Zawgyi ျဖင့္ ဖတ္ရန္
ပါကစၥတန္ႏုိင္ငံ ကာဆာၿမိဳ႕တြင္ ကေလးငယ္မ်ားကို ပစ္မွတ္ထားၿပီး မုဒိမ္းက်င့္ သတ္ျဖတ္ေနသည့္ လူမဆန္ေသာ ကြင္းဆက္ လူသတ္သမား ရွိေနသည္ဟု ေၾကာက္ရြံ႕စိုးရိမ္မႈမ်ား ျဖစ္ပြားေစခဲ့ေသာ ေျခာက္ႏွစ္အရြယ္ ဇုိင္နက္အမန္းဆိုသည့္ ကေလးမေလး အဓမၼျပဳက်င့္ သတ္ျဖတ္ခံရခဲ့မႈ၏ အဓိက သံသယရွိသူတစ္ဦးကို ရဲတပ္ဖြဲ႔က ဇန္န၀ါရီ ၂၃ ရက္တြင္ ဖမ္းဆီးခဲ့သည္။

ကာဆာၿမိဳ႕၏ ႏွစ္ကီလိုမီတာ အ၀န္းအ၀ိုင္းအတြင္းမွာပင္ ၿပီးခဲ့သည့္ ႏွစ္ႏွစ္အတြင္း ကေလးငယ္မ်ား အဓမၼျပဳက်င့္ သတ္ျဖတ္ခံရမႈ ျဖစ္ပြားရာတြင္ ဇုိင္နက္အမန္းက ၁၂ ရက္ေျမာက္ အဓမၼက်င့္ သတ္ျဖတ္ခံရသည့္ ကေလးမေလးျဖစ္သည္။ ထိုသို႔ေသာ ဆက္တိုက္ဆိုသကဲ့သို႔ သက္ငယ္မုဒိမ္းက်င့္ သတ္ျဖတ္မႈမ်ား ျဖစ္ပြားျခင္းေၾကာင့္ အာဏာပိုင္မ်ားကို အျပစ္ဆိုကာ ဆူပူဆႏၵျပမႈမ်ားျဖစ္ပြားခဲ့ၿပီး ရဲစခန္းႏွင့္ ရဲမ်ား ေနအိမ္တို႔ကို မီး႐ႈိ႕ဖ်က္ဆီးျခင္းမ်ားအထိ ျဖစ္ခဲ့သည္။

ကာဆာၿမိဳ႕ တည္ရွိရာ ပန္ဂ်က္ျပည္နယ္ ၀န္ႀကီးခ်ဳပ္က ဇန္န၀ါရီ ၂၃ ရက္ ေႏွာင္းပိုင္းတြင္ ဇိုင္နက္အမန္းအား သတ္ျဖတ္မႈ က်ဳးလြန္သည့္ သံသယရွိသူ အမ္ရန္းအလီကို ဖမ္းဆီးရမိေၾကာင္း သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ေၾကညာသည္။

“ဇိုင္နက္ကို သတ္ခဲ့သူကို ဖမ္းမိတယ္။ သူဟာ အမ္ရန္းဆိုသူျဖစ္ၿပီး အသက္ ၂၄ ႏွစ္ရွိ ကာဆာၿမိဳ႕သားပဲ။ သူဟာ လူမဆန္တဲ့ လူသတ္သမားပဲ။”ဟု ၀န္ႀကီးခ်ဳပ္ ရွာရစ္ဖ္က ေျပာသည္။

ဇိုင္နက္ကို သတ္ျဖတ္ရာ အခင္းျဖစ္ေနရာက ဒီအင္န္ေအႏွင့္ လူေပါင္း ၁၁၅၀ ကို တိုက္ဆိုက္စစ္ေဆးခဲ့ရာမွာ အမ္ရန္း၏ ဒီအင္န္ေအ ရာႏႈန္းျပည့္ ကိုက္ညီမႈ ရွိေနေၾကာင္း ၎က ေျပာသည္။

“ေနာက္ထပ္ စစ္ေဆးမႈမ်ားလည္း ျပဳလုပ္ခဲ့ၿပီး တရားခံဟာ သူလုပ္ခဲ့သမွ် ၀န္ခံပါတယ္။ ဒါကိုလည္း ကၽြန္ေတာ္တို႔ သူ႔ေျဖာင့္ခ်က္ေပးတာကို ဗီဒီယို မွတ္တမ္းတင္ထားပါတယ္။”ဟု ရွာရစ္ဖ္က ဆိုသည္။

“အမ္ရန္းဟာ ေသဆုံးတဲ့ ကေလးမေလး ဇုိင္နက္တုိ႔ ေနအိမ္ အေနာက္လမ္းမွာပဲ ေနထုိင္သူပါ။”ဟု ရဲတာ၀န္ရွိသူတစ္ဦးက ေေျပာသည္။

အမ္ရန္းကို လူသတ္မႈ ေပၚေပါက္ၿပီး ရက္ပိုင္းအတြင္း ဖမ္းခဲ့ေသာ္လည္း ၎က ျငင္းဆန္သျဖင့္ အာဏာပိုင္မ်ားက ျပန္လႊတ္ေပးခဲ့ျခင္းျဖစ္ကာ ဒီအင္န္ေအ ကိုက္ညီမႈအရ ထပ္မံဖမ္းဆီးခဲ့ျခင္းျဖစ္ေၾကာင္း အျခားရဲတာ၀န္ရွိသူတစ္ဦးက ေျပာသည္။

ၿပီးခဲ့သည့္ လအတြင္း ဇိုင္နက္သည္ ေနအိမ္မွ ေပ်ာက္ဆုံး၍ ရဲစခန္းသို႔ မိဘမ်ားက အမႈဖြင့္ၿပီး ေလးရက္ခန္႔အၾကာတြင္ အမႈိက္ပုံတစ္ခု၌ လာေရာက္စြန္႔ပစ္ထားသည့္ ႐ုပ္အေလာင္းကို ေတြ႔ရွိျခင္းျဖစ္သည္။

မႈခင္းေဆးစစ္ခ်က္မ်ားအရ ဇုိင္နက္မွာ အဓမၼျပဳက်င့္ခံထားရေၾကာင္း သိရၿပီး ႏိုင္ငံအ၀န္း ဇိုင္နက္ သတ္ျဖတ္ခံရမႈအတြက္ ဆႏၵျပမႈမ်ား ျဖစ္ပြားခဲ့သည္။ ႐ုပ္သံသတင္းမ်ားကလည္း ဇုိင္နက္အား ေနာက္ဆုံးျမင္ေတြ႔ရမႈျဖစ္ႏုိင္သည့္ စီစီတီဗီ မွတ္တမ္းတစ္ရပ္တြင္ အမည္မသိလူတစ္ဦး၏ ေခၚရာေနာက္ လက္တြဲကာ ကေလးမေလး ဇုိင္နက္ လိုက္ပါသြားသည့္ ျမင္ကြင္းကို အႀကိမ္ႀကိမ္ ထုတ္လႊင့္ျပသခဲ့ၾကျခင္းျဖစ္သည္။
Unicode ျဖင့္ ဖတ္ရန္

ပါကစ္စတန်နိုင်ငံ ကာဆာမြို့တွင် ကလေးငယ်များကို ပစ်မှတ်ထားပြီး မုဒိမ်းကျင့် သတ်ဖြတ်နေသည့် လူမဆန်သော ကွင်းဆက် လူသတ်သမား ရှိနေသည်ဟု ကြောက်ရွံ့စိုးရိမ်မှုများ ဖြစ်ပွားစေခဲ့သော ခြောက်နှစ်အရွယ် ဇိုင်နက်အမန်းဆိုသည့် ကလေးမလေး အဓမ္မပြုကျင့် သတ်ဖြတ်ခံရခဲ့မှု၏ အဓိက သံသယရှိသူတစ်ဦးကို ရဲတပ်ဖွဲ့က ဇန်နဝါရီ ၂၃ ရက်တွင် ဖမ်းဆီးခဲ့သည်။

ကာဆာမြို့၏ နှစ်ကီလိုမီတာ အဝန်းအဝိုင်းအတွင်းမှာပင် ပြီးခဲ့သည့် နှစ်နှစ်အတွင်း ကလေးငယ်များ အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှု ဖြစ်ပွားရာတွင် ဇိုင်နက်အမန်းက ၁၂ ရက်မြောက် အဓမ္မကျင့် သတ်ဖြတ်ခံရသည့် ကလေးမလေးဖြစ်သည်။ ထိုသို့သော ဆက်တိုက်ဆိုသကဲ့သို့ သက်ငယ်မုဒိမ်းကျင့် သတ်ဖြတ်မှုများ ဖြစ်ပွားခြင်းကြောင့် အာဏာပိုင်များကို အပြစ်ဆိုကာ ဆူပူဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီး ရဲစခန်းနှင့် ရဲများ နေအိမ်တို့ကို မီးရှို့ဖျက်ဆီးခြင်းများအထိ ဖြစ်ခဲ့သည်။

ကာဆာမြို့ တည်ရှိရာ ပန်ဂျက်ပြည်နယ် ဝန်ကြီးချုပ်က ဇန်နဝါရီ ၂၃ ရက် နှောင်းပိုင်းတွင် ဇိုင်နက်အမန်းအား သတ်ဖြတ်မှု ကျုးလွန်သည့် သံသယရှိသူ အမ်ရန်းအလီကို ဖမ်းဆီးရမိကြောင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကြေညာသည်။

“ဇိုင်နက်ကို သတ်ခဲ့သူကို ဖမ်းမိတယ်။ သူဟာ အမ်ရန်းဆိုသူဖြစ်ပြီး အသက် ၂၄ နှစ်ရှိ ကာဆာမြို့သားပဲ။ သူဟာ လူမဆန်တဲ့ လူသတ်သမားပဲ။”ဟု ဝန်ကြီးချုပ် ရှာရစ်ဖ်က ပြောသည်။

ဇိုင်နက်ကို သတ်ဖြတ်ရာ အခင်းဖြစ်နေရာက ဒီအင်န်အေနှင့် လူပေါင်း ၁၁၅၀ ကို တိုက်ဆိုက်စစ်ဆေးခဲ့ရာမှာ အမ်ရန်း၏ ဒီအင်န်အေ ရာနှုန်းပြည့် ကိုက်ညီမှု ရှိနေကြောင်း ၎င်းက ပြောသည်။

“နောက်ထပ် စစ်ဆေးမှုများလည်း ပြုလုပ်ခဲ့ပြီး တရားခံဟာ သူလုပ်ခဲ့သမျှ ဝန်ခံပါတယ်။ ဒါကိုလည်း ကျွန်တော်တို့ သူ့ဖြောင့်ချက်ပေးတာကို ဗီဒီယို မှတ်တမ်းတင်ထားပါတယ်။”ဟု ရှာရစ်ဖ်က ဆိုသည်။

“အမ်ရန်းဟာ သေဆုံးတဲ့ ကလေးမလေး ဇိုင်နက်တို့ နေအိမ် အနောက်လမ်းမှာပဲ နေထိုင်သူပါ။”ဟု ရဲတာဝန်ရှိသူတစ်ဦးက ေပြောသည်။

အမ်ရန်းကို လူသတ်မှု ပေါ်ပေါက်ပြီး ရက်ပိုင်းအတွင်း ဖမ်းခဲ့သော်လည်း ၎င်းက ငြင်းဆန်သဖြင့် အာဏာပိုင်များက ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကာ ဒီအင်န်အေ ကိုက်ညီမှုအရ ထပ်မံဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း အခြားရဲတာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် လအတွင်း ဇိုင်နက်သည် နေအိမ်မှ ပျောက်ဆုံး၍ ရဲစခန်းသို့ မိဘများက အမှုဖွင့်ပြီး လေးရက်ခန့်အကြာတွင် အမှိုက်ပုံတစ်ခု၌ လာရောက်စွန့်ပစ်ထားသည့် ရုပ်အလောင်းကို တွေ့ရှိခြင်းဖြစ်သည်။

မှုခင်းဆေးစစ်ချက်များအရ ဇိုင်နက်မှာ အဓမ္မပြုကျင့်ခံထားရကြောင်း သိရပြီး နိုင်ငံအဝန်း ဇိုင်နက် သတ်ဖြတ်ခံရမှုအတွက် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။ ရုပ်သံသတင်းများကလည်း ဇိုင်နက်အား နောက်ဆုံးမြင်တွေ့ရမှုဖြစ်နိုင်သည့် စီစီတီဗီ မှတ်တမ်းတစ်ရပ်တွင် အမည်မသိလူတစ်ဦး၏ ခေါ်ရာနောက် လက်တွဲကာ ကလေးမလေး ဇိုင်နက် လိုက်ပါသွားသည့် မြင်ကွင်းကို အကြိမ်ကြိမ် ထုတ်လွှင့်ပြသခဲ့ကြခြင်းဖြစ်သည်။
Credit: Mizzima