Zawgyi ျဖင့္ဖတ္ရန္
ကုထုံး က နာက်င္ႏိုင္တယ္လို႔ သတိေပးထားထိုင္းမွာ ဒီရက္ပိုင္း ေခတ္စားလာတဲ့ အမ်ိဳးသား လိင္အဂၤါ ကို ျဖဴေအာင္ လုပ္တဲ့ ကုထုံးေၾကာင့္ ႏိုင္ငံရဲ႕ အလွျပဳျပင္ေရး လုပ္ငန္း ကို သိပ္တဘက္စြန္း ေရာက္ေနၿပီလား စဥ္းစားလာၾကပါတယ္။
အသားျဖဴ ေအာင္ လုပ္တာက အသားညိဳ တဲ့သူေတြကို အလုပ္ၾကမ္း လုပ္ရသူ၊ ဆင္းရဲသူေတြလို႔ ျမင္ၾကတဲ့ အာရွ မွာ မဆန္းေတာ့ပါဘူး။
ဒါေတာင္ ေဆးခန္း တခုက အင္တာနက္ မွာ တင္ထားတဲ့ လိင္အဂၤါျဖဴ ကုထုံး ေၾကာ္ျငာ တခုက ခ်က္ခ်င္းကို လူေတြၾကားထဲမွာ ေပါက္သြားပါတယ္။
ထိုင္း က်န္းမာေရး ဌာန ကေတာ့ ဒီ ကုထုံး နဲ႔ ပတ္သက္ၿပီး သတိေပးခ်က္ ထုတ္ထားပါတယ္။
ဒီ ကုထုံး ကို ယူခဲ့သူ တေယာက္ကေတာ့ ေရကူး ေဘာင္းဘီတိုနဲ႔ ေနတဲ့အခါ သူ႔ကိုယ္သူ ပိုၿပီး ယုံၾကည္မႈ ျမင့္ခ်င္တယ္လို႔ ဆိုပါတယ္။
ေနာက္ အသက္ ၃ဝ အ႐ြယ္ အမ်ိဳးသား ကေတာ့ ကုထုံး ယူၿပီး ႏွစ္လ အတြင္း အေရာင္ သိသာေအာင္ ေျပာင္းတယ္လို႔ ဆိုပါတယ္။ဘာအတြက္လဲ
ဒီကုထုံးကို ေၾကာ္ျငာတဲ့ ေဆးခန္း က တင္တဲ့ ေဖ့စ္ဘြတ္ စာမ်က္ႏွာမွာ ေလဆာ ေရာင္ျခည္ သုံးၿပီး အေရျပား ထဲက မယ္လာနင္ ဓာတ္ ကို ၿဖိဳခြဲမယ္လို႔ ေရးထားပါတယ္။
ႏွစ္ရက္ အတြင္း ဒီပို႔စ္ကို ဖလွယ္သူ တေသာင္း ကိုးေထာင္ ေက်ာ္သြားပါတယ္။
ခြဲစိတ္ခန္း ထဲက ပုံေတြအျပင္ ေဆးမကုမီနဲ႔ ကုၿပီး ပုံေတြကို သ႐ုပ္ေဖာ္ပုံ နဲ႔ ျပပါတယ္။
မွတ္ခ်က္ေပးသူေတြကေတာ့ ရယ္စရာ ေကာင္းတယ္ ေျပာသူကေန ဘာလုပ္ဖို႔လဲလို႔ ေမးခြန္းထုတ္သူေတြ ပါပါတယ္။
တခ်ိဳ႕ကဆို ျဖဴလြန္းလို႔ ဓာတ္မီး လို သုံးလို႔ ရတယ္လို႔ ဟာသ လုပ္ပါတယ္။
အမ်ိဳးသမီး တေယာက္ ကေတာ့ အေရာင္အေသြးက အဓိက မဟုတ္ပါဘူး၊ အ႐ြယ္နဲ႔ လႈပ္ရွားပုံကသာ ပဓာနပါလို႔ ဆိုပါတယ္။
အသားျဖဴ ကုထုံး ႐ိုးသြားၿပီးေနာက္ လိင္အဂၤါျဖဴ နည္း လာ
Lelux ေဆး႐ုံ က ေဈးကြက္ မန္ေနဂ်ာ ကေတာ့ အရင္ ေလးလ ေလာက္ကတည္းက အမ်ိဳးသမီး အဂၤါျဖဴေအာင္ လုပ္တဲ့ ကုထုံးကို သူတို႔ စေနၿပီလို႔ ေျပာပါတယ္။
အဲဒီမွာ လူနာေတြက အမ်ိဳးသားေတြ အတြက္ေကာ မပါဘူးလား ေမးၾကလို႔ သူတို႔ အရင္လက စခဲ့တာလို႔ ဆိုပါတယ္။
ေလဆာ နဲ႔ ကုတဲ့ စရိတ္ က ငါးခါ အတြက္ ေဒၚလာ ၆၅ဝ ရွိပါတယ္။
တလကို အမ်ိဳးသား အမ်ိဳးသမီး လူနာ ၂ဝ က ၃ဝ ေလာက္ ပုံမွန္ ရေနၿပီလို႔လည္း ဆိုပါတယ္။
ဒီထဲမွာ ျမန္မာ၊ ကေမာၻဒီးယား နဲ႔ ေဟာင္ေကာင္ကထိ ပါပါတယ္။
လိင္တူ ဆက္ဆံသူ အမ်ိဳးသား ေတြနဲ႔ လိင္ေျပာင္းလဲသူေတြၾကားမွာ သူတို႔ လိင္အဂၤါ ကို ၾကည့္ေကာင္းေအာင္ လုပ္တာ ေခတ္စားတယ္၊ သူတို႔က တကိုယ္လုံး ၾကည့္ေကာင္းခ်င္တယ္လို႔ လည္း ဆိုပါတယ္။
လိင္အဂၤါျဖဴ ကုထုံး က မလိုပါဘူး
ထိုင္းက်န္းမာေရး ဌာနကေတာ့ ဒီလို ကုထုံးမ်ိဳး အတြက္ နာက်င္ ေယာင္ယမ္းတာ၊ အမာ႐ြတ္ ေပၚတာ၊ လိင္ဆက္ဆံတာနဲ႔ မ်ိဳးပြား အဂၤါေတြ ထိခိုက္တာေတြ ျဖစ္လာႏိုင္တယ္လို႔ သတိေပးခ်က္ ထုတ္ျပန္ ထားပါတယ္။
ဒီ ကုထုံး ကို ရပ္လိုက္ရင္ အေရျပား က မူလ အေရာင္ ျပန္ေျပာင္းၿပီး အၾကည့္ရဆိုးတဲ့ အေျပာက္ေတြ ေပၚလာႏိုင္တယ္ လို႔လည္း သတိေပးပါတယ္။
လိင္တံ ကို ေလဆာ နဲ႔ ျဖဴေအာင္ လုပ္စရာ မလိုပါဘူး၊ ေငြကုန္ၿပီး အက်ိဳးယုတ္ႏိုင္ပါတယ္ လို႔ က်န္းမာေရး ဌာန ဘက္က ဆိုပါတယ္။
ေၾကာ္ျငာ ေတြက လူမ်ိဳးေရး ခြဲျခားတယ္ဆို
အသားျဖဴ မွ လူခ်မ္းသာ႐ုပ္ ေပါက္တယ္လို႔ ယူဆတဲ့ အေရွ႕ေတာင္ အာရွမွာ ဒီလို ကုထုံး ေတြ ေခတ္စားတာ ဆယ္ႏွစ္ေလာက္ ရွိပါၿပီ။
အသားျဖဴ ေဆးေၾကာ္ျငာကို အသားအေရာင္ ခြဲတယ္လို႔ ေဝဖန္
အသားျဖဴေဆး ေၾကာ္ျငာေတြ ေဈးကြက္မွာ ပလူပ်ံ ေနၿပီး ဒီေၾကာ္ျငာေတြေၾကာင့္ အျငင္းပြားစရာေတြ ရွိလာပါတယ္။
လိမ္းေဆး ေၾကာ္ျငာ တခုကဆိုရင္ ဘန္ေကာက္က ဘတ္စ္ကားဂိတ္ လို ေနရာေတြက ခုံေတြမွာ ဒီေနရာမွာ လူျဖဴေတြသာ ထိုင္ႏိုင္တယ္လို႔ ကပ္ထားပါတယ္။
ေနာက္ထပ္ ထိုင္း အလွကုန္ ကုမၸဏီ တခုကဆို လူမ်ိဳးခြဲျခား လို႔ ဆိုၿပီး သူတို႔ တင္ထားတဲ့ အသားျဖဴေဆး ေၾကာ္ျငာကို အင္တာနက္က ဖယ္ရွား လိုက္ရပါတယ္။
အဲဒီမွာ နာမည္ႀကီး မင္းသမီး တေယာက္က သူေအာင္ျမင္တာ အသားအေရ ေကာင္းလို႔လို႔ ဆိုပါတယ္။
၂ဝ၁၄ က ထိုင္း ႏိုင္ငံမွာ က်င္းပတဲ့ မယ္ကမာၻ ၿပိဳင္ပြဲ တခုမွာေတာ့ အႏိုင္ရသူရဲ႕ အသားအေရာင္ ညိဳတာကို လူေတြက အဓိက ထား မွတ္ခ်က္ ေပးၾကပါတယ္။
Andreas Illmer ၊ Nanchanok Wongsamuth နဲ႔ Thanyarat Doksone တို႔ ေပးပို႔တယ္။
Credit : BBC Burmese
Unicode ဖြင့်ဖတ်ရန်
ထိုင်းက လိင်အင်္ဂါဖြူ ကုထုံးနည်းသစ်
ကုထုံးက နာကျင်နိုင်တယ်လို့ သတိပေးထား
ထိုင်းမှာ ဒီရက်ပိုင်း ခေတ်စားလာတဲ့ အမျိုးသား လိင်အင်္ဂါကို ဖြူအောင် လုပ်တဲ့ ကုထုံးကြောင့် နိုင်ငံရဲ့ အလှပြုပြင်ရေး လုပ်ငန်းကို သိပ်တဘက်စွန်း ရောက်နေပြီလား စဉ်းစားလာကြပါတယ်။
အသားဖြူ အောင် လုပ်တာက အသားညိုတဲ့သူတွေကို အလုပ်ကြမ်း လုပ်ရသူ၊ ဆင်းရဲသူတွေလို့ မြင်ကြတဲ့ အာရှမှာ မဆန်းတော့ပါဘူး။
ဒါတောင် ဆေးခန်း တခုက အင်တာနက်မှာ တင်ထားတဲ့ လိင်အင်္ဂါဖြူ ကုထုံးကြော်ငြာ တခုက ချက်ချင်းကို လူတွေကြားထဲမှာ ပေါက်သွားပါတယ်။
ထိုင်း ကျန်းမာရေး ဌာနကတော့ ဒီကုထုံးနဲ့ ပတ်သက်ပြီး သတိပေးချက် ထုတ်ထားပါတယ်။
ဒီကုထုံးကို ယူခဲ့သူ တယောက်ကတော့ ရေကူး ဘောင်းဘီတိုနဲ့ နေတဲ့အခါ သူ့ကိုယ်သူ ပိုပြီး ယုံကြည်မှု မြင့်ချင်တယ်လို့ ဆိုပါတယ်။
နောက် အသက် ၃ဝ အရွယ် အမျိုးသားကတော့ ကုထုံး ယူပြီး နှစ်လ အတွင်း အရောင် သိသာအောင် ပြောင်းတယ်လို့ ဆိုပါတယ်။
ဘာအတွက်လဲ
ဒီကုထုံးကို ကြော်ငြာတဲ့ ဆေးခန်းက တင်တဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ လေဆာ ရောင်ခြည် သုံးပြီး အရေပြားထဲက မယ်လာနင် ဓာတ်ကို ဖြိုခွဲမယ်လို့ ရေးထားပါတယ်။
နှစ်ရက် အတွင်း ဒီပို့စ်ကို ဖလှယ်သူ တသောင်း ကိုးထောင် ကျော်သွားပါတယ်။
ခွဲစိတ်ခန်းထဲက ပုံတွေအပြင် ဆေးမကုမီနဲ့ ကုပြီး ပုံတွေကို သရုပ်ဖော်ပုံနဲ့ ပြပါတယ်။
မှတ်ချက်ပေးသူတွေကတော့ ရယ်စရာ ကောင်းတယ် ပြောသူကနေ ဘာလုပ်ဖို့လဲလို့ မေးခွန်းထုတ်သူတွေ ပါပါတယ်။
တချို့ကဆို ဖြူလွန်းလို့ ဓာတ်မီးလို သုံးလို့ ရတယ်လို့ ဟာသ လုပ်ပါတယ်။
အမျိုးသမီး တယောက် ကတော့ အရောင်အသွေးက အဓိက မဟုတ်ပါဘူး၊ အရွယ်နဲ့ လှုပ်ရှားပုံကသာ ပဓာနပါလို့ ဆိုပါတယ်။
အသားဖြူ ကုထုံး ရိုးသွားပြီးနောက် လိင်အင်္ဂါဖြူ နည်း လာ
Lelux ဆေးရုံ က ဈေးကွက် မန်နေဂျာ ကတော့ အရင် လေးလ လောက်ကတည်းက အမျိုးသမီး အင်္ဂါဖြူအောင် လုပ်တဲ့ ကုထုံးကို သူတို့ စနေပြီလို့ ပြောပါတယ်။
အဲဒီမှာ လူနာတွေက အမျိုးသားတွေ အတွက်ကော မပါဘူးလား မေးကြလို့ သူတို့ အရင်လက စခဲ့တာလို့ ဆိုပါတယ်။
လေဆာနဲ့ ကုတဲ့ စရိတ်က ငါးခါအတွက် ဒေါ်လာ ၆၅ဝ ရှိပါတယ်။
တလကို အမျိုးသား အမျိုးသမီး လူနာ ၂ဝ က ၃ဝ လောက် ပုံမှန် ရနေပြီလို့လည်း ဆိုပါတယ်။
ဒီထဲမှာ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ ဟောင်ကောင်ကထိ ပါပါတယ်။
လိင်တူ ဆက်ဆံသူ အမျိုးသားတွေနဲ့ လိင်ပြောင်းလဲသူတွေကြားမှာ သူတို့ လိင်အင်္ဂါ ကို ကြည့်ကောင်းအောင် လုပ်တာ ခေတ်စားတယ်၊ သူတို့က တကိုယ်လုံး ကြည့်ကောင်းချင်တယ်လို့ လည်း ဆိုပါတယ်။
လိင်အင်္ဂါဖြူ ကုထုံးက မလိုပါဘူး
ထိုင်းကျန်းမာရေး ဌာနကတော့ ဒီလိုကုထုံးမျိုး အတွက် နာကျင် ယောင်ယမ်းတာ၊ အမာရွတ် ပေါ်တာ၊ လိင်ဆက်ဆံတာနဲ့ မျိုးပွား အင်္ဂါတွေ ထိခိုက်တာတွေ ဖြစ်လာနိုင်တယ်လို့ သတိပေးချက် ထုတ်ပြန် ထားပါတယ်။
ဒီကုထုံးကို ရပ်လိုက်ရင် အရေပြား က မူလ အရောင် ပြန်ပြောင်းပြီး အကြည့်ရဆိုးတဲ့ အပြောက်တွေ ပေါ်လာနိုင်တယ် လို့လည်း သတိပေးပါတယ်။
လိင်တံကို လေဆာနဲ့ ဖြူအောင် လုပ်စရာ မလိုပါဘူး၊ ငွေကုန်ပြီး အကျိုးယုတ်နိုင်ပါတယ် လို့ ကျန်းမာရေး ဌာန ဘက်က ဆိုပါတယ်။
ကြော်ငြာတွေက လူမျိုးရေး ခွဲခြားတယ်ဆို
အသားဖြူမှ လူချမ်းသာရုပ် ပေါက်တယ်လို့ ယူဆတဲ့ အရှေ့တောင် အာရှမှာ ဒီလို ကုထုံးတွေ ခေတ်စားတာ ဆယ်နှစ်လောက် ရှိပါပြီ။
အသားဖြူ ဆေးကြော်ငြာကို အသားအရောင် ခွဲတယ်လို့ ဝေဖန်
အသားဖြူဆေး ကြော်ငြာတွေ ဈေးကွက်မှာ ပလူပျံ နေပြီး ဒီကြော်ငြာတွေကြောင့် အငြင်းပွားစရာတွေ ရှိလာပါတယ်။
လိမ်းဆေး ကြော်ငြာ တခုကဆိုရင် ဘန်ကောက်က ဘတ်စ်ကားဂိတ် လို နေရာတွေက ခုံတွေမှာ ဒီနေရာမှာ လူဖြူတွေသာ ထိုင်နိုင်တယ်လို့ ကပ်ထားပါတယ်။
နောက်ထပ် ထိုင်း အလှကုန် ကုမ္ပဏီ တခုကဆို လူမျိုးခွဲခြား လို့ ဆိုပြီး သူတို့ တင်ထားတဲ့ အသားဖြူဆေး ကြော်ငြာကို အင်တာနက်က ဖယ်ရှား လိုက်ရပါတယ်။
အဲဒီမှာ နာမည်ကြီး မင်းသမီး တယောက်က သူအောင်မြင်တာ အသားအရေ ကောင်းလို့လို့ ဆိုပါတယ်။
၂ဝ၁၄ က ထိုင်း နိုင်ငံမှာ ကျင်းပတဲ့ မယ်ကမ္ဘာ ပြိုင်ပွဲ တခုမှာတော့ အနိုင်ရသူရဲ့ အသားအရောင် ညိုတာကို လူတွေက အဓိက ထား မှတ်ချက် ပေးကြပါတယ်။
Andreas Illmer ၊ Nanchanok Wongsamuth နဲ့ Thanyarat Doksone တို့ ပေးပို့တယ်။
Credit : BBC Burmese