Zawgyi ဖြင့်ဖတ်ရန်


play



Source : 7DayDaily

Credit: 7Day

Unicode ဖြင့်ဖတ်ရန်

နေအိမ်ကို ဖိတ်ခေါ်ပြီးတွေ့ဆုံသွားမှာပါ။
၂၀၁၇ တက္ကသိုလ်ဝင် စာမေးပွဲမှာ ရန်ကုန်တိုင်းဒေသကြီးက အမှတ်အများဆုံးရရှိသူတွေကို ရက်ပိုင်းအတွင်း နေအိမ်ကို ဖိတ်ခေါ်တွေ့ဆုံမယ်လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောလိုက်ပါတယ်။

ဇန်နဝါရီ ၃ ရက်က အထက(၄)အလုံမှာ ကျင်းပတဲ့ ပညာရေးစုံညီပွဲတော်မှာ ဦးဖြိုးမင်းသိန်းက အခုလိုပြောကြားခဲ့တာဖြစ်ပြီး ထူးထူးချွန်ချွန်အောင်မြင်တဲ့ ကျောင်းသားတွေအနေနဲ့ ရှေ့ဆက်ပညာသင်ယူမယ့် ကိစ္စတွေအတွက် တိုင်ပင်ဆွေးနွေးတာတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ လိုအပ်ချက်တွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့က ကူညီထောက်ပံ့ပေးမယ့် အစီအစဉ်တွေကို ချမှတ်တာ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

play

‘‘တက္ကသိုလ်ဝင်တန်းကို ပြီး ခဲ့တဲ့နှစ်က ထူးထူးချွန်ချွန်အောင် ထားတဲ့ကလေးတွေကို ရက်ပိုင်း အတွင်း ကျွန်တော်နေထိုင်ရာအိမ် မှာ တွေ့ဆုံပြီးသူတို့ရဲ့ အနာဂတ်ဘဝအတွက် ပြင်ဆင်ထားမှုတွေ ကို နားထောင်ပြီးသူတို့ကိုပံ့ပိုးပေး ဖို့ ဆက်လက်ဆောင်ရွက်ပါမယ်’’လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

၂၀၁၇ တက္ကသိုလ်ဝင်စာမေးပွဲမှာ ရန်ကုန်တိုင်းဒေသကြီးက အောင်ချက် ၃၇ ဒသမ ၂၄ ရာခိုင်နှုန်းနဲ့ တစ်နိုင်ငံလုံးအဆင့်(၄)ရရှိခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ ဝင်ရောက်ဖြေဆိုသူ ခြောက်သိန်းကျော်ဝင်ရောက်ဖြေဆိုခဲ့ပြီး အောင်မြင်သူ နှစ်သိန်းနီးပါးရှိကာ အောင်ချက်ရာခိုင်နှုန်း ၂၉.၉၂ ရှိခဲ့တယ်လို့သိရပါတယ်။

Source : 7DayDaily

Photos : 7DayDaily,edumyanmar
Credit: 7Day