ZawGyiဖြင့်ဖတ်ရန်
၆.၁.၂၀၁၈
Unicodeဖြင့်ဖတ်ရန်
တေးရေးတေးဆို ဆရာဝန် ဆောင်းဦးလှိုင်ကတော့ သီချင်းကောင်းကောင်းလေးတွေ ဖန်တီးတတ်တာကြောင့် ပရိသတ်တွေ အမြဲ အားပေးနေတဲ့ သူပ်ပဲ။ သူကတော့ နိုင်ငံရပ်ခြားမျာ နေထိုင်လျက်ရှိပြီး သူရဲ့ သီချင်းတွေနဲ့ ပတ်သတ်လို့ ခွင့်ပြုချက် မတောင်းပဲ အသုံးပြုနေကြသူတွေကို သိစေဖို့ရန်အတွက် စာလေးတစ်စောင် ရေးလိုက်ပါတော့တယ်။
” အသုံးပြုနေကြသူအားလုံးသို့ ”
ကျွန်တော်ရေးသားသောတေးသီချင်းများကို
တေးဂီတဖြေဖျော်ပွဲများတွင်သီဆိုအသုံးပြုနေသည့်
တေးသံရှင်များအားလုံးကို အသိပေးပါသည်။
မည်သည့်နည်းလမ်းဖြင့်အသုံးပြုသည်ဖြစ်စေ
ကျွန်တော့်ကိုကြိုတင်အကြောင်းကြားရပါမည်။
ကြိုတင်အကြောင်းမကြားဘဲ လိုသလိုအသုံးပြု
ခဲ့ကြသည်မှာလည်းနှစ်ပေါင်းမနည်းလှပြီဖြစ်
သောကြောင့် ယနေ့မှစ၍ ကြိုတင်ခွင့်ပြုချက်ယူကြ
ပါရန်။ ခွင့်ပြုချက်မယူပါက လုံးဝအသုံးမပြုကြပါရန်
အသိပေးအကြောင်းကြားပါသည်။
တေးရေး/ ဆောင်းဦးလှိုင်
၆.၁.၂၀၁၈
(Share ပေးကြပါဦး သူငယ်ချင်းမိတ်ဆွေတို့)
သီချင်းတွေကို ခွင့်ပြုချက်မယူကြပဲ အသုံးပြုကြသူတွေကြောင့် မူရင်း အဆိုရှင်နဲ့ တေးရေးဆရာတွေအနေနဲ့ ထိခိုက်မှုတွေ ရှိကြတဲ့ အခြေအနေမျိုးတွေ ဖြစ်ပေါ်နေကြတဲ့ အတွက် ဆောင်းဦးလှိုင်က အခုလို ရေးသားခဲ့တာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ သီချင်းအသစ်တွေကို စောင့်မျှော်နေကြတဲ့ ပရိသတ်တွေအတွက်လဲ သီချင်းသစ်တွေ လုပ်နေပါတယ်တဲ့။
Credit: မျက်ပြေ(မိုမိုလေး)