ZawGyiဖြင့်ဖတ်ရန်



နံပါတ် (၁) အမျိုးအစား




နံပါတ် (၂) အမျိုးအစား




နံပါတ် (၃) အမျိုးအစား





နံပါတ် (၄) အမျိုးအစား







Unicodeဖြင့်ဖတ်ရန်

(၁) လား၊ (၂)လား၊ (၃)လား ၊ (၄)လား?

ခြေထောက်ပုံစံက ပြောပြနေတဲ့ သင့်အကြောင်း

ခြေထောက်အမျိုးအစားကို ကြည့်ပြီး သင်ဘယ်လိုလူ ဖြစ်တယ်ဆိုတာ သိရှိနိုင်မှာ ဖြစ်ပါတယ်။ သင့်နံပါတ်ကို ရှာဖွေဖတ်ရှုလိုက်ပါ။

နံပါတ် (၁) အမျိုးအစား

ဒီလိုပုံစံဖြစ်နေတဲ့ ခြေထောက်အမျိုးအစားကို Stretched Foot လို့ ခေါ်ကြပါတယ်။ ဒီလို ခြေထောက်ပုံစံကို ပိုင်ဆိုင်ထားတယ်ဆိုရင် …
သင်ဟာ တစ်ယောက်တည်း သီးသန့် အေးအေးဆေးဆေး နေရတာကို သဘောကျသူ တစ်ဦးပါ။

ခံစားချက်တွေကိုလဲ မြိုသိပ် ဖုံးကွယ်ထားတတ်ပါတယ်။

တချို့အရာတွေကို စိတ်လိုက်မာန်ပါ ပြုလုပ်တတ်ပြီး ထိန်းချုပ်ခံရတာကို သဘောမကျသူ တစ်ဦးလည်း ဖြစ်ပါတယ်။

နံပါတ် (၂) အမျိုးအစား

ဒီလိုပုံစံဖြစ်နေတဲ့ ခြေထောက်အမျိုးအစားကို Square Foot လို့ ခေါ်ကြပါတယ်။ ဒီလို ခြေထောက်ပုံစံကို ပိုင်ဆိုင်ထားတယ်ဆိုရင် …
သင်ဟာ သေချာတွေးတော စဉ်းစားပြီးမှ ဆုံးဖြတ်ချက်တွေကို ချတတ်သူ တစ်ဦးပါ။

အကောင်း၊ အဆိုးကို သေချာ ချိန်ဆနိုင်တဲ့ လူတစ်ယောက်လဲ ဖြစ်ပါတယ်။

စိတ်ချယုံကြည်ရတဲ့ သူတစ်ယောက်ဖြစ်သလို၊ လုပ်ရမယ့် အလုပ်တွေကိုလဲ ပြီးမြောက် အောင်မြင်အောင် အဆုံးသတ်နိုင်သူတစ်ယောက် ဖြစ်ပါတယ်။

နံပါတ် (၃) အမျိုးအစား

ဒီလိုပုံစံဖြစ်နေတဲ့ ခြေထောက်အမျိုးအစားကို Flame Foot လို့ ခေါ်ကြပါတယ်။ ဒီလို ခြေထောက်ပုံစံကို ပိုင်ဆိုင်ထားတယ်ဆိုရင်
သင်ဟာ အရမ်းကို တက်ကြွပြီး ဖန်တီးနိုင်စွမ်းရှိတဲ့ လူတစ်ယောက် ဖြစ်ပါတယ်။

စိတ်ကူး အတွေးအခေါ်ကောင်းတဲ့ သူလဲ ဖြစ်ပါတယ်။

သင်ဟာ ပတ်ဝန်းကျင်အတွက် ခွန်အားဖြစ်စေပြီး အခြားသူတွေ စိတ်ဓာတ် တက်ကြွလာအောင် လှုံ့ဆော်ပေးနိုင်တဲ့ လူတစ်ယောက်လဲ ဖြစ်ပါတယ်။

ဒါပေမယ့် တစ်ခါတစ်လေ စိတ်လိုက်မာန်ပါ ပြုလုပ်တတ်တဲ့ အကျင့်ဆိုးကြောင့် စိတ်ပင်ပန်း ဖြစ်ရတတ်ပါတယ်။

နံပါတ် (၄) အမျိုးအစား

ဒီလိုပုံစံဖြစ်နေတဲ့ ခြေထောက်အမျိုးအစားကို Common Foot လို့ ခေါ်ကြပါတယ်။ ဒီလို ခြေထောက်ပုံစံကို ပိုင်ဆိုင်ထားတယ်ဆိုရင်

သင်ဟာ အရမ်းဖော်ရွေတတ်ပြီး လူချစ်လူခင် ပေါများသူ တစ်ယောက်ဖြစ်ပါတယ်။

လူမှုရေး နားလည်ပြီး၊ ပေါင်းသင်းဆက်ဆံရေး ကောင်းတဲ့ လူတစ်ယောက်လဲ ဖြစ်ပါတယ်။

အတတ်ပညာအသစ်တွေကို စိတ်ပါဝင်စားစွာ သင်ယူလေ့ရှိပါတယ်။

အတွေ့အကြုံအသစ်တွေ ရှာဖွေရတာကိုလဲ အရမ်းနှစ်သက်သူ တစ်ယောက်ဖြစ်ပါတယ်။

Credit: original writer