ZawGyiျဖင့္ဖတ္ရန္
မိုမိုေလးပရိသတ္ႀကီးေရ ကိုရီးယားမင္းသမီးေလးေတြၾကည့္လိုက္ရင္ လွေနေရာပဲေနာ္။ သူတို႕ေတြထဲမွာ ဒီလိုလွပမႈအတြက္ ခြဲစိတ္ျပဳျပင္ထားတဲ့သူေတြအမ်ားသားပဲမဟုတ္လား။ လူတိုင္းက နဂိုရွိရင္းစြဲအလွထက္ပိုၿပီး လွေအာင္၊ ၾကည့္ေကာင္းေအာင္ ခြဲစိတ္ျပဳျပင္မႈေတြလုပ္ၾကတာေလ။ ဒါေပမယ့္လည္း စိတ္မေကာင္းစရာအေနနဲ႕ ခြဲစိတ္ျပဳျပင္မႈေတြျပဳလုပ္လိုက္ေတာ့မွ အမွားအယြင္းေတြေၾကာင့္ နဂိုအလွထက္ပိုၿပီး ရုပ္ဆိုးသြားရသူေတြလည္းရွိပါတယ္။ အဲ့ဒီအထဲကမွ ဆိုးဆိုးရြားရြားျဖစ္ခဲ့ရတဲ့ ဆယ္လီ (၁၀) ဦးကို ေရြးထုတ္ေပးမယ္ေနာ္။

Jocelyn Wildenstein

မိုမိုေလးပရိသတ္ႀကီးေရ သရုပ္ေဆာင္ Jocelyn Wildenstein တစ္ေယာက္ ခြဲစိတ္ျပဳျပင္မႈေတြျပဳလုပ္ၿပီးေတာ့မွ ပိုလို႕နာမည္ႀကီးခဲ့ရပါတယ္။ သူမအေနနဲ႕ လွပေစဖို႕ မ်က္ႏွာကိုခြဲစိတ္ျပဳျပင္ခဲ့တာဆိုေပမယ့္ ပလတ္စတစ္ဆာက်ဴရီအလြဲအမွားေၾကာင့္ နဂိုအလွေတြေတာင္ ကြယ္ေပ်ာက္သြားခဲ့ပါတယ္။ သူမရဲ႕အေျခအေနက ေတာ္ေတာ္ေလးကို ဆိုးဆိုး၀ါး၀ါးလြဲမွားေစခဲ့ရတာပါ။

Donatella Versace

ေနာက္ထပ္တစ္ဦးကေတာ့ ေက်ာ္ၾကားတဲ့ ဖက္ရွင္ဒီဇိုင္နာ Donatella Versace ပါ။ ႏႈတ္ခမ္းနဲ႕ ႏွာေခါင္းတ၀ိုက္ လိုအပ္မႈေတြရွိတယ္လို႕ဆိုၿပီး ခြဲစိတ္ျပဳျပင္ခဲ့တာပါ။ ဒါေပမယ့္လည္း ေမွ်ာ္လင့္မထားတဲ့ ဆိုး၀ါးတဲ့အေျခအေနကို ခြဲစိတ္ျပဳျပင္အၿပီးမွာ သူမအေနနဲ႕ရရွိလုိက္ပါတယ္။ ဒီလိုျဖစ္သြားတဲ့အေျခအေနနဲ႕ဆိုရင္ မခြဲစိတ္ဘဲထားလိုက္တာက ပိုေတာင္လွေနဦးမယ္ေနာ္။

Lara Flynn Boyle

သရုပ္ေဆာင္ Lara Flynn Boyle ကလည္း ခြဲစိတ္ျပဳျပင္မႈေတြျပဳလုပ္ၿပီးခ်ိန္မွာ ဆိုး၀ါးတဲ့ရလဒ္ေတြကို ပိုင္ဆိုင္ခဲ့ရသူတစ္ဦးပါ။ ခြဲစိတ္ျပဳျပင္မႈျပဳလုပ္ခဲ့ျခင္းက သူမရဲ႕အလွတရားေတြကို ၀ါးၿမိဳခံလိုက္ရတာပါပဲ။ အခုလိုဆိုး၀ါးတဲ့အေျခအေနေတြေၾကာင့္ သူမအေနနဲ႕ ခြဲစိတ္ျပုျပင္ခဲ့မႈအေပၚ တရားစြဲဆိုမႈေတြေတာင္ ျပဳလုပ္ခဲ့တဲ့အထိ အေျခအေနေတြက ဆိုးဆုိး၀ါး၀ါးျဖစ္ခဲ့ရတာပါ။

Daryl Hannah

ခြဲစိတ္ျပဳျပင္ခဲ့တာ မွားယြင္းခဲ့သူေတြထဲမွာ ရုပ္ရွင္သရုပ္ေဆာင္ Daryl Hannah လည္းအပါအ၀င္ျဖစ္ခဲ့ပါတယ္။ အမွားအယြင္းေတြရွိခဲ့တဲ့ အဲ့ဒီခြဲစိတ္ျပဳျပင္မႈက သူမအတြက္ေတာ့ ဆိုး၀ါးတဲ့အေျခအေနေတြနဲ႕ ရင္ဆိုင္သြားခဲ့ရပါတယ္။

Tara Reid

ဒီတစ္ခါေတာ့ Body လွပဖို႕အတြက္ ခြဲစိတ္ျပဳျပင္ခဲ့တဲ့ သရုပ္ေဆာင္ Tara Reid ပါ။ သူမကလည္း မေသသပ္တဲ့ခြဲစိတ္ျပဳျပင္မႈေၾကာင့္ ၾကည့္ရဆိုးတဲ့ အေျခအေနကိုရင္ဆိုင္ခဲ့ရၿပီး ဆိုး၀ါးတဲ့ ခြဲစိတ္ျပဳျပင္မႈနဲ႕ႀကံဳေတြ႕ခဲ့ရတဲ့ ဆယ္လီစာရင္း၀င္ ျဖစ္သြားခဲ့ရတာပါပဲ။

Carrot Top

သရုပ္ေဆာင္ Carrot Top ကလည္း လြဲမွားတဲ့ ခြဲစိတ္ျပဳျပင္မႈနဲ႕ႀကံဳေတြ႕ခဲ့ရၿပီး ခြဲစိတ္ျပဳျပင္လိုက္ခါမွ ပိုလို႕ၾကည့္ရဆိုးသူ စာရင္းထဲကို ပါ၀င္ခဲ့တာပါတဲ့။

La Toya Jacksoni

အေမရိကန္ ေတးေရး၊ အဆိုေတာ္၊ သရုပ္ေဆာင္ La Toya Jacksoni ကေတာ့ ႏွာေခါင္းတ၀ိုက္နဲ႕ ေမးရိုးခြဲစိတ္ျပဳျပင္မႈျပဳလုပ္ခဲ့တာပါ။ ခြဲစိတ္ၿပီးတဲ့အခါမွာေတာ့ စိတ္ေက်နပ္မႈမရခဲ့ဘဲ ပိုမိုဆိုး၀ါးတဲ့ရလဒ္ျဖစ္ခဲ့ရတာပါလို႕ ဆိုပါတယ္။

Carla Bruni

ေမာ္ဒယ္နဲ႕ အဆိုေတာ္ေဟာင္းတစ္ဦးျဖစ္တဲ့ Carla Bruni ကေတာ့ မ်က္ႏွာနဲ႕ မ်က္လံုးတ၀ိုက္ကို ခြဲစိတ္ျပဳျပင္ခဲ့တာပါတဲ့။ ဒါေပမယ့္လည္း ခြဲစိတ္ျပဳျပင္ထားတဲ့ ရလဒ္ကေတာ့ နဂိုအလွေတြကိုေတာင္ မမီဘူးျဖစ္ခဲ့တာလို႕ဆိုပါတယ္။

Shauna Sand

သရုပ္ေဆာင္ Shauna Sand ကလည္း ခြဲစိတ္ျပဳျပင္မႈေၾကာင့္ ၾကည့္ရဆိုးသူေတြထဲမွာ ပါ၀င္ေနပါတယ္တဲ့။ သူမကေတာ့ ႏႈတ္ခမ္းတ၀ိုက္ေဆးထုိးျပဳျပင္ခဲ့တာလို႕ ဆိုပါတယ္။ ရလဒ္ကေတာ့ သူမရဲ႕ နဂိုအလွေတြ ေပ်ာက္ပ်က္လုနီးအေျခအေနျဖစ္ခဲ့ရတယ္လို႕လည္း ဆိုပါတယ္။

Katie Price

ေမာ္ဒယ္တစ္ဦးလည္းျဖစ္ အဆိုေတာ္တစ္ဦးလည္းျဖစ္တဲ့ Katie Price ကလည္း ခြဲစိတ္ျပဳျပင္မႈအတြက္ ရလဒ္ဆိုးေတြကို ပိုင္ဆိုင္ထားသူပါတဲ့။ သူမကလည္း ႏႈတ္ခမ္းအလွအတြက္ ျပဳျပင္ခဲ့တာျဖစ္ၿပီး ျပဳျပင္ၿပီးခ်ိန္မွာ ပိုမိုဆိုး၀ါးတဲ့အေျခအေနကို ရင္ဆိုင္ခဲ့ရတယ္လို႕ ဆိုပါတယ္။

မိုမိုေလးပရိသတ္ႀကီးေရ လွခ်င္လို႕ေတာ့ ျပဳျပင္ၾကတာပါပဲ။ ဒါေပမယ့္လည္း စိတ္မေကာင္းစရာေကာင္းတာက ျပဳျပင္မႈအမွားအယြင္းေတြေၾကာင့္ အရင္ထက္ပိုၿပီး ဆိုး၀ါးသြားခဲ့ရသလို နဂိုအလွေလးေတြေတာင္ ေပ်ာက္ကြယ္သြားတာကေတာ့ ၀မ္းနည္းစရာပဲေနာ္။

ref:yorkfeed
#HM
Credit: MOMOLAY
Unicodeဖြင့်ဖတ်ရန်

မိုမိုလေးပရိသတ်ကြီးရေ ကိုရီးယားမင်းသမီးလေးတွေကြည့်လိုက်ရင် လှနေရောပဲနော်။ သူတို့တွေထဲမှာ ဒီလိုလှပမှုအတွက် ခွဲစိတ်ပြုပြင်ထားတဲ့သူတွေအများသားပဲမဟုတ်လား။ လူတိုင်းက နဂိုရှိရင်းစွဲအလှထက်ပိုပြီး လှအောင်၊ ကြည့်ကောင်းအောင် ခွဲစိတ်ပြုပြင်မှုတွေလုပ်ကြတာလေ။ ဒါပေမယ့်လည်း စိတ်မကောင်းစရာအနေနဲ့ ခွဲစိတ်ပြုပြင်မှုတွေပြုလုပ်လိုက်တော့မှ အမှားအယွင်းတွေကြောင့် နဂိုအလှထက်ပိုပြီး ရုပ်ဆိုးသွားရသူတွေလည်းရှိပါတယ်။ အဲ့ဒီအထဲကမှ ဆိုးဆိုးရွားရွားဖြစ်ခဲ့ရတဲ့ ဆယ်လီ (၁၀) ဦးကို ရွေးထုတ်ပေးမယ်နော်။

Jocelyn Wildenstein

မိုမိုလေးပရိသတ်ကြီးရေ သရုပ်ဆောင် Jocelyn Wildenstein တစ်ယောက် ခွဲစိတ်ပြုပြင်မှုတွေပြုလုပ်ပြီးတော့မှ ပိုလို့နာမည်ကြီးခဲ့ရပါတယ်။ သူမအနေနဲ့ လှပစေဖို့ မျက်နှာကိုခွဲစိတ်ပြုပြင်ခဲ့တာဆိုပေမယ့် ပလတ်စတစ်ဆာကျူရီအလွဲအမှားကြောင့် နဂိုအလှတွေတောင် ကွယ်ပျောက်သွားခဲ့ပါတယ်။ သူမရဲ့အခြေအနေက တော်တော်လေးကို ဆိုးဆိုးဝါးဝါးလွဲမှားစေခဲ့ရတာပါ။

Donatella Versace

နောက်ထပ်တစ်ဦးကတော့ ကျော်ကြားတဲ့ ဖက်ရှင်ဒီဇိုင်နာ Donatella Versace ပါ။ နှုတ်ခမ်းနဲ့ နှာခေါင်းတဝိုက် လိုအပ်မှုတွေရှိတယ်လို့ဆိုပြီး ခွဲစိတ်ပြုပြင်ခဲ့တာပါ။ ဒါပေမယ့်လည်း မျှော်လင့်မထားတဲ့ ဆိုးဝါးတဲ့အခြေအနေကို ခွဲစိတ်ပြုပြင်အပြီးမှာ သူမအနေနဲ့ရရှိလိုက်ပါတယ်။ ဒီလိုဖြစ်သွားတဲ့အခြေအနေနဲ့ဆိုရင် မခွဲစိတ်ဘဲထားလိုက်တာက ပိုတောင်လှနေဦးမယ်နော်။

Lara Flynn Boyle

သရုပ်ဆောင် Lara Flynn Boyle ကလည်း ခွဲစိတ်ပြုပြင်မှုတွေပြုလုပ်ပြီးချိန်မှာ ဆိုးဝါးတဲ့ရလဒ်တွေကို ပိုင်ဆိုင်ခဲ့ရသူတစ်ဦးပါ။ ခွဲစိတ်ပြုပြင်မှုပြုလုပ်ခဲ့ခြင်းက သူမရဲ့အလှတရားတွေကို ဝါးမြိုခံလိုက်ရတာပါပဲ။ အခုလိုဆိုးဝါးတဲ့အခြေအနေတွေကြောင့် သူမအနေနဲ့ ခွဲစိတ်ပြုပြင်ခဲ့မှုအပေါ် တရားစွဲဆိုမှုတွေတောင် ပြုလုပ်ခဲ့တဲ့အထိ အခြေအနေတွေက ဆိုးဆိုးဝါးဝါးဖြစ်ခဲ့ရတာပါ။

Daryl Hannah

ခွဲစိတ်ပြုပြင်ခဲ့တာ မှားယွင်းခဲ့သူတွေထဲမှာ ရုပ်ရှင်သရုပ်ဆောင် Daryl Hannah လည်းအပါအဝင်ဖြစ်ခဲ့ပါတယ်။ အမှားအယွင်းတွေရှိခဲ့တဲ့ အဲ့ဒီခွဲစိတ်ပြုပြင်မှုက သူမအတွက်တော့ ဆိုးဝါးတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်သွားခဲ့ရပါတယ်။

Tara Reid

ဒီတစ်ခါတော့ Body လှပဖို့အတွက် ခွဲစိတ်ပြုပြင်ခဲ့တဲ့ သရုပ်ဆောင် Tara Reid ပါ။ သူမကလည်း မသေသပ်တဲ့ခွဲစိတ်ပြုပြင်မှုကြောင့် ကြည့်ရဆိုးတဲ့ အခြေအနေကိုရင်ဆိုင်ခဲ့ရပြီး ဆိုးဝါးတဲ့ ခွဲစိတ်ပြုပြင်မှုနဲ့ကြုံတွေ့ခဲ့ရတဲ့ ဆယ်လီစာရင်းဝင် ဖြစ်သွားခဲ့ရတာပါပဲ။

Carrot Top

သရုပ်ဆောင် Carrot Top ကလည်း လွဲမှားတဲ့ ခွဲစိတ်ပြုပြင်မှုနဲ့ကြုံတွေ့ခဲ့ရပြီး ခွဲစိတ်ပြုပြင်လိုက်ခါမှ ပိုလို့ကြည့်ရဆိုးသူ စာရင်းထဲကို ပါဝင်ခဲ့တာပါတဲ့။

La Toya Jacksoni

အမေရိကန် တေးရေး၊ အဆိုတော်၊ သရုပ်ဆောင် La Toya Jacksoni ကတော့ နှာခေါင်းတဝိုက်နဲ့ မေးရိုးခွဲစိတ်ပြုပြင်မှုပြုလုပ်ခဲ့တာပါ။ ခွဲစိတ်ပြီးတဲ့အခါမှာတော့ စိတ်ကျေနပ်မှုမရခဲ့ဘဲ ပိုမိုဆိုးဝါးတဲ့ရလဒ်ဖြစ်ခဲ့ရတာပါလို့ ဆိုပါတယ်။

Carla Bruni

မော်ဒယ်နဲ့ အဆိုတော်ဟောင်းတစ်ဦးဖြစ်တဲ့ Carla Bruni ကတော့ မျက်နှာနဲ့ မျက်လုံးတဝိုက်ကို ခွဲစိတ်ပြုပြင်ခဲ့တာပါတဲ့။ ဒါပေမယ့်လည်း ခွဲစိတ်ပြုပြင်ထားတဲ့ ရလဒ်ကတော့ နဂိုအလှတွေကိုတောင် မမီဘူးဖြစ်ခဲ့တာလို့ဆိုပါတယ်။

Shauna Sand

သရုပ်ဆောင် Shauna Sand ကလည်း ခွဲစိတ်ပြုပြင်မှုကြောင့် ကြည့်ရဆိုးသူတွေထဲမှာ ပါဝင်နေပါတယ်တဲ့။ သူမကတော့ နှုတ်ခမ်းတဝိုက်ဆေးထိုးပြုပြင်ခဲ့တာလို့ ဆိုပါတယ်။ ရလဒ်ကတော့ သူမရဲ့ နဂိုအလှတွေ ပျောက်ပျက်လုနီးအခြေအနေဖြစ်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။

Katie Price

မော်ဒယ်တစ်ဦးလည်းဖြစ် အဆိုတော်တစ်ဦးလည်းဖြစ်တဲ့ Katie Price ကလည်း ခွဲစိတ်ပြုပြင်မှုအတွက် ရလဒ်ဆိုးတွေကို ပိုင်ဆိုင်ထားသူပါတဲ့။ သူမကလည်း နှုတ်ခမ်းအလှအတွက် ပြုပြင်ခဲ့တာဖြစ်ပြီး ပြုပြင်ပြီးချိန်မှာ ပိုမိုဆိုးဝါးတဲ့အခြေအနေကို ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။

မိုမိုလေးပရိသတ်ကြီးရေ လှချင်လို့တော့ ပြုပြင်ကြတာပါပဲ။ ဒါပေမယ့်လည်း စိတ်မကောင်းစရာကောင်းတာက ပြုပြင်မှုအမှားအယွင်းတွေကြောင့် အရင်ထက်ပိုပြီး ဆိုးဝါးသွားခဲ့ရသလို နဂိုအလှလေးတွေတောင် ပျောက်ကွယ်သွားတာကတော့ ဝမ်းနည်းစရာပဲနော်။

ref:yorkfeed
#HM
Credit: MOMOLAY