ZawGyiဖြင့်ဖတ်ရန်



Unicodeဖြင့်ဖတ်ရန်
ပါကစ္စတန်နဲ့ အင်ဒိုနီးရှားနိုင်ငံတို့ဟာ ကမ္ဘာ့အကြမ်းဖက်မှုကို ခြိမ်းခြောက်ခံနေရတဲ့ နိုင်ငံတွေဖြစ်တယ်လို့ ပါကစ္စတန်နိုင်ငံကို အလည်အပတ်ရောက်ရှိနေတဲ့ အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက ဇန်နဝါရီ ၂၆ ရက်မှာ ပြောပါတယ်။

ပါကစ္စတန်လွှတ်တော်မှာ အင်ဒိုနီးရှားသမ္မတ ဝီဒိုဒိုက မိန့်ခွန့်ပြောကြားရာမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ မွတ်ဆလင်နိုင်ငံတွေဟာ အလွန်မြင့်မားနေပြီး သန်းနဲ့ချီတဲ့ မွတ်ဆလင်တွေဟာ သူတို့နိုင်ငံမှာ ဖြစ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတာလို့ ဆိုပါတယ်။

အင်ဒိုနီးရှား သမ္မတ ဝီဒိုဒိုဟာ ပါကစ္စတန်ပါလီမန်မှာ ဒုတိယမြောက်မိန့်ခွန်းပြောကြားတဲ့ အင်ဒိုနီးရှားသမ္မတ ဖြစ်လာခဲ့ပါတယ်။

ပါကစ္စတန်ပါလီမန်မှာ ပထမဆုံးမိန့်ခွန်း ပြောကြားခဲ့တဲ့ အင်ဒိုနီးရှားသမ္မတကတော့ သမ္မတ ဆူကာနို ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
Credit: DVB