Zawgyi ျဖင့္ဖတ္ရန္
ရန္ကုန္တုိင္းေဒသႀကီး၊ အင္းစိန္ၿမိဳ႕နယ္၊ အင္းစိန္လမ္းမႀကီးေပၚတြင္ စုိက္ပ်ိဳးေရးဝန္းေရွ႕၌ အငွားယာဥ္ အမွတ္ BB—-တုိယိုတာကုိရုိလာဘင္ အျဖဴေရာင္ ယာဥ္ေမာင္းႏွင္ေသာ ယာဥ္ေမာင္း ဦးထြန္းထြန္းလင္းအား သတ္သည့္ အမႈမွ ျပစ္မႈက်ဴးလြန္သူကုိ ရန္ကုန္တုိင္းေဒသႀကီးရဲတပ္ဖြဲ႔က အခင္းျဖစ္ၿပီး ၅ ရက္အတြင္း ေဖာ္ထုတ ္ဖမ္းဆီးရမိခဲ့ေၾကာင္းသိရသည္။

ျဖစ္စဥ္မွာ ဇန္နဝါရီလ ၁၄ ရက္ေန႔ ည ၂၁း၀၀ နာရီအခ်ိန္ခန္႔က အငွားယာဥ္ အမွတ္ BB —— ၊ ယာဥ္ေမာင္း ဦးထြန္းထြန္းလင္းသည္ အင္းစိန္လမ္းမ၊ စုိက္ပ်ိဳးေရးဝန္းေရွ႕တြင္ဓားဒဏ္ရာမ်ားရရွိကာ အင္းစိန္ေဆးရုံႀကီးသုိ႔ေရာက္ရွိေနေၾကာင္း သတင္းအရ ဇနီးျဖစ္သူ ေဒၚႏုိင္ႏုိင္လြင္မွာ အင္းစိန္ ေဆးရုံသုိ႔ေရာက္ရွိစဥ္ ၎၏ ခင္ပြန္း ဦးထြန္းထြန္းလင္းမွာ ေသဆုံးသြား သျဖင့္ အင္းစိန္ၿမိဳ႕မရဲစခန္းသုိ႔တုိင္ၾကားခဲ့ရာ (ပ) ၁၄၁/၂၀၁၈၊ ရာဇသတ္ ႀကီးပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္အေရးယူစုံစမ္းေဆာင္ရြက္ခဲ့ပါသည္။

အမႈမွ ျပစ္မႈက်ဴးလြန္သူအား အျမန္ဖမ္းဆီးရမိေရးအတြက္ တုိင္းေဒသႀကီး ရဲတပ္ဖြဲ႕မွဴးက ေျမာက္ပုိင္းခရုိင္ရဲတပ္ဖြဲ႕မွဴးေခါင္းေဆာင္၍ ရန္ကုန္တုိင္း ေဒသႀကီးရဲတပ္ဖြဲ႕မွဴးရုံး၊ အုပ္ခ်ဳပ္မႈတပ္ခြဲမွရဲတပ္ဖြဲ႕ဝင္မ်ား၊ မႈခင္းအကူဌာနစုမွ ရဲတပ္ဖြဲ႔ဝင္မ်ား၊ ေျမာက္ပုိင္းခရုိင္ရဲတပ္ဖြဲ႕မွဴးရုံး၊ မႈခင္းႏွိမ္နင္းေရးဌာနစုမွ ရဲတပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ အထူးအမႈစစ္အဖြဲ႔၊ ဖြဲ႕စည္းတာဝန္ေပးအပ္ၿပီး အမႈျဖစ္စဥ္ အေပၚသုံးသပ္ကာ အခင္းျဖစ္ရပ္အား ေသခ်ာစြာစစ္ေဆးရန္ ၊ အခင္းျဖစ္ရပ္တြင္ေတြ႔ရွိသည့္ သဲလြန္စအေထာက္အထားမ်ားကုိ အေၾကာင္းျပဳ၍ ျပစ္မႈက်ဴးလြန္သူအား သတင္းရယူေဖာ္ထုတ္ရန္ႏွင့္ ေဆာင္ရြက္မႈမ်ားကုိသုံးသပ္၍ အျမန္ဖမ္းဆီးရမိေရးအတြက္ အမႈစစ္ အစည္းအေ၀းတြင္ ေန႔စဥ္တင္ျပရန္ ညႊန္ၾကားခဲ့ပါသည္။

အခင္းျဖစ္ရပ္အား အေသးစိတ္စစ္ေဆးရာ ေမာ္ေတာ္ယာဥ္ေပၚတြင္ ဂ်ပန္ဖိနပ္ အျဖဴေရာင္ ၁ ရံ၊ ကတၱီပါဖိနပ္နက္ျပာေရာင္ ၁ ရံႏွင့္ Bosch အမ်ိဳးအစား အမ်ိဳးသားပတ္ နာရီ ၁ လုံး ေတြ႕ရွိသျဖင့္ ေတြ႕ရွိေသာ သက္ေသခံပစၥည္းမ်ားႏွင့္ စပ္လ်ဥ္း၍ စုံစမ္းရာ ေသဆုံးသူ၏ ဇနီး ထြက္ဆုိခ်က္အရ ဂ်ပန္ဖိနပ္မွာ ၎၏ခင္ပြန္း ေသဆုံးသူ၏ ဖိနပ္ျဖစ္ေၾကာင္း၊ ကတၱီပါဖိနပ္ႏွင့္ နာရီမွာ ၎ခင္ပြန္း၏ပစၥည္းမ်ား မဟုတ္ေၾကာင္းႏွင့္ ေသဆုံးသူ ကုိင္ေဆာင္ေသာ SAMSUNG အမ်ိဳး အစား အျဖဴေရာင္လက္ကုိင္ဖုန္းမွာ ေပ်ာက္ဆုံးေနေၾကာင္း သိရပါသည္။

အထူးအမႈစစ္အဖြဲ႕က အငွားယာဥ္ျဖတ္သန္းသြားလာသည့္ လမ္းေၾကာင္း တစ္ေလွ်ာက္ရွိ CCTV မွတ္တမ္းမ်ားအရလည္းေကာင္း၊ အခင္းျဖစ္စဥ္က မ်က္ျမင္သက္ေသမ်ား၏ထြက္ဆိုခ်က္မ်ားအရ ျပစ္မႈက်ဴးလြန္သူ၏ ပံုသ႑ာန္ကိုသိရွိရသည့္ အခ်က္မ်ားအရလည္းေကာင္း၊ အခင္းျဖစ္ေနရာတြင္ က်န္ရွိေသာ သက္ေသခံပစၥည္းမ်ားကို အေျခခံကာ လႈိင္သာယာႏွင့္ ေရႊျပည္သာၿမိဳ႕နယ္အတြင္း အေျချပဳ၍ကြက္ျပည့္နင္း စံုစမ္းခဲ့သည္ ။

လႈိင္သာယာၿမိဳ႕နယ္၊ ေရဥကၠံေက်းရြာေန ကုိကုိႏုိင္(ခ)ကုိႏိုင္ဆိုသူမွာ ဇန္နဝါရီလ ၁၅ ရက္ေန႔ နံနက္ေစာေစာ အခ်ိန္တြင္ ၎၏ေနအိမ္သုိ႔ အငွားယာဥ္ျဖင့္ေရာက္ရွိလာၿပီး ခႏၵာကုိယ္ႏွင့္ အက်ႌတုိ႔တြင္ရြံ႕မ်ား ေပက်ံေနေၾကာင္း ၊ အငွားယာဥ္စီးနင္းခကုိေန အိမ္ေရာက္မွေပးခဲ့ရေၾကာင္း၊ SAMSUNG အမ်ိဳးအစား လက္ကုိင္ ဖုန္း ၁ လုံး ကုိင္ေဆာင္ထားသည္ကုိေတြ႕ရေၾကာင္းႏွင့္ ၎သည္ Bosch အမ်ိဳးအစား နာရီကုိ ဝတ္ဆင္ေလ့ရွိသူတစ္ဦးျဖစ္ေၾကာင္း သတင္းရရွိခဲ့သျဖင့္ ရဲလုပ္ငန္းစဥ္မ်ားအရ စံုစမ္းေထာက္လွမ္းခဲ့ရာ ျပစ္မႈက်ဴး လြန္သူမွာ ကိုကိုႏိုင္(ခ)ကိုႏိုင္ျဖစ္ေၾကာင္း အတည္ျပဳႏိုင္ခဲ့ပါသည္။

ျပစ္မႈက်ဴးလြန္သူ ကုိကုိႏုိင္ (ခ)ကုိႏုိင္၊ (၃၃)ႏွစ္အား ဖမ္းဆီးရမိစစ္ေဆး ႏိုင္ေရးအတြက္ ၎ႏွင့္ ပတ္သက္ဆက္ႏြယ္သူမ်ား၏ သတင္းကြင္းဆက္ မ်ားရယူၿပီး ေန႔ညမျပတ္ေစာင့္ၾကည့္လိုက္လံရွာေဖြ ေဆာင္ရြက္ခဲ့သျဖင့္ ဇန္နဝါရီလ ၁၈ ရက္ေန႔ ည ၂၃း၀၅ နာရီအခ်ိန္တြင္ မရမ္းကုန္းၿမိဳ႕နယ္၊ ၁ ရပ္ကြက္၊ ဘုရင့္ေနာင္ပြဲရုံဝင္း၊ ယင္းမာလမ္းမေပၚတြင္ ဖမ္းဆီးရမိခဲ့ၿပီး ရရွိထားသည့္ သတင္းအေျခအျမစ္ သက္ေသအေထာက္အထားမ်ားျဖင့္ ဆက္စပ္တိုက္ဆိုင္စစ္ေဆးမႈျပဳလုပ္ခဲ့ရာ ၎မွလည္းျပစ္မႈ က်ဴးလြန္ခဲ့ေၾကာင္း ထြက္ဆိုခဲ့သည့္အျပင္ အခင္းျဖစ္စဥ္က လံုးေထြးသတ္ပုတ္ရာမွ၎၏လက္တြင္ရရွိခဲ့သည့္ ဒဏ္ရာကို စစ္ေဆးေတြ႕ရွိခဲ့ပါသည္။

၎၏ ေဖာ္ထုတ္ခ်က္အရ အခင္းျဖစ္ည ၈ နာရီေက်ာ္ အခ်ိန္ခန္႔က သူငယ္ခ်င္းျဖစ္သူ မ်ိဳးစန္းဝင္း(ခ) မ်ိဳးႀကီးက ၎အား သမုိင္းလမ္းဆုံ အနီးရွိ KTV သို႔လာေရာက္ရန္ ဖုန္းဆက္ေခၚသျဖင့္ ေညာင္တုန္းလမ္းေပၚရွိ DANKO ဓာတ္ဆီဆုိင္ေရွ႕တြင္ အငွားယာဥ္ ၁ စီးအား ၄၀၀၀ က်ပ္ျဖင့္ ငွားရမ္းလုိက္ပါခဲ့ေၾကာင္း၊ KTV ဆုိင္သုိ႔ တစ္ႀကိမ္သာ ေရာက္ဖူးသျဖင့္ မမွတ္မိဘဲ သမုိင္းလမ္းဆုံ မီးပၸိဳင့္သုိ႔ေက်ာ္သြားခဲ့ရာ လမ္းေက်ာ္သြားေၾကာင္းေျပာရာမွ အငွားယာဥ္ေမာင္းက စိတ္တုိၿပီးဆဲဆုိကာ အင္းစိန္လမ္းမေပၚသုိ႔ျပန္လွည့္ခဲ့ၿပီး အငွားယာဥ္ေမာင္းက ဆက္မပုိ႔လုိေၾကာင္း ယာဥ္ငွားခေပး ရန္ေပးရန္ေျပာဆုိခဲ့သည္။

၎က ပုိက္ဆံမပါေၾကာင္း သူငယ္ခ်င္းႏွင့္ေတြ႕မွ ေပးရမည္ျဖစ္ေၾကာင္းေျပာဆုိရာမွ တစ္ေယာက္တစ္ခြန္းစကားမ်ားခဲ့ၿပီး ကားေပၚတြင္ လုံးေထြးသတ္ပုတ္စဥ္ အသင့္ပါလာေသာဓားျဖင့္ အငွား ယာဥ္ေမာင္းအားထုိးခဲ့ေၾကာင္း၊ လုံးေထြး သတ္ပုတ္ရာမွ ကားတံခါးပြင့္ သြားၿပီး အငွားယာဥ္ေမာင္းမွာ ေအာက္သုိ႔ ျပဳတ္က်သြားရာ ၎လည္း ကားေပၚမွ ဆင္းေျပးခဲ့ေၾကာင္း ၊ ေနာက္မွလူအုပ္ႀကီး လုိက္လာသျဖင့္ ဓားေျမွာင္ႏွင့္ဓားအိမ္ကို လမ္းတြင္လြင့္ပစ္ခဲ့ေၾကာင္း၊ လူအုပ္ႀကီးမွလုိက္ ရွာေနသျဖင့္ ေရေျမွာင္းတစ္ခုအတြင္း ျပဳတ္က်ၿပီး ပုန္းေအာင္း ေနခဲ့ေၾကာင္း နံနက္လင္းမွ အငွားယာဥ္တစ္စီးအား ၄၀၀၀ က်ပ္ျဖင့္ ငွားရမ္းစီးနင္းလာၿပီး အိမ္ေရာက္မွ ယာဥ္စီးခေပးခဲ့ရေၾကာင္း၊ အခင္းျဖစ္စဥ္က ၎၏ ကတၱီပါဖိနပ္ ၁ ရံႏွင့္ Bosch အမ်ိဳးအစား လက္ပတ္နာရီ က်န္ခဲ့ေၾကာင္း၊ အငွားယာဥ္ေမာင္း၏ SAMSUNG ဖုန္းအျဖဴေရာင္ကုိယူလာခဲ့ေၾကာင္း
ထြက္ဆုိခဲ့ပါသည္။

၎၏ ထြက္ဆုိခ်က္အရ သက္ေသခံ SAMSUNG အမ်ိဳးအစား အျဖဴေရာင္လက္ကုိင္ဖုန္း သိမ္းဆည္းရမိခဲ့ၿပီး အမႈႏွင့္သက္ဆုိင္သည့္ သက္ေသခံပစၥည္းမ်ားကုိလည္း သိမ္းဆည္းရရွိခဲ့သျဖင့္ ျပစ္မႈက်ဴးလြန္သူအား ထိေရာက္ေသာ ျပစ္ဒဏ္ရရွိေရးအတြက္ ရန္ကုန္တုိင္းေဒသႀကီးရဲတပ္ဖြဲ႕က အေရးယူေဆာင္ရြက္သြားမည္ျဖစ္ ေၾကာင္း သတင္းရရွိပါသည္။
Unicode ဖြင့်ဖတ်ရန်
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အင်းစိန်လမ်းမကြီးပေါ်တွင် စိုက်ပျိုးရေးဝန်းရှေ့၌ အငှားယာဉ် အမှတ် BB—-တိုယိုတာကိုရိုလာဘင် အဖြူရောင် ယာဉ်မောင်းနှင်သော ယာဉ်မောင်း ဦးထွန်းထွန်းလင်းအား သတ်သည့် အမှုမှ ပြစ်မှုကျူးလွန်သူကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က အခင်းဖြစ်ပြီး ၅ ရက်အတွင်း ဖော်ထုတ ်ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၁၄ ရက်နေ့ ည ၂၁း၀၀ နာရီအချိန်ခန့်က အငှားယာဉ် အမှတ် BB —— ၊ ယာဉ်မောင်း ဦးထွန်းထွန်းလင်းသည် အင်းစိန်လမ်းမ၊ စိုက်ပျိုးရေးဝန်းရှေ့တွင်ဓားဒဏ်ရာများရရှိကာ အင်းစိန်ဆေးရုံကြီးသို့ရောက်ရှိနေကြောင်း သတင်းအရ ဇနီးဖြစ်သူ ဒေါ်နိုင်နိုင်လွင်မှာ အင်းစိန် ဆေးရုံသို့ရောက်ရှိစဉ် ၎င်း၏ ခင်ပွန်း ဦးထွန်းထွန်းလင်းမှာ သေဆုံးသွား သဖြင့် အင်းစိန်မြို့မရဲစခန်းသို့တိုင်ကြားခဲ့ရာ (ပ) ၁၄၁/၂၀၁၈၊ ရာဇသတ် ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူစုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အမှုမှ ပြစ်မှုကျူးလွန်သူအား အမြန်ဖမ်းဆီးရမိရေးအတွက် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးခေါင်းဆောင်၍ ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အုပ်ချုပ်မှုတပ်ခွဲမှရဲတပ်ဖွဲ့ဝင်များ၊ မှုခင်းအကူဌာနစုမှ ရဲတပ်ဖွဲ့ဝင်များ၊ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစုမှ ရဲတပ်ဖွဲ့ဝင်များပါဝင်သော အထူးအမှုစစ်အဖွဲ့၊ ဖွဲ့စည်းတာဝန်ပေးအပ်ပြီး အမှုဖြစ်စဉ် အပေါ်သုံးသပ်ကာ အခင်းဖြစ်ရပ်အား သေချာစွာစစ်ဆေးရန် ၊ အခင်းဖြစ်ရပ်တွင်တွေ့ရှိသည့် သဲလွန်စအထောက်အထားများကို အကြောင်းပြု၍ ပြစ်မှုကျူးလွန်သူအား သတင်းရယူဖော်ထုတ်ရန်နှင့် ဆောင်ရွက်မှုများကိုသုံးသပ်၍ အမြန်ဖမ်းဆီးရမိရေးအတွက် အမှုစစ် အစည်းအဝေးတွင် နေ့စဉ်တင်ပြရန် ညွှန်ကြားခဲ့ပါသည်။

အခင်းဖြစ်ရပ်အား အသေးစိတ်စစ်ဆေးရာ မော်တော်ယာဉ်ပေါ်တွင် ဂျပန်ဖိနပ် အဖြူရောင် ၁ ရံ၊ ကတ္တီပါဖိနပ်နက်ပြာရောင် ၁ ရံနှင့် Bosch အမျိုးအစား အမျိုးသားပတ် နာရီ ၁ လုံး တွေ့ရှိသဖြင့် တွေ့ရှိသော သက်သေခံပစ္စည်းများနှင့် စပ်လျဉ်း၍ စုံစမ်းရာ သေဆုံးသူ၏ ဇနီး ထွက်ဆိုချက်အရ ဂျပန်ဖိနပ်မှာ ၎င်း၏ခင်ပွန်း သေဆုံးသူ၏ ဖိနပ်ဖြစ်ကြောင်း၊ ကတ္တီပါဖိနပ်နှင့် နာရီမှာ ၎င်းခင်ပွန်း၏ပစ္စည်းများ မဟုတ်ကြောင်းနှင့် သေဆုံးသူ ကိုင်ဆောင်သော SAMSUNG အမျိုး အစား အဖြူရောင်လက်ကိုင်ဖုန်းမှာ ပျောက်ဆုံးနေကြောင်း သိရပါသည်။

အထူးအမှုစစ်အဖွဲ့က အငှားယာဉ်ဖြတ်သန်းသွားလာသည့် လမ်းကြောင်း တစ်လျှောက်ရှိ CCTV မှတ်တမ်းများအရလည်းကောင်း၊ အခင်းဖြစ်စဉ်က မျက်မြင်သက်သေများ၏ထွက်ဆိုချက်များအရ ပြစ်မှုကျူးလွန်သူ၏ ပုံသဏ္ဍာန်ကိုသိရှိရသည့် အချက်များအရလည်းကောင်း၊ အခင်းဖြစ်နေရာတွင် ကျန်ရှိသော သက်သေခံပစ္စည်းများကို အခြေခံကာ လှိုင်သာယာနှင့် ရွှေပြည်သာမြို့နယ်အတွင်း အခြေပြု၍ကွက်ပြည့်နင်း စုံစမ်းခဲ့သည် ။

လှိုင်သာယာမြို့နယ်၊ ရေဥက္ကံကျေးရွာနေ ကိုကိုနိုင်(ခ)ကိုနိုင်ဆိုသူမှာ ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက်စောစော အချိန်တွင် ၎င်း၏နေအိမ်သို့ အငှားယာဉ်ဖြင့်ရောက်ရှိလာပြီး ခန္ဒာကိုယ်နှင့် အကျႌတို့တွင်ရွံ့များ ပေကျံနေကြောင်း ၊ အငှားယာဉ်စီးနင်းခကိုနေ အိမ်ရောက်မှပေးခဲ့ရကြောင်း၊ SAMSUNG အမျိုးအစား လက်ကိုင် ဖုန်း ၁ လုံး ကိုင်ဆောင်ထားသည်ကိုတွေ့ရကြောင်းနှင့် ၎င်းသည် Bosch အမျိုးအစား နာရီကို ဝတ်ဆင်လေ့ရှိသူတစ်ဦးဖြစ်ကြောင်း သတင်းရရှိခဲ့သဖြင့် ရဲလုပ်ငန်းစဉ်များအရ စုံစမ်းထောက်လှမ်းခဲ့ရာ ပြစ်မှုကျူး လွန်သူမှာ ကိုကိုနိုင်(ခ)ကိုနိုင်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါသည်။

ပြစ်မှုကျူးလွန်သူ ကိုကိုနိုင် (ခ)ကိုနိုင်၊ (၃၃)နှစ်အား ဖမ်းဆီးရမိစစ်ဆေး နိုင်ရေးအတွက် ၎င်းနှင့် ပတ်သက်ဆက်နွယ်သူများ၏ သတင်းကွင်းဆက် များရယူပြီး နေ့ညမပြတ်စောင့်ကြည့်လိုက်လံရှာဖွေ ဆောင်ရွက်ခဲ့သဖြင့် ဇန်နဝါရီလ ၁၈ ရက်နေ့ ည ၂၃း၀၅ နာရီအချိန်တွင် မရမ်းကုန်းမြို့နယ်၊ ၁ ရပ်ကွက်၊ ဘုရင့်နောင်ပွဲရုံဝင်း၊ ယင်းမာလမ်းမပေါ်တွင် ဖမ်းဆီးရမိခဲ့ပြီး ရရှိထားသည့် သတင်းအခြေအမြစ် သက်သေအထောက်အထားများဖြင့် ဆက်စပ်တိုက်ဆိုင်စစ်ဆေးမှုပြုလုပ်ခဲ့ရာ ၎င်းမှလည်းပြစ်မှု ကျူးလွန်ခဲ့ကြောင်း ထွက်ဆိုခဲ့သည့်အပြင် အခင်းဖြစ်စဉ်က လုံးထွေးသတ်ပုတ်ရာမှ၎င်း၏လက်တွင်ရရှိခဲ့သည့် ဒဏ်ရာကို စစ်ဆေးတွေ့ရှိခဲ့ပါသည်။

၎င်း၏ ဖော်ထုတ်ချက်အရ အခင်းဖြစ်ည ၈ နာရီကျော် အချိန်ခန့်က သူငယ်ချင်းဖြစ်သူ မျိုးစန်းဝင်း(ခ) မျိုးကြီးက ၎င်းအား သမိုင်းလမ်းဆုံ အနီးရှိ KTV သို့လာရောက်ရန် ဖုန်းဆက်ခေါ်သဖြင့် ညောင်တုန်းလမ်းပေါ်ရှိ DANKO ဓာတ်ဆီဆိုင်ရှေ့တွင် အငှားယာဉ် ၁ စီးအား ၄၀၀၀ ကျပ်ဖြင့် ငှားရမ်းလိုက်ပါခဲ့ကြောင်း၊ KTV ဆိုင်သို့ တစ်ကြိမ်သာ ရောက်ဖူးသဖြင့် မမှတ်မိဘဲ သမိုင်းလမ်းဆုံ မီးပ္ပိုင့်သို့ကျော်သွားခဲ့ရာ လမ်းကျော်သွားကြောင်းပြောရာမှ အငှားယာဉ်မောင်းက စိတ်တိုပြီးဆဲဆိုကာ အင်းစိန်လမ်းမပေါ်သို့ပြန်လှည့်ခဲ့ပြီး အငှားယာဉ်မောင်းက ဆက်မပို့လိုကြောင်း ယာဉ်ငှားခပေး ရန်ပေးရန်ပြောဆိုခဲ့သည်။

၎င်းက ပိုက်ဆံမပါကြောင်း သူငယ်ချင်းနှင့်တွေ့မှ ပေးရမည်ဖြစ်ကြောင်းပြောဆိုရာမှ တစ်ယောက်တစ်ခွန်းစကားများခဲ့ပြီး ကားပေါ်တွင် လုံးထွေးသတ်ပုတ်စဉ် အသင့်ပါလာသောဓားဖြင့် အငှား ယာဉ်မောင်းအားထိုးခဲ့ကြောင်း၊ လုံးထွေး သတ်ပုတ်ရာမှ ကားတံခါးပွင့် သွားပြီး အငှားယာဉ်မောင်းမှာ အောက်သို့ ပြုတ်ကျသွားရာ ၎င်းလည်း ကားပေါ်မှ ဆင်းပြေးခဲ့ကြောင်း ၊ နောက်မှလူအုပ်ကြီး လိုက်လာသဖြင့် ဓားမြှောင်နှင့်ဓားအိမ်ကို လမ်းတွင်လွင့်ပစ်ခဲ့ကြောင်း၊ လူအုပ်ကြီးမှလိုက် ရှာနေသဖြင့် ရေမြှောင်းတစ်ခုအတွင်း ပြုတ်ကျပြီး ပုန်းအောင်း နေခဲ့ကြောင်း နံနက်လင်းမှ အငှားယာဉ်တစ်စီးအား ၄၀၀၀ ကျပ်ဖြင့် ငှားရမ်းစီးနင်းလာပြီး အိမ်ရောက်မှ ယာဉ်စီးခပေးခဲ့ရကြောင်း၊ အခင်းဖြစ်စဉ်က ၎င်း၏ ကတ္တီပါဖိနပ် ၁ ရံနှင့် Bosch အမျိုးအစား လက်ပတ်နာရီ ကျန်ခဲ့ကြောင်း၊ အငှားယာဉ်မောင်း၏ SAMSUNG ဖုန်းအဖြူရောင်ကိုယူလာခဲ့ကြောင်း
ထွက်ဆိုခဲ့ပါသည်။

၎င်း၏ ထွက်ဆိုချက်အရ သက်သေခံ SAMSUNG အမျိုးအစား အဖြူရောင်လက်ကိုင်ဖုန်း သိမ်းဆည်းရမိခဲ့ပြီး အမှုနှင့်သက်ဆိုင်သည့် သက်သေခံပစ္စည်းများကိုလည်း သိမ်းဆည်းရရှိခဲ့သဖြင့် ပြစ်မှုကျူးလွန်သူအား ထိရောက်သော ပြစ်ဒဏ်ရရှိရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း သတင်းရရှိပါသည်။
Credit: Yangon Police
Source : https://goo.gl/LYH4CU