ZawGyiျဖင့္ဖတ္ရန္
မဂၤလာေတာင္ညြန္႔ၿမိဳ႕နယ္ ကန္ေတာ္ႀကီးပဲေလ့စ္ဟုိတယ္ မီးေလာင္မႈ တြင္ ပါ၀င္ၿငိႇမ္းသတ္ရာမွ ဦးေခါင္းတြင္ ဒဏ္ရာရရွိခဲ့သည့္ ေရႊျပည္သာၿမိဳ႕နယ္ မီးသတ္တပ္ဖြဲ႕မွ ၿမိဳ႕နယ္မီးသတ္ဦးစီးဌာနမွဴး ဦးစီးအရာရွိ ဦးေက်ာ္စြာလင္းသည္ ဇန္န၀ါရီ ၂၈ ရက္ ည ၈ နာရီ မိနစ္ ၂၀ ခန္႔တြင္ ကြယ္လြန္သြားေၾကာင္း ရန္ကုန္တုိင္းေဒသႀကီး မီးသတ္တပ္ဖြဲ႕မွ သိရသည္။

ဦးစီးအရာရွိ ဦးေက်ာ္စြာလင္းသည္ ရန္ကုန္ေဆး႐ုံႀကီး ဦးေႏွာက္ႏွင့္ အာ႐ုံေၾကာဌာနတြင္ ကုသမႈခံယူေနစဥ္ ကြယ္လြန္ျခင္းျဖစ္ၿပီး လြန္ခဲ့ေသာ သုံးလခန္႔ကတည္းက ကုသမႈခံယူေနရေၾကာင္း သိရသည္။

“ဟုတ္ပါတယ္။ ဒီေန႔ညမွာပဲ ေဆး႐ုံႀကီး ဦးေႏွာက္နဲ႔အာ႐ုံေၾကာမွာ ကြယ္လြန္သြားပါတယ္။ ေဆးကုသမႈခံယူေနရတာ သုံးလေလာက္ၾကာၿပီလုိ႔ သိရပါတယ္” ဟု ေက်ာက္တံတားၿမိဳ႕နယ္ မီးသတ္တပ္ဖြဲ႕မွ မီးသတ္တပ္ဖြဲ႕၀င္တစ္ဦးက ေျပာၾကားသည္။

ကြယ္လြန္သြားေသာ မီးသတ္ဦးစီး အရာရွိ ဦးေက်ာ္စြာလင္း၏ အသုဘအခမ္းအနားကုိ ဇန္န၀ါရီ ၃၀ ရက္ မြန္းလြဲ ၁ နာရီတြင္ ေရေ၀းသုသာန္၌ ျပဳလုပ္မည္ျဖစ္ေၾကာင္း သိရသည္။

ကန္ေတာ္ႀကီးပဲေလ့စ္ဟုိတယ္ မီးေလာင္ကြၽမ္းေနစဥ္ ၀င္ေရာက္ၿငိႇမ္းသတ္ခဲ့ေသာ ဦးေက်ာ္စြာလင္းသည္ မီးၿငိႇမ္းသတ္ေနစဥ္ ဦးေခါင္းေပၚသို႔ သစ္သားတန္းျပဳတ္က်ခဲ့၍ သတိေမ့သြားကာ ဦးေႏွာက္အေျမႇးေအာက္ေသြးခဲ၊ ဦးေႏွာက္အသားအတြင္း ေသြးယိုစိမ့္၊ ၀ဲနားထင္႐ိုးက်ဳိးဒဏ္ရာမ်ား ရရွိခဲ့သျဖင့္ ခြဲစိတ္ကုသကာ ဦးေႏွာက္ႏွင့္အာ႐ုံေၾကာကုသဌာန အထူးၾကပ္မတ္ကုသခန္း၌ ကုသမႈခံယူေနရေၾကာင္း မီးေလာင္မႈျဖစ္ပြားၿပီးေနာက္ ျပည္ထဲေရး၀န္ႀကီးဌာန၏ သတင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပပါရွိသည္။

ရန္ကုန္ၿမိဳ႕ မဂၤလာေတာင္ညြန္႔ၿမိဳ႕နယ္ရွိ ဦးေတဇပုိင္ ကန္ေတာ္ႀကီးပဲေလ့စ္ဟုိတယ္သည္ ၂၀၁၇ ခုႏွစ္ ေအာက္တုိဘာ ၁၉ ရက္ နံနက္ ၃ နာရီ မိနစ္ ၂၀ ခန္႔တြင္ မီးေလာင္မႈ ျဖစ္ပြားခဲ့ၿပီး ဟုိတယ္မွာေလာင္ကြၽမ္း ပ်က္စီးခဲ့ေၾကာင္း သိရသည္။

အဆုိပါမီးေလာင္မႈတြင္ တည္းခုိေနသူႏွစ္ဦး ေသဆုံးၿပီး ဂ်ပန္ႏုိင္ငံသားတစ္ဦး၏ အေလာင္းႏွင့္ အမ်ဳိးအမည္ခြဲျခားမရေသာ အေလာင္းတုိ႔ ေတြ႕ရွိခဲ့သည္။

writer: ၾကည္ႏုိင္
Unicodeဖြင့်ဖတ်ရန်
မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်မှုတွင် ပါဝင်ငြှိမ်းသတ်ရာမှ ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့သည့် ရွှေပြည်သာမြို့နယ် မီးသတ်တပ်ဖွဲ့မှ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးစီးအရာရှိ ဦးကျော်စွာလင်းသည် ဇန်နဝါရီ ၂၈ ရက် ည ၈ နာရီ မိနစ် ၂၀ ခန့်တွင် ကွယ်လွန်သွားကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှ သိရသည်။

ဦးစီးအရာရှိ ဦးကျော်စွာလင်းသည် ရန်ကုန်ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောဌာနတွင် ကုသမှုခံယူနေစဉ် ကွယ်လွန်ခြင်းဖြစ်ပြီး လွန်ခဲ့သော သုံးလခန့်ကတည်းက ကုသမှုခံယူနေရကြောင်း သိရသည်။

“ဟုတ်ပါတယ်။ ဒီနေ့ညမှာပဲ ဆေးရုံကြီး ဦးနှောက်နဲ့အာရုံကြောမှာ ကွယ်လွန်သွားပါတယ်။ ဆေးကုသမှုခံယူနေရတာ သုံးလလောက်ကြာပြီလို့ သိရပါတယ်” ဟု ကျောက်တံတားမြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ကွယ်လွန်သွားသော မီးသတ်ဦးစီး အရာရှိ ဦးကျော်စွာလင်း၏ အသုဘအခမ်းအနားကို ဇန်နဝါရီ ၃၀ ရက် မွန်းလွဲ ၁ နာရီတွင် ရေဝေးသုသာန်၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်ကျွမ်းနေစဉ် ဝင်ရောက်ငြှိမ်းသတ်ခဲ့သော ဦးကျော်စွာလင်းသည် မီးငြှိမ်းသတ်နေစဉ် ဦးခေါင်းပေါ်သို့ သစ်သားတန်းပြုတ်ကျခဲ့၍ သတိမေ့သွားကာ ဦးနှောက်အမြှေးအောက်သွေးခဲ၊ ဦးနှောက်အသားအတွင်း သွေးယိုစိမ့်၊ ဝဲနားထင်ရိုးကျိုးဒဏ်ရာများ ရရှိခဲ့သဖြင့် ခွဲစိတ်ကုသကာ ဦးနှောက်နှင့်အာရုံကြောကုသဌာန အထူးကြပ်မတ်ကုသခန်း၌ ကုသမှုခံယူနေရကြောင်း မီးလောင်မှုဖြစ်ပွားပြီးနောက် ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ဦးတေဇပိုင် ကန်တော်ကြီးပဲလေ့စ်ဟိုတယ်သည် ၂၀၁၇ ခုနှစ် အောက်တိုဘာ ၁၉ ရက် နံနက် ၃ နာရီ မိနစ် ၂၀ ခန့်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ဟိုတယ်မှာလောင်ကျွမ်း ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုတွင် တည်းခိုနေသူနှစ်ဦး သေဆုံးပြီး ဂျပန်နိုင်ငံသားတစ်ဦး၏ အလောင်းနှင့် အမျိုးအမည်ခွဲခြားမရသော အလောင်းတို့ တွေ့ရှိခဲ့သည်။

writer: ကြည်နိုင်
Credit: Eleven