Zawgyi ျဖင့္ဖတ္ရန္
အင္းစိန္လမ္းမၾကီးေပၚမွာ တကၠစီအငွားယာဥ္ေမာင္းတစ္ဦး ဇန္န၀ါရီလ ၁၄ရက္ေန႔ ညပိုင္းက ထိုးသြင္းဒဏ္ရာ၊ ျပတ္ရွဒဏ္ရာမ်ားနဲ႔ေသဆံုးေနပါတယ္။ ေျမာက္ပိုင္းခရိုင္ရဲတပ္ဖြဲ႔မွတာ၀န္ရွိသူတစ္ဦးက”အေနအထားကေတာ့ ရန္ျဖစ္ျပီးေသဆံုးတဲ့အေနအထားပါ။ေသဆံုးတဲ့သူက တကၠစီယာဥ္ေမာင္းျဖစ္တယ္။ အခင္းမျဖစ္မွီ ေသဆံုးသူက သူ႔ဇနီးဆီဖုန္းဆက္ျပီး ယာဥ္တစ္စီးနဲ႔ညိွထားတယ္။ ေလွ်ာ္နိုင္တဲ့ အဆင့္မရွိဘူးလို႔ေျပာတယ္။ အနီးနားကပတ္၀န္က်င္ေျပာျပခ်က္အရ ကားသမားနဲ႔ရန္ျဖစ္ေနတာေတြ႔တယ္။ ရိုးရိုးသားသားရန္ျဖစ္ေနတာထင္တာ။ေနာက္ေတာ့တစ္ေယာက္ကထြက္ေျပးသြားတယ္။ တစ္ေယာက္ကဓားဒဏ္ရာေတြနဲ႔ငုတ္တုတ္ေလးထိုင္ျပီးလဲသြားတယ္။ ထိုးတဲ့အေကာင္က မရမ္းကုန္း(၃)ရပ္ကြက္ကိုထြက္ေျပးသြားတယ္။ေသဆံုးသူက တစ္ဖက္ကားလမ္းကိုေျပးတယ္။”လို႔ေျပာပါတယ္။

က်ဴးလြန္သူအသံုးျပဳသြားတယ္လို႔ယူဆရတဲ့ ေသြးစြန္းေနတဲ့ ဓားတစ္ေခ်ာင္းကို မရမ္းကုန္းျမိဳ႕နယ္၊ (၃)ရပ္ကြက္၊ ေအးျငိမ္းသာလမ္းအနီးမွာ ေတြ႔ရွိတယ္လို႔သူကဆက္ေျပာပါတယ္။ ရန္ကုန္တိုင္းေဒသၾကီး၊ မရမ္းကုန္းျမိဳ႕နယ္ (၃)ရပ္ကြက္၊ အင္းစိန္လမ္းမေပၚ၊ မရမ္းကုန္း အထက(၂)ေက်ာင္းအနီး အငွားယာဥ္ေမာင္းအမ်ဳိးသားတစ္ဦး ထိုးသြင္းျပတ္ရွဒဏ္ရာမ်ားနဲ႔ ေသဆံုးေနတာျဖစ္ပါတယ္။ တိုယိုတာ ကိုရိုတာ အမ်ဳိးအစားအငွားယာဥ္ဟာ သမိုင္းလမ္းဆံုဘက္မွ အင္းစိန္လမ္းမၾကီးအတိုင္း ေမာင္းနွင္လာကာ မရမ္းကုန္း အထက (၂)ေက်ာင္းနားအေရာက္မွာ လမ္းလယ္ကြ်န္းေပၚရပ္တန္႔သြားခဲ့ျပီး ဒဏ္ရာမ်ားနဲ႔ အမ်ဳိးသားတစ္ဦးထြက္လာခဲ့တယ္လို႔ ပတ္၀န္က်င္ျပည္သူမ်ားေျပာျပခ်က္အရသိရတယ္လို႔ ေျမာက္ပိုင္းခရိုင္ရဲတပ္ဖြဲ႔ထံကသိရပါတယ္။ ေသဆံုးသူအမ်ဳိးသားဟာ ရမ္ကင္းျမိဳ႕နယ္မွာေနထိုင္တဲ့ ဦးထြန္းထြန္းလင္း အသက္ (၄၂)နွစ္ျဖစ္ပါတယ္။ ဦးထြန္းထြန္းလင္းဟာ ထိုးသြင္းဒဏ္ရာ ၅ခ်က္ နဲ႔ ျပတ္ရွဒဏ္ရာမ်ားရရွိျပီး ေသဆံုးသြားခဲ့တာျဖစ္ပါတယ္။ ဦးထြန္းထြန္းလင္းေသဆံုးမႈနဲ႔ပတ္သက္ျပီဲး အင္းစိန္ျမိဳ႕မရဲစခန္းမွ (ပ)၁၄၁/၂၀၁၇ ရာဇသတ္ၾကီးပုဒ္မ ၃၀၂နဲ႔ အမႈဖြင့္ထားကာ ျပစ္မႈက်ဴးလြန္သူကိုဖမ္းဆီးရမိေရးစံုစမ္းေနပါတယ္။

Author / နွင္းနွင္း
Unicode ဖြင့်ဖတ်ရန်
အင်းစိန်လမ်းမကြီးပေါ်မှာ တက္ကစီအငှားယာဉ်မောင်းတစ်ဦး ဇန်နဝါရီလ ၁၄ရက်နေ့ ညပိုင်းက ထိုးသွင်းဒဏ်ရာ၊ ပြတ်ရှဒဏ်ရာများနဲ့သေဆုံးနေပါတယ်။ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက”အနေအထားကတော့ ရန်ဖြစ်ပြီးသေဆုံးတဲ့အနေအထားပါ။သေဆုံးတဲ့သူက တက္ကစီယာဉ်မောင်းဖြစ်တယ်။ အခင်းမဖြစ်မှီ သေဆုံးသူက သူ့ဇနီးဆီဖုန်းဆက်ပြီး ယာဉ်တစ်စီးနဲ့ညှိထားတယ်။ လျှော်နိုင်တဲ့ အဆင့်မရှိဘူးလို့ပြောတယ်။ အနီးနားကပတ်ဝန်ကျင်ပြောပြချက်အရ ကားသမားနဲ့ရန်ဖြစ်နေတာတွေ့တယ်။ ရိုးရိုးသားသားရန်ဖြစ်နေတာထင်တာ။နောက်တော့တစ်ယောက်ကထွက်ပြေးသွားတယ်။ တစ်ယောက်ကဓားဒဏ်ရာတွေနဲ့ငုတ်တုတ်လေးထိုင်ပြီးလဲသွားတယ်။ ထိုးတဲ့အကောင်က မရမ်းကုန်း(၃)ရပ်ကွက်ကိုထွက်ပြေးသွားတယ်။သေဆုံးသူက တစ်ဖက်ကားလမ်းကိုပြေးတယ်။”လို့ပြောပါတယ်။

ကျူးလွန်သူအသုံးပြုသွားတယ်လို့ယူဆရတဲ့ သွေးစွန်းနေတဲ့ ဓားတစ်ချောင်းကို မရမ်းကုန်းမြို့နယ်၊ (၃)ရပ်ကွက်၊ အေးငြိမ်းသာလမ်းအနီးမှာ တွေ့ရှိတယ်လို့သူကဆက်ပြောပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် (၃)ရပ်ကွက်၊ အင်းစိန်လမ်းမပေါ်၊ မရမ်းကုန်း အထက(၂)ကျောင်းအနီး အငှားယာဉ်မောင်းအမျိုးသားတစ်ဦး ထိုးသွင်းပြတ်ရှဒဏ်ရာများနဲ့ သေဆုံးနေတာဖြစ်ပါတယ်။ တိုယိုတာ ကိုရိုတာ အမျိုးအစားအငှားယာဉ်ဟာ သမိုင်းလမ်းဆုံဘက်မှ အင်းစိန်လမ်းမကြီးအတိုင်း မောင်းနှင်လာကာ မရမ်းကုန်း အထက (၂)ကျောင်းနားအရောက်မှာ လမ်းလယ်ကျွန်းပေါ်ရပ်တန့်သွားခဲ့ပြီး ဒဏ်ရာများနဲ့ အမျိုးသားတစ်ဦးထွက်လာခဲ့တယ်လို့ ပတ်ဝန်ကျင်ပြည်သူများပြောပြချက်အရသိရတယ်လို့ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့ထံကသိရပါတယ်။ သေဆုံးသူအမျိုးသားဟာ ရမ်ကင်းမြို့နယ်မှာနေထိုင်တဲ့ ဦးထွန်းထွန်းလင်း အသက် (၄၂)နှစ်ဖြစ်ပါတယ်။ ဦးထွန်းထွန်းလင်းဟာ ထိုးသွင်းဒဏ်ရာ ၅ချက် နဲ့ ပြတ်ရှဒဏ်ရာများရရှိပြီး သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ ဦးထွန်းထွန်းလင်းသေဆုံးမှုနဲ့ပတ်သက်ပြီဲး အင်းစိန်မြို့မရဲစခန်းမှ (ပ)၁၄၁/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၂နဲ့ အမှုဖွင့်ထားကာ ပြစ်မှုကျူးလွန်သူကိုဖမ်းဆီးရမိရေးစုံစမ်းနေပါတယ်။

Author / နှင်းနှင်း
Credit: Kumudra