Zawgyi ဖြင့်ဖတ်ရန်
သတိပြုစရာ
Phyo Cho cho Linn
—————————————————
Phyu Phyu : မှန်ပါတယ်
———————–
—————————-
—————-
————————-
——————
—————————–
Moe Moe : ငွေ၂သိန်ကိုအိမ်မှာရေသွားတာအကြိမ်ကြိမ်ဘဲ ဘဏ်ရောက်တော့ သူတို့လက်ထဲရောက်ပြီးလည်းဘာမှမပြောဘူးရေနေတာလည်းတွေ့တယ် ခဏစောင့်နေတော့မှလှမ်းခေါ်ပြီး ၅၀၀၀ ရော့နေတယ်တဲ့ပြန်တောင်းတော့ကြောင်သွားတယ် ပြူးကြောင်ကြောင်ဖြစ်ပြီးပေးခဲ့ရတယ် နောက်လည်းမအပ်တော့ဘူး
————————-
အိန်ဂျယ် ဏီ : ကိုယ်တွေ နှစ်သိန်းသုံးသိန်းတောင်သုံးရွက်လိုနေလို့ များကြီးဆိုလိုမှာပေါ့ ခုနောက်ပိုင်းတော့ကြာချင်ကြာသေချာ စစ်ပီးယူတော့တာ
———————
———————-
————–
————
——————–
—————
—————–
——————
May ZarChi :
———————-
Lanu Lanu : ဘယ်ဘဏ်မဆို၁၀၀၀တန်အုပ်အထဲမှာ အစုတ်တွေညှပ်ထည့်တာ ထုံးစံပါပဲကိုယ်တွေ့ပါ
————————
—————————
Unicode ဖြင့်ဖတ်ရန်
သတိပြုစရာ
KBZ က ဟိုတနေ့က ငွေထုတ်လာတယ် ၊ တထောင်တန် တသိန်းအုပ် ၁၀ အုပ်တစီး စီစည်းထားတာ ၊ ၁၀ သိန်း ၅ ထုတ် ၅၀ ပေါ့။ ဘဏ်စည်း သေသေချာချာ ဆိုတော့လည်း ဖြည်မရေခိုင်းတော့ဘူး။ ဒီနေ့ မနက် ငွေ ၁၅ သိန်း လွှဲစရာရှိလို့ ထုတ်လာတဲ့ ငွေထဲက ၁၀ သိန်း တထုတ် ရယ် ကိုယ့်တခြားပိုက်ဆံထဲက ငါးထောင်တန် ငါးသိန်း တထုတ်ရယ် အိမ်က ညီလေးတယောက်ကို KBZက လွှဲခိုင်းလိုက်တယ်။ ဘဏ်ရောက်တော့ ငွေရေတော့ ငါးထောင်တန် ငါးသိန်းက ပြည့်ပီး ၁၀ သိန်း ၁ထောင်တန်အုပ်တိုင်းက မပြည့်ဘူးဖြစ်နေတယ်တဲ့။
ဘဏ်ဝန်ထမ်းက ညီလေး ရေ ငွေတွေက မပြည့်ဘူး ပြောတော့ ညီလေးကလည်း အကိုတို့ဘဏ်စီးအတိုင်းဘဲလေဗျ လို့ပြောပြတယ်။ ဘဏ်ကကောင်လေးက ကျတော်တို့က ပြည့်ပါတယ်ဗျလို့ ပြန်ပြောပြတယ်။ အဲတော့လည်း ကိုယ့်အမှားဘဲ နေမှာပါလေ ဆိုပီး လိုတာ ထပ်ဖြည့်လွှဲပီး ပြန်လာတယ်။ လိုငွေက ၁၀သိန်း မှာ အုပ်တိုင်း နဲနဲစီ လျော့တာ စုစုပေါင်း ၂၃ ရွက် တထောင်တန်တွေ။ အိမ်ပြန်ရောက်လို့ အကျိုးအကြောင်း ပြောပြလို့ ကျန်တဲ့ ၁၀ စီး ၄၀ ကို ဖြေရေလိုက်တာ ၁၀ သိန်း တထုတ်ဘဲ ပြည့်တယ်။ ၁၀ သိန်း တထုတ်မှာ တအုပ်က ၈၆ ရွက် ၈၇ ရွက် ကျန်တဲ့အထုတ်တေမှာ ၉၉ ရွက် ၉၇ ရွက် ၉၄ ရွက် လျော့ကြတာစုစုပေါင်း ငွေ ၄၀ မှာ ၃၇ ရွက် လျော့တယ် မနက်က ၂၃ ရွက်နဲ့ဆို ငွေ သိန်း ၅၀ မှာ စုစုပေါင်း တထောင်တန် အရွက် ၆၀ ပျောက်တယ်။
အရင်သူများတွေ ပို့စ်တင်တာ တွေ့ပေမယ့် နမော်နမဲ့ အဲလောက် မထင်ထားဘူး။အခုဟာက လွန်သွားပီ ၉၉ ရွက်လောက်က လက်ခံလို့ရသေးတယ်။
၈၆ တို့ ၈၇ တို့က လွန်လွန်းတယ် ငွေရေစက်တွေ ဘာလုပ်ဖို့ ထားတာလဲ လုပ်တာ ကိုင်တာ အရမ်းပေါ့လျော့တယ်။ ဒီလိုမျိုး လူပေါင်း ဘယ်လောက်ထိ ရှိပီလဲ? သာဓုခေါ် ရေစက်ချပါတယ် KBZ ရယ်။ သူငယ်ချင်းတို့လည်း တထောင်တန် သေချာစည်းထားတာဘဲ ဆိုပီး ယုံကြည်စွာ ယူမလာကြဖို့ သတိပေးချင်ပါတယ် တအုပ်ချင်း ဖြည် စစ်ခိုင်းပါ လုံးဝ မယုံ ရပါ KBZ bank
Phyo Cho cho Linn
—————————————————
Phyu Phyu : မှန်ပါတယ်
မင်္ဂလာဈေးKBZမှသိန်း750ထုတ်ပြီးယုဇနပလာဇာအနောက် မြန့်မာ့အရှေ့ဆောင်ဘဏ်မှမကွေးသို့ငွေလွဲသောအခါတသောင်းတန်အတုပါနေသဖြင်KBZဘဏ်အာ းသွားပြောရာkbzမှသူတို့ငွေများအားစက်ဖြင့်စစ်ဆေးထားကြောင်းငြင်းပါသည် မိမိမှလည်းKBZမှထုထ်လာသောငွေများအားမိမိဆိုင်၌အထုတ်မုဖြည်ပါဆိုင်၌cctvပြပါမည်မြန့်မာ့အရှေ့ဆောင်ဘဏ်မှMDကထောက်ခံစာရေးကာ cctv ပါ ကြည့်ခွင့်ပေးမည်ဆိုသဖြင့်KBZ(mgz) မှပြန်လည်၍တသောင်းတန်အတုပြန်၍လက်ခံပေးပါသည်။ အထပ်မှဖြစ်္စဉ်များလည်း မကြာခဏတွေ့ကြုံဘူးပါသည်။
———————–
Sharp Snow : ပို့စ်တင်တဲ့လူမမှားပါဘူး ရွက်ရေစစ်ပြီးပြည့်လို့လက်ခံခဲ့တာ အိမ်ကျမှ ငါးထောင်တန်ကြား တစ်ရာတန် အသစ်တွေညပ်ထည့် ပေးလိုက်ပါတယ်
—————————-
U Nyan Lynn : ဗိုလ်အောင်ကျော်KBZ က ထုတ်ပြီးနောက်နေ့ ငွေလွှဲတော့ ၅၀၀၀ တန်နဲ့ ၅၀၀ ညှပ်ထည့်ထားလို့ ပြန်စိုက်ပေးလိုက်ရတယ် KBZ ဘဏ် ဆလံ ဘဏ်ဆိုဘာမှန်းမသိသူတွေကဝင်ပြောတာနာသဗျာ သိန်းထောင်ချီထုတ်ရင်အထုတ်ပြည့်မပြည့်စစ်ရတယ် တထုတ်ချင်းစက်နဲ့ပြန်မရေနိုင်ပါ စက်နဲ့ပြန်ရေသည့်တိုင် ၅၀၀၀ ကို ၅၀၀ ညှပ်ထည့်ရင်ရွက်ရေပြည့်မှာဘဲ ကိုယ်တိုင်ချက်ကိုငွေထုတ်ပြီးမီခံသေတ္တာထဲ သိမ်းပြီးနောက်နေ့KBZ ဘဏ်နောက်တခုက နယ်ကိုငွေလွှဲတယ် ၅၀၀၀ ကို ၅၀၀ နဲ့ ကြားညှပ်ထားလို့ ၆ရွက်စိုက်ပေးရ တယ်။
ဘဏ်ကမထွက်ခင် မစစ်လားစည်းကမ်းမသိလားနဲ့အောင်ကိုဝင်းမယားငယ်သားတွေက ဝိုင်းအူကြတယ် နောက်မဆက်ဆံတော့ပါဖြစ်နိုင်တာက ဘဏ်ဝန်ထမ်းနဲ့ရင်းနှီးတဲ့သူတွေ ငွေလွှဲတဲ့အထဲကပါလာတာ ဘဏ်နဲ့ငွေသွင်းထုတ်မလုပ်ဖူးတဲ့လူတွေကြားကဝင်ဝေဖန်တာပိုဆိုးတယ် သိန်းထောင်နဲ့ချီထုတ်တဲ့လူက ငွေတသိန်း တထုတ်ချင်းစက်နဲ့ပြန်စစ်ဖို့ မဖြစ်နိုင်ပါ စက်နဲ့စစ်ပြန်တော့အရွက်ပြည့်မယ်၂၀ တန်တို့ ၅၀ တန်တို့ ညှပ်ထည့်ထားတယ် ကျုပ်ကိုယ်တိုင်ထုတ်ပြီးမီးခံသေတ္တာထဲ သိမ်းထားပြီးနောက်နေ့ နယ်ကိုပြန် လွှဲတယ် ၅၀၀၀ တန်ကို ၅၀၀ တန်ညှပ်ထည့်ထားတယ်။ ၅၀၀၀တန်တထုတ်ကို ၅၀၀ တန်တရွက်ပါနေလို့ ပြန်ဖြည့်ပေးခဲ့ရတယ် ဒီအဖြစ်ကိုတားဆီးဖို့နည်လမ်းရှာရမယ် သံတွဲ မွေးရေဘဏ်မှာလဲကြုံဖူးတယ်
—————-
Love Lay : အဲဒီလိုများတာမပြောနဲ့၉လပိုင်းက ၂ သိန်းထုပ်တာတောင် ၉ ရွက်ရော့နေတယ် KBZ ဘဏ်ကိုဂရုစိုက်ကြပါ
————————-
alorous : တခါကြုံပါတယ်ဘဏ်ကထုတ်တော့အစွန်းပါတယ်ပြန်အပ်တော့မယူဘူး ၁၀၀၀၀ တန်ပါဒီဘဏ်ကဘဲထုတ်တယ်ဒီဘဏ်ကဘဲမရဘူးတဲ့တတ်လဲတတ်နိုင်တယ်
——————
Nan Nan : ခံရတာအခေါက်ပေါင်းရီလိုမရတောဘူးလူရှေ့မှာဆိုတောပိုက်ဆံမရီဘဲယူခဲ့တောရော့ပါတယ်KBZကိုသတိပေးချင်ပါတယ်
—————————–
Moe Moe : ငွေ၂သိန်ကိုအိမ်မှာရေသွားတာအကြိမ်ကြိမ်ဘဲ ဘဏ်ရောက်တော့ သူတု့ိလက်ထဲရောက်ပြီးလည်းဘာမှမပြောဘူးရေနေတာလည်းတွေ့တယ် ခဏစောင့်နေတော့မှလှမ်းခေါ်ပြီး ၅၀၀၀ ရော့နေတယ်တဲ့ပြန်တောင်းတော့ကြောင်သွားတယ် ပြူးကြောင်ကြောင်ဖြစ်ပြီးပေးခဲ့ရတယ် နောက်လည်းမအပ်တော့ဘူး
————————-
အိန်ဂျယ် ဏီ : ကိုယ်တွေ နှစ်သိန်းသုုံးသိန်းတောင်သုံးရွက်လိုနေလို့ များကြီးဆိုလိုမှာပေါ့ ခုနောက်ပိုင်းတော့ကြာချင်ကြာသေချာ စစ်ပီးယူတော့တာ
———————
ဘုန်း မြတ် : ၅၀၀၀ တန်အစီးကိုဖြည်လိုက်တာ ၅၀၀ တန်အသေးတစ်အုပ် အလယ်ကပါလာတယ် အဲဒီတုန်းက ၄၅၀၀၀၀ ကြွသွားတယ်။ ကိုယ်ကပိုက်ဆံမရည်ချင်လို့ဘဏ်သွာထည့်ထားတာဘဏ်ကပြန်ထုပ်မှ ၄၅၀၀၀၀ ပါသွားတယ်။
———————-
Kaung Chan Thar : ကိုယ်လဲခံရတယ်အဲဒီဘဏ်ယုံရဘူး ပိုဆိုးတာက ၅၀၀၀ တန် သိန်း ၅၀ အုပ်တိုင်းမှာ သူတို့ရေးထားတာက အစုပ် အပြဲ တိပ်ကပ် လို့ရေးထား တာတွေကြည့်ပဲ နောက်နေ့ ငွေလွှဲတော့ သူတို့က လက်မခံဘူး ဒါကြောင့် တပည့် ကိုပြောလိုပ်တယ် အော်သာဆဲခဲ့လို့
————–
Aye Thida Naing Naing : စက်ထဲမှာ အရွက် ၁၀၀ ပြည့်တယ် လက်ထဲမှာ မပြည့်ဘူး စက်မှာ လုပ်ကြံထားတာ ကျွန်မလဲ ကြုံပီးပီ သုံးနေတုန်းက မသိဘူး အုပ်လိုက် သူများကို အပေးတော့ သိလိုက်ရတာ ဒါတောင် သူများပြောလို့ ကိုယ်ဒေလိုဆို မရေကြည့်ဖြစ်ဘူး
————
Moe Moe : ဟုပ်ပါဘူးသူဒို့မမှားဘူးဗျငွေရီတဲ့စက်ကကြောင်နေလို့နေမှာပါကျွန်တော်လည်း၁သိန်း၇အုပ်မှာ၁၀ရွက်ရှော့နေတာမိန်မနဲ့ရန်ဖြစ်ရတယ်ဗျို့
——————–
May Thu Chit : သူတို့ရှေ့မှာပိုက်ဆံတွေကိုရေတွက်တော့သူတို့ကပြောတယ်စက်နဲ့ရေတွက်ထားတာပါညီမတဲ့ ညီမကတော့မရဘူးစစ်တောသြူတို့ကကိုယ်ပြောတယ်လေတောသားတဲ့အထင်သေးတဲ့မျက်လုံးနဲ့ကြည့်နေကြပြန်ကိုယ်ပိုကဆံကိုယ်စစ်တာအထင်သေးခံရတယ်တဲ့ကြားလို့မှကောင်းလားခုတော့ကြည့်လျှော့တော့သွားပြန်ပြောတော့ကိုယ်ကလူလိမ်လို့ဖြစ်နေပြန်ရောဗမာစိတ်ဓါတ်တွေကလိန်ကကျင့်တွေ
—————
Ko Kyaw Gyi : ဘဏ်ဝန်ထမ်းတွေခိုးတာဖြစ်မယ် မန်နေဂျာတွေသေသေချာချာစစ်ပေးပါ။ ကျွန်တော်လဲတခါကြုံုပြီပြီ။
—————–
Aung Naing Thu : အစိုရဘဏ်တွေလဲးတူတူပါဘဲးမြစိမ်ရောင်စီမံကိန်ကသိန်းသုံးရာရလို့သွာထုပ်ပါတယ်မရေရဘူတဲ့ရွာရောက်လို့ချေးငွေထုပ်ပေးတော့သိန်းသုံးရာမှာငွေရှစ်သောင်းလိုနေလို့ကော်မတီကစိုက်ရတယ်မှတ်ကရော့
——————
May ZarChi :
ဖြစ်ပီးသွားပြီငါးထောင်တန်ငါးသိန်းတစ်အုပ်မှာငါးထောင်တန်11ရွက်ရော့နေတယ်။
———————-
Lanu Lanu : ဘယ်ဘဏ်မဆိုု၁၀၀၀တန်အုပ်အထဲမှာ အစုတ်တွေညှပ်ထည့်တာ ထုံးစံပါပဲကိုယ်တွေ့ပါ
————————
ဇော် ဇေယျာ : ငါးသိန်းအုပ်လေး အုပ်မှာတအုပ်ထဲ ခုနှစ်ရွက်လျော့ဖူးတယ်။
—————————
Credit; Nang May Ei (HtooDaily.com)