ZawGyiဖြင့်ဖတ်ရန်







Credit >>> Nan Aye

Unicodeဖြင့်ဖတ်ရန်

15-12-17 ရက်နေ့ လားရှိုးမှာ ငြိမ်းချမ်းရေးဖိုရမ်ဆွေးနွေးပွဲအပြီး ပေါလွင်လှိုင်းကားနဲ့ပြန်အလာစဥ့်အင်ရွာထမင်းစားနားတဲ့အချိန်မှာ ထမင်းခေါက်ဆွဲရောင်းတဲ့ဆိုင်အနောက်ဖက်…

သန့်စင်ခန်းသွားတဲ့လမ်းတလျှောက်ရောက်တော့ ပုံမှာတွေ့တဲ့အတိုင်းမြင်ရတဲ့မြင်ကွင်းကြောင့် ကျမတော်တော်လေး အံ့သြော်သွားတယ်..

လူတွေအများကြီး ခွက်တွေကိုယ်စီ နားမှာကပ်လို့နားမှာလည်း သွေးရဲရဲ ခွက်ထဲမှာလဲ သွေးရဲရဲလူနှစ်ယောက်က ဘရိန်ဓါး ကိုင်ပြီး နားနောက်ကို..

အစိမ်းလိုက်ခွဲနေတာ ကျမလဲမနေနိုင်လို့မေးကြည့်တော့ နားနောက်ကအကြောကိုဖြတ်နေတာတဲ့…

ဘုရားဘုရား ဘာအတွက်လည်းဆိုတော့ သွေးတိုးရောဂါ ပျောက်တယ်တဲ့ တခြားရောဂါတွေလဲပျောက်တယ်တဲ့ ကျမက ရှင်တို့ဒီလိုအစိမ်းလိုက်ခွဲရင် ရောဂါပိုးတွေဝင်လိမ့်မယ်ဆိုတော့ အရက်ပျံ စိမ်ပြီးခွဲတာတဲ့….

ကျမရင်ထဲမကောင်းလိုက်တာ
ကုသခံယူနေတဲ့ရိုးသားလှတဲ့ တိုင်းရင်းသားပြည်သူတွေမသိတောင်မှ ကျေးရွာအုပ်ချုပ်ရေးမှူ းဟန့်တားရမှာပေါ့…
သွေးလွန်သွားတာ ဆီးချိုရှိတာ သွေးမတိတ်ရောဂါရှိတာ ရောဂါပိုးတွေဝင်သွားမှာ…

အများများကြီးပြဿနာတွေ ကျမ မတွေးဝံ့ဘူး
ဘယ်လိုဆောင်ရွက်ကြမလည်း ကျမ်းမာရေးဌါနနဲ့
သက်ဆိုင်ရာတာဝန်ရှိသူများ ဘယ်လ်ုဖြေရှင်းပေးကြမလည်း…

Credit >>> Nan Aye