ZawGyiဖြင့်ဖတ်ရန်
Unicodeဖြင့်ဖတ်ရန်

အဆိုတော် ချမ်းချမ်းနဲ့ သရုပ်ဆောင် ဘုဏ်းသိုက်တို့ကတော့ ထူးခြားတဲ့ မင်္ဂလာပွဲကြီးတစ်ခုကို အိန္ဒိယဖက်ရှင်တွေဝတ်ပြီး တက်ခဲ့ကြပါတယ်။ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက အိမ်ထောင်ရေးကွာရှင်းခဲ့တဲ့ သူတို့နှစစ်ယောက်က ခုချိန်ထိ အဆက်အသွယ်မလုပ်ပဲ ရှိနေကြတာ ဖြစ်ပါတယ်။ ဖေ့စ်ဘွက်မှာလည်း သူတို့အကြောင်းတွေ မပြောကြတော့ပါဘူး။မနေ့ (ဇန်နဝါရီလ ၇ ရက်) ညမှာတော့ ရန်ကုန်က အိန္ဒယမျိုးနွယ်သူဌေးတစ်ယောက်ရဲ့ ခမ်းနားတဲ့ မင်္ဂလာပွဲကြီးကို အိန္ဒိယဖက်ရှင်တွေ ဝတ်ပြီး တက်ပေးခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူတို့နှစ်ယောက် အတူတကွ သွားတက်ကြတာတော့မဟုတ်ပါဘူး။ ချမ်းချမ်းနဲ့ မြမိုးဂင်္ဂါလေးကသပ်သပ် ဘုဏ်းသိုက်က သပ်သပ်ပဲ ဖြစ်ပါတယ်။ကွာရှင်းတဲ့သတင်းတွေ နာမည်ကြီးနေချိန်မှာ ချမ်းချမ်းဘက်က ဘုဏ်းသိုက်ဆီက ဖြေရှင်းချက်နဲ့၊ကတိကို တောင်းခဲ့ပါသေးတယ်။ နောက်ပိုင်းတော့ ဘာမှပြန်မပြောလို့ လက်လျှော့လိုက်ပြီ ဆိုပါတယ်။ ဘုဏ်းသိုက်ကလည်း ယောက်ျားမာနဆိုတာကို ဆွဲကိုင်ထားပါတယ်။ ဒါပေမယ့် မကြာသေးခင်ကတော့ ချမ်းချမ်းရဲ့ သို့ ချစ်နေတုန်းပဲအခွေကို ဝယ်ပြီးနားထောင်ဖြစ်တယ်လို့ သူ့ရဲ့ ဖေ့စ်ဘွက်စာမျက်နှာမှာ ပြောထားပါသေးတယ်။Photos©Chan Chan,Phone Thaik
Credit: Pann Pwint