Zawgyi ျဖင့္ဖတ္ရန္
3ဂ်င္မီကာတာလက္ထက္က F-15 နဲ႔ F-16 လို ေမာ္ဒယ္လ္ေတြကို အစားထိုး အသုံးျပဳဖို႔ အစီအစဥ္ ရွိေနတယ္ လို႔ ဆိုပါတယ္။
အထူးသျဖင့္ေတာ့ ႐ုရွား ေလတပ္မွာ MiG-21 Fishbed ေမာ္ဒယ္ေတြရဲ႕ စြမ္းေဆာင္ရည္ အထူးေကာင္းမြန္ တိုးတက္လာ တာေၾကာင့္ အခုလို အစားထိုး ေမာ္ဒယ္နဲ႔ အသုံးျပဳဖို႔ ရွိလာတာလည္း ျဖစ္ပါတယ္။
အစပိုင္းမွာ အခု ေမာ္ဒယ္ကို F-5G အျဖစ္ အမည္ေပးထားခဲ့ၿပီး အေမရိကန္ ေလတပ္ အပါအဝင္ သူ႔ရဲ႕ မဟာမိတ္ႏိုင္ငံေတြက စစ္တပ္ေတြမွာ သုံးေနတဲ့ F-5E နဲ႔ F-5F Tiger လို ေမာ္ဒယ္ေတြ ေနရာမွာ အစားထိုး အသုံးျပဳဖို႔ ျပင္ဆင္ ဖန္တီးထား တာ ျဖစ္ပါတယ္။ ေျပာရရင္ေတာ့ ေရွ႕ထြက္ ေမာ္ဒယ္ေတြရဲ႕ ပုံစံကို အေျခခံယူ တည္ေဆာက္ထားေပမယ့္ တကယ္တမ္း အားနည္းခ်က္ နည္းေအာင္ ဖန္တီးထားတာကေတာ့ ၿပိဳင္ဘက္ ႐ုရွားရဲ႕ ေမာ္ဒယ္ MiG-21 မွာ ေတြ႕ရတဲ့ အားနည္းခ်က္ ေတြကို ဖယ္ထုတ္ ဖန္တီးလာတာပါ။
ၿပီးေတာ့ အေမရိကန္စစ္တပ္မွာက သမၼတေဟာင္း ဂ်င္မီကာတာရဲ႕ လက္ထက္ကေန စတင္ၿပီး တိုက္ေလယာဥ္ ေမာ္ဒယ္ေတြ ျဖစ္တဲ့ F-15 Eagle နဲ႔ F-16 Fighting Falcon ေတြကို အေရအတြက္ အမ်ားအျပား ထုတ္လုပ္ျခင္း မရွိေတာ့တာက ဖန္တီးမႈ အပိုင္းမွာပါ အားနည္း ေနေစၿပီး အဓိက ၿပိဳင္ဘက္ ႐ုရွားမွာ တိုက္ေလယာဥ္ ေကာင္းေကာင္း ပိုင္ဆိုင္လာခ်ိန္မွာ အေမရိကန္က ေနာက္က်သလို ျဖစ္ေနေစခဲ့တာပါ။

ဒီထဲမွာ အေမရိကန္ရဲ႕ အဓိက မိတ္ဆက္ အစၥေရးကေတာ့ ကံေကာင္းသြားပါတယ္။ တိုက္ေလယာဥ္ အစီးေရ အမ်ားအျပား ဝယ္လိုက္ႏိုင္ေပမယ့္ တျခား အေမရိကန္ရဲ႕ မဟာမိတ္ေတြမွာေတာ့ တိုက္ေလယာဥ္ မ်ားမ်ားစားစား မရွိလွပါဘူး။ အခုေတာ့ တိုက္ေလယာဥ္ခ်င္း အတူတူ MiG-21 ထက္ အားနည္းခ်က္ ရွိေနမယ့္ F-16 လို ေမာ္ဒယ္ရဲ႕ ေနရာမွာ အစားထိုးဖို႔ ေမာ္ဒယ္သစ္ ထြက္လာပါၿပီ။ F-20 လို႔ပဲ အလြယ္ေခၚရမယ့္ ေမာ္ဒယ္ပါ။
ေရွ႕ထြက္ F-5E ေမာ္ဒယ္ေတြမွာသုံးေနတဲ့ F-404 Turbofan စနစ္နဲ႔ အင္ဂ်င္ေတြ ေနရာမွာ J85 Turbojet အင္ဂ်င္ကို ႏွစ္လုံးထိုင္ ပုံစံ ထိုင္ထားတယ္၊ F/A-18 ေမာ္ဒယ္ေတြမွာ ေတြ႕ရတဲ့ အင္ဂ်င္ အထိုင္မ်ိဳး ျဖစ္လာပါတယ္။ ၿပီးေတာ့ ေပါင္းစပ္ ဖန္တီးမႈ အျဖစ္ AIM-7 Sparrow စနစ္ပါလာတယ္၊ ဒီစနစ္က ေရဒါနဲ႔ လမ္းၫႊန္ေပးတဲ့ ပစ္မွတ္ကို ပစ္ခတ္မယ့္ ဒုံးက်ည္ေတြ တပ္ဆင္ ပါရွိတဲ့ စနစ္ပါ။
ၿပီးေတာ့ အခု ေမာ္ဒယ္မွာ ခ်ိဳ႕ယြင္းခ်က္ ျပင္ဆင္ စနစ္က အရမ္းကို လြယ္ကူလာ ပါတယ္။ ၿပီးေတာ့ ထုတ္လုပ္မႈ စရိတ္ေရာ ျပင္ဆင္မႈ စရိတ္ပါ ခ်ိဳခ်ိဳသာသာနဲ႔ ၿပီးစီးေစမွာပါ။

သိရသေလာက္ေတာ့ တိုက္ေလယာဥ္ တစီး ထုတ္လုပ္မႈ စရိတ္ ေဒၚလာ ၁၅ သန္းေလာက္နဲ႔ ရႏိုင္ေနတာပါ။ ဒါဟာ ပုံမွန္ တိုက္ေလယာဥ္ တစီး အတြက္ ေဒၚလာ သန္း ရာဂဏန္းေလာက္ သုံးရမႈကိုလည္း ေလွ်ာ့ခ်လိုက္ႏိုင္တာပါ။
MilitaryFactory.com ကေန ေဖာ္ျပခ်က္ အရ အခု ေမာ္ဒယ္သစ္ F-20 အေနနဲ႔ အျမန္ဆုံး ေမာင္းႏွင္ႏိုင္မႈ ႏႈန္း အေနနဲ႔ တနာရီ မိုင္ ၁၅၀၀ ႏႈန္းေလာက္ထိ အျမန္ဆုံး ေမာင္းႏွင္ႏိုင္မယ့္ အျပင္ ဆီအျပည့္နဲ႔ ဆိုရင္ မိုင္ေပါင္း ၁၇၁၅ မိုင္ထိ ေရာက္ႏိုင္တယ္ လို႔ ဆိုပါတယ္။ လက္ရွိမွာေတာ့ စမ္းသပ္ ေမာင္းႏွင္ႏိုင္တဲ့ ေမာ္ဒယ္ ၃ စီး ထုတ္လုပ္ထားၿပီး ဆီစား ပိုနည္းေအာင္ ဆက္လက္ ဖန္တီးမႈေတြ လုပ္ေဆာင္ေနတယ္ လို႔လည္း သိရပါတယ္။

ဒါေပမယ့္ အခု ေမာ္ဒယ္ကို တိုက္ေလယာဥ္ထုတ္လုပ္သူ Notrhrop က အေကာင္းဆုံး ဖန္တီးေနေပမယ့္ ဝယ္ယူ အသုံးျပဳမယ့္ အေမရိကန္ေလတပ္ေရာ ေရတပ္ေရာက ေမာ္ဒယ္သစ္ကို သိပ္ မလိုခ်င္ဘူး ျဖစ္ေနတယ္ လို႔လည္း သိရပါတယ္။ ေလေၾကာင္းရန္ ကာကြယ္ေရးအဖြဲ႕ ကလည္း လက္ရွိ သုံးေနတဲ့ F-106 Delta Darts နဲ႔ F-4 Phantoms ေမာ္ဒယ္ေတြ ေနရာမွာ အစားထိုး အသုံးျပဳဖို႔ ဆိုတဲ့ တင္သြင္းမႈကို ပယ္ခ်ထားတာ ေတြ႕ရပါတယ္။
သူတို႔က အခုလို F-20 ထုတ္လုပ္မယ္၊ အစားထိုး သုံးမယ္ ဆိုတာထက္ F-16 ရဲ႕ ေနာက္ဆက္တြဲ F-16s ကိုပဲ ဆက္လက္ ထုတ္လုပ္ေစခ်င္၊ သုံးခ်င္ေနတာလည္း ျဖစ္ပါတယ္။ အဓိက အေနနဲ႔ေတာ့ တိုက္ေလယာဥ္မႉးေတြ အေနနဲ႔ ေမာင္းေနက်၊ အသားက်ေနတဲ့ ပုံစံ တိုက္ေလယာဥ္ေတြကိုပဲ အစိုးရက ေပးေမာင္းခ်င္ေနတာ ျဖစ္ၿပီး Northrop ကေတာ့ ေမာ္ဒယ္သစ္ F-20 ကို ၿပီးျပည့္စုံေအာင္ ဖန္တီးၿပီးရင္ေတာ့ အေမရိကန္ စစ္တပ္ေရာ အျခား မိတ္ဖက္ ႏိုင္ငံေတြကပါ သေဘာက် လက္ခံတဲ့ ေမာ္ဒယ္ ျဖစ္လာမယ္ လို႔ ဆက္လက္ ယုံၾကည္ေနတာလည္း ေတြ႕ရပါတယ္။

F-20 အေၾကာင္း ေျပာရမယ္ ဆိုရင္ ေမာ္ဒယ္က ပထမဆုံး စမ္းသပ္ပ်ံသန္းမႈ အျဖစ္ ၁၉၈၂ ခုႏွစ္ ၾသဂုတ္ ၃၀ ရက္ ကတည္းက လုပ္ေဆာင္ႏိုင္ခဲ့တာ ျဖစ္ေပမယ့္ ၿပီးျပည့္စုံေအာင္ ဖန္တီးႏိုင္မႈ မရွိေသးလို႔ F-16 လို ေမာ္ဒယ္ေတြကိုပဲ ထုတ္လုပ္ အသုံးျပဳေနခဲ့တာပါ။ ထုတ္လုပ္သူ Northrop Coporation အေနနဲ႔ အဆိုပါ အခ်ိန္ကေန အခုထိေအာင္ ဒီေမာ္ဒယ္ အတြက္ ကုန္က်စရိတ္ အေမရိကန္ ေဒၚလာ ၁ ဒသမ ၂ ဘီလီယံထိ ရွိေနပါၿပီ။ ေလယာဥ္မႉးတေယာက္တည္း လိုက္ပါႏိုင္မယ့္ တိုက္ေလယာဥ္မ်ိဳးပါ၊ အလ်ား ၁၄ ဒသမ ၄ မီတာ (၄၇ ေပနဲ႔ ၄ လက္မ) ရွိပါတယ္၊

ေတာင္ပံအက်ယ္ ၂၇ ေပနဲ႔ ၁၁ ဒသမ ၉ လက္မ၊ အျမင့္ ၁၃ ေပနဲ႔ ၁၀ လက္မ၊ ေလယာဥ္ သီးသန႔္ အေလးခ်ိန္ ေပါင္ ၁၃၁၅၀ ရွိၿပီး၊ လက္နက္၊ ဆီေတြ ျဖည့္လိုက္ရင္ ေပါင္ ၁၅၄၈၀ ေလးပါမယ္၊ အသံထက္ ၂ ဆ ခန႔္ ျမန္ပါမယ္။ တမိနစ္ကို ေပ ၅၂၈၀၀ ႏႈန္းနဲ႔ ပ်ံတက္ႏိုင္ပါတယ္။ ၂၀ မီလီ စက္ေသနတ္ ၂ လက္၊ ၃၆၀၀ ကီလို ဗုံးေတြ၊ တင့္ဖ်က္ဒုံးေတြ၊ ေရဒါနဲ႔ ထိန္းခ်ဳပ္ပစ္ခတ္ ဒုံးက်ည္ေတြ ပါရွိမယ္။ CRV7 တာေဝးပစ္ အေျမႇာက္ ၂ လက္ပါမယ္။ AIM-7 ဆိုရင္ ဒုံး ၄ လုံး၊ AIM-9 ဆိုရင္ ၂ လုံး တပ္ဆင္ႏိုင္မယ္၊ Mark 80 တန္းဝင္ သံေဖာက္ ဗုံးေတြ၊ CBU-24 တန္းဝင္ အတြဲလိုက္ ဆင့္ကဲကြဲ ဗုံးေတြ၊ M129 တန္းဝင္ ဗုံးေတြပါ တပ္ဆင္ပါရွိမွာ ျဖစ္ပါတယ္။ ။
Ref: www.businessinsider.com & www.wikipedia.org
Unicode ဖြင့်ဖတ်ရန်

တိုက်လေယာဉ် မော်ဒယ်လ်သစ်ရဲ့ အမည်အပြည့်အစုံက Northrop F-20 Tigershark ဖြစ်ပါတယ်။ အမေရိကန် လေတပ်မှာ အများအပြား အသုံးပြုလာဖို့ ရှိနေပြီး လက်ရှိ အသုံးပြုနေတဲ့ သမ္မတ ဂျင်မီကာတာလက်ထက်က F-15 နဲ့ F-16 လို မော်ဒယ်လ်တွေကို အစားထိုး အသုံးပြုဖို့ အစီအစဉ် ရှိနေတယ် လို့ ဆိုပါတယ်။
အထူးသဖြင့်တော့ ရုရှား လေတပ်မှာ MiG-21 Fishbed မော်ဒယ်တွေရဲ့ စွမ်းဆောင်ရည် အထူးကောင်းမွန် တိုးတက်လာ တာကြောင့် အခုလို အစားထိုး မော်ဒယ်နဲ့ အသုံးပြုဖို့ ရှိလာတာလည်း ဖြစ်ပါတယ်။
အစပိုင်းမှာ အခု မော်ဒယ်ကို F-5G အဖြစ် အမည်ပေးထားခဲ့ပြီး အမေရိကန် လေတပ် အပါအဝင် သူ့ရဲ့ မဟာမိတ်နိုင်ငံတွေက စစ်တပ်တွေမှာ သုံးနေတဲ့ F-5E နဲ့ F-5F Tiger လို မော်ဒယ်တွေ နေရာမှာ အစားထိုး အသုံးပြုဖို့ ပြင်ဆင် ဖန်တီးထား တာ ဖြစ်ပါတယ်။ ပြောရရင်တော့ ရှေ့ထွက် မော်ဒယ်တွေရဲ့ ပုံစံကို အခြေခံယူ တည်ဆောက်ထားပေမယ့် တကယ်တမ်း အားနည်းချက် နည်းအောင် ဖန်တီးထားတာကတော့ ပြိုင်ဘက် ရုရှားရဲ့ မော်ဒယ် MiG-21 မှာ တွေ့ရတဲ့ အားနည်းချက် တွေကို ဖယ်ထုတ် ဖန်တီးလာတာပါ။
ပြီးတော့ အမေရိကန်စစ်တပ်မှာက သမ္မတဟောင်း ဂျင်မီကာတာရဲ့ လက်ထက်ကနေ စတင်ပြီး တိုက်လေယာဉ် မော်ဒယ်တွေ ဖြစ်တဲ့ F-15 Eagle နဲ့ F-16 Fighting Falcon တွေကို အရေအတွက် အများအပြား ထုတ်လုပ်ခြင်း မရှိတော့တာက ဖန်တီးမှု အပိုင်းမှာပါ အားနည်း နေစေပြီး အဓိက ပြိုင်ဘက် ရုရှားမှာ တိုက်လေယာဉ် ကောင်းကောင်း ပိုင်ဆိုင်လာချိန်မှာ အမေရိကန်က နောက်ကျသလို ဖြစ်နေစေခဲ့တာပါ။

ဒီထဲမှာ အမေရိကန်ရဲ့ အဓိက မိတ်ဆက် အစ္စရေးကတော့ ကံကောင်းသွားပါတယ်။ တိုက်လေယာဉ် အစီးရေ အများအပြား ဝယ်လိုက်နိုင်ပေမယ့် တခြား အမေရိကန်ရဲ့ မဟာမိတ်တွေမှာတော့ တိုက်လေယာဉ် များများစားစား မရှိလှပါဘူး။ အခုတော့ တိုက်လေယာဉ်ချင်း အတူတူ MiG-21 ထက် အားနည်းချက် ရှိနေမယ့် F-16 လို မော်ဒယ်ရဲ့ နေရာမှာ အစားထိုးဖို့ မော်ဒယ်သစ် ထွက်လာပါပြီ။ F-20 လို့ပဲ အလွယ်ခေါ်ရမယ့် မော်ဒယ်ပါ။
ရှေ့ထွက် F-5E မော်ဒယ်တွေမှာသုံးနေတဲ့ F-404 Turbofan စနစ်နဲ့ အင်ဂျင်တွေ နေရာမှာ J85 Turbojet အင်ဂျင်ကို နှစ်လုံးထိုင် ပုံစံ ထိုင်ထားတယ်၊ F/A-18 မော်ဒယ်တွေမှာ တွေ့ရတဲ့ အင်ဂျင် အထိုင်မျိုး ဖြစ်လာပါတယ်။ ပြီးတော့ ပေါင်းစပ် ဖန်တီးမှု အဖြစ် AIM-7 Sparrow စနစ်ပါလာတယ်၊ ဒီစနစ်က ရေဒါနဲ့ လမ်းညွှန်ပေးတဲ့ ပစ်မှတ်ကို ပစ်ခတ်မယ့် ဒုံးကျည်တွေ တပ်ဆင် ပါရှိတဲ့ စနစ်ပါ။
ပြီးတော့ အခု မော်ဒယ်မှာ ချို့ယွင်းချက် ပြင်ဆင် စနစ်က အရမ်းကို လွယ်ကူလာ ပါတယ်။ ပြီးတော့ ထုတ်လုပ်မှု စရိတ်ရော ပြင်ဆင်မှု စရိတ်ပါ ချိုချိုသာသာနဲ့ ပြီးစီးစေမှာပါ။

သိရသလောက်တော့ တိုက်လေယာဉ် တစီး ထုတ်လုပ်မှု စရိတ် ဒေါ်လာ ၁၅ သန်းလောက်နဲ့ ရနိုင်နေတာပါ။ ဒါဟာ ပုံမှန် တိုက်လေယာဉ် တစီး အတွက် ဒေါ်လာ သန်း ရာဂဏန်းလောက် သုံးရမှုကိုလည်း လျှော့ချလိုက်နိုင်တာပါ။
MilitaryFactory.com ကနေ ဖော်ပြချက် အရ အခု မော်ဒယ်သစ် F-20 အနေနဲ့ အမြန်ဆုံး မောင်းနှင်နိုင်မှု နှုန်း အနေနဲ့ တနာရီ မိုင် ၁၅၀၀ နှုန်းလောက်ထိ အမြန်ဆုံး မောင်းနှင်နိုင်မယ့် အပြင် ဆီအပြည့်နဲ့ ဆိုရင် မိုင်ပေါင်း ၁၇၁၅ မိုင်ထိ ရောက်နိုင်တယ် လို့ ဆိုပါတယ်။ လက်ရှိမှာတော့ စမ်းသပ် မောင်းနှင်နိုင်တဲ့ မော်ဒယ် ၃ စီး ထုတ်လုပ်ထားပြီး ဆီစား ပိုနည်းအောင် ဆက်လက် ဖန်တီးမှုတွေ လုပ်ဆောင်နေတယ် လို့လည်း သိရပါတယ်။

ဒါပေမယ့် အခု မော်ဒယ်ကို တိုက်လေယာဉ်ထုတ်လုပ်သူ Notrhrop က အကောင်းဆုံး ဖန်တီးနေပေမယ့် ဝယ်ယူ အသုံးပြုမယ့် အမေရိကန်လေတပ်ရော ရေတပ်ရောက မော်ဒယ်သစ်ကို သိပ် မလိုချင်ဘူး ဖြစ်နေတယ် လို့လည်း သိရပါတယ်။ လေကြောင်းရန် ကာကွယ်ရေးအဖွဲ့ ကလည်း လက်ရှိ သုံးနေတဲ့ F-106 Delta Darts နဲ့ F-4 Phantoms မော်ဒယ်တွေ နေရာမှာ အစားထိုး အသုံးပြုဖို့ ဆိုတဲ့ တင်သွင်းမှုကို ပယ်ချထားတာ တွေ့ရပါတယ်။
သူတို့က အခုလို F-20 ထုတ်လုပ်မယ်၊ အစားထိုး သုံးမယ် ဆိုတာထက် F-16 ရဲ့ နောက်ဆက်တွဲ F-16s ကိုပဲ ဆက်လက် ထုတ်လုပ်စေချင်၊ သုံးချင်နေတာလည်း ဖြစ်ပါတယ်။ အဓိက အနေနဲ့တော့ တိုက်လေယာဉ်မှူးတွေ အနေနဲ့ မောင်းနေကျ၊ အသားကျနေတဲ့ ပုံစံ တိုက်လေယာဉ်တွေကိုပဲ အစိုးရက ပေးမောင်းချင်နေတာ ဖြစ်ပြီး Northrop ကတော့ မော်ဒယ်သစ် F-20 ကို ပြီးပြည့်စုံအောင် ဖန်တီးပြီးရင်တော့ အမေရိကန် စစ်တပ်ရော အခြား မိတ်ဖက် နိုင်ငံတွေကပါ သဘောကျ လက်ခံတဲ့ မော်ဒယ် ဖြစ်လာမယ် လို့ ဆက်လက် ယုံကြည်နေတာလည်း တွေ့ရပါတယ်။

F-20 အကြောင်း ပြောရမယ် ဆိုရင် မော်ဒယ်က ပထမဆုံး စမ်းသပ်ပျံသန်းမှု အဖြစ် ၁၉၈၂ ခုနှစ် သြဂုတ် ၃၀ ရက် ကတည်းက လုပ်ဆောင်နိုင်ခဲ့တာ ဖြစ်ပေမယ့် ပြီးပြည့်စုံအောင် ဖန်တီးနိုင်မှု မရှိသေးလို့ F-16 လို မော်ဒယ်တွေကိုပဲ ထုတ်လုပ် အသုံးပြုနေခဲ့တာပါ။ ထုတ်လုပ်သူ Northrop Coporation အနေနဲ့ အဆိုပါ အချိန်ကနေ အခုထိအောင် ဒီမော်ဒယ် အတွက် ကုန်ကျစရိတ် အမေရိကန် ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံထိ ရှိနေပါပြီ။ လေယာဉ်မှူးတယောက်တည်း လိုက်ပါနိုင်မယ့် တိုက်လေယာဉ်မျိုးပါ၊ အလျား ၁၄ ဒသမ ၄ မီတာ (၄၇ ပေနဲ့ ၄ လက်မ) ရှိပါတယ်၊

တောင်ပံအကျယ် ၂၇ ပေနဲ့ ၁၁ ဒသမ ၉ လက်မ၊ အမြင့် ၁၃ ပေနဲ့ ၁၀ လက်မ၊ လေယာဉ် သီးသန့် အလေးချိန် ပေါင် ၁၃၁၅၀ ရှိပြီး၊ လက်နက်၊ ဆီတွေ ဖြည့်လိုက်ရင် ပေါင် ၁၅၄၈၀ လေးပါမယ်၊ အသံထက် ၂ ဆ ခန့် မြန်ပါမယ်။ တမိနစ်ကို ပေ ၅၂၈၀၀ နှုန်းနဲ့ ပျံတက်နိုင်ပါတယ်။ ၂၀ မီလီ စက်သေနတ် ၂ လက်၊ ၃၆၀၀ ကီလို ဗုံးတွေ၊ တင့်ဖျက်ဒုံးတွေ၊ ရေဒါနဲ့ ထိန်းချုပ်ပစ်ခတ် ဒုံးကျည်တွေ ပါရှိမယ်။ CRV7 တာဝေးပစ် အမြှောက် ၂ လက်ပါမယ်။ AIM-7 ဆိုရင် ဒုံး ၄ လုံး၊ AIM-9 ဆိုရင် ၂ လုံး တပ်ဆင်နိုင်မယ်၊ Mark 80 တန်းဝင် သံဖောက် ဗုံးတွေ၊ CBU-24 တန်းဝင် အတွဲလိုက် ဆင့်ကဲကွဲ ဗုံးတွေ၊ M129 တန်းဝင် ဗုံးတွေပါ တပ်ဆင်ပါရှိမှာ ဖြစ်ပါတယ်။ ။
Ref: www.businessinsider.com & www.wikipedia.org

Credit: burma.irrawaddy.