ZawGyiျဖင့္ဖတ္ရန္
ေဖ့စ္ဘြတ္ခ္မွတဆင့္ ၁၃ ႏွစ္သမီးနဲ႔ သိကၽြမ္းခဲ့ၿပီး လိင္ဆက္ဆံခဲ့တဲ့ စင္ကာပူႏိုင္ငံသား စစ္တပ္အရာရွိတဦးကို တရား႐ုံးက ေထာင္ဒဏ္ ၁၅ လ ခ်မွတ္လိုက္တယ္လို႔ ခ်န္နယ္လ္နယူးစ္ေအးရွား သတင္းမွာ ဇန္နဝါရီ ၁၁ ရက္ေန႔က ေဖာ္ျပပါတယ္။

အသက္ ၂၃ ႏွစ္အရြယ္ စစ္တပ္အရာရွိ တန္ယံုဂ်င္ကို အသက္ ၁၄ ႏွစ္ေအာက္ အရြယ္မေရာက္ေသးသူနဲ႔ လိင္ဆက္ဆံမႈ အပါအဝင္ အလယ္တန္းေက်ာင္းသူေလးကို ကိုယ္လံုးတီးဓာတ္ပံုေတြ ေတာင္းဆိုမႈနဲ႔ တျခားအမႈ ၃ မႈကို တရား႐ုံး ၂ ခုကေန တရားစြဲဆို အမိန္႔ခ်မွတ္လိုက္တာပါ။

ျပစ္မႈက်ဴးလြန္ခံရတဲ့ ဆယ္ေက်ာ္သက္ မိန္းကေလးရဲ႕ အမည္ကိုေတာ့ ဥပေဒအရ ထုတ္ေဖာ္ေျပာၾကားခဲ့တာ မရွိပါဘူး။

သူတို႔ ၂ ဦးစလံုးဟာ တျခားေသာ ဆက္စပ္ပတ္သက္မႈေတြ မရွိခဲ့ၾကဘဲ ေဖ့စ္ဘြတ္ခ္ အင္တာနက္ လူမႈကြန္ရက္ စာမ်က္ႏွာေပၚမွတဆင့္ စတင္သိကၽြမ္း ရင္းႏွီးခဲ့ၾကတယ္လို႔ ဆိုပါတယ္။

မၾကာခင္မွာေတာ့ သူတို႔ ၂ ဦးဟာ လိင္ပိုင္းဆိုင္ရာ အေရးအသားေတြနဲ႔ မက္ေဆ့ခ်္ေတြ အျပန္အလွန္ပို႔ၾကတဲ့ အဆင့္ကို ေရာက္ခဲ့ၾကၿပီး ၂၀၁၈ ခုႏွစ္၊ ဇန္နဝါရီ ၈ ရက္ေန႔မွာေတာ့ မိန္းကေလးက တန္ကို အျပင္မွာေတြ႔ဖို႔ ခ်ိန္းဆိုခဲ့ပါတယ္။

သူတို႔ဟာ အတူဆံုခဲ့ၾကၿပီး ႐ုပ္ရွင္အတူၾကည့္ခဲ့ၾကကာ ညေနပိုင္း ၃ နာရီခြဲေလာက္ ႐ုပ္ရွင္ၿပီးခ်ိန္မွာေတာ့ မိန္းကေလးက တန္ကို သူ႔အိမ္လိုက္ခဲ့ဖို႔ ေခၚခဲ့တယ္လို႔ ဆိုပါတယ္။

အဲဒီအခ်ိန္မွာ မိန္းကေလးရဲ႕ မိဘေတြဟာ အျပင္ေရာက္ေနၾကတဲ့အတြက္ သူတို႔ ၂ ဦးဟာ လိင္ဆက္ဆံခဲ့ၾကတယ္လို႔ ျပစ္မႈစံုစမ္းေရးမႉး အမန္ဒါေခ်ာင္က တရား႐ုံးမွာ ေျပာခဲ့ပါတယ္။

သူတို႔ဟာ မိဘေတြရဲ႕ အိပ္ခန္းတြင္းမွာ လိင္ဆက္ဆံမႈ ျပဳခဲ့ၾကတာျဖစ္ၿပီး မိခင္ျဖစ္သူ ရိပ္မိသိရွိခ်ိန္မွာေတာ့ မိန္းကေလးက တန္ဟာ သူ႔ရဲ႕မိတ္ေဆြျဖစ္တယ္လို႔ ေျပာခဲ့တာပါ။

ဒါေပမယ့္ မိန္းကေလးရဲ႕ မိခင္ျဖစ္သူက လက္မခံခဲ့ဘဲ ရဲေတြကို တိုင္ၾကားခဲ့လုိ႔ ဒီအမႈ ေပၚေပါက္လာခဲ့တာ ျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ဒီျပစ္မႈကို ေထာင္ဒဏ္ ၁၅ လသာ ခ်မွတ္တဲ့အေပၚ ႏွစ္ဖက္ အျငင္းပြားမႈေတြ ရွိေနၿပီး ျပစ္မႈထင္ရွားရင္ ေထာင္ဒဏ္အႏွစ္ ၂၀ ထိနဲ႔ ႀကိမ္ဒဏ္ပါ ခ်မွတ္ခံရသင့္တယ္လို႔ သတင္းမွာ ေဖာ္ျပပါတယ္။
Unicodeဖြင့်ဖတ်ရန်
ဖေ့စ်ဘွတ်ခ်မှတဆင့် ၁၃ နှစ်သမီးနဲ့ သိကျွမ်းခဲ့ပြီး လိင်ဆက်ဆံခဲ့တဲ့ စင်ကာပူနိုင်ငံသား စစ်တပ်အရာရှိတဦးကို တရားရုံးက ထောင်ဒဏ် ၁၅ လ ချမှတ်လိုက်တယ်လို့ ချန်နယ်လ်နယူးစ်အေးရှား သတင်းမှာ ဇန်နဝါရီ ၁၁ ရက်နေ့က ဖော်ပြပါတယ်။

အသက် ၂၃ နှစ်အရွယ် စစ်တပ်အရာရှိ တန်ယုံဂျင်ကို အသက် ၁၄ နှစ်အောက် အရွယ်မရောက်သေးသူနဲ့ လိင်ဆက်ဆံမှု အပါအဝင် အလယ်တန်းကျောင်းသူလေးကို ကိုယ်လုံးတီးဓာတ်ပုံတွေ တောင်းဆိုမှုနဲ့ တခြားအမှု ၃ မှုကို တရားရုံး ၂ ခုကနေ တရားစွဲဆို အမိန့်ချမှတ်လိုက်တာပါ။

ပြစ်မှုကျူးလွန်ခံရတဲ့ ဆယ်ကျော်သက် မိန်းကလေးရဲ့ အမည်ကိုတော့ ဥပဒေအရ ထုတ်ဖော်ပြောကြားခဲ့တာ မရှိပါဘူး။

သူတို့ ၂ ဦးစလုံးဟာ တခြားသော ဆက်စပ်ပတ်သက်မှုတွေ မရှိခဲ့ကြဘဲ ဖေ့စ်ဘွတ်ခ် အင်တာနက် လူမှုကွန်ရက် စာမျက်နှာပေါ်မှတဆင့် စတင်သိကျွမ်း ရင်းနှီးခဲ့ကြတယ်လို့ ဆိုပါတယ်။

မကြာခင်မှာတော့ သူတို့ ၂ ဦးဟာ လိင်ပိုင်းဆိုင်ရာ အရေးအသားတွေနဲ့ မက်ဆေ့ချ်တွေ အပြန်အလှန်ပို့ကြတဲ့ အဆင့်ကို ရောက်ခဲ့ကြပြီး ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်နေ့မှာတော့ မိန်းကလေးက တန်ကို အပြင်မှာတွေ့ဖို့ ချိန်းဆိုခဲ့ပါတယ်။

သူတို့ဟာ အတူဆုံခဲ့ကြပြီး ရုပ်ရှင်အတူကြည့်ခဲ့ကြကာ ညနေပိုင်း ၃ နာရီခွဲလောက် ရုပ်ရှင်ပြီးချိန်မှာတော့ မိန်းကလေးက တန်ကို သူ့အိမ်လိုက်ခဲ့ဖို့ ခေါ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီအချိန်မှာ မိန်းကလေးရဲ့ မိဘတွေဟာ အပြင်ရောက်နေကြတဲ့အတွက် သူတို့ ၂ ဦးဟာ လိင်ဆက်ဆံခဲ့ကြတယ်လို့ ပြစ်မှုစုံစမ်းရေးမှူး အမန်ဒါချောင်က တရားရုံးမှာ ပြောခဲ့ပါတယ်။

သူတို့ဟာ မိဘတွေရဲ့ အိပ်ခန်းတွင်းမှာ လိင်ဆက်ဆံမှု ပြုခဲ့ကြတာဖြစ်ပြီး မိခင်ဖြစ်သူ ရိပ်မိသိရှိချိန်မှာတော့ မိန်းကလေးက တန်ဟာ သူ့ရဲ့မိတ်ဆွေဖြစ်တယ်လို့ ပြောခဲ့တာပါ။

ဒါပေမယ့် မိန်းကလေးရဲ့ မိခင်ဖြစ်သူက လက်မခံခဲ့ဘဲ ရဲတွေကို တိုင်ကြားခဲ့လို့ ဒီအမှု ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဒီပြစ်မှုကို ထောင်ဒဏ် ၁၅ လသာ ချမှတ်တဲ့အပေါ် နှစ်ဖက် အငြင်းပွားမှုတွေ ရှိနေပြီး ပြစ်မှုထင်ရှားရင် ထောင်ဒဏ်အနှစ် ၂၀ ထိနဲ့ ကြိမ်ဒဏ်ပါ ချမှတ်ခံရသင့်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
Credit: DVB

LEAVE A REPLY