ZawGyiျဖင့္ဖတ္ရန္

ကန္ေတာ္ႀကီးပဲေလ့စ္ဟိုတယ္မီးေလာင္မႈတြင္ ဒဏ္ရာရရွိခဲ့ေသာ မီးသတ္ဦးစီးမႉးကြယ္လြန္ ကန္ေတာ္ႀကီးပဲေလ့စ္ဟိုတယ္ မီးေလာင္ရာတြင္ ဝင္ေရာက္မီးျငႇိမ္းသတ္ခဲ့ေသာ ေ႐ႊျပည္သာၿမိဳ႕နယ္ မီးသတ္ဦးစီးမႉး ဦးေက်ာ္စြာလင္းသည္ ယေန႔ ညပိုင္းက ကြယ္လြန္သြားၿပီျဖစ္သည္။

ေ႐ႊျပည္သာၿမိဳ႕နယ္ မီးသတ္ဦးစီးဌာနထံသို႔ စံေတာ္ခ်ိန္က ဆက္သြယ္ေမးျမန္းရာ ဦးေက်ာ္စြာလင္းသည္ ယေန႔(ဇန္နဝါရီ ၂၈ ရက္) ည ၈ နာရီ ၂၀ မိနစ္က ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီး ဦးေႏွာက္ႏွင့္ အာ႐ုံေၾကာ အေရးေပၚဌာန၌ကြယ္လြန္သြားျခင္းျဖစ္ေၾကာင္း အတည္ျပဳေျပာဆိုသည္။

ကန္ေတာ္ႀကီးပဲေလ့စ္ဟိုတယ္မီးေလာင္မႈျဖစ္ပြားၿပီးေနာက္ ျပည္ထဲေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ရာတြင္ဟိုတယ္အတြင္းသို႔ ဝင္ေရာက္မီးျငႇိမ္းသတ္ရာမွ ဦးေက်ာ္စြာလင္း(၃၄)ႏွစ္၏ ဦးေခါင္းေပၚသို႔ ၆ လက္မပတ္လည္၁၀ ေပခန႔္ အရွည္ရွိ သစ္သားတန္းသည္ ေပ ၂၀ ခန႔္ရွိ အျမင့္မွ ျပဳတ္က်သျဖင့္ မီးကာဦးထုတ္ကြဲေၾကကာဦးေခါင္းအားထိခိုက္မိသျဖင့္ (သတိေမ့၊ စိုးရိမ္ရ) ဒဏ္ ရာရရွိခဲ့ေၾကာင္း၊ ၎အား ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသို႔တင္ပို႔ကုသခဲ့ရာ ဦးေႏွာက္အေျမႇးေအာက္ ေသြးခဲ၊ ဦးေႏွာက္အသားထဲ ေသြးယိုစိမ့္၊ ဝဲနားထင္႐ိုးက်ိဳး ဒဏ္ရာမ်ားရရွိခဲ့သျဖင့္ ခြဲစိပ္ထားရွိၿပီး လက္ရွိအေျခအေနအရ မ်က္စိဖြင့္မရ၊ ေလ ႁပြန္ေဖာက္ထား၊ ေျခ/လက္ အနည္းငယ္လႈပ္ႏိုင္

(စိုးရိမ္ရ)သျဖင့္ ဦးေႏွာက္ႏွင့္အာ႐ုံးေၾကာကုသဌာန အထူးၾကပ္ မတ္ကုသခန္း၌ ကုသမႈခံယူလ်က္ရွိေၾကာင္း ထည့္သြင္းေဖာ္ျပခဲ့သည္။

Unicodeဖြင့်ဖတ်ရန်

သတိလစ် မေ့မြောနေခဲ့သော မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဦးစီးအရာရှိ ဦးကျော်စွာလင်းကွယ်လွန်သွားပါပြီ

ကန်တော်ကြီးပဲလေ့စ်ဟိုတယ်မီးလောင်မှုတွင် ဒဏ်ရာရရှိခဲ့သော မီးသတ်ဦးစီးမှူးကွယ်လွန် ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်ရာတွင် ဝင်ရောက်မီးငြှိမ်းသတ်ခဲ့သော ရွှေပြည်သာမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်စွာလင်းသည် ယနေ့ ညပိုင်းက ကွယ်လွန်သွားပြီဖြစ်သည်။

ရွှေပြည်သာမြို့နယ် မီးသတ်ဦးစီးဌာနထံသို့ စံတော်ချိန်က ဆက်သွယ်မေးမြန်းရာ ဦးကျော်စွာလင်းသည် ယနေ့(ဇန်နဝါရီ ၂၈ ရက်) ည ၈ နာရီ ၂၀ မိနစ်က ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြော အရေးပေါ်ဌာန၌ကွယ်လွန်သွားခြင်းဖြစ်ကြောင်း အတည်ပြုပြောဆိုသည်။

ကန်တော်ကြီးပဲလေ့စ်ဟိုတယ်မီးလောင်မှုဖြစ်ပွားပြီးနောက် ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ရာတွင်ဟိုတယ်အတွင်းသို့ ဝင်ရောက်မီးငြှိမ်းသတ်ရာမှ ဦးကျော်စွာလင်း(၃၄)နှစ်၏ ဦးခေါင်းပေါ်သို့ ၆ လက်မပတ်လည်၁၀ ပေခန့် အရှည်ရှိ သစ်သားတန်းသည် ပေ ၂၀ ခန့်ရှိ အမြင့်မှ ပြုတ်ကျသဖြင့် မီးကာဦးထုတ်ကွဲကြေကာဦးခေါင်းအားထိခိုက်မိသဖြင့် (သတိမေ့၊ စိုးရိမ်ရ) ဒဏ် ရာရရှိခဲ့ကြောင်း၊ ၎င်းအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့တင်ပို့ကုသခဲ့ရာ ဦးနှောက်အမြှေးအောက် သွေးခဲ၊ ဦးနှောက်အသားထဲ သွေးယိုစိမ့်၊ ဝဲနားထင်ရိုးကျိုး ဒဏ်ရာများရရှိခဲ့သဖြင့် ခွဲစိပ်ထားရှိပြီး လက်ရှိအခြေအနေအရ မျက်စိဖွင့်မရ၊ လေ ပြွန်ဖောက်ထား၊ ခြေ/လက် အနည်းငယ်လှုပ်နိုင်

(စိုးရိမ်ရ)သဖြင့် ဦးနှောက်နှင့်အာရုံးကြောကုသဌာန အထူးကြပ် မတ်ကုသခန်း၌ ကုသမှုခံယူလျက်ရှိကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။

Credit:The Standard Time Daily