ZawGyiဖြင့်ဖတ်ရန်

#ကညောမူဖိုး

Unicodeဖြင့်ဖတ်ရန်

လင်းနို့ဂူတဲ့၊ ဇီဝဗေဒနဲ့ သဘာဝကို ချစ်မြတ်နိုးတဲ့သူတွေအတွက်တော့ တကယ့်အံ့မခန်းစရာ နေရာလေးတစ်ခုပါပဲ။ ညနေ နေဝင်ချိန်ရောက်တိုင်း ဘီလီယံနဲ့ချီတဲ့လင်းနို့တွေဟာ ကျောက်တောင်ဂူပေါက်ကနေ ပျံသန်းထွက်ခွါလာပြီး သံလွင်မြစ်ကြောင်းတစ်လျှောက် မုတ္တမကွေ့အထိ ပင်လယ်ရေသောက် ဆင်းကြပါတယ်။ ဒီလောက်များပြားတဲ့ လင်းနို့တွေ ခိုအောင်းပျော်စံရာ ဂူမျိုးကို အရှေ့တောင်အာရှမှာ လာအိုနိုင်ငံမှာတစ်ခု၊ အခုဒီနေရာလေးမှာတစ်ခုသာ တွေ့နိုင်မှာဖြစ်ပါတယ်။ ဘားအံမြို့ခံ လူတွေတောင် သိပ်မသိကြပေမယ့် နိုင်ငံတကာက Tourists တွေကြားမှာတော့ အလွန်ရေပန်းစားတဲ့ နေရာလေး တစ်ခုပဲ ဖြစ်ပါတယ်။လင်းနို့တွေကို စိတ်ဝင်စားတဲ့သူ လင်းနို့တွေကို လေ့လာတဲ့ သူတွေအတွက် သာမက တကယ့်နေဝင်ဆည်းဆာအလှ ခံစားမှုကိုပါ ပေးစွမ်းနိုင်တဲ့နေရာလေးဖြစ်ပါတယ်။ ဒီလိုအရှေ့တောင်အာရှမှာ ၂နေရာပဲ ရှိတဲ့အရာမျိုးကို ကျွန်တော်တို့ မြန်မာလူမျိုးတွေ ဒါငါတို့ နိုင်ငံကပါလားဆိုပြီး သိသင့်၊ ဂုဏ်ယူသင့်ပါတယ်။ လေ့လာသူတွေ ဇီဝပညာရှင်တွေ အနေနဲ့လဲ ကွင်းဆက်တွေကို ထိန်းသိမ်းသင့်ပါတယ်။

READ  Tubal ligation အမျိုးသမီး သားသမီး မရတော့အောင်လုပ်ခြင်း

တည်နေရာ – ကရင်ပြည်နယ် ဘားအံမြို့ သံလွင်တံတားဘေး
#ကညောမူဖိုး

LEAVE A REPLY