ZawGyiဖြင့်ဖတ်ရန်






Unicodeဖြင့်ဖတ်ရန်

ပရိသတ်တော်တော်များများ စောင့်မျှော်နေကြတဲ့ အဆိုတော် Taylor Swift ရဲ့End Game Music Video ထွက်ရှိလာခဲ့ပါပြီ။ End Game သီချင်းဟာ တေလာရဲ့Reputation Album ထဲက တတိယမြောက် Single ဖြစ်ပြီး Ed Sheeran နဲ့ရက်(ပ်) အဆိုတော် Future တို့Featuring အနေနဲ့ပါဝင်သီဆိုပေးထားတာဖြစ်ပါတယ်။ End Game ဟာ Music Video မထွက်ရှိလာသေးခင်တည်းက ရောင်းအားကောင်းပြီး Chart တွေ တော်တော်များများမှာ နေရာကောင်းကို ရောက်ရှိထားတဲ့ သီချင်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။

တေလာရဲ့ထုံးစံအတိုင်း End Game MV ကို Effect အလန်းစားတွေ၊ မြှုပ်ကွက်တွေနဲ့စနစ်ကျကျ ရိုက်ကူးထားတာတွေ့ရပါတယ်။ အထင်ကရမြို့ကြီးတွေဖြစ်တဲ့ Miami, Tokyo, London မြို့ကြီး (၃) မြို့မှာ Budget အမြောက်အမြားအကုန်အကျခံပြီး သွားရောက်ရိုက်ကူးထားတာဖြစ်ပါတယ်။

လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့ တေလာရဲ့Look What You Made Me Do MV ထဲမှာ တေလာပြောခဲ့သလိုပဲ Old Taylor ဟာ တစ်ကယ်ပဲ သေဆုံးသွားခဲ့ပါပြီ။ အကြောင်းအရင်းကတော့ အခု End Game MV ထဲမှာ တေလာ့ကို တစ်ခါမှမမြင်ဖူးသေတဲ့ ဖက်ရှင်အလန်းစားတွေနဲ့တွေ့မြင်ရတာကြောင့်ပါ။ မြွေအရေခွံကိုယ်ကျပ်အင်္ကျ ီနဲ့တေလာကိုတွေ့ရတာ တစ်ကယ့်ကို တစ်ခြား Taylor Swift တစ်ယောက်ကို တွေ့မြင်ရသလိုပါပဲ။

ဘုဏ်းသိုက်ရဲ့ရင်ဖွင့်စကားကြောင့် ငိုသွားတဲ့ ချမ်းချမ်း

တေလာရဲ့Reputation Album ထဲက အသစ်ထွက်ရှိဦးမဲ့ Music Video တွေ ၊ မကြာခင်မှာ လှည့်လည်ဖျော်ဖြေတော့မဲ့ Reputation Stadium Tour ရဲ့အောင်မြင်မှုတွေကြောင့် 2018 ခုနှစ်ကလည်း တေလာရဲ့နှစ်တစ်နှစ်ဖြစ်ဦးမယ်လို့ယူဆလို့ရနေပါပြီ။ တေလာကို ချစ်ကြတဲ့ မိုမိုလေး ပရိသတ်ကြီးရေ … အလန်းစားရိုက်ချက်တွေနဲ့ရိုက်ကူးထားတဲ့ တေလာ့ရဲ့End Game Music Video ကို အောက်မှာ ဝင်ကြည့်ကြဖို့မမေ့နဲ့နော်။

Taylor Swift – End Game Music Video ft. Ed Sheeran, Future
Credit; Myat Thu ( Momolay )

LEAVE A REPLY