Zawgyi ျဖင့္ဖတ္ရန္
သိၾကားမင္း သည္ ၆၆(ဃ)ကိုစီး၍
အုပ္နီခဲကိုကိုင္ျပီးလွ်င္ လူ ့ျပည္သို ့ၾကြခ်ီေတာ္မူ၏။
…
ျဗဟၼာ့ ဦးေခါင္းသည္ အိမ္မက္စံုရာမွ
ျမန္မာအိုင္ေဒါ ကို ေျပာင္းေရႊ႔ရလတၱံ. .။
ရက္ကို ေန ့စားသမားမ်ား ေစာင့္၏။
လမ္းကို စည္ပင္ေစာင့္၏။
ေျမကို အခြန္ေစာင့္၏။
စစ္တပ္သည္ ေျခဥကိုေစာင့္၏။
ေလကို ရဲေစာင့္၏။
မိုးေလဝသ ကို ဦးထြန္းလြင္ ေစာင့္၏။
မီးနဲ႔ေရကို ျပည္သူမ်ားေစာင့္၏။
မိုးကို လယ္သမားမ်ားေစာင့္၏။
ျမန္မာအိုင္ေဒါ ကို ဦးသိန္းတန္ေစာင့္၏.။
ရဲေနာင္ကိုဗုတ္ေစာင့္၏.။
ထို႔ေနာက္ MPTသည္ခ်မ္းသာလတၱံ့
လူတို ့၏အဓိပတိကား facebookျဖစ္၍
ေျခေလးခုတို ့၏ အဓိပတိကား ကီးဘုတ္ဖိုက္တာမ်ား
ကြီးတို႔ရဲ႕အဓိပတိကား အကိတ္ျဖစ္၍.
မြီးတို႔ရဲ႕ အဓိပတိ မွာ ငွက္ေပ်ာပင္ျဖစ္သည္.။
ဤသကၠရာဇ္ဝယ္
၅၀ေက်ာ္ လူငယ္ မ်ား ဖလမ္း ဖလမ္းထလတၱံ
ဆယ္လီမ်ား likeေပါမ်ား၍
အေရမရ အဖက္မရ
ကမၻာႀကီးႏွစ္ျခမ္းကြဲလတၱံ
အြန္လိုင္းေပၚမိႈစိုက္ကာ ႀကီးပြား၍
ငါးေမြးသူမ်ား new feedမွာခ်မ္းသာလတၱံ
ကဗ်ာဆရာ မ်ား စကားႀကီး စကားက်ယ္ေျပာေသာ
ခုႏွစ္ျဖစ္၍ ၎တို႔ႏွင့္ပက္သတ္သူမ်ား
စကားလံုးပိလတၱံ..
ထို႔ေနာက္ ကဗ်ာဆရာမ်ား ကုန္ၾကမ္းရလတၱံ. .
ယၾတာ အေနနဲ႔
တနဂၤေႏြ သားသမီးမ်ား လူမမာသည္ကို
အေခါင္းလွလွတစ္လံုး ဝယ္လွဴ ပါ.
ေသာၾကာ စေနသားသမီးမ်ား
မ်က္ႏွာဝက္ျခံထူလပ်စ္ေနတဲ့သူကို
ၾကက္ဟင္းခါးသီး အမွည့္တစ္လံုး လက္ေဆာင္ေပးပါ.
တနလာၤ ဗုဒၶဟူးသားသမီးမ်ား
ညားကာစလင္မယားကို ကြာ႐ွင္း စာခ်ဳပ္ဝယ္ေပးပါ.
ၾကာသပေတး သားသမီးေတြလား
စြန္ပလြန္ယိုစားပီး ရည္းစား စကားေျပာပါ
အဂၤါသားသမီးမ်ား အိမ္ထဲကအိမ္ျပင္မထြက္ရ
ထြက္မိက မ်က္ႏွာအုပ္ထားပါ
အလြန္မ်က္ႏွာပြင့္ေသာကာလျဖစ္ေနမည္
Credit-via ျမင့္ လြင္
Unicode ဖြင့်ဖတ်ရန်
သိကြားမင်းသည် ၆၆(ဃ)ကိုစီး၍
အုပ်နီခဲကိုကိုင်ပြီးလျှင် လူ ့ပြည်သို ့ကြွချီတော်မူ၏။
…
ဗြဟ္မာ့ ဦးခေါင်းသည် အိမ်မက်စုံရာမှ
မြန်မာအိုင်ဒေါကို ပြောင်းရွှေ့ရလတ္တံ. .။
ရက်ကို နေ ့စားသမားများ စောင့်၏။
လမ်းကို စည်ပင်စောင့်၏။
မြေကို အခွန်စောင့်၏။
စစ်တပ်သည် ခြေဥကိုစောင့်၏။
လေကို ရဲစောင့်၏။
မိုးလေဝသ ကို ဦးထွန်းလွင် စောင့်၏။
မီးနဲ့ရေကို ပြည်သူများစောင့်၏။
မိုးကို လယ်သမားများစောင့်၏။
မြန်မာအိုင်ဒေါကို ဦးသိန်းတန်စောင့်၏.။
ရဲနောင်ကိုဗုတ်စောင့်၏.။
ထို့နောက် MPTသည်ချမ်းသာလတ္တံ့
လူတို ့၏အဓိပတိကား facebookဖြစ်၍
ခြေလေးခုတို ့၏ အဓိပတိကား ကီးဘုတ်ဖိုက်တာများ
ကွီးတို့ရဲ့အဓိပတိကား အကိတ်ဖြစ်၍.
မွီးတို့ရဲ့ အဓိပတိမှာ ငှက်ပျောပင်ဖြစ်သည်.။
ဤသက္ကရာဇ်ဝယ်
၅၀ကျော်လူငယ်များ ဖလမ်း ဖလမ်းထလတ္တံ
ဆယ်လီများ likeပေါများ၍
အရေမရ အဖက်မရ
ကမ္ဘာကြီးနှစ်ခြမ်းကွဲလတ္တံ
အွန်လိုင်းပေါ်မှိုစိုက်ကာ ကြီးပွား၍
ငါးမွေးသူများ new feedမှာချမ်းသာလတ္တံ
ကဗျာဆရာများ စကားကြီး စကားကျယ်ပြောသော
ခုနှစ်ဖြစ်၍ ၎င်းတို့နှင့်ပက်သတ်သူများ
စကားလုံးပိလတ္တံ..
ထို့နောက် ကဗျာဆရာများ ကုန်ကြမ်းရလတ္တံ. .
ယတြာအနေနဲ့
တနင်္ဂနွေသားသမီးများ လူမမာသည်ကို
အခေါင်းလှလှတစ်လုံး ဝယ်လှူ ပါ.
သောကြာ စနေသားသမီးများ
မျက်နှာဝက်ခြံထူလပျစ်နေတဲ့သူကို
ကြက်ဟင်းခါးသီးအမှည့်တစ်လုံး လက်ဆောင်ပေးပါ.
တနလာင်္ ဗုဒ္ဓဟူးသားသမီးများ
ညားကာစလင်မယားကို ကွာရှင်းစာချုပ်ဝယ်ပေးပါ.
ကြာသပတေး သားသမီးတွေလား
စွန်ပလွန်ယိုစားပီး ရည်းစားစကားပြောပါ
အင်္ဂါသားသမီးများ အိမ်ထဲကအိမ်ပြင်မထွက်ရ
ထွက်မိက မျက်နှာအုပ်ထားပါ
အလွန်မျက်နှာပွင့်သောကာလဖြစ်နေမည်
Credit-via ျမင့္ လြင္