Zawgyi ျဖင့္ဖတ္ရန္

ခရီး လည္းသြားရ၊ ပိုက္ဆံ လည္းရတဲ့ အလုပ္မ်ိဳးေတြဆိုေတာ့ ေျခေထာက္မွာေဗြပါသူေတြအတြက္ေတာ့ ႏွလုံးပီတိ၊ ဂြမ္းဆီထိ ဆိုသလို ျဖစ္ေစမွာပါ။တကယ္လို႔ သင္ဟာ ခရီးသြားျခင္း ကို ဝါသနာ ပါတဲ့ လူတစ္ေယာက္လို႔ ဆိုၾကပါစို႔။ တစ္ႏွစ္မွာ (၃) (၄) ေခါက္ေလာက္မွ ခရီး မသြားလိုက္ရရင္လည္း ေနမထိထိုင္မသာ ျဖစ္တတ္တယ္ဆိုပါစို႔။ ဒါဆိုရင္ မျဖစ္မေန ခရီးသြားရမယ့္ အလုပ္အကိုင္မ်ိဳးကို စိတ္ဝင္စားမွာေပါ့ေနာ္။ ခရီးလည္းသြားရ၊ ပိုက္ဆံလည္းရတဲ့ အလုပ္မ်ိဳးေတြဆိုေတာ့ ေျခေထာက္မွာေဗြပါသူေတြအတြက္ေတာ့ ႏွလုံးပီတိ၊ ဂြမ္းဆီထိ ဆိုသလို ျဖစ္ေစမွာပါ။ အဲဒီ အလုပ္အကိုင္ ေတြကေတာ့…

၁။ ဂီတပြဲ စီစဥ္သူ (Roadie)

ကမာၻေက်ာ္တီးဝိုင္းေတြ၊ အဆိုေတာ္ ေတြဟာ အေခြ ေရာင္းအား တစ္ခုတည္းနဲ႔ ရပ္တည္ေလ့မရွိဘဲ ကမာၻေပၚက သူတို႔ရဲ႕ ပရိသတ္ ေတြအတြက္ နယ္လွည့္ေဖ်ာ္ေျဖပြဲ (World Tour) ေတြ ျပဳလုပ္ေလ့ရွိၾကပါတယ္။ တကယ္လို႔ ခင္ဗ်ားဟာ ပြဲစီစဥ္ တာ ကြၽမ္းက်င္တယ္ဆိုရင္ ဒါမွမဟုတ္ lighting ဒီဇိုင္းခ် တာ၊ အသံဖ မ္းတာ ကြၽမ္းက်င္တယ္ဆိုရင္ ဒီအလုပ္က အသင့္ေတာ္ဆုံးပါပဲ။

ဝင္ေငြ ၿမိဳးၿမိဳးျမက္ျမက္ရသလို မိမိကို ငွားရမ္း ထားတဲ့ တီးဝိုင္း (သို႔) အဆိုေတာ္ သြားရာေနာက္ တေကာက္ေကာက္လိုက္ရမွာ ျဖစ္တဲ့အတြက္ ကမာၻအႏွံ႔ ေရာက္ဖူးသြားမွာပါ။ အိပ္ပ်က္ညေတြ၊ လမ္းေပၚမွာ အခ်ိန္ကုန္ဆုံးရတာေတြ မ်ားႏိုင္ေပမယ့္ ဂီတ ကို ႏွစ္သက္သူတစ္ဦးဆိုရင္ အေကာင္းဆုံးထိုင္ခုံတစ္ေနရာကိုလည္း ရရွိဦးမွာဆိုေတာ့ ဘာလိုေသးလဲေပါ့။

၂။ သြင္းကုန္/ ထုတ္ကုန္သမား

သြင္းကုန္/ ထုတ္ကုန္ ဆိုတာ တျခားႏိုင္ငံက လူသုံးကုန္ပစၥည္းကို ဒီဘက္ကို ဖုန္းေလးနဲ႔၊ အီးေမးလ္ေလးနဲ႔ လွမ္းမွာ႐ုံနဲ႔ မလုံေလာက္ပါဘူး။ ကိုယ္တိုင္လည္း ခရီး ေတြထြက္ၿပီး သြားေရာက္စစ္ေဆးဖို႔ လိုအပ္ပါလိမ့္မယ္။ ေနာက္တစ္ခုကေတာ့ တျခားႏိုင္ငံက ႐ိုးရာပစၥည္းေတြကို သြားဝယ္ၿပီး ကိုယ့္ႏိုင္ငံမွာ ေရာင္းခ်တာလည္း လုပ္ႏိုင္ပါေသးတယ္။ ခရီးလည္းသြားရ၊ စီးပြားလည္းျဖစ္တဲ့ အလုပ္မ်ိဳးေပါ့။

၃။ ေရွးေဟာင္း သုေတသနပညာရွင္

ဒီ အလုပ္ လုပ္ခ်င္ရင္ေတာ့ လုပ္ခ်င္စိတ္တစ္ခုတည္းနဲ႔ လုံေလာက္မယ္မထင္ပါဘူး။ လိုအပ္တဲ့ ပညာေရး ေနာက္ခံနဲ႔ စိတ္အားထက္သန္မႈေတာ့ လိုအပ္ပါလိမ့္မယ္။ ဒါေပမယ့္ ေရွးေဟာင္းပစၥည္း ေတြကို စိတ္ဝင္စားသူဆိုရင္၊ သမိုင္းေၾကာင္းေတြထဲမွာ ေနထိုင္ရတာကို ေပ်ာ္ေမြ႕တယ္ဆိုရင္၊ ပစၥည္းအေဟာင္းအျမင္းေတြရဲ႕ သက္တမ္း နဲ႔ သမိုင္းေၾကာင္းကို ေလ့လာရတာ ဝါသနာထုံတယ္ဆိုရင္ ဒါဟာ သင္လုပ္သင့္တဲ့ အလု ပ္တစ္ခုပါပဲ။ ခရီးမျဖစ္မေနထြက္ရမွာကိုေတာ့ ထည့္ေျပာဖို႔ေတာင္ လိုမယ္မထင္ပါဘူးေနာ္။

၄။ သေဘၤာသား

သေဘၤာသား ေတြ ကမာၻအႏွံ႔ေရာက္တယ္ဆိုတာေတာ့ လူသိမ်ားၿပီးသား အခ်က္တစ္ခ်က္ပါ။ အလုပ္သေဘာအရ ဟိုႏိုင္ငံက ကုန္ကို ဒီႏိုင္ငံကိုပို႔၊ ဒီႏိုင္ငံက ကုန္ကို ဟိုႏိုင္ငံပို႔ လုပ္ရတဲ့အတြက္ ကမာၻ႔ႏိုင္ငံေတာ္ေတာ္မ်ားမ်ားကိုေတာ့ ေရာက္ဖူးသြားမွာပါ။ ဒီေန႔ေခတ္မွာ ကုန္တင္ကုန္ခ်ျမန္လြန္းတဲ့အတြက္ ဟိုလည္ဒီလည္လုပ္ဖို႔ ခက္တယ္ဆိုေပမယ့္လည္း ကံေကာင္းရင္ ကမ္းဆင္းခြင့္ရၿပီး ေဒသႏၲရ ဗဟုသုတ ေတာ္ေတာ္မ်ားမ်ား ရခဲ့မွာေတာ့ ေသခ်ာပါတယ္။ ဒါ့အျပင္ သေဘၤာသားေတြရဲ႕ ဝင္ေငြ က ေယဘုယ်အားျဖင့္ ေကာင္းတယ္လို႔ ဆိုႏိုင္ပါတယ္။

၅။ အဂၤလိပ္စာဆရာ

British Council ဝက္ဘ္ဆိုဒ္ မွာ အလုပ္ေပၚရင္ အီးေမးလ္ ပို႔ေပးဖို႔ စာရင္းသြင္းဖူးတယ္ဆိုရင္ ကမာၻ႔ေနရာအႏွံ႔အျပားမွာ အဂၤလိပ္ဆရာ ေတြ လိုအပ္ေနတာကို ေတြ႕ရွိရပါလိမ့္မယ္။ ဘာပဲေျပာေျပာ အဂၤလိပ္ဘာသာစကားဆိုတာ လက္ရွိမွာ ကမာၻသုံးၾကားခံ ဘာသာစကား တစ္ခု ျဖစ္ေနတယ္ဆိုတာကိုေတာ့ ျငင္းလို႔မရပါဘူး။

အဂၤလိပ္စာ ကို ဆရာျဖစ္ သင္ႏိုင္ေလာက္သည္အထိ ကြၽမ္းက်င္တယ္ဆိုရင္ေတာ့ British Council လိုမ်ိဳး အဖြဲ႕အစည္းတစ္ခုခုမွာ အလုပ္ေလွ်ာက္ႏိုင္ၿပီး ကမာၻ႔အႏွံ႔ ကို သြားေရာက္ခြင့္ရမွာပါ။ ၿပီးရင္ အဲဒီေနရာမွာ အဂၤလိပ္စာ သင္ေပးရင္း နယ္ေျမရဲ႕ ေဒသႏၲရ ဗဟုသုတ နဲ႔ ယဥ္ေက်းမႈေတြကို ထိေတြ႕ခြင့္ရမွာပါ။

၆။ Freelance သမား

စာေရးဆရာ၊ ဓာတ္ပုံုဆရာ၊ ဝက္ဘ္ဒီဇိုင္နာ အစရွိတဲ့ အလုပ္အကိုင္ ေတြဟာ ေယဘုယ်အားျဖင့္ မနက္ (၉) ည (၅) ႐ုံးတက္စရာ မလိုဘဲ အိမ္မွာပဲ အလုပ္ လုပ္လို႔ရတဲ့ အလုပ္အကိုင္ေတြ ျဖစ္ပါတယ္။ Travel Blogger လိုမ်ိဳး ခရီးေတြေလွ်ာက္သြားၿပီး စာေရးတာတို႔၊ Food Blogger လိုမ်ိဳး ကမာၻတဝွမ္းက စားေကာင္းေသာက္ဖြယ္ေတြကို ဝါးတီးလိုက္ဆြဲရတာတို႔ဟာ စာေရးေကာင္းတဲ့ သူေတြ လုပ္ႏိုင္တဲ့ အလုပ္အကိုင္ မ်ိဳး ျဖစ္ပါတယ္။ ဒါမွမဟုတ္ ကင္မရာတစ္လုံးကိုင္ၿပီး ဓာတ္ပုံလိုက္႐ိုက္တာလည္း လုပ္လို႔ရပါတယ္။ စမတ္ဖုန္းတစ္လုံး၊ ကြန္ပ်ဴတာတစ္လုံးနဲ႔ ဝိုင္ဖိုင္ရရင္ ဘယ္ေနရာမွာမဆို အလုပ္လုပ္လို႔ရပါၿပီ။

Credit : Duwun

Unicode ဖြင့်ဖတ်ရန်

ခရီးသွားရတာ ဝါသနာထုံသူတွေ လုပ်သင့်တဲ့ အလုပ်အကိုင် (၆) မျိုး

ခရီးလည်းသွားရ၊ ပိုက်ဆံလည်းရတဲ့ အလုပ်မျိုးတွေဆိုတော့ ခြေထောက်မှာဗွေပါသူတွေအတွက်တော့ နှလုံးပီတိ၊ ဂွမ်းဆီထိ ဆိုသလို ဖြစ်စေမှာပါ။

တကယ်လို့ သင်ဟာ ခရီးသွားခြင်းကို ဝါသနာပါတဲ့ လူတစ်ယောက်လို့ ဆိုကြပါစို့။ တစ်နှစ်မှာ (၃) (၄) ခေါက်လောက်မှ ခရီးမသွားလိုက်ရရင်လည်း နေမထိထိုင်မသာ ဖြစ်တတ်တယ်ဆိုပါစို့။ ဒါဆိုရင် မဖြစ်မနေ ခရီးသွားရမယ့် အလုပ်အကိုင်မျိုးကို စိတ်ဝင်စားမှာပေါ့နော်။ ခရီးလည်းသွားရ၊ ပိုက်ဆံလည်းရတဲ့ အလုပ်မျိုးတွေဆိုတော့ ခြေထောက်မှာဗွေပါသူတွေအတွက်တော့ နှလုံးပီတိ၊ ဂွမ်းဆီထိ ဆိုသလို ဖြစ်စေမှာပါ။ အဲဒီအလုပ်အကိုင်တွေကတော့…

၁။ ဂီတပွဲစီစဉ်သူ (Roadie)

ကမ္ဘာကျော်တီးဝိုင်းတွေ၊ အဆိုတော်တွေဟာ အခွေရောင်းအားတစ်ခုတည်းနဲ့ ရပ်တည်လေ့မရှိဘဲ ကမ္ဘာပေါ်က သူတို့ရဲ့ ပရိသတ်တွေအတွက် နယ်လှည့်ဖျော်ဖြေပွဲ (World Tour) တွေ ပြုလုပ်လေ့ရှိကြပါတယ်။ တကယ်လို့ ခင်ဗျားဟာ ပွဲစီစဉ်တာ ကျွမ်းကျင်တယ်ဆိုရင် ဒါမှမဟုတ် lighting ဒီဇိုင်းချတာ၊ အသံဖမ်းတာ ကျွမ်းကျင်တယ်ဆိုရင် ဒီအလုပ်က အသင့်တော်ဆုံးပါပဲ။

ဝင်ငွေ မြိုးမြိုးမြက်မြက်ရသလို မိမိကို ငှားရမ်းထားတဲ့ တီးဝိုင်း (သို့) အဆိုတော် သွားရာနောက် တကောက်ကောက်လိုက်ရမှာ ဖြစ်တဲ့အတွက် ကမ္ဘာအနှံ့ ရောက်ဖူးသွားမှာပါ။ အိပ်ပျက်ညတွေ၊ လမ်းပေါ်မှာ အချိန်ကုန်ဆုံးရတာတွေ များနိုင်ပေမယ့် ဂီတကို နှစ်သက်သူတစ်ဦးဆိုရင် အကောင်းဆုံးထိုင်ခုံတစ်နေရာကိုလည်း ရရှိဦးမှာဆိုတော့ ဘာလိုသေးလဲပေါ့။

၂။ သွင်းကုန်/ ထုတ်ကုန်သမား

သွင်းကုန်/ ထုတ်ကုန်ဆိုတာ တခြားနိုင်ငံက လူသုံးကုန်ပစ္စည်းကို ဒီဘက်ကို ဖုန်းလေးနဲ့၊ အီးမေးလ်လေးနဲ့ လှမ်းမှာရုံနဲ့ မလုံလောက်ပါဘူး။ ကိုယ်တိုင်လည်း ခရီးတွေထွက်ပြီး သွားရောက်စစ်ဆေးဖို့ လိုအပ်ပါလိမ့်မယ်။ နောက်တစ်ခုကတော့ တခြားနိုင်ငံက ရိုးရာပစ္စည်းတွေကို သွားဝယ်ပြီး ကိုယ့်နိုင်ငံမှာ ရောင်းချတာလည်း လုပ်နိုင်ပါသေးတယ်။ ခရီးလည်းသွားရ၊ စီးပွားလည်းဖြစ်တဲ့ အလုပ်မျိုးပေါ့။

၃။ ရှေးဟောင်းသုတေသနပညာရှင်

ဒီအလုပ်လုပ်ချင်ရင်တော့ လုပ်ချင်စိတ်တစ်ခုတည်းနဲ့ လုံလောက်မယ်မထင်ပါဘူး။ လိုအပ်တဲ့ ပညာရေးနောက်ခံနဲ့ စိတ်အားထက်သန်မှုတော့ လိုအပ်ပါလိမ့်မယ်။ ဒါပေမယ့် ရှေးဟောင်းပစ္စည်းတွေကို စိတ်ဝင်စားသူဆိုရင်၊ သမိုင်းကြောင်းတွေထဲမှာ နေထိုင်ရတာကို ပျော်မွေ့တယ်ဆိုရင်၊ ပစ္စည်းအဟောင်းအမြင်းတွေရဲ့ သက်တမ်းနဲ့ သမိုင်းကြောင်းကို လေ့လာရတာ ဝါသနာထုံတယ်ဆိုရင် ဒါဟာ သင်လုပ်သင့်တဲ့ အလုပ်တစ်ခုပါပဲ။ ခရီးမဖြစ်မနေထွက်ရမှာကိုတော့ ထည့်ပြောဖို့တောင် လိုမယ်မထင်ပါဘူးနော်။

၄။ သင်္ဘောသား

သင်္ဘောသားတွေ ကမ္ဘာအနှံ့ရောက်တယ်ဆိုတာတော့ လူသိများပြီးသား အချက်တစ်ချက်ပါ။ အလုပ်သဘောအရ ဟိုနိုင်ငံက ကုန်ကို ဒီနိုင်ငံကိုပို့၊ ဒီနိုင်ငံက ကုန်ကို ဟိုနိုင်ငံပို့ လုပ်ရတဲ့အတွက် ကမ္ဘာ့နိုင်ငံတော်တော်များများကိုတော့ ရောက်ဖူးသွားမှာပါ။ ဒီနေ့ခေတ်မှာ ကုန်တင်ကုန်ချမြန်လွန်းတဲ့အတွက် ဟိုလည်ဒီလည်လုပ်ဖို့ ခက်တယ်ဆိုပေမယ့်လည်း ကံကောင်းရင် ကမ်းဆင်းခွင့်ရပြီး ဒေသန္တရ ဗဟုသုတ တော်တော်များများ ရခဲ့မှာတော့ သေချာပါတယ်။ ဒါ့အပြင် သင်္ဘောသားတွေရဲ့ ဝင်ငွေက ယေဘုယျအားဖြင့် ကောင်းတယ်လို့ ဆိုနိုင်ပါတယ်။

တကယ်ချစ်တဲ့စုံတွဲတွေ နေ့တိုင်းပြုလုပ်တဲ့အရာ (၅) ခု: တကယ်ချစ်တဲ့စုံတွဲတွေ နေ့တိုင်းပြုလုပ်တဲ့အရာ (၅) ခု

၅။ အင်္ဂလိပ်စာဆရာ

British Council ဝက်ဘ်ဆိုဒ်မှာ အလုပ်ပေါ်ရင် အီးမေးလ်ပို့ပေးဖို့ စာရင်းသွင်းဖူးတယ်ဆိုရင် ကမ္ဘာ့နေရာအနှံ့အပြားမှာ အင်္ဂလိပ်ဆရာတွေ လိုအပ်နေတာကို တွေ့ရှိရပါလိမ့်မယ်။ ဘာပဲပြောပြော အင်္ဂလိပ်ဘာသာစကားဆိုတာ လက်ရှိမှာ ကမ္ဘာသုံးကြားခံ ဘာသာစကားတစ်ခု ဖြစ်နေတယ်ဆိုတာကိုတော့ ငြင်းလို့မရပါဘူး။

အင်္ဂလိပ်စာကို ဆရာဖြစ် သင်နိုင်လောက်သည်အထိ ကျွမ်းကျင်တယ်ဆိုရင်တော့ British Council လိုမျိုး အဖွဲ့အစည်းတစ်ခုခုမှာ အလုပ်လျှောက်နိုင်ပြီး ကမ္ဘာ့အနှံ့ကို သွားရောက်ခွင့်ရမှာပါ။ ပြီးရင် အဲဒီနေရာမှာ အင်္ဂလိပ်စာသင်ပေးရင်း နယ်မြေရဲ့ ဒေသန္တရ ဗဟုသုတနဲ့ ယဉ်ကျေးမှုတွေကို ထိတွေ့ခွင့်ရမှာပါ။

၆။ Freelance သမား

စာရေးဆရာ၊ ဓာတ်ပုံုဆရာ၊ ဝက်ဘ်ဒီဇိုင်နာ အစရှိတဲ့ အလုပ်အကိုင်တွေဟာ ယေဘုယျအားဖြင့် မနက် (၉) ည (၅) ရုံးတက်စရာ မလိုဘဲ အိမ်မှာပဲ အလုပ်လုပ်လို့ရတဲ့ အလုပ်အကိုင်တွေ ဖြစ်ပါတယ်။ Travel Blogger လိုမျိုး ခရီးတွေလျှောက်သွားပြီး စာရေးတာတို့၊ Food Blogger လိုမျိုး ကမ္ဘာတဝှမ်းက စားကောင်းသောက်ဖွယ်တွေကို ဝါးတီးလိုက်ဆွဲရတာတို့ဟာ စာရေးကောင်းတဲ့ သူတွေ လုပ်နိုင်တဲ့ အလုပ်အကိုင်မျိုး ဖြစ်ပါတယ်။ ဒါမှမဟုတ် ကင်မရာတစ်လုံးကိုင်ပြီး ဓာတ်ပုံလိုက်ရိုက်တာလည်း လုပ်လို့ရပါတယ်။ စမတ်ဖုန်းတစ်လုံး၊ ကွန်ပျူတာတစ်လုံးနဲ့ ဝိုင်ဖိုင်ရရင် ဘယ်နေရာမှာမဆို အလုပ်လုပ်လို့ရပါပြီ။

Credit : Duwun