံုးျပဳသူ အေရအတြက္ဟာ ၂၀% ျမင့္တက္ခဲ့ၿပီး အျမတ္အစြန္းဟာလည္း ႏွစ္ဆျမင့္တက္ခဲ့ပါတယ္၊ ဒီကာလအတြင္းမွာ ကြၽန္ေတာ္တို႔ဟာ အသံုးျပဳသူေတြရဲ႕ ယံုၾကည္မႈနဲ႔ စဥ္ဆက္မျပတ္ အသံုးျပဳမႈတို႔ကို ရရွိခဲ့ၿပီး တခ်ိန္တည္းမွာ အျမတ္အစြန္းရရွိဖုိ႔ဆိုတဲ့ စိန္ေခၚမႈကိုလည္း ေအာင္ျမင္စြာ ျဖတ္ေက်ာ္ႏုိင္ခဲ့ပါတယ္” လို႔ Rakuten Viber ရဲ႕ အမႈေဆာင္ အရာရွိခ်ဳပ္ျဖစ္သူ Djamel Agaoua က ေျပာပါတယ္။ Viber အသံုးျပဳမႈ အမ်ားဆံုးႏိုင္ေတြထဲမွာ ျမန္မာႏိုင္ငံလည္း အပါအဝင္ျဖစ္တယ္လို႔ ဆိုပါတယ္။

READ  သစ္ခိုးမႈမ်ားကို ၀န္ႀကီးဌာနအေနျဖင့္ အျပည့္အ၀ မထိန္းခ်ဳပ္ႏိုင္ေၾကာင္း ၀န္ႀကီးေျပာ

“လာမယ့္ႏွစ္မွာ ကြၽန္ေတာ္တို႔ဟာ ျမန္ႏႈန္းကို ျမႇင့္တင္ေပးၿပီး အဖြဲ႕လုိက္နဲ႔ တစ္ေယာက္ခ်င္း ဆက္သြယ္ေျပာဆိုမႈေတြကို ပိုမိုအဆင္ေျပေစမယ့္ Feature အသစ္ေတြကိုလည္း မိတ္ဆက္သြားမွာ ျဖစ္ပါတယ္” လို႔ သူကဆက္လက္ေျပာၾကား ခဲ့ပါတယ္။

-ထြန္းထြန္း
Credit: Internet Journal

Unicodeဖြင့်ဖတ်ရန်
Viber အသုံးပြုသူတွေအတွက် အမေရိကန်ဒေါ်လာ ၇ သန်းတန်ဖိုးရှိ လက်ဆောင်တွေ ပေးသွားမယ်လို့ သိရပါတယ်။

အဲဒီ Platform ပေါ်မှာ Viber ရဲ့ တရားဝင် Chatbot ကို အသုံးပြုဖို့ စာရင်းပေးသွင်းသူတွေအနေနဲ့ ဝ.၅၀ ဒေါ်လာ မှ ၃ ဒေါ်လာအထိ Viber Out အသုံးပြုရမှာဖြစ်ကြောင်း၊ Credit သို့မဟုတ် ရောင်းအားအကောင်းဆုံး Sticker Pack ငါးခုထဲကနေ ဘယ်တစ်ခုကိုမဆို အခမဲ့ရယူနိုင်ခြင်း အပါအဝင် လက်ဆောင်အမျိုးမျိုးကို ကျပန်းစနစ်ဖြင့် ရရှိနိုင်မယ်လို့ ဆိုပါတယ်။ အဲဒီအစီအစဉ်ကို Viber ရဲ့ (၇) နှစ်ပြည့် သက်တမ်းအနေနဲ့ ဆောင်ရွက်တာလို့ သိရပါတယ်။ သုံးစွဲသူတွေအနေနဲ့ သူတို့ရဲ့ မိတ်ဆွေတွေနဲ့ မိသားစုဝင်တွေကိုလည်း စာရင်းပေးသွင်းဖို့နဲ့ Chatbot မှ လက်ဆောင်များ ရယူဖို့လည်း ဖိတ်ခေါ်နိုင်မှာဖြစ်ပါတယ်။ အဲဒီ Chatbot ကို http://bit.ly/Viber7Celebration မှာ ဝင်ရောက်အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။

“ဒီနှစ်အတွင်းမှာ ကျွန်တော်တို့ရဲ့ အသုံးပြုသူ အရေအတွက်ဟာ ၂၀% မြင့်တက်ခဲ့ပြီး အမြတ်အစွန်းဟာလည်း နှစ်ဆမြင့်တက်ခဲ့ပါတယ်၊ ဒီကာလအတွင်းမှာ ကျွန်တော်တို့ဟာ အသုံးပြုသူတွေရဲ့ ယုံကြည်မှုနဲ့ စဉ်ဆက်မပြတ် အသုံးပြုမှုတို့ကို ရရှိခဲ့ပြီး တချိန်တည်းမှာ အမြတ်အစွန်းရရှိဖို့ဆိုတဲ့ စိန်ခေါ်မှုကိုလည်း အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပါတယ်” လို့ Rakuten Viber ရဲ့ အမှုဆောင် အရာရှိချုပ်ဖြစ်သူ Djamel Agaoua က ပြောပါတယ်။ Viber အသုံးပြုမှု အများဆုံးနိုင်တွေထဲမှာ မြန်မာနိုင်ငံလည်း အပါအဝင်ဖြစ်တယ်လို့ ဆိုပါတယ်။

READ  ရုပ္ရွင္သရုပ္ေဆာင္ အကယ္ဒမီ ေမသန္းႏု ကို တရားစြဲျပီ

“လာမယ့်နှစ်မှာ ကျွန်တော်တို့ဟာ မြန်နှုန်းကို မြှင့်တင်ပေးပြီး အဖွဲ့လိုက်နဲ့ တစ်ယောက်ချင်း ဆက်သွယ်ပြောဆိုမှုတွေကို ပိုမိုအဆင်ပြေစေမယ့် Feature အသစ်တွေကိုလည်း မိတ်ဆက်သွားမှာ ဖြစ်ပါတယ်” လို့ သူကဆက်လက်ပြောကြား ခဲ့ပါတယ်။

-ထွန်းထွန်း

Credit: Internet Journal

LEAVE A REPLY