Zawgyi ျဖင့္ဖတ္ရန္

Mevius (Mild 7) ကုမၸဏီက ​ေဆးလိပ္​အေရာင္းျမႇင့္တင္ေရး ၀န္ထမ္းအမ်ဳိးသမီး ၄၁ ေယာက္​ဟာ အ​ေၾကာင္​းမဲ့ အလုပ္​ထုတ္​ျပစ္ခံရတာနဲ႔႔ပတ္သက္လို႔​ ဒီေန႔ မနက္ပိုင္းက မႏၱ​​ေလးၿမိဳ႕မွာ သတင္​းစာ႐ွင္​းလင္​းပြဲ ျပဳလုပ္​ခဲ့ၾကပါတယ္​။

မႏၱေလးၿမိဳ႕ ျပည္​ႀကီးတံခြန္​ၿမိဳ႕နယ္​ (ဆ) ရပ္​ကြက္​​ေအးသုခလမ္​းရိွ ျမန္​မာႏိုင္​ငံ စက္​မႈလက္မႈႏွင့္​ ဝန္​​ေဆာင္​မႈလုပ္​ငန္​း​ေပါင္းစံု အလုပ္​သမားသမဂၢမ်ားအဖြဲ႔ခ်ဳပ္​ အထက္​ ျမန္​မာျပည္​႐ုံးခြဲမွ​ာ သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ခဲ့တာပါ။

​ေဆးလိပ္​အေရာင္းျမႇင့္တင္ေရး ၀န္ထမ္း​ မမ်ဳိးမ်ဳိးလြင္က​ “က်​မကို ဒီဇင္​ဘာလ ၃၁ ရက္​​ေန႔မွာ ကုမၸဏီ ႐ုံခန္​းထဲကို​ေခၚၿပီး ဘာမွမသိတဲ့ စာရြက္​​ေပၚမွာ အဓမၼခ်ိန္​း​ေျခာက္​ၿပီး လတ္​မွတ္​ထိုးခိုင္​းလို႔ ထိုးလိုက္​ရတယ္​။ လတ္​မွတ္​ထိုးၿပီးမွ က်မကို အလုပ္​ထုတ္​ၿပီး နစ္​နာ​ေၾကး ၁၅၀,၀၀၀ က်ပ္​​ေပးမွန္​း သိခဲ့ရတယ္​။ က်​မ မယူပဲျပန္​လာခဲ့တယ္​။ ဒီလိုခ်ိန္​း​ေျခာက္​ၿပီး စာရြက္​​ေပၚမွာလက္​မွတ္​ထိုးခိုင္​းထာကို က်မ လံုးဝမ​ေက်နပ္​ဘူး။ ဒါ​ေၾကာင့္ က်မတို႔နဲ႔သက္​ဆိုင္​တဲ့ အလုပ္​သမားဝန္​ႀကီးဌာန​ေတြအ​ေနနဲ႔ ထိထိ​ေရာက္​​ေရာက္​ အ​ေရးယူ​ေပး ​ေစခ်င္​တယ္​။ အခုလို ဘာမွန္​းမသိဘဲ လက္​မွတ္​ထိုးခိုင္​းတာ လိမ္​ၿပီးထိုးခိုင္​း တာျဖစ္​တယ္​။ က်​မက​ေတာ့ မ​ေက်နပ္​ဘူး”လို႔ ​ေျပာပါတယ္​။

၀န္ထမ္းအမ်ဳိးသမီးေတြကုိ အ​ေၾကာင္​းမဲ့ထုတ္​ပစ္​လုိက္​တာဟာ တရားဥပ​ေဒနဲ႔ မညီၫြတ္​တဲ့အတြက္​ ျပင္​းျပင္​းထန္​ထန္​ ကန္​႔ကြက္​တယ္​လို႔ ျမန္​မာႏိုင္​ငံ စက္​မႈလက္​မႈနဲ႔ လုပ္​ငန္​း​ေပါင္​းဆံုအလုပ္​သမားသမဂၢအဖြဲ႔ခ်ဳပ္​ အ​တြင္း​ေ​ရးမႉး ဦးသက္​ႏွင္​း​ေအာင္ကေျပာပါတယ္။

“အေရာင္းျမႇင့္တင္ေရး၀န္ထမ္း အမ်ဳိးသမီးေတြကို လိင္​အၾကမ္​းဖက္​မႈ​ေတြ႐ွိတယ္​။ သား​ေျပာမယား​ေျပာ ခံရတာ​ေတြ႐ွိၿပီး ကိုယ္​ထိလက္​​​ေရာက္​က်ဴးလြန္​ခဲ့တာ​ေတြ ႐ွိတယ္။ ဒီလိုဘဝ​ေတြ​ေပးဆက္​ခဲ့တဲ့ ဝန္​ထမ္​း​ေတြကို အလုပ္​ျဖဳတ္​ျပစ္​တာကို ကန္​႔ကြက္​တယ္​။ ဒီကုမၸဏီကို​ ေအာင္​ျမင္​​ေအာင္​ ဘဝ​ေ​တြအ႐ွက္​ ဂုဏ္​သိကၡာ​ေတြနဲ႔ရင္​းၿပီး တည္​​ေဆာက္​​ေပးခဲ့ၾကတာ ျဖစ္​တယ္​။ အခုလို အလုပ္​ထုတ္​လိုက္​တဲ့ ​ေဆးလိပ္​မယ္​​ေတြကို ထိုက္​သင္​့တဲ့ႏွစ္​နာ​ေၾကး​ေပးရမယ္​။ သက္​ဆိုင္​ရာ အလုပ္​သမားဝန္​ႀကီး ဌာန ကုမၸဏီမ်ား မွတ္​ပံုတင္​ဦးစီးဌာန. ျမန္​မာႏိုင္​ငံ ရင္​းႏွီးျမႇဳပ္​ႏွံမႈေကာ္​မ႐ွင္​ စတဲ့ဌာန​ေတြက ဒီ​ဥပ​ေဒနဲ႔ မညီၫႊတ္​တဲ့ ​ေဆးလိပ္​ကုမၸဏီကို ဝင္​​ေရာက္​စစ္​​ေဆးဖို႔လို႔တယ္​”လို႔​ေျပာပါတယ္။

အခုလို ​ေဆးလိပ္​ကုမၸဏီက ​​ေဆးလိပ္​အေရာင္းျမႇင့္တင္ေရး ၀န္ထမ္းအမ်ဳိးသမီး ၄၀​ ေက်ာ္​ကို အလုပ္​ထုတ္​ပစ္​လိုက္​တဲ့အတြက္​ သက္​ဆိုင္​ရာ အလုပ္​သမားသမဂၢအဖြဲ႔အစည္​း​ေတြနဲ႔ ပူး​ေပါင္​းၿပီး အလုပ္ျပန္ရရွိ​​ေရးအတြက္​ ဆႏၵျပ ကန္​ပိန္​း ျပဳလုပ္​သြားမယ္​လို႔ အတြင္​း​ေရးမႉး မရည္​မြန္​​ေအာင္​က​ ေျပာပါတယ္​။

Credit- dvb

Unicode ဖြင့်ဖတ်ရန်

Mevius (Mild 7) ကုမ္ပဏီက ​ဆေးလိပ်​အရောင်းမြှင့်တင်ရေး ၀န်ထမ်းအမျိုးသမီး ၄၁ ယောက်​ဟာ အ​ကြောင်​းမဲ့ အလုပ်​ထုတ်​ပြစ်ခံရတာနဲ့့ပတ်သက်လို့​ ဒီနေ့ မနက်ပိုင်းက မန္တ​​လေးမြို့မှာ သတင်​းစာရှင်​းလင်​းပွဲ ပြုလုပ်​ခဲ့ကြပါတယ်​။

မန္တလေးမြို့ ပြည်​ကြီးတံခွန်​မြို့နယ်​ (ဆ) ရပ်​ကွက်​​အေးသုခလမ်​းရှိ မြန်​မာနိုင်​ငံ စက်​မှုလက်မှုနှင့်​ ဝန်​​ဆောင်​မှုလုပ်​ငန်​း​ပေါင်းစုံ အလုပ်​သမားသမဂ္ဂများအဖွဲ့ချုပ်​ အထက်​ မြန်​မာပြည်​ရုံးခွဲမှ​ာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာပါ။

​ဆေးလိပ်​အရောင်းမြှင့်တင်ရေး ၀န်ထမ်း​ မမျိုးမျိုးလွင်က​ “ကျ​မကို ဒီဇင်​ဘာလ ၃၁ ရက်​​နေ့မှာ ကုမ္ပဏီ ရုံခန်​းထဲကို​ခေါ်ပြီး ဘာမှမသိတဲ့ စာရွက်​​ပေါ်မှာ အဓမ္မချိန်​း​ခြောက်​ပြီး လတ်​မှတ်​ထိုးခိုင်​းလို့ ထိုးလိုက်​ရတယ်​။ လတ်​မှတ်​ထိုးပြီးမှ ကျမကို အလုပ်​ထုတ်​ပြီး နစ်​နာ​ကြေး ၁၅၀,၀၀၀ ကျပ်​​ပေးမှန်​း သိခဲ့ရတယ်​။ ကျ​မ မယူပဲပြန်​လာခဲ့တယ်​။ ဒီလိုချိန်​း​ခြောက်​ပြီး စာရွက်​​ပေါ်မှာလက်​မှတ်​ထိုးခိုင်​းထာကို ကျမ လုံးဝမ​ကျေနပ်​ဘူး။ ဒါ​ကြောင့် ကျမတို့နဲ့သက်​ဆိုင်​တဲ့ အလုပ်​သမားဝန်​ကြီးဌာန​တွေအ​နေနဲ့ ထိထိ​ရောက်​​ရောက်​ အ​ရေးယူ​ပေး ​စေချင်​တယ်​။ အခုလို ဘာမှန်​းမသိဘဲ လက်​မှတ်​ထိုးခိုင်​းတာ လိမ်​ပြီးထိုးခိုင်​း တာဖြစ်​တယ်​။ ကျ​မက​တော့ မ​ကျေနပ်​ဘူး”လို့ ​ပြောပါတယ်​။

၀န်ထမ်းအမျိုးသမီးတွေကို အ​ကြောင်​းမဲ့ထုတ်​ပစ်​လိုက်​တာဟာ တရားဥပ​ဒေနဲ့ မညီညွတ်​တဲ့အတွက်​ ပြင်​းပြင်​းထန်​ထန်​ ကန်​့ကွက်​တယ်​လို့ မြန်​မာနိုင်​ငံ စက်​မှုလက်​မှုနဲ့ လုပ်​ငန်​း​ပေါင်​းဆုံအလုပ်​သမားသမဂ္ဂအဖွဲ့ချုပ်​ အ​တွင်း​ေ​ရးမှူး ဦးသက်​နှင်​း​အောင်ကပြောပါတယ်။

“အရောင်းမြှင့်တင်ရေးဝန်ထမ်း အမျိုးသမီးတွေကို လိင်​အကြမ်​းဖက်​မှု​တွေရှိတယ်​။ သား​ပြောမယား​ပြော ခံရတာ​တွေရှိပြီး ကိုယ်​ထိလက်​​​ရောက်​ကျူးလွန်​ခဲ့တာ​တွေ ရှိတယ်။ ဒီလိုဘဝ​တွေ​ပေးဆက်​ခဲ့တဲ့ ဝန်​ထမ်​း​တွေကို အလုပ်​ဖြုတ်​ပြစ်​တာကို ကန်​့ကွက်​တယ်​။ ဒီကုမ္ပဏီကို​ အောင်​မြင်​​အောင်​ ဘဝ​ေ​တွအရှက်​ ဂုဏ်​သိက္ခာ​တွေနဲ့ရင်​းပြီး တည်​​ဆောက်​​ပေးခဲ့ကြတာ ဖြစ်​တယ်​။ အခုလို အလုပ်​ထုတ်​လိုက်​တဲ့ ​ဆေးလိပ်​မယ်​​တွေကို ထိုက်​သင်​့တဲ့နှစ်​နာ​ကြေး​ပေးရမယ်​။ သက်​ဆိုင်​ရာ အလုပ်​သမားဝန်​ကြီး ဌာန ကုမ္ပဏီများ မှတ်​ပုံတင်​ဦးစီးဌာန. မြန်​မာနိုင်​ငံ ရင်​းနှီးမြှုပ်​နှံမှုကော်​မရှင်​ စတဲ့ဌာန​တွေက ဒီ​ဥပ​ဒေနဲ့ မညီညွှတ်​တဲ့ ​ဆေးလိပ်​ကုမ္ပဏီကို ဝင်​​ရောက်​စစ်​​ဆေးဖို့လို့တယ်​”လို့​ပြောပါတယ်။

အခုလို ​ဆေးလိပ်​ကုမ္ပဏီက ​​ဆေးလိပ်​အရောင်းမြှင့်တင်ရေး ၀န်ထမ်းအမျိုးသမီး ၄၀​ ကျော်​ကို အလုပ်​ထုတ်​ပစ်​လိုက်​တဲ့အတွက်​ သက်​ဆိုင်​ရာ အလုပ်​သမားသမဂ္ဂအဖွဲ့အစည်​း​တွေနဲ့ ပူး​ပေါင်​းပြီး အလုပ်ပြန်ရရှိ​​ရေးအတွက်​ ဆန္ဒပြ ကန်​ပိန်​း ပြုလုပ်​သွားမယ်​လို့ အတွင်​း​ရေးမှူး မရည်​မွန်​​အောင်​က​ ပြောပါတယ်​။

Credit- dvb