Zawgyi ဖြင့်ဖတ်ရန်




Credit: မျက်ပြေ(မိုမိုလေး)
E41tiu58vprrwxezeyym
Unicode ဖြင့်ဖတ်ရန်

အနုပညာရှင် စုံတွဲတွေထဲမှာ ချစ်သူသက်တမ်း ကြာလာတာနဲ့ အမျှနားလည်မှုတွေနဲ့ ပိုခိုင်မြဲလာခဲ့တဲ့ စုံတွဲလေးတစ်တွဲကတော့ ကောင်းပြည့်နဲ့ သန္တာဗို တို့စုံတွဲလေးပါပဲ။ စူပါမော်ဒယ် သရုပ်ဆောင် အဆိုတော်လို့လဲ ပြောရမယ့် သန္တာဗိုက ချစ်သူအပေါ်ကို တော်တော် ရစ်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီတော့ ချစ်သူကောင်းပြည့်က နာမည်လေးပေးထားပါတယ်။ အဲဒါကတော့ ဘိုရစ်ပါတဲ့။

ဇာတ်ကားရိုက်တွေ အတူစုံဖြစ်ရင် တစ်ယောက်နဲ့ တစ်ယောက် လိုအပ်ချက်လေးတွေကို ပြောပေးဖြစ်တယ်ဆိုတဲ့ သူတို့ စုံတွဲလေးက မအားကျလို့ သိပ်တော့ မတွေ့ဖြစ်ပါဘူးတဲ့လေ။ သန္တာဗိုက ခွေးလေးတွေကိုလဲ ချစ်တတ်လို့ စီးပွါးရေးအနေနဲ့ ခွေး Spaလေးဖွင့်ဖို့ စိတ်ကူးထားတယ်လို့လဲ သိရပါတယ်။

သန္တာဗိုရဲ့ စတိုင်တစ်မျိုးလေးပြောင်းပြီး မြင်ကွင်းမဂ္ဂဇင်းအတွက် ရိုက်ထားတဲ့ ပုံလေးတွေကိုလဲ ဖော်ပြပေးလိုက်လို့ မိုမိုလေး ချစ်ပရိသတ်ကြီး ကျေနပ် နှစ်သက်လိမ့်မယ်လို့ ထင်ပါတယ်။ Like & Share ဖို့ မမေ့ကြနဲ့နော်။

Credit: မျက်ပြေ(မိုမိုလေး)