Zawgyi ဖြင့်ဖတ်ရန်

.
သို့
.
တောနယ်မှရန်ကုန်မြို့ပေါ်သို့ဈေးဝယ်တက်လာသော
တောနယ်ကဈေးဝယ်ဖို့ချွေးနှဲစာလေးတွေ
.
.
အနားကတက္ကစီဈေးဆိုင်အကုန်လုံးသူတို့လူကြီး ပါပဲ
.
.
14.1.2018မနက်၎နာရီခွဲခန့်က
တောကနေဈေးဝယ်ရအောင်ရန်ကုန်တက်လာတဲ့
.
.
အနားကဈေးဆိုင်တက္ကစီသမားတွေကစသူတို့လူတွေပါပဲ
.
.

Unicode ဖြင့်ဖတ်ရန်

မင်းမဲ့တိုင်းပြည်ကဲ့သို့ဖြစ်နေသော
ရန်ကုန်အောင်မင်္ဂလာကားဝင်းအဝင်ပေါက်က၃ချပ်လိမ်
.
သို့
ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့်တကွ
ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှအရာရှိများခမျာ
.
အောင်မင်္ဂလာကားဝင်းအဝင်ပေါက်
YBS၁၇YBS၃၅ကားဂိတ်တွင်မနက်၂နာရီမှ
မနက်၅နာရီအချိန်တိုင်း
အများပြည်သူအားလိမ်လည်လှည့်ဖျားပြီး
အုပ်စုလိုက်အဖွဲ့လိုက်ညစ်ပတ်ကာ
တောနယ်မှရန်ကုန်မြို့ပေါ်သို့စျေးဝယ်တက်လာသော
မိန်းကလေးငယ်များအဒေါ်အရွယ်များအား
မထိုးချင်ပါဘူး.မသိပါဘူးမထိုးပါဘူးပြောလဲမရ
.အတင်းထိုးခိုင်းပြီးအတင်းစားတယ်စားတယ်ဆိုကာ
တောနယ်ကစျေးဝယ်ဖို့ချွေးနှဲစာလေးတွေ
စုေ​ဆောင်းလာသမျှကိုပေါ်တင်ဓားပြတိုက်သလို
နေ့စဉ်တိုက်ယူနေသည်မှာ
အချိန်ကာလအတော်ကြာနေပါပြီ
.
ရန်ကုန်တိုင်းရဲတပ်ဖွဲ့အနေနဲ့
ထိုမျှမင်းမဲ့တိုင်းပြည်ကဲ့သို့
ပြုမူနေကြသောအဖွဲ့အုပ်စုများကို
မျက်စိရှမ်း၍ပဲမမြင်လေသလား
တမင်မမြင်ချင်ယောင်ပဲဆောင်ပေးနေသလား
မေးခွန်းထုတ်စရာဖြစ်လာပါတယ်
.
ဓာတ်ပုံလဲသူတို့ကိုမရိုက်ရဲပါဘူး
ဓားထိုးခံရမှာသိနေလို့ပါ
အနားကတက္ကစီစျေးဆိုင်အကုန်လုံးသူတို့လူကြီး ပါပဲ
အနည်းဆုံးသူတို့အဖွဲ့ဟာလူ၂၀အထက်မှာရှိပါတယ်
.
မယုံရင်ရန်ကုန်တိုင်းရဲတပ်ဖွဲ့အနေနဲ့
အသွင်ယူပြီးစောင့်ကြည့်ကြည့်ပါ
ည၁၂နာရီကနေမနက်၅နာရီဝန်းကျင်
လာသမျှလူတွေကိုအတင်းအနုကြမ်းစီးသလို
မထိုးလဲထိုးတယ်မငြင်းနဲ့ဆိုပြီး
အတင်းအနိုင်ကျင့်လုယူနေကြတာပါ
.
14.1.2018မနက်၄နာရီခွဲခန့်က
တောကနေစျေးဝယ်ရအောင်ရန်ကုန်တက်လာတဲ့
ကောင်မလေးကိုမထိုးပဲနဲ့နင်ထိုးတယ်ပြောပြီးကာမှ
မငြင်းနဲ့ဆိုပြီးဆွဲကြိုး ၈ သိန်းတန်ခန့်ကိုအတင်းလုယူ
ဝိုင်းအနိုင်ကျင့်ကြပါတယ်
ကောင်မလေးမှာမလုပ်ကြပါနဲ့ဦးကြီးတို့ရယ်
သမီးဆွဲကြိုးပြန်ပေးကြပါတက်ခမန်းငိုယိုပြီးတောင်းပေမဲ့
သူတို့အဖွဲ့ထဲကကောင်တွေကနင်ဘာလူပါးဝတာလဲဆိုပြီး
ဆံပင်စောင့်ဆွဲပါးတောင်ရိုက်ပစ်ပါသေးတယ်
.
အားလုံးကမြင်ပေမဲ့ဝင်မပြောရဲပါဘူး
သူတို့အဖွဲ့ကအနည်းဆုံး ၂၀ အထက်မှာရှိတယ်
.
အနားကစျေးဆိုင်တက္ကစီသမားတွေကစသူတို့လူတွေပါပဲ
နောက်ဆုံးကောင်မလေးကိုကန်ပြီး
ဆွဲကြိုး လိမ်ယူပြေးတဲ့ကောင်ကြီးဟာ
သူတို့ကိုအသင့်စောင့်နေတဲ့
taxi CC8853ပေါ်တက်ပြီးလစ်ပြေးပါတော့တယ်
.
ဒါမဲ့နောက်နေ့ထပ်ပြီးနယ်ကတက်လာတဲ့
တောသူတောင်သားတွေရဲ့ချွေးနှဲစာကို
ထပ်လိမ်စားဖို့အခုလောက်ဆိုရောက်နေပါပြီ
.
အောင်မင်္ဂလာကားဝင်းအဝင်ပေါက်
YBS၁၇,၃၅တို့ဂိတ်ထိုးရာ
မင်းမဲ့တိုင်းပြည်လူလိမ်အုပ်စု
ည၁၂ကနေမနက်၅နာရီနေ့တိုင်း

Crd…တာဝန်သိပြည်သူတစ်ဦး