Zawgyi ျဖင့္ဖတ္ရန္
ဆယ္လီဘရစ္တီေတြကို အရူးအမူးစြဲလမ္းၾကတဲ့ အမာခံပရိသတ္ေတြထဲမွာ Pop အဆိုေတာ္ ေတလာဆြစ္ဖ္ရဲ ့ပရိသတ္ေတြလည္း ထိပ္ဆံုးက အပါအ၀င္ျဖစ္ပါတယ္။ ျပီးခဲ့တဲ့ တနဂၤေႏြေန ့တုန္းက ေတလာရဲ ့အမာခံပရိသတ္တစ္ေယာက္ရဲ ့လုပ္ရပ္ေၾကာင့္ ရဲေတြ ေတာ္ေတာ္္ေလးအလုပ္ရွဳပ္ခဲ့ရပါတယ္။

အသက္ (၅၈) ႏွစ္အရြယ္ ေတလာရဲ ့အမာခံပရိသတ္တစ္ေယာက္ဟာ သူ ့ကိုယ္သူ ေတလာရဲ့ခ်စ္သူလို ့ေျပာျပီး ေတလာကို ကာကြယ္ဖို ့ေသနတ္တစ္လက္လိုတယ္လို ့ရဲေတြကို ေျပာခဲ့ပါတယ္။ ထုိသူဟာ ေတလာနဲ ့ပို ့ထားတဲ့ Message ေတြကိုေတာင္ ျပခဲ့တာျဖစ္တယ္လို ့ရဲေတြက ဆုိပါတယ္။ ဒါ့အျပင္ ထုိသူဟာ … “လက္နက္ေတြကို၀ွက္ယူလာတဲ့အခါ ျပည္နယ္ဘယ္နွခုကို ျဖတ္ျပီးယူလို ့ရသလဲ” ဆိုတဲ့ ေမးခြန္းမ်ိဳးကို ရဲေတြေရွ ့မွာ ေမးျမန္းခဲ့တဲ့အတြက္ ရဲေတြက ပိုျပီး သံသယရွိေနခဲ့ပါတယ္။

ေတလာကို အရူးအမူးျဖစ္ေနတဲ့ အဆုိပါပရိသတ္ဟာ အာဖရိကမွာ ေတလာကို ကာကြယ္ေပးဖို ့အတြက္ ေသနတ္တစ္လက္လိုခ်င္ေနခဲ့တယ္ လို ့ေျပာခဲ့တာျဖစ္ပါတယ္။ အာဖရိကမွာ ေတလာရွိေနမယ္လို ့ထုိသူ ထင္ေနတာကိုေတာ့ ဘယ္သူမွနားမလည္ခဲ့ၾကပါဘူး။ ဒါေပမဲ့လည္း လူတစ္ေယာက္ကိုကာကြယ္ဖို ့ေသနတ္တစ္လက္လိုခ်င္တာဟာ ျပစ္မွုတစ္ခုမဟုတ္တဲ့အတြက္ ရဲေတြအေနနဲ ့ထိုသူကို မဖမ္းဆီးခဲ့ေပမဲ့ ေတလာရဲ ့Team ကိုေတာ့ ဆက္သြယ္ျပီး သတိေပးခဲ့တယ္လို ့ဆိုပါတယ္။ လတ္တစ္ေလာမွာ End Game Music Video ထြက္ရွွိထားတဲ့ အဆုိေတာ္ ေတလာတစ္ေယာက္ ဒီလို အရူးအမူးပရိသတ္ေတြနဲ ့ၾကံဳေတြ ့ရတာ ဒါ ပထမဆံုးေတာ့ မဟုတ္ေတာ့ပါဘူး။

Ref : DailyMail
Unicode ဖြင့်ဖတ်ရန်
ဆယ်လီဘရစ်တီတွေကို အရူးအမူးစွဲလမ်းကြတဲ့ အမာခံပရိသတ်တွေထဲမှာ Pop အဆိုတော် တေလာဆွစ်ဖ်ရဲ့ပရိသတ်တွေလည်း ထိပ်ဆုံးက အပါအဝင်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက တေလာရဲ့အမာခံပရိသတ်တစ်ယောက်ရဲ့လုပ်ရပ်ကြောင့် ရဲတွေ တော်တော်လေးအလုပ်ရှုပ်ခဲ့ရပါတယ်။

အသက် (၅၈) နှစ်အရွယ် တေလာရဲ့အမာခံပရိသတ်တစ်ယောက်ဟာ သူ့ကိုယ်သူ တေလာရဲ့ချစ်သူလို့ပြောပြီး တေလာကို ကာကွယ်ဖို့သေနတ်တစ်လက်လိုတယ်လို့ရဲတွေကို ပြောခဲ့ပါတယ်။ ထိုသူဟာ တေလာနဲ့ပို့ထားတဲ့ Message တွေကိုတောင် ပြခဲ့တာဖြစ်တယ်လို့ရဲတွေက ဆိုပါတယ်။ ဒါ့အပြင် ထိုသူဟာ … “လက်နက်တွေကိုဝှက်ယူလာတဲ့အခါ ပြည်နယ်ဘယ်နှခုကို ဖြတ်ပြီးယူလို့ရသလဲ” ဆိုတဲ့ မေးခွန်းမျိုးကို ရဲတွေရှေ့မှာ မေးမြန်းခဲ့တဲ့အတွက် ရဲတွေက ပိုပြီး သံသယရှိနေခဲ့ပါတယ်။

တေလာကို အရူးအမူးဖြစ်နေတဲ့ အဆိုပါပရိသတ်ဟာ အာဖရိကမှာ တေလာကို ကာကွယ်ပေးဖို့အတွက် သေနတ်တစ်လက်လိုချင်နေခဲ့တယ် လို့ပြောခဲ့တာဖြစ်ပါတယ်။ အာဖရိကမှာ တေလာရှိနေမယ်လို့ထိုသူ ထင်နေတာကိုတော့ ဘယ်သူမှနားမလည်ခဲ့ကြပါဘူး။ ဒါပေမဲ့လည်း လူတစ်ယောက်ကိုကာကွယ်ဖို့သေနတ်တစ်လက်လိုချင်တာဟာ ပြစ်မှုတစ်ခုမဟုတ်တဲ့အတွက် ရဲတွေအနေနဲ့ထိုသူကို မဖမ်းဆီးခဲ့ပေမဲ့ တေလာရဲ့Team ကိုတော့ ဆက်သွယ်ပြီး သတိပေးခဲ့တယ်လို့ဆိုပါတယ်။ လတ်တစ်လောမှာ End Game Music Video ထွက်ရှှိထားတဲ့ အဆိုတော် တေလာတစ်ယောက် ဒီလို အရူးအမူးပရိသတ်တွေနဲ့ကြုံတွေ့ရတာ ဒါ ပထမဆုံးတော့ မဟုတ်တော့ပါဘူး။

Ref : DailyMail
Credit: Myat Thu ( Momolay )