ZawGyiျဖင့္ဖတ္ရန္

ထုိင္းႏုိင္ငံမွာ ေဖ့စ္ဘြတ္ခ္ေပၚ တုိက္႐ုိက္႐ုပ္သံလႊင့္ၿပီး တံတားေပၚက ခုန္ခ်သတ္ေသခဲ့တဲ့ အသက္ ၁၈ ႏွစ္အရြယ္ မိန္းကေလးကို ကူညီ႐ုပ္သံ႐ုိက္ကူးေပးခဲ့တဲ့ အငွားကားေမာင္းသမားကို ရဲေတြက စံုစမ္းေမးျမန္းေနၿပီး အဲ့ဒီလူ ေထာင္ဒဏ္က်ခံဖြယ္ရာ ရွိတယ္လို႔ သိရပါတယ္။

ဇန္နဝါရီ ၂ ရက္ေန႔ အေစာပုိင္းမွာ မိန္းကေလး နစ္တာယာစဝါစဒီဝန္က ဘန္ေကာက္မွာရွိတဲ့ ရာမာ ၇ တံတားေပၚကေန ေက်ာက္ဖုယားျမစ္ထဲ ခုန္ခ်သတ္ေသခဲ့တာျဖစ္ၿပီး သူမကို ေနရာေရြးခ်ယ္ေပးဖုိ႔ ကားသမား ပက္တရာဒါႏုိင္ ႏြမ္းစရီနာ့တ္ရဲ႕ကားကို ငွားခဲ့တာပါ။

တံတားေပၚဝန္းက်င္နဲ႔ သူမကို ႐ုပ္သံ႐ုိက္ကူးေပးဖုိ႔ မစၥနစ္တာယာက ကားသမားကို ဘတ္ေငြ ၅၀၀ နဲ႔ ငွားရမ္းခဲ့တယ္လုိ႔ ကားသမားက ရဲေတြကို ေျပာလုိက္ၿပီး ေဖ့စ္ဘြတ္ခ္ေပၚ တုိက္႐ုိက္လႊင့္တဲ့ ႐ုပ္သံထဲမွာ သူမက တံတားေပၚကေန ခုန္ခ်ၿပီး ကုိယ့္ကိုယ္ကိုယ္ သတ္ေသခဲ့တာ ျမင္ရပါတယ္။

ကားသမား မစၥတာပက္တရာဒါႏုိင္က ဘာေတြျဖစ္ေနသလဲဆုိတာကို သိသြားမွ ႐ုပ္သံ႐ုိက္ကူးတာကို အဆံုးသတ္လုိက္ၿပီး ရဲေတြကို အေၾကာင္းၾကားခဲ့တာပါ။

အငွားကားေမာင္းသမားကုိ ရဲေတြက ေမးျမန္းေနၿပီး နစ္တာယာ ဘာေၾကာင့္ ဒီလုိသတ္ေသသြားတယ္ ဆုိတာေတာ့ ခုထိမသိရေသးပါဘူး။

တံတားကုိသြားတဲ့လမ္းမွာလည္း အငွားကားေပၚ မစၥနစ္တာယာငုိေနတဲ့ အသံကုိ ၾကားတယ္လုိ႔ ကားသမားက ရဲေတြကို ေျပာၿပီး မိန္းကေလးရဲ႕ မိသားစုကုိလည္း အခင္းျဖစ္မႈနဲ႔ပတ္သက္ၿပီး အေၾကာင္းၾကားခဲ့ၾကပါတယ္။

ကားသမား မစၥတာပက္တရာဒါႏုိင္အေနနဲ႔ အႏၱရာယ္ရင္ဆုိင္ေနရတဲ့ လူတေယာက္ကုိ ကူညီဖုိ႔ ပ်က္ကြက္မႈနဲ႔ ေထာင္ဒဏ္ ၁ လ ဒါမွမဟုတ္ ဒဏ္ေငြ ဘတ္ ၁ ေသာင္း က်ခံရဖြယ္ရွိတဲ့ အမႈနဲ႔ ရင္ဆုိင္ရႏုိင္တယ္လုိ႔ ရဲအရာရွိေတြက ဘန္ေကာက္ပုိ႔စ္သတင္းဌာနကို ေျပာေၾကာင္း ေမရာသတင္းတပုဒ္မွာ ေဖာ္ျပထားပါတယ္။
Unicodeဖြင့်ဖတ်ရန်
ထိုင်းနိုင်ငံမှာ ဖေ့စ်ဘွတ်ခ်ပေါ် တိုက်ရိုက်ရုပ်သံလွှင့်ပြီး တံတားပေါ်က ခုန်ချသတ်သေခဲ့တဲ့ အသက် ၁၈ နှစ်အရွယ် မိန်းကလေးကို ကူညီရုပ်သံရိုက်ကူးပေးခဲ့တဲ့ အငှားကားမောင်းသမားကို ရဲတွေက စုံစမ်းမေးမြန်းနေပြီး အဲ့ဒီလူ ထောင်ဒဏ်ကျခံဖွယ်ရာ ရှိတယ်လို့ သိရပါတယ်။

READ  လူဦးေခါင္းခြံမ်ားနွင့္ ေဆး ေဖၚေနသည့္ ေအာက္လမ္းဆရာမ်ား

ဇန်နဝါရီ ၂ ရက်နေ့ အစောပိုင်းမှာ မိန်းကလေး နစ်တာယာစဝါစဒီဝန်က ဘန်ကောက်မှာရှိတဲ့ ရာမာ ၇ တံတားပေါ်ကနေ ကျောက်ဖုယားမြစ်ထဲ ခုန်ချသတ်သေခဲ့တာဖြစ်ပြီး သူမကို နေရာရွေးချယ်ပေးဖို့ ကားသမား ပက်တရာဒါနိုင် နွမ်းစရီနာ့တ်ရဲ့ကားကို ငှားခဲ့တာပါ။

တံတားပေါ်ဝန်းကျင်နဲ့ သူမကို ရုပ်သံရိုက်ကူးပေးဖို့ မစ္စနစ်တာယာက ကားသမားကို ဘတ်ငွေ ၅၀၀ နဲ့ ငှားရမ်းခဲ့တယ်လို့ ကားသမားက ရဲတွေကို ပြောလိုက်ပြီး ဖေ့စ်ဘွတ်ခ်ပေါ် တိုက်ရိုက်လွှင့်တဲ့ ရုပ်သံထဲမှာ သူမက တံတားပေါ်ကနေ ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တာ မြင်ရပါတယ်။

ကားသမား မစ္စတာပက်တရာဒါနိုင်က ဘာတွေဖြစ်နေသလဲဆိုတာကို သိသွားမှ ရုပ်သံရိုက်ကူးတာကို အဆုံးသတ်လိုက်ပြီး ရဲတွေကို အကြောင်းကြားခဲ့တာပါ။

အငှားကားမောင်းသမားကို ရဲတွေက မေးမြန်းနေပြီး နစ်တာယာ ဘာကြောင့် ဒီလိုသတ်သေသွားတယ် ဆိုတာတော့ ခုထိမသိရသေးပါဘူး။

တံတားကိုသွားတဲ့လမ်းမှာလည်း အငှားကားပေါ် မစ္စနစ်တာယာငိုနေတဲ့ အသံကို ကြားတယ်လို့ ကားသမားက ရဲတွေကို ပြောပြီး မိန်းကလေးရဲ့ မိသားစုကိုလည်း အခင်းဖြစ်မှုနဲ့ပတ်သက်ပြီး အကြောင်းကြားခဲ့ကြပါတယ်။

ကားသမား မစ္စတာပက်တရာဒါနိုင်အနေနဲ့ အန္တရာယ်ရင်ဆိုင်နေရတဲ့ လူတယောက်ကို ကူညီဖို့ ပျက်ကွက်မှုနဲ့ ထောင်ဒဏ် ၁ လ ဒါမှမဟုတ် ဒဏ်ငွေ ဘတ် ၁ သောင်း ကျခံရဖွယ်ရှိတဲ့ အမှုနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ရဲအရာရှိတွေက ဘန်ကောက်ပို့စ်သတင်းဌာနကို ပြောကြောင်း မေရာသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

Credit:DVB

LEAVE A REPLY