ZawGyiဖြင့်ဖတ်ရန်












အကျီင်္က နည်းနည်းလေးအရုပ်ဆိုးတယ်လို့ မထင်ဘူးလား ပရိတ်သတ်ကြီးရေ။



Credit:Gi Gi (momolay)

Ref : soompi

Unicodeဖြင့်ဖတ်ရန်

တစ်ခေတ်တစ်ခါက Song Hye Kyo ဝတ်ဆင်ခဲ့တဲ့ ကြောင်တောင်တောင်ဝတ်စုံများ

“Song Hye Kyo ဝတ်ဆင်ခဲ့တဲ့ ကြောင်တောင်တောင်ဝတ်စုံများ” လို့ခေါင်းစဉ်တပ်လိုက်လို့စိတ်ဝင်စားသွားကြသလား။ ဒါမှမဟုတ် ဘာတွေပြောနေတာလား လို့တွေးမိပြီး စိတ်တိုသွားသလား။ ဟုတ်ကဲ့ သေချာရှင်းပြပါရစေ။ ဘယ်သူမှ ဒီဝတ်စုံတွေကို Song Hye Kyo လိုကြည့်ကောင်းအောင် မဝတ်ဆင်နိုင်ပါဘူး။ Song Hye Kyo ဟာချောမောလှပတဲ့ရုပ်ရည်တွေအပြင် သရုပ်ဆောင်ပိုင်းမှာပါကျွမ်းကျင်ပိုင်နိုင်တာကြောင့် တောင်ကိုရီးယားရဲ့နာမည်ကြီးအနုပညာရှင်တစ်ယောက်ဆိုတာ လူတိုင်းသိမှာပါ။
ဒါပေမယ့်လည်းလူတော်တော်များများ က Song Hye Kyo နဲ့ပတ်သတ်ပြီး ပွဲဦးထွက်ကတည်းက သတိထားမိကြတာတစ်ခုရှိပါတယ်။ အဲ့တာကတော့ Song Hye Kyo တစ်ယောက် ပွဲတွေတက်ရောက်တဲ့အခါဝတ်ဆင်တဲ့ဝတ်စုံတွေပါ။ သူမ သရုပ်ဆောင်လုပ်ခဲ့တဲ့သက်တမ်းတစ်လျှောက် ပွဲတွေတက်တဲ့အခါ ဝတ်ဆင်ခဲ့တဲ့ဝတ်စုံတွေကိုကြည့်ကြည့်ပါ။ ကျွန်တော်တို့ သေသေချာချာတပ်အပ်ပြောနိုင်တာကတော့ Song Hye Kyo တစ်ယောက်သာလျှင် ဘယ်ဝတ်စုံမဆိုဝတ်ဆင်နိုင်ပြီး ကြည့်ရဆိုးတဲ့ဝတ်စုံတောင်မှ Song Hye Kyo ရဲ့အရှိန်အဝါတွေနဲ့ချောမောလှပမှုတွေကြောင့်သာကြည့်ကောင်းနေတာမျိုးပေါ့..။ ကျွန်တော် ပြောရင်အပိုတွေပြောနေတယ်ဖြစ်မယ်။ သူဘယ်လိုတွေဝတ်ဆင်ခဲ့သလဲဆိုတာကို မိုမိုလေးနဲ့အတူ လိုက်ပါခံစားစီးမြောပြီး ကြည့်ရှုလိုက်ရအောင်။

Song Hye Kyo ကျေးဇူးကြောင့်သာ ဒီပန်းပွင့်ပုံတွေနဲ့ ဆန်းပြားရှုပ်ထွေးတဲ့ဝတ်စုံက ကြည့်ရမဆိုးတာဖြစ်ပါတယ်။

သူမကြောင့် အမည်းရောင် အလက်အလက်တွေနဲ့ဝတ်စုံတွေက ကြည့်ရမဆိုးသွားတာ။

ပွဲတွေတက်ရင်လည်း စကဒ်အတိုတွေဝတ်ဆင်တတ်တဲ့ သူမပါ..။

ထူပြီးတော့ ဆိုဒ်ကြီးတဲ့ဝတ်စုံတွေကြောင့် သူမရဲ့ခန္ဓာကိုယ်အလှကိုမမြင်ရတော့ဘူးပေါ့.။ ဒါပေမယ့်လည်း သူမဖြစ်နေတော့ လှနေပြန်ကော။

အမှန်တကယ်တန်းတော့ ဒီဝတ်စုံတွေဟာ သူမရဲ့ခန္ဓာကိုယ်သေးသေးလေးအတွက် fit မဖြစ်ပါဘူး။

ဒီဝတ်စုံတွေက အရမ်းကြီးလွန်းတယ် မထင်ဘူးလား ပရိတ်သတ်ကြီးရေ။

သူမမှာ ဒီဇိုင်နာတစ်ယောက်အသစ်လိုနေပုံပါပဲ။

ဒီဝတ်စုံတွေဟာ တခြားတစ်ယောက်သာဝတ်လိုက်မယ်ဆိုရင် ကြည့်ရဆိုးတယ်လို့ထင်ရပေမယ့် Song Hye Kyo ရဲ့ကျေးဇူးနဲ့ပိုလှနေတယ်လို့ထင်နေရတယ်။

ဒါကတော့ သိပ်မကြာခင်ကမှပြုလုပ်ခဲ့တဲ့ “Dior” Show ပွဲက Song Hye Kyo ပွဲတက်ရောက်ခဲ့တဲ့ပုံရိပ်တွေပါ။

အကျီၤက နည်းနည်းလေးအရုပ်ဆိုးတယ်လို့ မထင်ဘူးလား ပရိတ်သတ်ကြီးရေ။

ဒါပေမယ့်လည်း သူဖြစ်နေလို့ ကြည့်ကောင်းနေတယ်လို့မထင်ဘူးလား။

သင်တို့ကော Song Hyekyo ဝတ်ဆင်ခဲ့တဲ့အဝတ်အစားတွေနဲ့ပတ်သတ်ပြီးဘယ်လိုသဘောရပါသလဲ။

Credit:Gi Gi (momolay)
Ref : soompi