ZawGyiျဖင့္ဖတ္ရန္

ပီးခဲ့တဲ့ တနလၤာေန႔ ည ၇ နာရီခန္႔အခ်ိန္က တရုတ္နိုင္ငံေဆးရံုတစ္ခုမွာ အသက္ ၂၃ နွစ္အရြယ္ တကၠသိုလ္ေက်ာင္းသူတစ္ေယာက္ အေရးေပၚလူနာအျဖစ္ေရာက္ရွိလာခဲ့ျပီး ဆရာ၀န္ေတြမွ အေရးေပၚကုသမႈေတြ ျပဳလုပ္ေပးခဲ့ပါတယ္။

ဒါေပမဲ့ ကံမေကာင္းစြာနဲ႔ပဲ လူနာဟာ အသက္ဆက္မရွင္ေတာ့ပါဘူး။ သူမရဲ႕ သူငယ္အိမ္ေတြဟာ လႈပ္ရွားမႈမရွိေတာ့ဘဲ နွလံုးခုန္ႏႈန္းတိုင္းတဲ့စက္မွာေတာ့ မ်ဥ္းေျဖာင့္တစ္ေၾကာင္းျပေနခဲ့ပါျပီ။ ဒါေတြအားလံုးဟာ ေသဆံုး ျခင္းလကၡဏာေတြျဖစ္ျပီး ဆရာ၀န္ေတြဆီ ေရာက္သြားခ်ိန္ဟာလည္း ေတာ္ေတာ္ေနွာင္းေနခဲ့ပါျပီ။ သူမရဲ႕မိခင္ဟာလည္း သူမရဲ႕ေဘးနားမွာ ၀မ္းနည္းပက္လက္ငိုေနခဲ့ပါတယ္။

ဒါေတြကိုေတာ့ သူမ မၾကားနိုင္ခဲ့ေတာ့ပါ ဘူး။ ၾကားနိုင္ခဲ့ရင္လည္း သူမလုပ္ခဲ့တဲ့အရာေတြအတြက္ ေနာင္တရမွာ က်ိန္းေသပါတယ္။ ဒီေကာင္မေလးဟာ ဆင္းရဲတဲ့မိသားစုမွလာတဲ့အတြက္ စိတ္ဓာတ္ခိုင္မာျပီး စာၾကိဳးစားတဲ့အတြက္ သူမရဲ႕ရည္မွန္းခ်က္ျဖစ္တဲ့ တကၠသိုလ္ကို တက္နိုင္ခဲ့ျပီး ပညာသင္ဆုေတြလည္းရထားပါတယ္။ သူမဟာ ညတိုင္းသန္ေခါင္ေက်ာ္တဲ့အထိစာက်က္တတ္ျပီး မၾကာခင္မွာပဲ ၀မ္းဗိုက္ေအာင့္တဲ့ေ၀ဒနာခံစားလာရပါတယ္။ အစပိုင္းမွာေတာ့ ေကာင္မ ေလးဟာ က်ိတ္မိွတ္ခံေနခဲ့ျပီး ေနာက္ပိုင္းမွာ သူမရဲ႕၀မ္းဗိုက္ဟာ ကိုယ္၀န္သည္တစ္ေယာက္လို ေဖာင္းကားလာခဲ့ပါတယ္။ မခံနိုင္ေတာ့တဲ့အတြက္ ေဆးရံုသြားျပခဲ့ျပီး ဆန္းစစ္ၾကည့္တဲ့အခါမွာေတာ့ သူမရဲ႕၀မ္းဗိုက္ထဲမွာ ပံုမွန္မဟုတ္တဲ့အရည္ေတြနဲ႔ ျပည့္ေနခဲ့ျပီး အသည္းကင္ဆာေရာဂါေနာက္ဆံုးအဆင့္ကို ေရာက္ေနခဲ့တယ္ဆိုတာကို သိခြင့္ရခဲ့ပါတယ္။ ေနာက္သံုးလၾကာတဲ့အခါမွာေတာ့ သူမဟာ ကင္ဆာေရာဂါနဲ႔ပဲ ဆံုးသြားခဲ့ပါတယ္။

ဒါေတြျဖစ္ရတဲ့ အဓိကအေၾကာင္းရင္းက အိပ္ခ်ိန္မမွန္တာနဲ႔ စိတ္ဖိဆီမႈေတြမ်ားတဲ့အတြက္ေၾကာင့္ပါ။ သူမ အိပ္ခ်ိန္မမွန္တဲ့အတြက္ သူမရဲ႕အသည္းဟာ ခႏၶာကိုယ္တြင္းမွထြက္တဲ့အဆိပ္ေတြကို မေခ်ဖ်က္ေပးနိုင္ေတာ့ဘဲ ခႏၶာကိုယ္ကို ျပန္လည္ေကာင္းမြန္ေစတဲ့ ဆဲလ္ေတြကို မထုတ္ေပးနိုင္ေတာ့ပါဘူး။ ဒါေတြ တျဖည္ျဖည္းဆိုး၀ါးလာတဲ့အခါ ခႏၶာကိုယ္တြင္းမွာရွိတဲ့ တျခားအဂၤါေတြပါ ထိခိုက္လာခဲ့ပါတယ္။ ထိုနည္းတူစြာပဲ စိတ္ဖိဆီးမႈေတြ မ်ားတဲ့အတြက္ အသည္းက ေသြးလည္ပတ္မႈႏႈန္းေတြမမွန္ေတာ့ဘဲ အျခားက်န္းမာေရးျပႆနာေတြကိုျဖစ္ပြားေစပါတယ္။

က်န္းမာတဲ့ဘ၀ကို ပိုင္ဆိုင္ဖို႔ဆိုရင္ ေလ့က်င့္ခန္းမ်ားမ်ား လုပ္ေပးသင့္ပါတယ္။ ကာကြယ္ျခင္း ဟာ ကုသျခင္းထက္ပိုေကာင္းပါတယ္။
Unicodeဖြင့်ဖတ်ရန်
ပီးခဲ့တဲ့ တနင်္လာနေ့ ည ၇ နာရီခန့်အချိန်က တရုတ်နိုင်ငံဆေးရုံတစ်ခုမှာ အသက် ၂၃ နှစ်အရွယ် တက္ကသိုလ်ကျောင်းသူတစ်ယောက် အရေးပေါ်လူနာအဖြစ်ရောက်ရှိလာခဲ့ပြီး ဆရာဝန်တွေမှ အရေးပေါ်ကုသမှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။

ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ လူနာဟာ အသက်ဆက်မရှင်တော့ပါဘူး။ သူမရဲ့ သူငယ်အိမ်တွေဟာ လှုပ်ရှားမှုမရှိတော့ဘဲ နှလုံးခုန်နှုန်းတိုင်းတဲ့စက်မှာတော့ မျဉ်းဖြောင့်တစ်ကြောင်းပြနေခဲ့ပါပြီ။ ဒါတွေအားလုံးဟာ သေဆုံး ခြင်းလက္ခဏာတွေဖြစ်ပြီး ဆရာဝန်တွေဆီ ရောက်သွားချိန်ဟာလည်း တော်တော်နှောင်းနေခဲ့ပါပြီ။ သူမရဲ့မိခင်ဟာလည်း သူမရဲ့ဘေးနားမှာ ဝမ်းနည်းပက်လက်ငိုနေခဲ့ပါတယ်။

ဒါတွေကိုတော့ သူမ မကြားနိုင်ခဲ့တော့ပါ ဘူး။ ကြားနိုင်ခဲ့ရင်လည်း သူမလုပ်ခဲ့တဲ့အရာတွေအတွက် နောင်တရမှာ ကျိန်းသေပါတယ်။ ဒီကောင်မလေးဟာ ဆင်းရဲတဲ့မိသားစုမှလာတဲ့အတွက် စိတ်ဓာတ်ခိုင်မာပြီး စာကြိုးစားတဲ့အတွက် သူမရဲ့ရည်မှန်းချက်ဖြစ်တဲ့ တက္ကသိုလ်ကို တက်နိုင်ခဲ့ပြီး ပညာသင်ဆုတွေလည်းရထားပါတယ်။ သူမဟာ ညတိုင်းသန်ခေါင်ကျော်တဲ့အထိစာကျက်တတ်ပြီး မကြာခင်မှာပဲ ဝမ်းဗိုက်အောင့်တဲ့ဝေဒနာခံစားလာရပါတယ်။ အစပိုင်းမှာတော့ ကောင်မ လေးဟာ ကျိတ်မှိတ်ခံနေခဲ့ပြီး နောက်ပိုင်းမှာ သူမရဲ့ဝမ်းဗိုက်ဟာ ကိုယ်ဝန်သည်တစ်ယောက်လို ဖောင်းကားလာခဲ့ပါတယ်။ မခံနိုင်တော့တဲ့အတွက် ဆေးရုံသွားပြခဲ့ပြီး ဆန်းစစ်ကြည့်တဲ့အခါမှာတော့ သူမရဲ့ဝမ်းဗိုက်ထဲမှာ ပုံမှန်မဟုတ်တဲ့အရည်တွေနဲ့ ပြည့်နေခဲ့ပြီး အသည်းကင်ဆာရောဂါနောက်ဆုံးအဆင့်ကို ရောက်နေခဲ့တယ်ဆိုတာကို သိခွင့်ရခဲ့ပါတယ်။ နောက်သုံးလကြာတဲ့အခါမှာတော့ သူမဟာ ကင်ဆာရောဂါနဲ့ပဲ ဆုံးသွားခဲ့ပါတယ်။

ဒါတွေဖြစ်ရတဲ့ အဓိကအကြောင်းရင်းက အိပ်ချိန်မမှန်တာနဲ့ စိတ်ဖိဆီမှုတွေများတဲ့အတွက်ကြောင့်ပါ။ သူမ အိပ်ချိန်မမှန်တဲ့အတွက် သူမရဲ့အသည်းဟာ ခန္ဓာကိုယ်တွင်းမှထွက်တဲ့အဆိပ်တွေကို မချေဖျက်ပေးနိုင်တော့ဘဲ ခန္ဓာကိုယ်ကို ပြန်လည်ကောင်းမွန်စေတဲ့ ဆဲလ်တွေကို မထုတ်ပေးနိုင်တော့ပါဘူး။ ဒါတွေ တဖြည်ဖြည်းဆိုးဝါးလာတဲ့အခါ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ တခြားအင်္ဂါတွေပါ ထိခိုက်လာခဲ့ပါတယ်။ ထိုနည်းတူစွာပဲ စိတ်ဖိဆီးမှုတွေ များတဲ့အတွက် အသည်းက သွေးလည်ပတ်မှုနှုန်းတွေမမှန်တော့ဘဲ အခြားကျန်းမာရေးပြဿနာတွေကိုဖြစ်ပွားစေပါတယ်။

ကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်ဖို့ဆိုရင် လေ့ကျင့်ခန်းများများ လုပ်ပေးသင့်ပါတယ်။ ကာကွယ်ခြင်း ဟာ ကုသခြင်းထက်ပိုကောင်းပါတယ်။

Credit: POPOLAY