ZawGyiျဖင့္ဖတ္ရန္

သည္ကေန႕ မနက္ပိုင္းက လႈပ္ရွားသြားခဲ့တဲ့ ေျမငလ်င္နဲ႕ ပတ္သက္ၿပီး ေနာက္ဆက္တြဲ အင္အားအနည္းငယ္ရွိတဲ့ ငလ်င္ေတြ ရွိလာႏိုင္ေပမယ့္ အင္အားျပင္းထန္တဲ့ ေျမငလ်င္ႀကီးေတြေတာ့ အခုေလာေလာဆယ္မွာ ထပ္လႈပ္ဖို႕ ခဲယဥ္းေသးတယ္လို႕ မိုးေလဝသႏွင့္ ဇလေဗဒ ညႊန္ၾကားမႈဦးစီးဌာနမွ သိရပါတယ္။ ယင္းဌာနမွတာ၀န္ရွိသူတစ္ဦးက ‘အခုက အင္အားအသင့္တင့္ လႈပ္ထားတာဆိုေတာ့ ေလာေလာဆယ္မွာ အင္အားျပင္း ငလ်င္အၾကီးၾကီးေတြ မလာႏိုင္ေသးဘူး၊ ေလာေလာဆယ္ ထပ္လႈပ္ဖို႕ေတာ့ ခဲယဥ္းေသးတယ္’လို႕ ေျပာပါတယ္။

သည္ကေန႕ မနက္ (၁) နာရီ (၁၄) မိနစ္ အခ်ိန္ထိ အင္အား( ၅.၃) နဲ႔ လႈပ္ရွားမႈ သံုးၾကိမ္ လႈပ္ခဲ့တာေၾကာင့္ ငလ်င္ၾကီး တစ္ခုရဲ႕ ေရွ႕ေျပးငလ်င္လႈပ္ရွားလို႕ စိုးရိမ္ခဲ့ၾကေပမယ့္ လက္ရွိမွာေတာ့ လႈပ္ရွားမႈ ရစ္(ခ္)တာစေကး ေလ်ာ့နည္းသြားခဲ့ၿပီ ျဖစ္ပါတယ္။ ဒါေပမယ့္ သည္ေန႔မနက္ (၁၀)နာရီ (၄၆)မိနစ္ (၀၄)စကၠန္႔ အခ်ိန္မွာ ကမၻာေအး ေျမငလ်င္ စခန္းမွ ေျမာက္ဘက္ (၁၀၃)မိုင္ခန္႔ ကြာေ၀းေသာ ျမန္မာနိုင္ငံျပည္တြင္း (ျဖဴးျမိ့ဳ၏ အေနာက္ေတာင္ဘက္ (၂၁) မိုင္ခန္႔ အကြာ)ကို ဗဟိုျပဳ၍ အင္အားရစ္(ခ္)တာစေကး (၄.၆)အဆင့္ရိွ အင္အား အနည္းငယ္ရွိေသာ ေျမငလ်င္တစ္ခု ထပ္မံလႈပ္ခတ္သြားတယ္လို႔ မိုးေလဝသႏွင့္ဇလေဗဒဦးစီးဌာနက ထုတ္ျပန္ပါတယ္။

‘ ငလ်င္ဗဟိုျပဳ ေနရာက ပဲခူးရိုးမအတြင္းမွာ လႈပ္တာဆိုေတာ့ အပ်က္အစီး သက္သာတာေပါ့။ ျဖဴးၿမိဳ႕ထဲမွာ ဗဟိုျပဳခဲ့ရင္ေတာ့ အပ်က္အစီးမ်ားသြားႏိုင္တာေပါ့’ လို႕ မိုးေလဝသႏွင့္ ဇလေဗဒ ညႊန္ၾကားမႈဦးစီးဌာနမွ လက္ေထာက္ညႊန္ၾကားေရးမႈး တစ္ဦး က ေျပာပါတယ္။ ျဖဴးၿမိဳ႕အေနာက္ဖက္ ပဲခူး႐ိုးမအတြင္း ပမာဏ ၆.၀ငလ်င္လႈပ္ၿပီး မိနစ္အနည္းငယ္အၾကာ ၅.၃ ပမာဏ ေနာက္ဆက္တြဲငလ်င္ ၃ခု လႈပ္ခတ္ခဲ့တယ္လို႔ငလ်င္ေကာ္မတီက ထုတ္ျပန္ပါတယ္။ ထိုအနီးနားမွာ ျဖဴးဆည္၊ ကြန္းေခ်ာင္းတမံေတြရွိေနပါတယ္။ေနာက္ဆက္တြဲငလ်င္မ်ား သတိထားရန္လိုအပ္တယ္လို႔လည္းထည္႔သြင္းထုန္ျပန္ပါတယ္။ ၂၀၁၈ ခုနွစ္၊ ဇန္နဝါရီလ (၁၂)ရက္ေန႔၊ ျမန္မာစံေတာ္ခ်ိန္ (၀၀)နာရီ၊ (၅၆)မိနစ္၊ (၂၃)စကၠန္႔ အခ်ိန္တြင္ ကမၻာေအးေျမငလ်င္စခန္းမွ ေျမာက္ဘက္ (၁၀၇)မိုင္ခန္႔ ကြာေ၀းေသာ ျမန္မာနိုင္ငံျပည္တြင္း (ျဖဴျမိဳ့၏ အေနာက္-အေနာက္ေတာင္ဘက္ (၁၇)မိုင္ခန္႔အကြာ)ကို ဗဟိုျပဳ၍ အင္အားရစ္(ခ္)တာစေကး(၆.၀)အဆင့္ရိွ အင္အားအသင့္အတင့္ရွိေသာ ေျမငလ်င္တစ္ခု လႈပ္သြားတယ္လို႔ မိုးေလဝသႏွင့္ဇလေဗဒဦးစီးဌာနက ထုတ္ျပန္ပါတယ္။

READ  ကခ်င္၊ စစ္ကုိင္းနဲ ့ခ်င္းျပည္နယ္ေတြမွာ မုိးၾကီးျပီး ေရလႊမ္းႏိုင္

Author – ေအာင္မင္းသိန္း
Unicodeဖြင့်ဖတ်ရန်
သည်ကနေ့ မနက်ပိုင်းက လှုပ်ရှားသွားခဲ့တဲ့ မြေငလျင်နဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ အင်အားအနည်းငယ်ရှိတဲ့ ငလျင်တွေ ရှိလာနိုင်ပေမယ့် အင်အားပြင်းထန်တဲ့ မြေငလျင်ကြီးတွေတော့ အခုလောလောဆယ်မှာ ထပ်လှုပ်ဖို့ ခဲယဉ်းသေးတယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။ ယင်းဌာနမှတာဝန်ရှိသူတစ်ဦးက ‘အခုက အင်အားအသင့်တင့် လှုပ်ထားတာဆိုတော့ လောလောဆယ်မှာ အင်အားပြင်း ငလျင်အကြီးကြီးတွေ မလာနိုင်သေးဘူး၊ လောလောဆယ် ထပ်လှုပ်ဖို့တော့ ခဲယဉ်းသေးတယ်’လို့ ပြောပါတယ်။

သည်ကနေ့ မနက် (၁) နာရီ (၁၄) မိနစ် အချိန်ထိ အင်အား( ၅.၃) နဲ့ လှုပ်ရှားမှု သုံးကြိမ် လှုပ်ခဲ့တာကြောင့် ငလျင်ကြီး တစ်ခုရဲ့ ရှေ့ပြေးငလျင်လှုပ်ရှားလို့ စိုးရိမ်ခဲ့ကြပေမယ့် လက်ရှိမှာတော့ လှုပ်ရှားမှု ရစ်(ခ်)တာစကေး လျော့နည်းသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် သည်နေ့မနက် (၁၀)နာရီ (၄၆)မိနစ် (၀၄)စက္ကန့် အချိန်မှာ ကမ္ဘာအေး မြေငလျင် စခန်းမှ မြောက်ဘက် (၁၀၃)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဖြူးမြိ့ု၏ အနောက်တောင်ဘက် (၂၁) မိုင်ခန့် အကွာ)ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၆)အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်သွားတယ်လို့ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ပါတယ်။

‘ ငလျင်ဗဟိုပြု နေရာက ပဲခူးရိုးမအတွင်းမှာ လှုပ်တာဆိုတော့ အပျက်အစီး သက်သာတာပေါ့။ ဖြူးမြို့ထဲမှာ ဗဟိုပြုခဲ့ရင်တော့ အပျက်အစီးများသွားနိုင်တာပေါ့’ လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှုး တစ်ဦး က ပြောပါတယ်။ ဖြူးမြို့အနောက်ဖက် ပဲခူးရိုးမအတွင်း ပမာဏ ၆.ဝငလျင်လှုပ်ပြီး မိနစ်အနည်းငယ်အကြာ ၅.၃ ပမာဏ နောက်ဆက်တွဲငလျင် ၃ခု လှုပ်ခတ်ခဲ့တယ်လို့ငလျင်ကော်မတီက ထုတ်ပြန်ပါတယ်။ ထိုအနီးနားမှာ ဖြူးဆည်၊ ကွန်းချောင်းတမံတွေရှိနေပါတယ်။နောက်ဆက်တွဲငလျင်များ သတိထားရန်လိုအပ်တယ်လို့လည်းထည့်သွင်းထုန်ပြန်ပါတယ်။ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၁၂)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၀)နာရီ၊ (၅၆)မိနစ်၊ (၂၃)စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ မြောက်ဘက် (၁၀၇)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဖြူမြို့၏ အနောက်-အနောက်တောင်ဘက် (၁၇)မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၆.ဝ)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်သွားတယ်လို့ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ပါတယ်။

READ  အိႏၵိယႏုိင္ငံ ေျမာက္ပုိင္း ေရႀကီးမႈေၾကာင့္ လူဦးေရ ၁.၂ သန္းေက်ာ္ ထိခုိက္ခဲ့ရၿပီး ၃၂ ဦး ေသဆုံး

Author – အောင်မင်းသိန်း
Credit: KUMUDRA

LEAVE A REPLY