Zawgyi ျဖင့္ဖတ္ရန္

ရဲစခန္း စိုက္ခင္း ထဲ ဝက္တစ္ေကာင္ ေရာက္ေနတယ္။ ဝက္ ဟာ ရဲသား ေတြစိုက္ထားတဲ့ အ႐ြက္ေတြကို စားလိုက္တယ္။စခန္းမွဴးက ဝက္ကေလးကိုဖမ္းၿပီး ေလွာင္ထားလိုက္တယ္။ ဝက္ ပိုင္႐ွင္ ကို႐ွာၿပီး ဝက္စားလိုက္တဲ့အပင္ေတြကို အေလ်ာ္ခိုင္းမလို႔ေပါ့။ ဒါေပမယ့္ ႏွစ္ရက္ေလာက္ၾကာလည္း ဝက္ ပိုင္႐ွင္ ကို မေတြ႔ခဲ့ဘူး။

စခန္းမွဴး က ဝက္အစာငတ္ေသမွာစိုးလို႔ဆိုၿပီး ေမြးထားလိုက္တယ္။ ပိုင္႐ွင္ လာ႐ွာတဲ့အခါ ျပန္အပ္ရေကာင္းေအာင္ေပါ့။

ဒီလိုနဲ႔ ႏွစ္ဝက္ၾကာသြားတယ္… ႏွစ္သစ္တစ္ႏွစ္ကိုေတာင္ ကူးေျပာင္းေတာ့မယ္။ ေပါင္ ၂ဝဝေလာက္႐ွိေနၿပီျဖစ္တဲ့ဝက္ကို လာေ႐ြးတဲ့လူလည္း မ႐ွိတာနဲ႔ ဝက္ကိုသတ္ၿပီး ႏွစ္ကူး လက္ေဆာင္ေဝဖို႔ စခန္းမွဴး က ဆံုးျဖတ္လိုက္တယ္။

ဝက္သတ္ၿပီး အသားခဲြဖို႔ျပင္ဆင္ေနတုန္းမွာပဲ စခန္းေဘးမွာေနတဲ့ အဘိုးအို တစ္ဦးက စခန္းမွဴး ကိုေျပာတယ္။

“က်ဳပ္ဝက္ အမွားလုပ္မိလို႔ ခင္ဗ်ားဖမ္းပစ္လိုက္ၿပီ၊ ခ်ဳပ္လည္း ခ်ဳပ္ထားခဲ့ၿပီးၿပီ။ အခု ေသမိန္႔ပါခ်လိုက္ၿပီဆိုေတာ့ က်ဳပ္အေလာင္းေ႐ြးခြင့္ေတာ့ ႐ွိရမွာေပါ့”

အားလံုး မူးလဲသြားတယ္။

( ဓားခုတ္ေကာင္က ပုစဥ္းရင္ကဲြကိုဖမ္းတယ္၊
သူ႔ေနာက္မွာ စာကေလးေရာက္လာတယ္။)

*****

(၂)
အဲဒီအခ်ိန္မွာပဲ စခန္း သင္တန္းနည္းျပ ျပန္ေရာက္လာၿပီး အေျခအေနကိုနားလည္ၿပီးတဲ့ေနာက္ အဘိုးအို ကို သူကေျပာတယ္။

“အဘိုး.. ဥပေဒ အရ အေလာင္းေ႐ြးမယ္ဆိုရင္ ေဆြမ်ဳိးသားခ်င္း ထဲက ဒါမွမဟုတ္ တရားဝင္ကိုယ္စားလွယ္တစ္ဦးဦးကပဲ ေ႐ြးပိုင္ခြင့္႐ွိတယ္။ DNA ပါ စစ္ရတယ္။ အဘိုးကို ေသြးေဖာက္ၿပီး ဒီဝက္နဲ႔အမ်ဳိးေတာ္မေတာ္ စစ္လို႔ရမလား….”

အဘိုးအို မူးလဲသြားတယ္။

( တစ္ေတာင္ထက္ တစ္ေတာင္ျမင့္ဆိုသလို
လူေတာ္တစ္ေယာက္ရဲ႕အထက္မွာ လူေတာ္တစ္ေယာက္အၿမဲ႐ွိတယ္။)

****

(၃)
အေဝးေရာက္ေနတဲ့ အဘိုးအို ရဲ႕ေျမး ေ႐ွ႕ေန က ဒီအေၾကာင္းကိုၾကားေတာ့ မေက်နပ္ဘူး။

ဝက္ဝယ္တုန္းက ေငြ႐ွင္းေျပစာနဲ႔ အိမ္နီးနားခ်င္းေတြကို သက္ေသေခၚၿပီး အဘိုးအို သာလွ်င္ ဝက္ရဲ႕အုပ္ထိန္းသူ လို႔ဆိုတယ္။ ေဒသတရား႐ံုးသြားၿပီး တရားစဲြဆိုပါေတာ့တယ္။

ဝက္သား မစားရဘဲ တရားစဲြဆိုခံရတာေၾကာင့္ ရဲစခန္းဝန္ထမ္းေတြ စိတ္ပ်က္ၾကရေတာ့တယ္။
( သပြတ္အူကို အျပင္ကလူၾကည့္မွ
႐ွင္း႐ွင္းလင္းလင္းျမင္ရတယ္။ )

****

(၄)
ဒီလိုနဲ႔ စခန္း သင္တန္း နည္းျပ က အလုပ္တစ္ခုနဲ႔ ၿမိဳ႕ေရာက္ေတာ့ ဒီအေၾကာင္းကို ထမင္းစားေနရင္းနဲ႔ ၿမိဳ႕နယ္မွဴးကိုေျပာျပျဖစ္တယ္။

တရား႐ံုး မွာ တရားရင္ဆိုင္ေတာ့ ၿမိဳ႕နယ္မွဴး ညႊန္ၾကားသလိုပဲ…

ဝက္ ကို နဂိုပိုင္႐ွင္ဆီ ျပန္အပ္လို႔ရတယ္။ ဒါေပမယ့္ အုပ္ထိန္းသူ က အုပ္ထိန္းမႈမေကာင္းတာေၾကာင့္ အအုပ္ထိန္းခံ(ဝက္) က အစိုးရအဖဲြ႔အစည္းနဲ႔ လူ႔ေဘာင္အဖဲြ႔အစည္းကို ဆိုးက်ဳိးေတြသက္ေရာက္ေစခဲ့တယ္။ အစိုးရ က ဝက္ကိုထိန္းသိမ္းထားစဥ္မွာ အမ်ားအျပားေပးဆပ္ခဲ့ရတယ္။

ဒါေၾကာင့္ တရားရံုး က အုပ္ထိန္းသူ(အဘိုးအို) ကို စခန္းက ေပးဆပ္ကုန္ခဲ့တဲ့ေငြသိန္း၂ဝကို ျပန္ေပးရင္ ဝက္သားအကုန္ယူေစလို႔ အမိန္႔ခ်ခဲ့တယ္။

( တတ္လို႔လုပ္စားတာ မဟုတ္ဘဲ
ငတ္လို႔လုပ္စားရင္ တစ္ေန႔ေန႔မွာ စားခဲ့သမွ် ျပန္ေပးရတတ္တယ္။)

*****

(၅)
အဘိုးအို က စိတ္တိုတိုနဲ႔ အိမ္ျပန္ေရာက္ၿပီး အဲဒီစိတ္နဲ႔ ဘံုးဘံုးလဲေတာ့တယ္။ ဒီျပႆနာကို မေျဖ႐ွင္းႏိုင္ရင္ ေသရပါေတာ့မယ္လို႔ အိမ္သူကိုေျပာတယ္။

အိမ္သူက ႀကံရာမရျဖစ္ၿပီး ၿမိဳ႕ေပၚမွာ သတင္းေထာက္လုပ္ေနတဲ့ ေျမးမဆီဖုန္းဆက္ အက်ဳိးအေၾကာင္း႐ွင္းျပျပီး အဘိုးကို ေနာက္ဆံုးအေနနဲ႔ ျပန္လာၾကည့္ပါလို႔ ဆိုတယ္။

ေျမးမက အဘြားဆီက ဖုန္းရတာနဲ႔ ေဖ့စဘုတ္ေပၚတက္ၿပီး….
“ေဒသ အစိုးရ က အာဏာနဲ႔ အျပစ္မဲ့ေတာင္သူဦးႀကီးကို အႏိုင္က်င့္တယ္၊ ေသသြးတဲ့ဝက္ ဘယ္ေရာက္ဘယ္ေနသလဲ” လို႔ဆိုၿပီး ေရးတယ္။

အဲဒီတခဏ ေဖ့စဘုတ္ ေပၚမွာ ပဲြဆူသြားၿပီး မီဒီယာတခ်ဳိ႕က အဲဒီသတင္းကို ခ်ဲ႕ကားေဖာ္ျပၾကေတာ့တယ္။ ဒီလို ကိစၥေသးေသးမႊားမႊားက ဒီေလာက္လိႈင္းထန္သြားမယ္လို႔ ဘယ္သူမွ ေတြးထင္မထားခဲ့ၾကဘူး။

ေျဖ႐ွင္းမရျဖစ္ေနတာနဲ႔ ၿမိဳ႕နယ္၊ ျပည္နယ္ အႀကီးအကဲေတြက အခ်င္းခ်င္းဖုန္းဆက္ၿပီး ဖုန္းအစည္းအေဝးစတင္ၾကတယ္။ အဲဒီစခန္းနဲ႔သက္ဆိုင္တဲ့ ျပည္နယ္အႀကီးအကဲက သူကိုယ္တိုင္သြားေရာက္ ေျဖ႐ွင္းၿပီး ျပည္သူေတြ၊ မီဒီယာေတြကို အေျဖတစ္ခုေပးမယ္လို႔ ဆိုတယ္။

( တရား တစ္ဆင့္တက္ရင္
အေမွာင္အဖ်က္ တစ္ဆင့္တက္တယ္၊
အာဏာ႐ွိသူရဲ႕ စကားအဆံုးအျဖတ္က ဥပေဒရဲ႕လားရာျဖစ္တယ္။)

*****

(၆)
ျပည္နယ္အစိုးရက အဖဲြ႔တစ္ဖဲြ႔ဖဲြ႔ၿပီး ၿမိဳ႕နယ္၊ နယ္ေျမ၊ ရပ္ကြက္ အႀကီးအကဲပါတဲ့အဖဲြ႔နဲ႔ အဘိုးအိုကိုသြားေရာက္ ႏွစ္သိမ့္ခိုင္းတယ္။

အဘိုးအိုကို ဒဏ္ေဆာင္ခိုင္းတဲ့ ေငြသိန္း၂ဝကို ေခ်ဖ်က္ၿပီး အဘိုးအိုကို ႏွစ္သိမ့္ေၾကး ၅သိန္းေပးလိုက္တယ္။ အေအးခံထားတာ ႏွစ္ဝက္ေလာက္႐ွိေတာ့မယ့္ ဝက္ကိုလည္း ေပးလိုက္တယ္။ အဘိုးအို ရဲ႕ဝက္ကိုသတ္တဲ့ စခန္း က အလုပ္သင္ရဲကိုလည္း အလုပ္ကထုတ္လိုက္တယ္။

( ႀကီးတဲ့အမႈေသးေအာင္
ငယ္တဲ့အမႈပေပ်ာက္ေအာင္လုပ္ရမွာက အာဏာ႐ွိသူေတြျဖစ္တယ္။)

*****

(၇)
ေနာက္တစ္ေန႔မွာ ျပည္နယ္ အစိုးရ က လူ႔ေဘာင္လူ႔အဖဲြ႔အစည္း သင့္ျမတ္ညီညႊတ္ေအာင္ မီဒီယာေတြေခၚၿပီး အဘိုးအိုကို သြားေရာက္ေတြ႔ဆံုဖို႔ ကိုယ္တိုင္ေရာက္လာခဲ့တယ္။

အဘိုးအိုတစ္သက္မွာ ဒီေလာက္ရာထူးႀကီးတဲ့အႀကီးအကဲကို မျမင္ခဲ့ဖူးဘူး။ ဒါေၾကာင့္ ေခၽြးမကိုေခၚၿပီး ေအးခဲထားတဲ့ဝက္သားကိုခ်က္ ျပည္နယ္အစိုးရအပါအဝင္ မီဒီယာသမားေတြကို ဝက္သားဟင္းနဲ႔ဧည့္ခံလိုက္တယ္။

ေနာက္တစ္ေန႔မွာ ျပည္နယ္ အစိုးရ ဟာ ေတာင္သူလယ္သမား တစ္ေယာက္ရဲ႕အိမ္မွာ ႐ြံ႔ႏြံ ေျမခြက္ေတြနဲ႔ ထမင္းစားခဲ့တယ္။ ေအာက္ေျခလူတန္းစားေတြနဲ႔အတူ တေျပးညီေနထိုင္ျပဳမူခဲ့တယ္ဆိုတဲ့သတင္း သတင္းစာမွာ ပလူးပ်ံခဲ့ေတာ့တယ္။

(ရန္ၿငိဳး႐ွိရင္ ႏွစ္ဦးႏွစ္ဘက္ ပယ္ဖ်က္သင့္တယ္။
ရန္ၿငိဳးရန္စကို တင္းတင္းဆဲြထားလို႔မရဘူး။
အမ်ားေကာင္းမွ တကယ္ေကာင္းတာျဖစ္တယ္။)

 

wechat မွာဖတ္မိတဲ့စာတစ္ပုဒ္..
သေဘာက်လို႔ ဘာသာျပန္မွ်ေဝပါတယ္..

Credt : နိုင်းနိုင်းစနေ

Unicode ဖြင့်ဖတ်ရန်

ရဲစခန်းရောက် ဝက်တစ်ကောင်ရဲ့ပုံပြင်

ရဲစခန်းစိုက်ခင်းထဲ ဝက်တစ်ကောင်ရောက်နေတယ်။ ဝက်ဟာ ရဲသားတွေစိုက်ထားတဲ့ အရွက်တွေကို စားလိုက်တယ်။

စခန်းမှူးက ဝက်ကလေးကိုဖမ်းပြီး လှောင်ထားလိုက်တယ်။ ဝက်ပိုင်ရှင်ကိုရှာပြီး ဝက်စားလိုက်တဲ့အပင်တွေကို အလျော်ခိုင်းမလို့ပေါ့။ ဒါပေမယ့် နှစ်ရက်လောက်ကြာလည်း ဝက်ပိုင်ရှင်ကို မတွေ့ခဲ့ဘူး။

စခန်းမှူးက ဝက်အစာငတ်သေမှာစိုးလို့ဆိုပြီး မွေးထားလိုက်တယ်။ ပိုင်ရှင်လာရှာတဲ့အခါ ပြန်အပ်ရကောင်းအောင်ပေါ့။

ဒီလိုနဲ့ နှစ်ဝက်ကြာသွားတယ်… နှစ်သစ်တစ်နှစ်ကိုတောင် ကူးပြောင်းတော့မယ်။ ပေါင် ၂ဝဝလောက်ရှိနေပြီဖြစ်တဲ့ဝက်ကို လာရွေးတဲ့လူလည်း မရှိတာနဲ့ ဝက်ကိုသတ်ပြီး နှစ်ကူးလက်ဆောင်ဝေဖို့ စခန်းမှူးက ဆုံးဖြတ်လိုက်တယ်။

ဝက်သတ်ပြီး အသားခွဲဖို့ပြင်ဆင်နေတုန်းမှာပဲ စခန်းဘေးမှာနေတဲ့ အဘိုးအိုတစ်ဦးက စခန်းမှူးကိုပြောတယ်။

“ကျုပ်ဝက် အမှားလုပ်မိလို့ ခင်ဗျားဖမ်းပစ်လိုက်ပြီ၊ ချုပ်လည်း ချုပ်ထားခဲ့ပြီးပြီ။ အခု သေမိန့်ပါချလိုက်ပြီဆိုတော့ ကျုပ်အလောင်းရွေးခွင့်တော့ ရှိရမှာပေါ့”

အားလုံး မူးလဲသွားတယ်။

( ဓားခုတ်ကောင်က ပုစဉ်းရင်ကွဲကိုဖမ်းတယ်၊
သူ့နောက်မှာ စာကလေးရောက်လာတယ်။)

*****

(၂)
အဲဒီအချိန်မှာပဲ စခန်းသင်တန်းနည်းပြ ပြန်ရောက်လာပြီး အခြေအနေကိုနားလည်ပြီးတဲ့နောက် အဘိုးအိုကို သူကပြောတယ်။

“အဘိုး.. ဥပဒေအရ အလောင်းရွေးမယ်ဆိုရင် ဆွေမျိုးသားချင်းထဲက ဒါမှမဟုတ် တရားဝင်ကိုယ်စားလှယ်တစ်ဦးဦးကပဲ ရွေးပိုင်ခွင့်ရှိတယ်။ DNA ပါ စစ်ရတယ်။ အဘိုးကို သွေးဖောက်ပြီး ဒီဝက်နဲ့အမျိုးတော်မတော် စစ်လို့ရမလား….”

အဘိုးအို မူးလဲသွားတယ်။

( တစ်တောင်ထက် တစ်တောင်မြင့်ဆိုသလို
လူတော်တစ်ယောက်ရဲ့အထက်မှာ လူတော်တစ်ယောက်အမြဲရှိတယ်။)

****

(၃)
အဝေးရောက်နေတဲ့ အဘိုးအိုရဲ့မြေး ရှေ့နေက ဒီအကြောင်းကိုကြားတော့ မကျေနပ်ဘူး။

ဝက်ဝယ်တုန်းက ငွေရှင်းပြေစာနဲ့ အိမ်နီးနားချင်းတွေကို သက်သေခေါ်ပြီး အဘိုးအိုသာလျှင် ဝက်ရဲ့အုပ်ထိန်းသူလို့ဆိုတယ်။ ဒေသတရားရုံးသွားပြီး တရားစွဲဆိုပါတော့တယ်။

ဝက်သား မစားရဘဲ တရားစွဲဆိုခံရတာကြောင့် ရဲစခန်းဝန်ထမ်းတွေ စိတ်ပျက်ကြရတော့တယ်။
( သပွတ်အူကို အပြင်ကလူကြည့်မှ
ရှင်းရှင်းလင်းလင်းမြင်ရတယ်။ )

****

(၄)
ဒီလိုနဲ့ စခန်းသင်တန်းနည်းပြက အလုပ်တစ်ခုနဲ့ မြို့ရောက်တော့ ဒီအကြောင်းကို ထမင်းစားနေရင်းနဲ့ မြို့နယ်မှူးကိုပြောပြဖြစ်တယ်။

တရားရုံးမှာ တရားရင်ဆိုင်တော့ မြို့နယ်မှူးညွှန်ကြားသလိုပဲ…

ဝက်ကို နဂိုပိုင်ရှင်ဆီ ပြန်အပ်လို့ရတယ်။ ဒါပေမယ့် အုပ်ထိန်းသူက အုပ်ထိန်းမှုမကောင်းတာကြောင့် အအုပ်ထိန်းခံ(ဝက်) က အစိုးရအဖွဲ့အစည်းနဲ့ လူ့ဘောင်အဖွဲ့အစည်းကို ဆိုးကျိုးတွေသက်ရောက်စေခဲ့တယ်။ အစိုးရက ဝက်ကိုထိန်းသိမ်းထားစဉ်မှာ အများအပြားပေးဆပ်ခဲ့ရတယ်။

ဒါကြောင့် တရားရုံးက အုပ်ထိန်းသူ(အဘိုးအို) ကို စခန်းက ပေးဆပ်ကုန်ခဲ့တဲ့ငွေသိန်း၂ဝကို ပြန်ပေးရင် ဝက်သားအကုန်ယူစေလို့ အမိန့်ချခဲ့တယ်။

( တတ်လို့လုပ်စားတာ မဟုတ်ဘဲ
ငတ်လို့လုပ်စားရင် တစ်နေ့နေ့မှာ စားခဲ့သမျှ ပြန်ပေးရတတ်တယ်။)

*****

(၅)
အဘိုးအိုက စိတ်တိုတိုနဲ့ အိမ်ပြန်ရောက်ပြီး အဲဒီစိတ်နဲ့ ဘုံးဘုံးလဲတော့တယ်။ ဒီပြဿနာကို မဖြေရှင်းနိုင်ရင် သေရပါတော့မယ်လို့ အိမ်သူကိုပြောတယ်။

အိမ်သူက ကြံရာမရဖြစ်ပြီး မြို့ပေါ်မှာ သတင်းထောက်လုပ်နေတဲ့ မြေးမဆီဖုန်းဆက် အကျိုးအကြောင်းရှင်းပြပြီး အဘိုးကို နောက်ဆုံးအနေနဲ့ ပြန်လာကြည့်ပါလို့ ဆိုတယ်။

မြေးမက အဘွားဆီက ဖုန်းရတာနဲ့ ဖေ့စဘုတ်ပေါ်တက်ပြီး….
“ဒေသအစိုးရက အာဏာနဲ့ အပြစ်မဲ့တောင်သူဦးကြီးကို အနိုင်ကျင့်တယ်၊ သေသွးတဲ့ဝက် ဘယ်ရောက်ဘယ်နေသလဲ” လို့ဆိုပြီး ရေးတယ်။

အဲဒီတခဏ ဖေ့စဘုတ်ပေါ်မှာ ပွဲဆူသွားပြီး မီဒီယာတချို့က အဲဒီသတင်းကို ချဲ့ကားဖော်ပြကြတော့တယ်။ ဒီလို ကိစ္စသေးသေးမွှားမွှားက ဒီလောက်လှိုင်းထန်သွားမယ်လို့ ဘယ်သူမှ တွေးထင်မထားခဲ့ကြဘူး။

ဖြေရှင်းမရဖြစ်နေတာနဲ့ မြို့နယ်၊ ပြည်နယ် အကြီးအကဲတွေက အချင်းချင်းဖုန်းဆက်ပြီး ဖုန်းအစည်းအဝေးစတင်ကြတယ်။ အဲဒီစခန်းနဲ့သက်ဆိုင်တဲ့ ပြည်နယ်အကြီးအကဲက သူကိုယ်တိုင်သွားရောက် ဖြေရှင်းပြီး ပြည်သူတွေ၊ မီဒီယာတွေကို အဖြေတစ်ခုပေးမယ်လို့ ဆိုတယ်။

( တရား တစ်ဆင့်တက်ရင်
အမှောင်အဖျက် တစ်ဆင့်တက်တယ်၊
အာဏာရှိသူရဲ့ စကားအဆုံးအဖြတ်က ဥပဒေရဲ့လားရာဖြစ်တယ်။)

*****

(၆)
ပြည်နယ်အစိုးရက အဖွဲ့တစ်ဖွဲ့ဖွဲ့ပြီး မြို့နယ်၊ နယ်မြေ၊ ရပ်ကွက် အကြီးအကဲပါတဲ့အဖွဲ့နဲ့ အဘိုးအိုကိုသွားရောက် နှစ်သိမ့်ခိုင်းတယ်။

အဘိုးအိုကို ဒဏ်ဆောင်ခိုင်းတဲ့ ငွေသိန်း၂ဝကို ချေဖျက်ပြီး အဘိုးအိုကို နှစ်သိမ့်ကြေး ၅သိန်းပေးလိုက်တယ်။ အအေးခံထားတာ နှစ်ဝက်လောက်ရှိတော့မယ့် ဝက်ကိုလည်း ပေးလိုက်တယ်။ အဘိုးအိုရဲ့ဝက်ကိုသတ်တဲ့ စခန်းက အလုပ်သင်ရဲကိုလည်း အလုပ်ကထုတ်လိုက်တယ်။

( ကြီးတဲ့အမှုသေးအောင်
ငယ်တဲ့အမှုပပျောက်အောင်လုပ်ရမှာက အာဏာရှိသူတွေဖြစ်တယ်။)

*****

(၇)
နောက်တစ်နေ့မှာ ပြည်နယ်အစိုးရက လူ့ဘောင်လူ့အဖွဲ့အစည်း သင့်မြတ်ညီညွှတ်အောင် မီဒီယာတွေခေါ်ပြီး အဘိုးအိုကို သွားရောက်တွေ့ဆုံဖို့ ကိုယ်တိုင်ရောက်လာခဲ့တယ်။

အဘိုးအိုတစ်သက်မှာ ဒီလောက်ရာထူးကြီးတဲ့အကြီးအကဲကို မမြင်ခဲ့ဖူးဘူး။ ဒါကြောင့် ချွေးမကိုခေါ်ပြီး အေးခဲထားတဲ့ဝက်သားကိုချက် ပြည်နယ်အစိုးရအပါအဝင် မီဒီယာသမားတွေကို ဝက်သားဟင်းနဲ့ဧည့်ခံလိုက်တယ်။

နောက်တစ်နေ့မှာ ပြည်နယ်အစိုးရဟာ တောင်သူလယ်သမားတစ်ယောက်ရဲ့အိမ်မှာ ရွံ့နွံ မြေခွက်တွေနဲ့ ထမင်းစားခဲ့တယ်။ အောက်ခြေလူတန်းစားတွေနဲ့အတူ တပြေးညီနေထိုင်ပြုမူခဲ့တယ်ဆိုတဲ့သတင်း သတင်းစာမှာ ပလူးပျံခဲ့တော့တယ်။

(ရန်ငြိုးရှိရင် နှစ်ဦးနှစ်ဘက် ပယ်ဖျက်သင့်တယ်။
ရန်ငြိုးရန်စကို တင်းတင်းဆွဲထားလို့မရဘူး။
အများကောင်းမှ တကယ်ကောင်းတာဖြစ်တယ်။)

******

wechat မှာဖတ်မိတဲ့စာတစ်ပုဒ်..
သဘောကျလို့ ဘာသာပြန်မျှဝေပါတယ်..

Credt : နိုင်းနိုင်းစနေ