မႏၲေလး

Zawgyi ျဖင့္ဖတ္ရန္
မႏၲေလးၿမဳိ႕မွာ မေန႔က က်င္းပတဲ့ ႏွစ္ ၇၀ ျပည့္ လြတ္လပ္ေရးေန႔ အထိမ္းမွတ္ မီနီမာရသြန္အေျပးၿပိဳင္ပြဲမွာ ပန္းဝင္ခါနီး မႏၲလာသီရိ ေဘာလံုးကြင္းအ၀င္ေရွ႕အေရာက္မွာ Honda fit အျပာေရာင္ကားဟာ အရွိန္မထိန္းႏိုင္ဘဲ မာရသြန္အေျပးသမား ဦးေက်ာ္စိုးဝင္းကို ဝင္တုိက္မိခဲ့ပါတယ္။

ကားတိုက္ခံရလို႔ အေျပးသမား ဦးေက်ာ္စိုးဝင္းဟာ ယာတင္ပါးဆံု ပြန္းဒဏ္ရာ၊ အတြင္းလူနာ၊ မစိုးရိမ္ရနဲ႔ မႏၲေလးေဆး႐ံုႀကီးမွာ ေဆးကုသမူ ခံယူေနခဲ့ရပါတယ္။

မီနီမာရသြန္ၿပိဳင္ပြဲဝင္ ဦးေက်ာ္စိုးဝင္းကို စည္ပင္ေကာ္မတီက ႏွစ္သိမ့္ဆုကို ေပးအပ္ခ်ီးျမႇင့္ခဲ့ပါတယ္။

ယာဥ္ေမာင္းကိုေတာ့ မဆင္မျခင္ ေမာင္းႏွင္မႈနဲ႔ ရဲအုပ္က တရားလိုျပဳလုပ္ၿပီး ခ်မ္းျမသာစည္ၿမိဳ႕နယ္ အမွတ္ (၁၁) နယ္ေျမရဲစခန္းမွာ ရာဇသတ္ႀကီး ဥပေဒပုဒ္မ -၃၃၇ အရ အမႈဖြင့္ အေရးထားတယ္လို႔ စည္ပင္သာယာေရးေကာ္မတီက သိရပါတယ္။
Credit; DVB
Unicode ဖြင့်ဖတ်ရန်

မန္တလေးမြို့မှာ မနေ့က ကျင်းပတဲ့ နှစ် ၇၀ ပြည့် လွတ်လပ်ရေးနေ့ အထိမ်းမှတ် မီနီမာရသွန်အပြေးပြိုင်ပွဲမှာ ပန်းဝင်ခါနီး မန္တလာသီရိ ဘောလုံးကွင်းအဝင်ရှေ့အရောက်မှာ Honda fit အပြာရောင်ကားဟာ အရှိန်မထိန်းနိုင်ဘဲ မာရသွန်အပြေးသမား ဦးကျော်စိုးဝင်းကို ဝင်တိုက်မိခဲ့ပါတယ်။

ကားတိုက်ခံရလို့ အပြေးသမား ဦးကျော်စိုးဝင်းဟာ ယာတင်ပါးဆုံ ပွန်းဒဏ်ရာ၊ အတွင်းလူနာ၊ မစိုးရိမ်ရနဲ့ မန္တလေးဆေးရုံကြီးမှာ ဆေးကုသမူ ခံယူနေခဲ့ရပါတယ်။

မီနီမာရသွန်ပြိုင်ပွဲဝင် ဦးကျော်စိုးဝင်းကို စည်ပင်ကော်မတီက နှစ်သိမ့်ဆုကို ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

ယာဉ်မောင်းကိုတော့ မဆင်မခြင် မောင်းနှင်မှုနဲ့ ရဲအုပ်က တရားလိုပြုလုပ်ပြီး ချမ်းမြသာစည်မြို့နယ် အမှတ် (၁၁) နယ်မြေရဲစခန်းမှာ ရာဇသတ်ကြီး ဥပဒေပုဒ်မ -၃၃၇ အရ အမှုဖွင့် အရေးထားတယ်လို့ စည်ပင်သာယာရေးကော်မတီက သိရပါတယ်။
Credit; DVB