Zawgyi ျဖင့္ဖတ္ရန္

ႀကိဳးစား အားထုတ္မႈ ထက္ ကံၾကမၼာေပၚမွာ အယုံအၾကည္လြန္ကဲျခင္း

လူအမ်ားစု ဟာ ကိုယ့္အားကိုယ္ကိုးဖို႔ထက္ ကံၾကမၼာ အေပၚအားကိုးအားထားျပဳရတာပိုၿပီး ဝါသနာပါၾကပါတယ္။ တကယ္ေတာ့ ေအာင္ျမင္ေနတဲ့ လူအမ်ားစု ဟာ သူ႔ဘဝလမ္းေၾကာင္းကို သူကိုယ္တိုင္ဆုံျဖတ္ခ်က္ခ်ၿပီး ေအာက္ေျခကေနအပင္ပန္းခံ ႀကိဳးစား အားထုတ္ ခဲ့ရသူေတြျဖစ္ပါတယ္။ ဒါေပမဲ့ ေအာင္ျမင္မႈ၊ ခ်မ္းသာႂကြယ္ဝမႈမရရွိတဲ့သူ ၉၀% ေလာက္ကေတာ့ ကံၾကမၼာကို အယုံလြန္ၿပီး ကံမေကာင္းျခင္းေၾကာင့္ ဒီလို အေျခအေန ေတြျဖစ္ေပၚေနတာလို႔ အျပစ္တင္တတ္ၾကပါတယ္။ သူတို႔ရဲ႕ ဘဝ ေအာင္ျမင္ ဖို႔အတြက္ လိုအပ္တဲ့ အခ်ိန္ေတြ၊ ရင္းႏွီးရမဲ့အရာေတြကို ကံၾကမၼာေပၚမွာ သြားၿပီး ရင္းႏွီျမႇဳပ္ႏွံတတ္ၾကပါတယ္။ တိုက္ဆိုင္မႈရွိလို႔ ေအာင္ျမင္ ခဲ့လွ်င္ေတာင္ သူတို႔ရဲ႕ ဘဝ ဟာ အဆင္းသာရွိၿပီး ရနံ႔မရွိတဲ့ “ေပါက္ပန္း” လိုပါပဲ ထိုေအာင္ျမင္မႈကလည္း တည္ၿမဲျခင္းရွိမွာမဟုတ္ပါဘူး။

လက္ရွိ အလုပ္အကိုင္ ကို မုန္းသူ

အလုပ္ တစ္ခု ေအာင္ျမင္ ဖို႔ဆိုတာ ထိုအလုပ္ကို လုပ္ကိုင္သူရဲ႕ စိတ္ဓာတ္နဲ႔ တိုက္႐ိုက္သက္ဆိုင္ပါတယ္။ မိမိကိုယ္တိုင္က လုပ္သာလုပ္ေနရတယ္ ဒီ အလုပ္ ေပၚမွာ အာ႐ုံမရွိဘူး၊ မေပ်ာ္႐ႊင္ဘူး၊ စိတ္ဝင္စားမႈမရွိဘူးဆိုရင္ေတာ့ သင့္အတြက္လဲ တိုးတက္ဖို႔လမ္းစမရွိသလို သင့္လုပ္ကိုင္တဲ့အလုပ္လဲ ဆုတ္ယုတ္ဖို႔ လမ္းစပဲရွိပါတယ္။ ဒါေၾကာင့္ ေအာင္ျမင္တဲ့သူတစ္ဦးျဖစ္ဖို႔ဆိုလွ်င္ သင့္အေနနဲ႔ ဆႏၵ မပါတဲ့ အလုပ္ တစ္ခုကို လုပ္ကိုင္ေနတာထက္ အျခားစိတ္ဝင္စားမဲ့ အလုပ္ တစ္တစ္ကို ေျပာင္းၿပီး လုပ္ကိုင္သင့္ပါတယ္။

က်န္းမာေရး နဲ႔ ကိုက္ညီမႈရွိတဲ့ လူေနမႈပုံစံ

ေအာင္ျမင္ တဲ့သူတစ္ေယာက္ျဖစ္ဖို႔အတြက္ က်န္းမာေရး ကလဲ အလြန္အေရးႀကီးပါတယ္။ က်န္းမာေရး၊ လူမႈေရး၊ စီးပြားေရး အားလုံးဟာ တစ္ခုနဲ႔တစ္ခုလုံးဝဆက္စပ္ေနပါတယ္။ သင္ကိုယ္တိုင္က က်န္းမာေရး ခ်ိဳ႕တဲ့ေနလွ်င္ စီးပြားေရး၊ လူမႈေရးအဖက္ဖက္မွာလဲ ဆုံးရႈံးမႈ ေတြမ်ားစြာျဖစ္ေပၚႏိုင္ပါတယ္။ ဘဝမွာ ေနခ်င္သလိုေန လြတ္လြတ္လပ္လပ္ေနထိုင္စားေသာက္ရတာက သင့္အတြက္ စိတ္ခ်မ္းသာမႈကို ခဏတာအခ်ိန္ေလးပဲ ေပးစြမ္းႏိုင္မွာျဖစ္ပါတယ္။ ေလ့လာမႈ ေတြအရ ေအာင္ျမင္ေသာသူ ၇၆%ေလာက္ဟာ က်န္မာေရး ဆိုင္ရာေလ့လာလိုက္စားမႈမ်ားရွိၾကၿပီး တစ္ပတ္ကို ၄ႀကိမ္ေလာက္ ေလ့က်င့္ခန္း ပုံမွန္လုပ္ေလ့လုပ္ထရွိၾကပါတယ္။

စာဖတ္မႈ အားနည္းျခင္း

“စာဖတ္ အားနည္းသူ တစ္ေယာက္ဟာ ေတြးေခၚမႈမရွိဘူး” လို႔ ႐ုရွားစာေရးဆရာ Dostoyevsky က ဆိုခဲ့ဖူးပါတယ္။ ေအာင္ျမင္သူ ၈၈% ေလာက္ဟာ တစ္ေန႔ကို အနည္းဆုံး ၃၀မိနစ္ထက္မနည္း တိုးတက္သူတို႔ရဲ႕ အေၾကာင္းေတြ၊ ပေရာ္ဖက္ရွင္နယ္ပစၥည္းမ်ားအေၾကာင္း၊ သမိုင္းဝင္ စာေပမ်ားအေၾကာင္း စတဲ့ စာေပမ်ားကို ေလ့လာလိုက္စားၾကပါတယ္။ ဒါေၾကာင့္ ဘဝမွာ ဂိမ္းေလးေဆာ့လိုက္၊ ခ်က္တင္ေလးထိုင္လိုက္၊ တီဗြီ ေလးၾကည့္လိုက္နဲ႔ အခ်ိန္ေတြျဖဳန္းေနမယ္ဆိုရင္ေတာ့ တိုးတက္ဖို႔ လမ္းစကလဲေပ်ာက္ကြယ္မွန္းမသိေပ်ာက္ကြယ္သြားမွာျဖစ္ပါတယ္။ ထိုအခ်ိန္ေတြကိုသာ တန္းဖိုး ရွိရွိေလ့လာလိုက္စားခဲ့မယ္ဆိုလွ်င္ အသက္အ႐ြယ္ရတာလာတာနဲ႔အမွ် သင့္ရဲ႕ အရည္အခ်င္း၊ ဗဟုသုတ၊ ေတြးေခၚမႈေတြကလဲ တျဖည္းျဖည္းတိုးတက္လာမွာျဖစ္ပါတယ္။

ေဝဖန္ေျပာဆိုတတ္သူ/ အတင္းအဖ်င္းေျပာသူ

လူအမ်ားစု ဟာ ပတ္ဝန္းက်င္ မွာျဖစ္ပ်က္သမွ်အရာအားလုံး ေကာင္းသည္၊ ဆိုးသည္ ကိုအၿမဲလိုလိုေဝဖန္ေျပာဆိုတတ္ၾကပါတယ္။ ေအာင္ျမင္သူ တစ္ေယာက္ျဖစ္ဖို႔ဆိုရင္ေတာ့ ဒီအခ်က္ေရွာင္ၾကဥ္ရမွာျဖစ္ပါတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ ခံယူခ်က္ျခင္း၊ အယူအဆျခင္း မတူညီမႈအေပၚမွာ အခ်ိန္ျဖဳန္းၿပီး ေဝဖန္အျပစ္တင္ေျပာဆိုေနမဲ့အစား သင့္အတြက္ အေရးပါမဲ့ အလုပ္တစ္ခုခု သို႔မဟုတ္ မိမိ အလုပ္ အတြက္ေရွ႕ဆက္ရမဲ့ အစီစဥ္ မ်ားကို တိုင္ပင္ေဆြးေႏြးသင့္ပါတယ္။ ဒီလိုမွမဟုတ္ရင္ေတာ့ လူမႈေရး နဲ႔ စီးပြားေရး ဘက္မွာ မလိုလားအပ္တဲ့ ဆိုးက်ိဳးေတြျဖစ္လာႏိုင္ပါတယ္။

စိတ္ကူးယဥ္ျခင္းျဖင့္ ေက်နပ္ေနသူ

စိတ္ကူး ဆိုတာ ျဖစ္ခ်င္ေနတဲ့ မိမိရဲ႕ ဆႏၵ၊ ခံစားခ်က္တစ္ခုပါ။ ပန္းတိုင္ ကမွ မိမိျဖစ္ခ်င္တဲ့ အိမ္မက္၊ ဆႏၵ ကို လက္ေတြ႕အေကာင္အထည္ေဖာ္ႀကိဳးစားအားထုတ္ရမွာျဖစ္ပါတယ္။ ဒီလိုမွမဟုတ္ မိမိရဲ႕ အိမ္မက္/ ဆႏၵမ်ား အစစ္အမွန္ရရွိဖို႔ ဘာႀကိဳးစားအားထုတ္မႈမွ မရွိခဲ့ဘူးဆိုရင္ေတာ့ သင့္ရဲ႕ ဆႏၵ/ အိမ္မက္ ဟာလည္း စိတ္ကူး ယဥ္သက္သက္သာ က်န္ခဲ့မွာျဖစ္ပါတယ္။

Credit : Life Style Myanmar

Unicode ဖြင့်ဖတ်ရန်

ဘဝအတွက် တိုးတက်မှုမရှိနိုင်တဲ့ အယူအဆအလွဲများ

ကြိုးစားအားထုတ်မှုထက် ကံကြမ္မာပေါ်မှာ အယုံအကြည်လွန်ကဲခြင်း
လူအများစုဟာ ကိုယ့်အားကိုယ်ကိုးဖို့ထက် ကံကြမ္မာအပေါ်အားကိုးအားထားပြုရတာပိုပြီး ဝါသနာပါကြပါတယ်။ တကယ်တော့ အောင်မြင်နေတဲ့ လူအများစုဟာ သူ့ဘဝလမ်းကြောင်းကို သူကိုယ်တိုင်ဆုံဖြတ်ချက်ချပြီး အောက်ခြေကနေအပင်ပန်းခံ ကြိုးစားအားထုတ်ခဲ့ရသူတွေဖြစ်ပါတယ်။ ဒါပေမဲ့ အောင်မြင်မှု၊ ချမ်းသာကြွယ်ဝမှုမရရှိတဲ့သူ ၉၀% လောက်ကတော့ ကံကြမ္မာကို အယုံလွန်ပြီး ကံမကောင်းခြင်းကြောင့် ဒီလိုအခြေအနေတွေဖြစ်ပေါ်နေတာလို့ အပြစ်တင်တတ်ကြပါတယ်။ သူတို့ရဲ့ ဘဝအောင်မြင်ဖို့အတွက် လိုအပ်တဲ့ အချိန်တွေ၊ ရင်းနှီးရမဲ့အရာတွေကို ကံကြမ္မာပေါ်မှာ သွားပြီး ရင်းနှီမြှုပ်နှံတတ်ကြပါတယ်။ တိုက်ဆိုင်မှုရှိလို့ အောင်မြင်ခဲ့လျှင်တောင် သူတို့ရဲ့ ဘဝဟာ အဆင်းသာရှိပြီး ရနံ့မရှိတဲ့ “ပေါက်ပန်း” လိုပါပဲ ထိုအောင်မြင်မှုကလည်း တည်မြဲခြင်းရှိမှာမဟုတ်ပါဘူး။

လက်ရှိအလုပ်အကိုင်ကို မုန်းသူ

အလုပ်တစ်ခုအောင်မြင်ဖို့ဆိုတာ ထိုအလုပ်ကို လုပ်ကိုင်သူရဲ့ စိတ်ဓာတ်နဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။ မိမိကိုယ်တိုင်က လုပ်သာလုပ်နေရတယ် ဒီအလုပ်ပေါ်မှာ အာရုံမရှိဘူး၊ မပျော်ရွှင်ဘူး၊ စိတ်ဝင်စားမှုမရှိဘူးဆိုရင်တော့ သင့်အတွက်လဲ တိုးတက်ဖို့လမ်းစမရှိသလို သင့်လုပ်ကိုင်တဲ့အလုပ်လဲ ဆုတ်ယုတ်ဖို့ လမ်းစပဲရှိပါတယ်။ ဒါကြောင့် အောင်မြင်တဲ့သူတစ်ဦးဖြစ်ဖို့ဆိုလျှင် သင့်အနေနဲ့ ဆန္ဒမပါတဲ့အလုပ်တစ်ခုကို လုပ်ကိုင်နေတာထက် အခြားစိတ်ဝင်စားမဲ့ အလုပ်တစ်တစ်ကို ပြောင်းပြီး လုပ်ကိုင်သင့်ပါတယ်။

ကျန်းမာရေးနဲ့ ကိုက်ညီမှုရှိတဲ့ လူနေမှုပုံစံ

အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ဖို့အတွက် ကျန်းမာရေးကလဲ အလွန်အရေးကြီးပါတယ်။ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အားလုံးဟာ တစ်ခုနဲ့တစ်ခုလုံးဝဆက်စပ်နေပါတယ်။ သင်ကိုယ်တိုင်က ကျန်းမာရေးချို့တဲ့နေလျှင် စီးပွားရေး၊ လူမှုရေးအဖက်ဖက်မှာလဲ ဆုံးရှုံးမှုတွေများစွာဖြစ်ပေါ်နိုင်ပါတယ်။ ဘဝမှာ နေချင်သလိုနေ လွတ်လွတ်လပ်လပ်နေထိုင်စားသောက်ရတာက သင့်အတွက် စိတ်ချမ်းသာမှုကို ခဏတာအချိန်လေးပဲ ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ လေ့လာမှုတွေအရ အောင်မြင်သောသူ ၇၆%လောက်ဟာ ကျန်မာရေးဆိုင်ရာလေ့လာလိုက်စားမှုများရှိကြပြီး တစ်ပတ်ကို ၄ကြိမ်လောက် လေ့ကျင့်ခန်း ပုံမှန်လုပ်လေ့လုပ်ထရှိကြပါတယ်။

စာဖတ်မှုအားနည်းခြင်း

“စာဖတ်အားနည်းသူတစ်ယောက်ဟာ တွေးခေါ်မှုမရှိဘူး” လို့ ရုရှားစာရေးဆရာ Dostoyevsky က ဆိုခဲ့ဖူးပါတယ်။ အောင်မြင်သူ ၈၈% လောက်ဟာ တစ်နေ့ကို အနည်းဆုံး ၃၀မိနစ်ထက်မနည်း တိုးတက်သူတို့ရဲ့ အကြောင်းတွေ၊ ပရော်ဖက်ရှင်နယ်ပစ္စည်းများအကြောင်း၊ သမိုင်းဝင်စာပေများအကြောင်း စတဲ့ စာပေများကို လေ့လာလိုက်စားကြပါတယ်။ ဒါကြောင့် ဘဝမှာ ဂိမ်းလေးဆော့လိုက်၊ ချက်တင်လေးထိုင်လိုက်၊ တီဗွီလေးကြည့်လိုက်နဲ့ အချိန်တွေဖြုန်းနေမယ်ဆိုရင်တော့ တိုးတက်ဖို့ လမ်းစကလဲပျောက်ကွယ်မှန်းမသိပျောက်ကွယ်သွားမှာဖြစ်ပါတယ်။ ထိုအချိန်တွေကိုသာ တန်းဖိုးရှိရှိလေ့လာလိုက်စားခဲ့မယ်ဆိုလျှင် အသက်အရွယ်ရတာလာတာနဲ့အမျှ သင့်ရဲ့ အရည်အချင်း၊ ဗဟုသုတ၊ တွေးခေါ်မှုတွေကလဲ တဖြည်းဖြည်းတိုးတက်လာမှာဖြစ်ပါတယ်။

ဝေဖန်ပြောဆိုတတ်သူ/ အတင်းအဖျင်းပြောသူ

လူအများစုဟာ ပတ်ဝန်းကျင်မှာဖြစ်ပျက်သမျှအရာအားလုံး ကောင်းသည်၊ ဆိုးသည် ကိုအမြဲလိုလိုဝေဖန်ပြောဆိုတတ်ကြပါတယ်။ အောင်မြင်သူတစ်ယောက်ဖြစ်ဖို့ဆိုရင်တော့ ဒီအချက်ရှောင်ကြဉ်ရမှာဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ခံယူချက်ခြင်း၊ အယူအဆခြင်း မတူညီမှုအပေါ်မှာ အချိန်ဖြုန်းပြီး ဝေဖန်အပြစ်တင်ပြောဆိုနေမဲ့အစား သင့်အတွက် အရေးပါမဲ့ အလုပ်တစ်ခုခု သို့မဟုတ် မိမိအလုပ်အတွက်ရှေ့ဆက်ရမဲ့ အစီစဉ်များကို တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ လူမှုရေး နဲ့ စီးပွားရေးဘက်မှာ မလိုလားအပ်တဲ့ ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။

စိတ်ကူးယဉ်ခြင်းဖြင့် ကျေနပ်နေသူ

စိတ်ကူးဆိုတာ ဖြစ်ချင်နေတဲ့ မိမိရဲ့ ဆန္ဒ၊ ခံစားချက်တစ်ခုပါ။ ပန်းတိုင်ကမှ မိမိဖြစ်ချင်တဲ့ အိမ်မက်၊ ဆန္ဒ ကို လက်တွေ့အကောင်အထည်ဖော်ကြိုးစားအားထုတ်ရမှာဖြစ်ပါတယ်။ ဒီလိုမှမဟုတ် မိမိရဲ့ အိမ်မက်/ ဆန္ဒများ အစစ်အမှန်ရရှိဖို့ ဘာကြိုးစားအားထုတ်မှုမှ မရှိခဲ့ဘူးဆိုရင်တော့ သင့်ရဲ့ ဆန္ဒ/ အိမ်မက်ဟာလည်း စိတ်ကူးယဉ်သက်သက်သာ ကျန်ခဲ့မှာဖြစ်ပါတယ်။

Credit : Life Style Myanmar