ZawGyiျဖင့္ဖတ္ရန္
PROUD Yangon LGBT ႐ုပ္ရွင္ပြဲေတာ္ကို ဇန္နဝါရီ ၂၇ ရက္ေန႔မွစတင္ကာ ရန္ကုန္ၿမိဳ႕ သခင္ျမပန္းၿခံႏွင့္ ျပင္သစ္ယဥ္ေက်းမွုဌါနတို႔တြင္ (၉)ရက္တိုင္တိုင္ အခမဲ့ျပဳလုပ္သြားမည္ျဖစ္သည္။

လိင္းတူခ်စ္သူ LGBT တို႔ရဲ့ ဘဝနဲ႔ယဥ္ေက်းမွုတို႔ကို အမ်ားကအသိမွတ္ျပဳလာေစရန္ ရည္ရြယ္ၿပီး ျပည္တြင္းက LGBT အဖြဲ႕အစည္းမ်ားကိုလည္း စုစည္းေစလိုေသာ ရည္ရြယ္ခ်က္ျဖင့္ အဆိုပါ႐ုပ္ရွင္ပြဲေတာ္ ျပဳလုပ္ရျခင္းျဖစ္ေၾကာင္း တာဝန္ရွိသူတစ္ဦးျဖစ္သည့္ မဥမၼာေထြး ကေျပာၾကားသည္။

အဆိုပါပြဲတြင္ ဂိမ္းအစီစအစဥ္မ်ား၊ ဓာတ္ပုံျပပြဲမ်ားႏွင့္ လူ႔အခြင့္အေရးလွုပ္ရွားသူ ဦးေအာင္မ်ိဳးမင္းအေၾကာင္း ရိုက္ကူးထားေသာ ‘ဒီလိုအခ်စ္မ်ိဳး’ ႐ုပ္ရွင္ဇာတ္ကားနဲ႔ ဖိလစ္ပိုင္ဇာတ္ကားတစ္ကားတို႔ ျပသသြားမည္ျဖစ္ေၾကာင္း သိရွိရသည္။

ပြဲကို ျဖဴျဖဴေက်ာ္သိန္း၊ Marry၊ ဇြန္ေဝယံတို႔ လာေရာက္ေဖ်ာ္ေျဖမည္ျဖစ္သည္။

ေဖေဖာ္ဝါရီ ၁ ရက္ေန႔မွ ၄ ရက္ေန႔ထိ ျပင္သစ္ယဥ္ေက်းမွုဌါနတြင္ က်င္းပမည့္ ႐ုပ္ရွင္ပြဲေတာ္တြင္ ကိုရီးယား၊ တ႐ုပ္ႏွင့္ ဖိလစ္ပိုင္နိုင္ငံအပါအဝင္ နိုင္ငံေပါင္း (၁၀)နိုင္ငံမွ ဇာတ္ကားေပါင္း ၂၃ ကားႏွင့္ ဝႆန္႐ုပ္ရွင္ပြဲေတာ္တြင္ ဆုရျမန္မာမွတ္တမ္း႐ုပ္ရွင္ ႏွစ္ကားပါ ထည့္သြင္းျပသသြားမည္ျဖစ္ေၾကာင္း ဒီမိုကေရစီတူေဒးတြင္ ေဖာ္ျပပါရွိသည္။
Unicodeဖြင့်ဖတ်ရန်
PROUD Yangon LGBT ရုပ်ရှင်ပွဲတော်ကို ဇန်နဝါရီ ၂၇ ရက်နေ့မှစတင်ကာ ရန်ကုန်မြို့ သခင်မြပန်းခြံနှင့် ပြင်သစ်ယဉ်ကျေးမှုဌါနတို့တွင် (၉)ရက်တိုင်တိုင် အခမဲ့ပြုလုပ်သွားမည်ဖြစ်သည်။

လိင်းတူချစ်သူ LGBT တို့ရဲ့ ဘဝနဲ့ယဉ်ကျေးမှုတို့ကို အများကအသိမှတ်ပြုလာစေရန် ရည်ရွယ်ပြီး ပြည်တွင်းက LGBT အဖွဲ့အစည်းများကိုလည်း စုစည်းစေလိုသော ရည်ရွယ်ချက်ဖြင့် အဆိုပါရုပ်ရှင်ပွဲတော် ပြုလုပ်ရခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးဖြစ်သည့် မဥမ္မာထွေး ကပြောကြားသည်။

အဆိုပါပွဲတွင် ဂိမ်းအစီစအစဉ်များ၊ ဓာတ်ပုံပြပွဲများနှင့် လူ့အခွင့်အရေးလှုပ်ရှားသူ ဦးအောင်မျိုးမင်းအကြောင်း ရိုက်ကူးထားသော ‘ဒီလိုအချစ်မျိုး’ ရုပ်ရှင်ဇာတ်ကားနဲ့ ဖိလစ်ပိုင်ဇာတ်ကားတစ်ကားတို့ ပြသသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ပွဲကို ဖြူဖြူကျော်သိန်း၊ Marry၊ ဇွန်ဝေယံတို့ လာရောက်ဖျော်ဖြေမည်ဖြစ်သည်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၄ ရက်နေ့ထိ ပြင်သစ်ယဉ်ကျေးမှုဌါနတွင် ကျင်းပမည့် ရုပ်ရှင်ပွဲတော်တွင် ကိုရီးယား၊ တရုပ်နှင့် ဖိလစ်ပိုင်နိုင်ငံအပါအဝင် နိုင်ငံပေါင်း (၁၀)နိုင်ငံမှ ဇာတ်ကားပေါင်း ၂၃ ကားနှင့် ဝဿန်ရုပ်ရှင်ပွဲတော်တွင် ဆုရမြန်မာမှတ်တမ်းရုပ်ရှင် နှစ်ကားပါ ထည့်သွင်းပြသသွားမည်ဖြစ်ကြောင်း ဒီမိုကရေစီတူဒေးတွင် ဖော်ပြပါရှိသည်။
Credit: POPOLAY