ZawGyiျဖင့္ဖတ္ရန္

နကၡတ္ေဗဒပညာရွင္ ဦးေဇယ်ာကိုနဲ႔ ေတြ႕ဆုံျခင္း အပိုင္း(၂)
ေမး။ ျမန္မာႏိုင္ငံရဲ႕ စီးပြားေရး နဲ႔ ႏိုင္ငံေရး အေျခအေနေတြကိုလည္း ဆရာ့ပညာရပ္နဲ႔ သုံးသပ္ေပးပါဦးရွင္။

ေျဖ။- ကြၽန္ေတာ္တို႔ ျမန္မာျပည္ရဲ႕ လြတ္လပ္ေရးဇာတာမွာ ၁၉၄၈ ခု ဇန္နဝါရီလ ၄ရက္ နံနက္ ၄နာရီ ၂၀ မွာ ယူတယ္။လာမယ့္ ၂၀၁၈ ဇန္နဝါရီ နံနက္ ၄နာရီမွာ ႏွစ္ေပါင္း၇၀ တင္းတင္းျပည့္ၿပီ။ ဒီလိုအခ်ိန္မွာ ျမန္မာျပည္ရဲ႕ ဇာတာခြင္အသစ္တစ္ခု ေပၚထြန္းလာမယ္လို႔ ကြၽန္ေတာ္တို႔ ပညာရပ္ေတြအရ မုခ် ယုံၾကည္ပါတယ္။ ဒီလိုေပၚထြန္းလာမယ့္ အေျခအေနမွာ အားလုံး သိရမွာက ႏိုင္ငံမွာရွိတဲ့ ႏိုင္ငံသားေတြ ႏိုင္ငံသူေတြ အားလုံးသိရမွာက လြတ္လပ္ေရးရယူခဲ့တဲ့ ေနရာမွာ တိုင္းျပည္ကို ခ်မ္းသာႀကီးပြားေအာင္ လြတ္လပ္ေရး ရယူလာခဲ့တာမဟုတ္ဘူး။ ဗိုလ္ခ်ဳပ္ေအာင္ဆန္းနဲ႔ နန္းရင္းဝန္ ေအာင္ဆန္းအက္တလီစာခ်ဳပ္ ရွိတယ္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္း လုပ္ႀကံခံရတဲ့ အခ်ိန္မွာ ဝန္ႀကီးခ်ဳပ္ျဖစ္လာမယ့္ ဦးႏု ကေန ဘိလပ္ျပန္သြားၿပီး ေတာ့ ႏု- အက္တလီ စာခ်ဳပ္ကို ခ်ဳပ္ရတယ္။ ခ်ဳပ္ရေတာ့ ဝန္ႀကီးခ်ဳပ္ ဦးႏုကိုယ္တိုင္ အက္တလီနဲ႔ ၿဗိတိသွ်အစိုးရက တိုင္းျပည္ကို လြတ္လပ္ေရး ေပးမေပး ဆိုတာ ဘာေမွ်ာ္လင့္ခ်က္မွ မရွိပါဘူး။ ဗိုလ္ခ်ဳပ္ေအာင္ဆန္းမရွိလို႔သာ သူ႔ကိုယ္စား သြားရတာ။ ဟိုေရာက္ေတာ့မွ ေသခ်ာေပါက္ လြတ္လပ္ေရး ေပးမယ္ဆိုတာ ဦးႏုက သိတာ။ သိေတာ့ ျမန္မာႏိုင္ငံမွာ လြတ္လပ္ေရးဇာတာကို တြက္ခိုင္းတယ္။ အဲဒီေခတ္က ထင္ေပၚေက်ာ္ၾကားတဲ့ နကၡတ္ပညာရွင္ ငါးဦးေလာက္ တြက္ၾကတယ္။အခ်ိန္ ၅ ခ်ိန္ထြက္လာတယ္။ ထြက္လာတဲ့ အခ်ိန္ ၅ခ်ိန္နဲ႔ ပတ္သက္ၿပီးေတာ့မွ ေ႐ြးခ်ယ္ဖို႔ ခက္ခဲတယ္။ေ႐ြးခ်ယ္ဖို႔ ခက္ခဲေနခ်ိန္မွာ ဦးႏု အရင္တုန္းက တြက္ဖူးတဲ့ ပဲခူးၿမိဳ႕က ႐ြက္ပုန္းသီး ပညာရွင္ ေက်ာင္းအုပ္ဆရာႀကီး ဦးသက္တင္ဆိုတာ အေနာက္တိုင္း အဂၤလိပ္ေဗဒင္ကို အရမ္းကြၽမ္းတယ္။နကၡတ္နဲ႔ ပတ္သက္တာပဲ။ သူ႔ဆီမွာ အခါသြားေတာင္း တယ္။အခါသြားေတာင္းတဲ့ ေနရာမွာလည္း ဗိုလ္ခ်ဳပ္ေအာင္ဆန္း ေျပာခဲ့တဲ့ စကားကိုပဲ ဗိုလ္လယ်ာကၤ သြားေတာင္းတာ။ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေျပာခဲ့တာက ကြၽန္ေတာ္တို႔ လြတ္လပ္ေရးဆုံးရႈံးတာဟာ ေခတ္မီၿပီးေတာ့ ေတာင့္တင္းခိုင္မာတဲ့ တပ္မေတာ္ တစ္ရပ္မရွိလို႔ လြတ္လပ္ေရးဆုံးရႈံးတာ။ ဒီေတာ့ ငါတို႔ လြတ္လပ္ေရးရရင္ ေခတ္မီၿပီးေတာ့ ေတာင့္တင္းခိုင္မာတဲ့ တပ္မေတာ္ တစ္ရပ္ရွိဖို႔ အေရးႀကီးတယ္ေပါ့။ အဲဒီလိုေျပာခဲ့တဲ့ စကားကို အဓိက အေၾကာင္းအရာအေနနဲ႔ အခါေတာင္းတဲ့ အခါမွာလည္း ျမန္မာႏိုင္ငံႀကီး လြတ္လပ္ေရးထာဝရ အဓြန႔္ရွည္ တည္ၿမဲဖို႔နဲ႔ ေခတ္မီၿပီးေတာ့ ေတာင့္တင္းခိုင္မာတဲ့ တပ္မေတာ္ တစ္ရပ္ တည္ရွိဖို႔ ဒီႏွစ္ခုကိုပဲ ဟိုက္လိုက္ထားၿပီးေတာ့ တြက္ခဲ့ၾကတာ။ အဲဒီမွာ ျမန္မာႏိုင္ငံရဲ႕ လြတ္လပ္ေရးဇာတာမွာ တပ္မေတာ္အင္အား ေတာင့္တင္းေစမယ့္ အဂၤါၿဂိဳလ္က ပါဝါအရွိဆုံးရာသီခြင္ သိဟ္ရာသီခြင္မွာ ဆရာႀကီးက ေနရာခ်ေပးလိုက္တယ္။ ေနာက္တစ္ခုက လြတ္လပ္ေရး အဓြန႔္ရွည္တည္ၿမဲေအာင္လည္း အဂၤါၿဂိဳလ္ကပဲ ကိုယ္စားျပဳေတာ့ ႏွစ္ ၇၀ ထိ ျမန္မာ့လြတ္လပ္ေရး အဓြန႔္ရွည္ တည္ၿမဲလာတယ္။ ဒါေပမယ့္ ၇၀ ျပည့္သြားရင္ ဒီဇာတာရဲ႕ ပါဝါက အင္အားေပ်ာ့သြားၿပီ။အဲဒီေတာ့ ေနာက္ထပ္ ျမန္မာျပည္အတြက္ စီးပြားေရးအင္အား ေကာင္းမယ့္ ဇာတာခြင္တစ္ခု ေပၚေပါက္ဖို႔ အရမ္းကို အေရးႀကီးတဲ့ အခ်ိန္အခါကို ေရာက္ေနၿပီ။ အဲဒီေတာ့ အရင္ လြတ္လပ္ေရးယူတဲ့ ဇာတာက ခ်မ္းသာဖို႔လည္း မဟုတ္ဘူး။ လြတ္လပ္ေရး တည္ၿမဲဖို႔ လြတ္လပ္ေရး တည္ၿမဲေအာင္ ပံ့ပိုးေပးႏိုင္မယ့္ အင္အားခိုင္မာေတာင့္တင္းတဲ့ တပ္မေတာ္ အဖြဲ႕အစည္းရွိဖို႔ ဒါက အဓိကပဲ။ အဲဒီလို တည္ေဆာက္ခဲ့တဲ့အတြက္ ကြၽန္ေတာ္တို႔ တိုင္းျပည္ဟာ ႏွစ္ ၇၀ ျပည့္လာတဲ့အထိ ခ်မ္းသာႂကြယ္ဝမႈကို လုံလုံေလာက္ေလာက္ မရေသးဘူး။ ႏွစ္ ၇၀ ျပည့္တဲ့အခါမွာ တိုင္းျပည္အတြက္ ဇာတာခြင္အသစ္တစ္ခု ႏွစ္အနည္းငယ္အတြင္းမွာ ေပၚေပါက္လာဖို႔ရွိမယ္။ ေသခ်ာေပါက္ ျဖစ္ေပၚလာဖို႔ရွိမယ္။ ထူးျခားခ်က္တစ္ခု ကေတာ့ ကြၽန္ေတာ္တို႔တိုင္းျပည္မွာ ႏိုင္ငံေတာ္အလံေတြ ေျပာင္းလဲ လႊင့္တင္ခဲ့တာေပါ့။ ဗိုလ္ခ်ဳပ္ႀကီး ေနဝင္း လက္ထက္မွာ လြတ္လပ္ေရးစရၿပီးေတာ့ အသုံးျပဳခဲ့တဲ့ ႏိုင္ငံေတာ္ အလံကို ကြၽန္ေတာ္တို႔က ေျပာင္းၿပီးေတာ့ ပုံစံတစ္ခု ေျပာင္းၿပီး အသစ္ လႊင့္တင္တယ္။ ဗိုလ္ခ်ဳပ္မႉးႀကီး သန္းေ႐ႊလက္ထက္မွာလည္း ေနာက္ထပ္ ႏိုင္ငံေတာ္ အလံသစ္တစ္ခု ေျပာင္းလဲလႊင့္တင္တယ္။ ႏိုင္ငံေတာ္ အလံသစ္ေတြ ေျပာင္းလဲ လႊင့္တင္တဲ့ ေနရာမွာ ေျပာရရင္ တိုင္းျပည္ဇာတာကို ေျပာင္းဖို႔ ႀကိဳးစားၾကတာေပါ့။ တိုင္းျပည္ရဲ႕ ဇာတာကေတာ့ ေျပာင္းလဲမသြားဘူး။ ဒီအတိုင္းပဲ Influence ရွိေနတယ္ ။ ဒီတစ္ခ်ိန္ တိုင္းျပည္ကို ဇာတာခြင္ေျပာင္းမယ္ဆိုရင္ တိုင္းျပည္ရဲ႕ အလံေရာ တိုင္းျပည္ရဲ႕ အမည္နာမေပါ့။ အမည္နာမေျပာင္းတယ္ဆိုတာလည ္း မူလ ျမန္မာ ဆိုတဲ့ စကားလုံးကိုေတာ့ ေဖ်ာက္ဖ်က္လို႔ မရဘူး။ဒီျမန္မာရဲ႕ ေရွ႕မွာ ဘာထည့္မလဲ။ဘယ္လို စကားလုံးေတြ ထည့္မလဲ။ ဒါကိုပဲ ျဖည့္စြက္ဖို႔ပဲ လိုအပ္တာေပါ့။ဒီကမာၻေပၚမွာလည္း တိုင္းျပည္ရဲ႕ အမည္နာမကို ေျပာင္းလဲခဲ့တာေတြ အမ်ားႀကီးပဲ။ ဒါက ဇာတာခြင္ေတြကို အသစ္ျပန္ၿပီး တည္ေဆာက္ခဲ့ၾကတယ္ေပါ့။ တိုင္းျပည္ရဲ႕ ဇာတာခြင္တစ္ခု ေျပာင္းလဲမႈျဖစ္လာတဲ့အခါမွာေတာ တိုင္းျပည္ရဲ႕ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈကို အဓိက ထားၿပီးေတာ့ စဥ္းစားႀကံေဆာင္တဲ့ ႏိုငငံေတာ္ ဇာတာသစ္ ျပန္ၿပီး ျဖစ္ေပၚလာပါမယ္။

ေမး။ မေဝးေတာ့တဲ့ ၂၀၁၈ မွာေရာ ျမန္မာႏိုင္ငံက ဘယ္လိုမ်ား ျဖစ္ေပၚလာႏိုင္ပါမလဲရွင့္။

ေျဖ။ -၂၀၁၈ ထဲမွာေတာ့ ေအာက္တိုဘာ မတိုင္ခင္ထိကေတာ့ စီးပြားေရးနဲ႔ ပတ္သက္တဲ့ ၿဂိဳလ္ ရပ္တည္မႈ အားမေကာင္းေသးဘူး။ စီးပြားေရးကေတာ့ ႀကီးႀကီးမားမား တိုးတက္ေျပာင္းလဲဖို႔ မရွိေသးဘူး။ စီးပြားေရး မွာ အေႏွာင့္အယွက္ အတားအဆီး တခ်ိဳ႕ ႀကဳံေတြ႕ရႏိုင္တယ္။ ေနာက္တစ္ခုက ၂၀၁၈ ေအာက္တိုဘာ ေက်ာ္ၿပီးရင္ေတာ့ စီးပြားေရး လုပ္ငန္းေတြ ျပန္ၿပိး ဦးေမာ့လာမယ္။ အိမ္ၿခံေျမ ေဈးကြက္ေတြ ျပန္ၿပီး အသက္ဝင္ လႈပ္ရွားလာမယ္။ လူတို႔ရဲ႕ စားဝတ္ေနေရးေတြလည္း အထိုက္အေလ်ာက္ စၿပီးေတာ့ အဆင္ေျပလာမယ္ေပါ့။ အဲဒီလို ေျပလည္ဖို႔အတြက္လည္း အစိုးရမွာ တကယ္အလုပ္လုပ္ႏိုင္တဲ့သူေတြကို ေျပာင္းၿပီးေတာ့မွ တာဝန္ အသီးသီး ေပးၿပီးေတာ့မွ ျပန္တည္ေဆာက္တာမ်ိဳးေတြ ရွိႏိုင္တယ္။ ႏိုင္ငံေတာ္ ဇာတာသစ္ျပန္လည္ ေမြးဖြားျခင္း ဆိုတာကေတာ့ အဓိကကေတာ့ မင္းေျပာင္းမင္းလြဲျဖစ္မယ့္ဟာကို ကြၽန္ေတာ္တို႔ရဲ႕ နကၡတ္ပညာရပ္အရ အေျပာင္းအလဲတစ္ခု ဖန္တီးတာေပါ့။ ၁၉၈၈ လို ျဖစ္လာမယ့္ဟာကို အစိုးရအေနနဲ႔က တိုင္းျပည္ရဲ႕ ႏိုင္ငံေတာ္အလံ တိုင္းျပည္ရဲ႕ အမည္နာမေတြကို ေျပာင္းတယ္ဆိုရင္ မင္းေျပာင္းမင္းလြဲျဖစ္မယ့္ အေျခအေန အစိုးရေျပာင္းလဲမယ့္အေျခအေနကေန ေက်ာ္လႊားႏိုင္မယ့္ အေျခအေနေတြ အမ်ားႀကီး ရွိမယ္။ ရာခိုင္ႏႈန္းျပည့္ကေတာ့ ေျပာလို႔မရဘူး။ ဒါေပမယ့္ ဒီလိုအေျခအေနကေန ဒီလိုအေျပာင္းအလဲေၾကာင့္ အမ်ားႀကီး လြတ္ေျမာက္သြားႏိုင္တယ္။ဒီလို လြတ္ေျမာက္ဖို႔ ဖန္တီးပုံေဖာ္ျခင္း ႀကံေဆာင္ျခင္းဆိုတာကလည္း ျပည္သူလူထုျဖစ္ေစခ်င္တဲ့ ဆႏၵကို ဖန္တီးပုံေဖာ္တာပဲ။ ျပည္သူလူထုကေတာ့ တိုင္းျပည္မွာ တပ္မေတာ္ရဲ႕ အုပ္ခ်ဳပ္မႈကို ႏွစ္ ၂၀ ေက်ာ္ ခံခဲ့ရတယ္။ ဟိုးအရင္ကလည္း ႏွစ္ေပါင္း၂၀ ေက်ာ္ ခံခဲ့ရတယ္ဆိုေတာ့ အေျပာင္းအလဲကို လိုလားေနတာ။ ကြၽန္ေတာ္တို႔ကိုယ္တိုင္လည္း တပ္မေတာ္သားပဲ။ကြၽန္ေတာ္တို႔ ကိုယ္တိုင္လည္း ျပည္သူတစ္ဦးပဲ။ ဒီလို လိုလားေနတဲ့ဟာ ဒီလိုလားမႈကို ေ႐ြးေကာက္ပြဲမွာ ေတာင္ၿပိဳကမ္းၿပိဳ NLD ႏိုင္တဲ့ အေျဖကေန ျပခဲ့တာပဲ။ ျပည္သူလူထုလိုလားတဲ့ ဒီမိုကေရစီႏိုင္ငံအတိုင္း ဆက္သြားႏိုင္ဖို႔က လက္ရွိ တာဝန္ယူေနတဲ့ အစိုးရမွာ ေရွ႕မွာ ျဖစ္လာႏိုင္တဲ့ အႏၲရာယ္ေတြ အခက္အခဲေတြ အတားအဆီးေတြကို ကြၽန္ေတာ္တို႔က ျပည္သူ႔ကိုယ္စား တာဝန္ယူၿပီးေတာ့မွ စီစဥ္ေဆာင္႐ြက္ေပးရမွာေပါ့။တိုင္းျပည္ရဲ႕ အမည္နဲ႔ အလံေျပာင္းဖို႔ ဆိုတာ ပါတီ တည္တံ့ခိုင္ၿမဲဖို႔ ေျပာေနတာမဟုတ္ဘူး။ ျမန္မာျပည္မွာ ဒီမိုကေရစီ ဆက္ၿပိးေတာ့ ခိုင္ခိုင္မာမာရွင္သန္ တည္ၿမဲေနဖို႔အတြက္ ကြၽန္ေတာ္တိူ႔က ေျပာင္းလဲျခင္းျဖစ္တယ္။ ဒါကို ျပည္သူေတြဘက္က နားလည္ဖို႔ လိုအပ္တယ္။ တာဝန္ရွိတဲ့ အစိုးရဘက္ကလည္း အျမင္ရွင္းဖို႔ လိုအပ္တယ္။ ေျပာရရင္ေတာ့ မင္းနဲ႔ ျပည္သူ ညီညီမွ်မွွ် ေတြးေခၚဆုံးျဖတ္ ေဆာင္႐ြက္မႈေတြ တိုင္မင္ကိုက္မွပဲ တိုင္းျပည္က တိုးတက္ႀကီးပြား ေအာင္ျမင္မႈေတြ အမ်ားႀကီး ရရွိလာမွာ ျဖစ္ပါတယ္။

ေမး။ အဲဒီေတာ့ နကၡတ္ေဗဒပညာရပ္က အလုံးစုံအေပၚမွာ မူတည္ေနပါသလား။ဆိုလိုတာက ဒီ နကၡတ္ေဗဒ ပညာရပ္က အရာအားလုံးနဲ႔ အတူ ယွဥ္တြဲတည္ရွိေနတာပါလား။

ေျဖ။ -ဒီေမးခြန္းက ယုံၾကည္သူ မယုံၾကည္သူ ၾကားထဲမွာ မၾကာခဏ ေျဖရေလ့ရွိတာေပါ့။ဘာလို႔ ကြၽန္ေတာ္တို႔ကို နကၡတ္ေဗဒပညာေလ့လာလဲလို႔ ေမးလာရင္ ကြၽန္ေတာ္တို႔လည္း မယုံၾကည္လို႔ ေလ့လာခဲ့တာေပါ့။ကြၽန္ေတာ္တို႔လည္း ေခတ္ပညာေတြ အမ်ားႀကီးတက္ေအာင္ ႀကိဳးစားႀကံေဆာင္ခဲ့တဲ့သူ ေနာက္ၿပီး တပ္မေတာ္မွာလည္း တာဝန္ႀကီးေတြ ထမ္းေဆာင္ခဲ့တဲ့သူေပါ့။ ကြၽန္ေတာ္တို႔ကိုယ္တိုင္လည္း အရင္တုန္းက ယုံၾကည္လားလို႔ ေမးလာခဲ့ရင္ မယုံၾကည္တဲ့ ပညာပဲ။ မယုံၾကည္လို႔ ေလ့လာရင္း ေလ့လာရင္းနဲ႔မွ ဒီလမ္းေၾကာင္းေပၚမွာ ပိုပိုၿပီးေတာ့ လွ်ိဴ႕ဝွက္ခ်က္ေတြ သိလာတယ္။ ဒီလွ်ိဳ႕ဝွက္ခ်က္ေတြကိုူ ေဖာ္ထုတ္တဲ့ေနရာမွာ ပိုပိုၿပီးေတာ့ ေအာင္ျမင္မႈေတြ ရလာတယ္။ ဒီပညာရပ္က ကြၽန္ေတာ္ ဖန္တီးတာလည္း မဟုတ္ဘူး။ ကြၽန္ေတာ့ေရွ႕က ဆရာႀကီးေတြ ဖန္တီးတာလည္း မဟုတ္ဘူး။ ဘုရား မပြင့္မီကတည္းက ေပၚေပါက္လာခဲ့တဲ့ ပညာရပ္ေတြ ျဖစ္တယ္။ ကြၽန္ေတာ္တို႔ ဗုဒၶဘုရားရွင္ကိုယ္ေတာ္ျမတ္ကိုယ္တိုင္ ထင္ေပၚေက်ာ္ၾကားတဲ့ နကၡတ္ပညာရွိအျဖစ္ သုံးဘဝတိုင္တိုင္ ပါရမီျဖည့္ေပးခဲ့ရတယ္။ဒီပညာရပ္ေတြမွာ လူသားေတြက လူ႔ေလာကထဲကို ေရာက္လာတယ္ဆိုတဲ့ ေနရာမွာ သူတို႔ရဲ႕ ေမြးဖြားလာတဲ့အခ်ိန္အရ ေကာင္းကင္မွာ ရွိတဲ့ၿဂိဳလ္နကၡတ္ေတြအရ ဒီလူဟာ ဘယ္ေန႔မွာ ဘာျဖစ္ရမယ္ဆိုတာကို ကြန္ပ်ဴတာပ႐ိုဂရမ္ တစ္ခုလိုပဲ ေရးဆြဲျပဌာန္းၿပီးသားပဲ။ ဆရာဝန္ျဖစ္ရမယ့္သူ ဆရာဝန္ျဖစ္မယ္။ သမၼတျဖစ္ရမယ့္သူ သမၼတ ျဖစ္မယ္။ အဲဒီမွာ လူေတြက ငါလုပ္မွ ငါျဖစ္မယ္ဆိုတဲ့ဟာကို တက္က်မ္းေတြမွာ ေဖာ္ျပၾကတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ နကၡတ္ေဗဒပညာရပ္မွာ ငါလုပ္တိုင္း ငါမျဖစ္ဘူး။ ဆရာဝန္မျဖစ္ႏိုင္တဲ့သူတစ္ေယာက္က မိဘေတြက ငါ့သားရယ္ ဆရာဝန္ဘြဲ႕ရေအာင္ ယူပါဆိုတဲ့ အတြက္ေၾကာင့္ ဆရာဝန္ဘြဲ႕ေတာ့ ယူလိုက္လိမ့္မယ္။ ဒါေပမယ့္ သူ႔ဇာတာမွာ သူစီးပြားေရးသမားျဖစ္မယ့္ ဇာတာဆိုရင္ သူ စီးပြားေရးသမားပဲ ျဖစ္သြားလိမ့္မယ္။ ျဖစ္ေပၚေနတဲ့ အေျခအေနေတြဟာ လူေတြ ဖန္တီးတာ ပုံေဖာ္တာ မွန္ေသာ္ျငားလည္း ကံၾကမၼာကေနပဲ ျဖစ္ေပၚလာဖို႔ကို ပ႐ိုဂရမ္ေရးဆြဲေပးထားတာ။ ေရးဆြဲေပးထားတာ ျဖစ္တဲ့အတြက္ေၾကာင့္ တိုင္းျပည္ႏိုင္ငံနဲ႔ ပတ္သက္တဲ့ ဇာတာခြင္ေတြ ေဟာကိန္းထုတ္တဲ့ေနရာမွာလည္း ဒီ ဥပေဒသေတြနဲ႔ပဲ ေဟာကိန္းထုတ္တယ္၊ ဒါႀကီးကို ေက်ာ္လႊားႏိုင္ပါ့မလား။ ဒါႀကိးက ၁၀၀ ရာခိုင္ႏႈန္းျဖစ္ႏိုင္ပါ့မလားဆိုတာကေတာ့ ျဖစ္တဲ့ဟာလည္း ရွိတယ္ မျဖစ္တဲ့ဟာလည္းရွိတယ္။ သို႔ေသာ္ျငားလည္း ဒါႀကီးဟာ မယုံၾကည္သင့္ပါဘူး မစြဲလမ္းသင့္ပါဘူးဆိုၿပီး ပစ္ပယ္သင့္တဲ့ ပညာရပ္လည္း မဟုတ္ဘူး။ လုံးဝအလုံးစုံ အက်ိဳးသက္ေရာက္မႈရွိတဲ့အတြက္ေၾကာင့္ ဒါႀကီးကို အရမ္းႀကီး ခိုင္ခိုင္မာမာႀကီး လက္စြဲထားရတဲ့ဟာမ်ိဳးလည္း ဟုတ္ဘူး။ ဒီႏွစ္ခုၾကားထဲမွာ မဇၩိမပဋိပဋာ စကားလုံးအတိုင္းပဲ ကိုယ္က ဒါေတာ့ ျဖစ္ႏိုင္တယ္ ။ ဒါ ျဖစ္ႏိုင္တဲ့ဟာမွာ ဒီလိုမျဖစ္ႏိုင္ေအာင္ ဘယ္လို ကာကြယ္တားဆီးမလဲ ။ ဘယ္လိုေက်ာ္ျဖတ္မလဲ ဒါေလးေတြ ျပန္ခ်ိန္ဆဖို႔ လိုတယ္။ ဘာမွမသိဘဲ ျဖစ္သြားတယ္ဆိုတဲ့သူေတြက ဒီပညာရပ္ကို မယုံၾကည္တဲ့သူေတြေပါ့။ အရမ္းခ်မ္းသာေနရာကေန ခ်က္ခ်င္းႀကီး ဆင္းရဲသြားတယ္ ။ လူအေကာင္းႀကီးကေန ခ်က္ခ်င္း ေသဆုံးသြားတယ္။ ယုံၾကည္တဲ့သူကလည္း ဒါေလးေတြ ႀကိဳၿပီးတြက္ခ်က္ထားတယ္ဆိုရင္ စီးပြားပ်က္မယ့္အခ်ိန္မွာ သူ႔ရဲ႕ အသိဉာဏ္ထဲမွာ ငါေတာ့ စီးပြားပ်က္မယ့္ အခ်ိန္ ဘာေလးေတြ ေတာ့ ႀကိဳတင္ျပင္ဆင္မယ္ဆိုတာမ်ိဳးေလးေတြေၾကာင့္ ႀကိဳၿပီးလြတ္ေျမာက္သြားတာ မ်ိဳးေလးေတြရွိတယ္ ေနာက္ အသက္အႏၲရာယ္ ႀကဳံေတြ႕ေတာ့မယ့္အခ်ိန္မွာ ႀကိဳသိတဲ့အတြက္ေၾကာင့္ ျပင္ဆင္လိုက္တဲ့အတြက္ လြတ္ေျမာက္သြားတာေလးေတြလည္း မွတ္တမ္းမွာ ကြၽန္ေတာ္တို႔ အမ်ားႀကီးရွိပါတယ္။ ဒီပညာရပ္ကေတာ့ လူ႔ေလာကနယ္ပယ္မွာ အနာဂတ္ေရွ႕ကို ေမွ်ာ္ၾကည့္တဲ့ေနရာမွာ အေကာင္းဆုံး ေတြးေခၚေမွ်ာ္ျမင္စဥ္းစားၾကည့္ျမင္ သိရွိႏိုင္တဲ့ အဖိုးတန္တဲ့ ပညာရပ္တစ္ခုေပါ့။ အလုံးစုံေတာ့ ယုံၾကည္ဖို႔ မတိုက္တြန္းဘူး မသတ္မွတ္ဘူး ။ဒါေပအမယ့္ လုံးဝမယုံၾကည္သင့္ဘူးဆိုၿပီးေတာ့လည္း ပစ္ပယ္ထားရမယ့္ ပညာရပ္မဟုတ္ဘူး။

Credit:Mizzima

Unicodeဖြင့်ဖတ်ရန်

လာမယ့် ဇန်နဝါရီလမှာ မြန်မာပြည်ရဲ့ ဇာတာခွင်အသစ်တစ်ခု ပေါ်ထွန်းလာမယ်

နက္ခတ်ဗေဒပညာရှင် ဦးဇေယျာကိုနဲ့ တွေ့ဆုံခြင်း အပိုင်း(၂)
မေး။ မြန်မာနိုင်ငံရဲ့ စီးပွားရေး နဲ့ နိုင်ငံရေး အခြေအနေတွေကိုလည်း ဆရာ့ပညာရပ်နဲ့ သုံးသပ်ပေးပါဦးရှင်။

ဖြေ။- ကျွန်တော်တို့ မြန်မာပြည်ရဲ့ လွတ်လပ်ရေးဇာတာမှာ ၁၉၄၈ ခု ဇန်နဝါရီလ ၄ရက် နံနက် ၄နာရီ ၂၀ မှာ ယူတယ်။လာမယ့် ၂၀၁၈ ဇန်နဝါရီ နံနက် ၄နာရီမှာ နှစ်ပေါင်း၇၀ တင်းတင်းပြည့်ပြီ။ ဒီလိုအချိန်မှာ မြန်မာပြည်ရဲ့ ဇာတာခွင်အသစ်တစ်ခု ပေါ်ထွန်းလာမယ်လို့ ကျွန်တော်တို့ ပညာရပ်တွေအရ မုချ ယုံကြည်ပါတယ်။ ဒီလိုပေါ်ထွန်းလာမယ့် အခြေအနေမှာ အားလုံး သိရမှာက နိုင်ငံမှာရှိတဲ့ နိုင်ငံသားတွေ နိုင်ငံသူတွေ အားလုံးသိရမှာက လွတ်လပ်ရေးရယူခဲ့တဲ့ နေရာမှာ တိုင်းပြည်ကို ချမ်းသာကြီးပွားအောင် လွတ်လပ်ရေး ရယူလာခဲ့တာမဟုတ်ဘူး။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ နန်းရင်းဝန် အောင်ဆန်းအက်တလီစာချုပ် ရှိတယ်။ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရတဲ့ အချိန်မှာ ဝန်ကြီးချုပ်ဖြစ်လာမယ့် ဦးနု ကနေ ဘိလပ်ပြန်သွားပြီး တော့ နု- အက်တလီ စာချုပ်ကို ချုပ်ရတယ်။ ချုပ်ရတော့ ဝန်ကြီးချုပ် ဦးနုကိုယ်တိုင် အက်တလီနဲ့ ဗြိတိသျှအစိုးရက တိုင်းပြည်ကို လွတ်လပ်ရေး ပေးမပေး ဆိုတာ ဘာမျှော်လင့်ချက်မှ မရှိပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းမရှိလို့သာ သူ့ကိုယ်စား သွားရတာ။ ဟိုရောက်တော့မှ သေချာပေါက် လွတ်လပ်ရေး ပေးမယ်ဆိုတာ ဦးနုက သိတာ။ သိတော့ မြန်မာနိုင်ငံမှာ လွတ်လပ်ရေးဇာတာကို တွက်ခိုင်းတယ်။ အဲဒီခေတ်က ထင်ပေါ်ကျော်ကြားတဲ့ နက္ခတ်ပညာရှင် ငါးဦးလောက် တွက်ကြတယ်။အချိန် ၅ ချိန်ထွက်လာတယ်။ ထွက်လာတဲ့ အချိန် ၅ချိန်နဲ့ ပတ်သက်ပြီးတော့မှ ရွေးချယ်ဖို့ ခက်ခဲတယ်။ရွေးချယ်ဖို့ ခက်ခဲနေချိန်မှာ ဦးနု အရင်တုန်းက တွက်ဖူးတဲ့ ပဲခူးမြို့က ရွက်ပုန်းသီး ပညာရှင် ကျောင်းအုပ်ဆရာကြီး ဦးသက်တင်ဆိုတာ အနောက်တိုင်း အင်္ဂလိပ်ဗေဒင်ကို အရမ်းကျွမ်းတယ်။နက္ခတ်နဲ့ ပတ်သက်တာပဲ။ သူ့ဆီမှာ အခါသွားတောင်း တယ်။အခါသွားတောင်းတဲ့ နေရာမှာလည်း ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တဲ့ စကားကိုပဲ ဗိုလ်လယျာၤက သွားတောင်းတာ။ ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တာက ကျွန်တော်တို့ လွတ်လပ်ရေးဆုံးရှုံးတာဟာ ခေတ်မီပြီးတော့ တောင့်တင်းခိုင်မာတဲ့ တပ်မတော် တစ်ရပ်မရှိလို့ လွတ်လပ်ရေးဆုံးရှုံးတာ။ ဒီတော့ ငါတို့ လွတ်လပ်ရေးရရင် ခေတ်မီပြီးတော့ တောင့်တင်းခိုင်မာတဲ့ တပ်မတော် တစ်ရပ်ရှိဖို့ အရေးကြီးတယ်ပေါ့။ အဲဒီလိုပြောခဲ့တဲ့ စကားကို အဓိက အကြောင်းအရာအနေနဲ့ အခါတောင်းတဲ့ အခါမှာလည်း မြန်မာနိုင်ငံကြီး လွတ်လပ်ရေးထာဝရ အဓွန့်ရှည် တည်မြဲဖို့နဲ့ ခေတ်မီပြီးတော့ တောင့်တင်းခိုင်မာတဲ့ တပ်မတော် တစ်ရပ် တည်ရှိဖို့ ဒီနှစ်ခုကိုပဲ ဟိုက်လိုက်ထားပြီးတော့ တွက်ခဲ့ကြတာ။ အဲဒီမှာ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဇာတာမှာ တပ်မတော်အင်အား တောင့်တင်းစေမယ့် အင်္ဂါဂြိုလ်က ပါဝါအရှိဆုံးရာသီခွင် သိဟ်ရာသီခွင်မှာ ဆရာကြီးက နေရာချပေးလိုက်တယ်။ နောက်တစ်ခုက လွတ်လပ်ရေး အဓွန့်ရှည်တည်မြဲအောင်လည်း အင်္ဂါဂြိုလ်ကပဲ ကိုယ်စားပြုတော့ နှစ် ၇၀ ထိ မြန်မာ့လွတ်လပ်ရေး အဓွန့်ရှည် တည်မြဲလာတယ်။ ဒါပေမယ့် ၇၀ ပြည့်သွားရင် ဒီဇာတာရဲ့ ပါဝါက အင်အားပျော့သွားပြီ။အဲဒီတော့ နောက်ထပ် မြန်မာပြည်အတွက် စီးပွားရေးအင်အား ကောင်းမယ့် ဇာတာခွင်တစ်ခု ပေါ်ပေါက်ဖို့ အရမ်းကို အရေးကြီးတဲ့ အချိန်အခါကို ရောက်နေပြီ။ အဲဒီတော့ အရင် လွတ်လပ်ရေးယူတဲ့ ဇာတာက ချမ်းသာဖို့လည်း မဟုတ်ဘူး။ လွတ်လပ်ရေး တည်မြဲဖို့ လွတ်လပ်ရေး တည်မြဲအောင် ပံ့ပိုးပေးနိုင်မယ့် အင်အားခိုင်မာတောင့်တင်းတဲ့ တပ်မတော် အဖွဲ့အစည်းရှိဖို့ ဒါက အဓိကပဲ။ အဲဒီလို တည်ဆောက်ခဲ့တဲ့အတွက် ကျွန်တော်တို့ တိုင်းပြည်ဟာ နှစ် ၇၀ ပြည့်လာတဲ့အထိ ချမ်းသာကြွယ်ဝမှုကို လုံလုံလောက်လောက် မရသေးဘူး။ နှစ် ၇၀ ပြည့်တဲ့အခါမှာ တိုင်းပြည်အတွက် ဇာတာခွင်အသစ်တစ်ခု နှစ်အနည်းငယ်အတွင်းမှာ ပေါ်ပေါက်လာဖို့ရှိမယ်။ သေချာပေါက် ဖြစ်ပေါ်လာဖို့ရှိမယ်။ ထူးခြားချက်တစ်ခု ကတော့ ကျွန်တော်တို့တိုင်းပြည်မှာ နိုင်ငံတော်အလံတွေ ပြောင်းလဲ လွှင့်တင်ခဲ့တာပေါ့။ ဗိုလ်ချုပ်ကြီး နေဝင်း လက်ထက်မှာ လွတ်လပ်ရေးစရပြီးတော့ အသုံးပြုခဲ့တဲ့ နိုင်ငံတော် အလံကို ကျွန်တော်တို့က ပြောင်းပြီးတော့ ပုံစံတစ်ခု ပြောင်းပြီး အသစ် လွှင့်တင်တယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက်မှာလည်း နောက်ထပ် နိုင်ငံတော် အလံသစ်တစ်ခု ပြောင်းလဲလွှင့်တင်တယ်။ နိုင်ငံတော် အလံသစ်တွေ ပြောင်းလဲ လွှင့်တင်တဲ့ နေရာမှာ ပြောရရင် တိုင်းပြည်ဇာတာကို ပြောင်းဖို့ ကြိုးစားကြတာပေါ့။ တိုင်းပြည်ရဲ့ ဇာတာကတော့ ပြောင်းလဲမသွားဘူး။ ဒီအတိုင်းပဲ Influence ရှိနေတယ် ။ ဒီတစ်ချိန် တိုင်းပြည်ကို ဇာတာခွင်ပြောင်းမယ်ဆိုရင် တိုင်းပြည်ရဲ့ အလံရော တိုင်းပြည်ရဲ့ အမည်နာမပေါ့။ အမည်နာမပြောင်းတယ်ဆိုတာလည ်း မူလ မြန်မာ ဆိုတဲ့ စကားလုံးကိုတော့ ဖျောက်ဖျက်လို့ မရဘူး။ဒီမြန်မာရဲ့ ရှေ့မှာ ဘာထည့်မလဲ။ဘယ်လို စကားလုံးတွေ ထည့်မလဲ။ ဒါကိုပဲ ဖြည့်စွက်ဖို့ပဲ လိုအပ်တာပေါ့။ဒီကမ္ဘာပေါ်မှာလည်း တိုင်းပြည်ရဲ့ အမည်နာမကို ပြောင်းလဲခဲ့တာတွေ အများကြီးပဲ။ ဒါက ဇာတာခွင်တွေကို အသစ်ပြန်ပြီး တည်ဆောက်ခဲ့ကြတယ်ပေါ့။ တိုင်းပြည်ရဲ့ ဇာတာခွင်တစ်ခု ပြောင်းလဲမှုဖြစ်လာတဲ့အခါမှာတော တိုင်းပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အဓိက ထားပြီးတော့ စဉ်းစားကြံဆောင်တဲ့ နိုငငံတော် ဇာတာသစ် ပြန်ပြီး ဖြစ်ပေါ်လာပါမယ်။

မေး။ မဝေးတော့တဲ့ ၂၀၁၈ မှာရော မြန်မာနိုင်ငံက ဘယ်လိုများ ဖြစ်ပေါ်လာနိုင်ပါမလဲရှင့်။

ဖြေ။ -၂၀၁၈ ထဲမှာတော့ အောက်တိုဘာ မတိုင်ခင်ထိကတော့ စီးပွားရေးနဲ့ ပတ်သက်တဲ့ ဂြိုလ် ရပ်တည်မှု အားမကောင်းသေးဘူး။ စီးပွားရေးကတော့ ကြီးကြီးမားမား တိုးတက်ပြောင်းလဲဖို့ မရှိသေးဘူး။ စီးပွားရေး မှာ အနှောင့်အယှက် အတားအဆီး တချို့ ကြုံတွေ့ရနိုင်တယ်။ နောက်တစ်ခုက ၂၀၁၈ အောက်တိုဘာ ကျော်ပြီးရင်တော့ စီးပွားရေး လုပ်ငန်းတွေ ပြန်ပြိး ဦးမော့လာမယ်။ အိမ်ခြံမြေ ဈေးကွက်တွေ ပြန်ပြီး အသက်ဝင် လှုပ်ရှားလာမယ်။ လူတို့ရဲ့ စားဝတ်နေရေးတွေလည်း အထိုက်အလျောက် စပြီးတော့ အဆင်ပြေလာမယ်ပေါ့။ အဲဒီလို ပြေလည်ဖို့အတွက်လည်း အစိုးရမှာ တကယ်အလုပ်လုပ်နိုင်တဲ့သူတွေကို ပြောင်းပြီးတော့မှ တာဝန် အသီးသီး ပေးပြီးတော့မှ ပြန်တည်ဆောက်တာမျိုးတွေ ရှိနိုင်တယ်။ နိုင်ငံတော် ဇာတာသစ်ပြန်လည် မွေးဖွားခြင်း ဆိုတာကတော့ အဓိကကတော့ မင်းပြောင်းမင်းလွဲဖြစ်မယ့်ဟာကို ကျွန်တော်တို့ရဲ့ နက္ခတ်ပညာရပ်အရ အပြောင်းအလဲတစ်ခု ဖန်တီးတာပေါ့။ ၁၉၈၈ လို ဖြစ်လာမယ့်ဟာကို အစိုးရအနေနဲ့က တိုင်းပြည်ရဲ့ နိုင်ငံတော်အလံ တိုင်းပြည်ရဲ့ အမည်နာမတွေကို ပြောင်းတယ်ဆိုရင် မင်းပြောင်းမင်းလွဲဖြစ်မယ့် အခြေအနေ အစိုးရပြောင်းလဲမယ့်အခြေအနေကနေ ကျော်လွှားနိုင်မယ့် အခြေအနေတွေ အများကြီး ရှိမယ်။ ရာခိုင်နှုန်းပြည့်ကတော့ ပြောလို့မရဘူး။ ဒါပေမယ့် ဒီလိုအခြေအနေကနေ ဒီလိုအပြောင်းအလဲကြောင့် အများကြီး လွတ်မြောက်သွားနိုင်တယ်။ဒီလို လွတ်မြောက်ဖို့ ဖန်တီးပုံဖော်ခြင်း ကြံဆောင်ခြင်းဆိုတာကလည်း ပြည်သူလူထုဖြစ်စေချင်တဲ့ ဆန္ဒကို ဖန်တီးပုံဖော်တာပဲ။ ပြည်သူလူထုကတော့ တိုင်းပြည်မှာ တပ်မတော်ရဲ့ အုပ်ချုပ်မှုကို နှစ် ၂၀ ကျော် ခံခဲ့ရတယ်။ ဟိုးအရင်ကလည်း နှစ်ပေါင်း၂၀ ကျော် ခံခဲ့ရတယ်ဆိုတော့ အပြောင်းအလဲကို လိုလားနေတာ။ ကျွန်တော်တို့ကိုယ်တိုင်လည်း တပ်မတော်သားပဲ။ကျွန်တော်တို့ ကိုယ်တိုင်လည်း ပြည်သူတစ်ဦးပဲ။ ဒီလို လိုလားနေတဲ့ဟာ ဒီလိုလားမှုကို ရွေးကောက်ပွဲမှာ တောင်ပြိုကမ်းပြို NLD နိုင်တဲ့ အဖြေကနေ ပြခဲ့တာပဲ။ ပြည်သူလူထုလိုလားတဲ့ ဒီမိုကရေစီနိုင်ငံအတိုင်း ဆက်သွားနိုင်ဖို့က လက်ရှိ တာဝန်ယူနေတဲ့ အစိုးရမှာ ရှေ့မှာ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေ အခက်အခဲတွေ အတားအဆီးတွေကို ကျွန်တော်တို့က ပြည်သူ့ကိုယ်စား တာဝန်ယူပြီးတော့မှ စီစဉ်ဆောင်ရွက်ပေးရမှာပေါ့။တိုင်းပြည်ရဲ့ အမည်နဲ့ အလံပြောင်းဖို့ ဆိုတာ ပါတီ တည်တံ့ခိုင်မြဲဖို့ ပြောနေတာမဟုတ်ဘူး။ မြန်မာပြည်မှာ ဒီမိုကရေစီ ဆက်ပြိးတော့ ခိုင်ခိုင်မာမာရှင်သန် တည်မြဲနေဖို့အတွက် ကျွန်တော်တိူ့က ပြောင်းလဲခြင်းဖြစ်တယ်။ ဒါကို ပြည်သူတွေဘက်က နားလည်ဖို့ လိုအပ်တယ်။ တာဝန်ရှိတဲ့ အစိုးရဘက်ကလည်း အမြင်ရှင်းဖို့ လိုအပ်တယ်။ ပြောရရင်တော့ မင်းနဲ့ ပြည်သူ ညီညီမျှမှျှ တွေးခေါ်ဆုံးဖြတ် ဆောင်ရွက်မှုတွေ တိုင်မင်ကိုက်မှပဲ တိုင်းပြည်က တိုးတက်ကြီးပွား အောင်မြင်မှုတွေ အများကြီး ရရှိလာမှာ ဖြစ်ပါတယ်။

မေး။ အဲဒီတော့ နက္ခတ်ဗေဒပညာရပ်က အလုံးစုံအပေါ်မှာ မူတည်နေပါသလား။ဆိုလိုတာက ဒီ နက္ခတ်ဗေဒ ပညာရပ်က အရာအားလုံးနဲ့ အတူ ယှဉ်တွဲတည်ရှိနေတာပါလား။

ဖြေ။ -ဒီမေးခွန်းက ယုံကြည်သူ မယုံကြည်သူ ကြားထဲမှာ မကြာခဏ ဖြေရလေ့ရှိတာပေါ့။ဘာလို့ ကျွန်တော်တို့ကို နက္ခတ်ဗေဒပညာလေ့လာလဲလို့ မေးလာရင် ကျွန်တော်တို့လည်း မယုံကြည်လို့ လေ့လာခဲ့တာပေါ့။ကျွန်တော်တို့လည်း ခေတ်ပညာတွေ အများကြီးတက်အောင် ကြိုးစားကြံဆောင်ခဲ့တဲ့သူ နောက်ပြီး တပ်မတော်မှာလည်း တာဝန်ကြီးတွေ ထမ်းဆောင်ခဲ့တဲ့သူပေါ့။ ကျွန်တော်တို့ကိုယ်တိုင်လည်း အရင်တုန်းက ယုံကြည်လားလို့ မေးလာခဲ့ရင် မယုံကြည်တဲ့ ပညာပဲ။ မယုံကြည်လို့ လေ့လာရင်း လေ့လာရင်းနဲ့မှ ဒီလမ်းကြောင်းပေါ်မှာ ပိုပိုပြီးတော့ လျှိူ့ဝှက်ချက်တွေ သိလာတယ်။ ဒီလျှို့ဝှက်ချက်တွေကိုူ ဖော်ထုတ်တဲ့နေရာမှာ ပိုပိုပြီးတော့ အောင်မြင်မှုတွေ ရလာတယ်။ ဒီပညာရပ်က ကျွန်တော် ဖန်တီးတာလည်း မဟုတ်ဘူး။ ကျွန်တော့ရှေ့က ဆရာကြီးတွေ ဖန်တီးတာလည်း မဟုတ်ဘူး။ ဘုရား မပွင့်မီကတည်းက ပေါ်ပေါက်လာခဲ့တဲ့ ပညာရပ်တွေ ဖြစ်တယ်။ ကျွန်တော်တို့ ဗုဒ္ဓဘုရားရှင်ကိုယ်တော်မြတ်ကိုယ်တိုင် ထင်ပေါ်ကျော်ကြားတဲ့ နက္ခတ်ပညာရှိအဖြစ် သုံးဘဝတိုင်တိုင် ပါရမီဖြည့်ပေးခဲ့ရတယ်။ဒီပညာရပ်တွေမှာ လူသားတွေက လူ့လောကထဲကို ရောက်လာတယ်ဆိုတဲ့ နေရာမှာ သူတို့ရဲ့ မွေးဖွားလာတဲ့အချိန်အရ ကောင်းကင်မှာ ရှိတဲ့ဂြိုလ်နက္ခတ်တွေအရ ဒီလူဟာ ဘယ်နေ့မှာ ဘာဖြစ်ရမယ်ဆိုတာကို ကွန်ပျူတာပရိုဂရမ် တစ်ခုလိုပဲ ရေးဆွဲပြဌာန်းပြီးသားပဲ။ ဆရာဝန်ဖြစ်ရမယ့်သူ ဆရာဝန်ဖြစ်မယ်။ သမ္မတဖြစ်ရမယ့်သူ သမ္မတ ဖြစ်မယ်။ အဲဒီမှာ လူတွေက ငါလုပ်မှ ငါဖြစ်မယ်ဆိုတဲ့ဟာကို တက်ကျမ်းတွေမှာ ဖော်ပြကြတယ်။ ဒါပေမယ့် ကျွန်တော်တို့ နက္ခတ်ဗေဒပညာရပ်မှာ ငါလုပ်တိုင်း ငါမဖြစ်ဘူး။ ဆရာဝန်မဖြစ်နိုင်တဲ့သူတစ်ယောက်က မိဘတွေက ငါ့သားရယ် ဆရာဝန်ဘွဲ့ရအောင် ယူပါဆိုတဲ့ အတွက်ကြောင့် ဆရာဝန်ဘွဲ့တော့ ယူလိုက်လိမ့်မယ်။ ဒါပေမယ့် သူ့ဇာတာမှာ သူစီးပွားရေးသမားဖြစ်မယ့် ဇာတာဆိုရင် သူ စီးပွားရေးသမားပဲ ဖြစ်သွားလိမ့်မယ်။ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေဟာ လူတွေ ဖန်တီးတာ ပုံဖော်တာ မှန်သော်ငြားလည်း ကံကြမ္မာကနေပဲ ဖြစ်ပေါ်လာဖို့ကို ပရိုဂရမ်ရေးဆွဲပေးထားတာ။ ရေးဆွဲပေးထားတာ ဖြစ်တဲ့အတွက်ကြောင့် တိုင်းပြည်နိုင်ငံနဲ့ ပတ်သက်တဲ့ ဇာတာခွင်တွေ ဟောကိန်းထုတ်တဲ့နေရာမှာလည်း ဒီ ဥပဒေသတွေနဲ့ပဲ ဟောကိန်းထုတ်တယ်၊ ဒါကြီးကို ကျော်လွှားနိုင်ပါ့မလား။ ဒါကြိးက ၁၀၀ ရာခိုင်နှုန်းဖြစ်နိုင်ပါ့မလားဆိုတာကတော့ ဖြစ်တဲ့ဟာလည်း ရှိတယ် မဖြစ်တဲ့ဟာလည်းရှိတယ်။ သို့သော်ငြားလည်း ဒါကြီးဟာ မယုံကြည်သင့်ပါဘူး မစွဲလမ်းသင့်ပါဘူးဆိုပြီး ပစ်ပယ်သင့်တဲ့ ပညာရပ်လည်း မဟုတ်ဘူး။ လုံးဝအလုံးစုံ အကျိုးသက်ရောက်မှုရှိတဲ့အတွက်ကြောင့် ဒါကြီးကို အရမ်းကြီး ခိုင်ခိုင်မာမာကြီး လက်စွဲထားရတဲ့ဟာမျိုးလည်း ဟုတ်ဘူး။ ဒီနှစ်ခုကြားထဲမှာ မဇ္ဈိမပဋိပဋာ စကားလုံးအတိုင်းပဲ ကိုယ်က ဒါတော့ ဖြစ်နိုင်တယ် ။ ဒါ ဖြစ်နိုင်တဲ့ဟာမှာ ဒီလိုမဖြစ်နိုင်အောင် ဘယ်လို ကာကွယ်တားဆီးမလဲ ။ ဘယ်လိုကျော်ဖြတ်မလဲ ဒါလေးတွေ ပြန်ချိန်ဆဖို့ လိုတယ်။ ဘာမှမသိဘဲ ဖြစ်သွားတယ်ဆိုတဲ့သူတွေက ဒီပညာရပ်ကို မယုံကြည်တဲ့သူတွေပေါ့။ အရမ်းချမ်းသာနေရာကနေ ချက်ချင်းကြီး ဆင်းရဲသွားတယ် ။ လူအကောင်းကြီးကနေ ချက်ချင်း သေဆုံးသွားတယ်။ ယုံကြည်တဲ့သူကလည်း ဒါလေးတွေ ကြိုပြီးတွက်ချက်ထားတယ်ဆိုရင် စီးပွားပျက်မယ့်အချိန်မှာ သူ့ရဲ့ အသိဉာဏ်ထဲမှာ ငါတော့ စီးပွားပျက်မယ့် အချိန် ဘာလေးတွေ တော့ ကြိုတင်ပြင်ဆင်မယ်ဆိုတာမျိုးလေးတွေကြောင့် ကြိုပြီးလွတ်မြောက်သွားတာ မျိုးလေးတွေရှိတယ် နောက် အသက်အန္တရာယ် ကြုံတွေ့တော့မယ့်အချိန်မှာ ကြိုသိတဲ့အတွက်ကြောင့် ပြင်ဆင်လိုက်တဲ့အတွက် လွတ်မြောက်သွားတာလေးတွေလည်း မှတ်တမ်းမှာ ကျွန်တော်တို့ အများကြီးရှိပါတယ်။ ဒီပညာရပ်ကတော့ လူ့လောကနယ်ပယ်မှာ အနာဂတ်ရှေ့ကို မျှော်ကြည့်တဲ့နေရာမှာ အကောင်းဆုံး တွေးခေါ်မျှော်မြင်စဉ်းစားကြည့်မြင် သိရှိနိုင်တဲ့ အဖိုးတန်တဲ့ ပညာရပ်တစ်ခုပေါ့။ အလုံးစုံတော့ ယုံကြည်ဖို့ မတိုက်တွန်းဘူး မသတ်မှတ်ဘူး ။ဒါပေအမယ့် လုံးဝမယုံကြည်သင့်ဘူးဆိုပြီးတော့လည်း ပစ်ပယ်ထားရမယ့် ပညာရပ်မဟုတ်ဘူး။

Credit:Mizzima