Zawgyi ျဖင့္ဖတ္ရန္

– ည ၁၀ နာရီေလာက္မွာ အရည္ၾကည္ေလးေတြစဆင္းပါတယ္ ( dd က ၁၂ ရက္ေန႔ေပမယ့္ ၃ ရက္ေန႔မွာျဖစ္တာပါ)

– ေဆးရံုသြားဖို႔ လိုအပ္တာအားလံုးျပင္ဆင္ထားပါတယ္

– ၁၂ နာရီေလာက္မွာ နည္းနည္းခ်င္းစနာလာပါတယ္ ဒါေပမယ့္ ခဏေလးပဲနာၿပီး အခ်ိန္က်ဲပါတယ္

– မနက္ ၃ နာရီေလာက္မွာေတာ့ ၅ မိနစ္ျခားတစ္ခါနာလာပါတယ္

-ကၽြန္မေနတာက ေရနံေခ်ာင္းၿမိဳ႕ေလးျဖစ္တဲ့အတြက္ ပထမဆံုးသားဦးလည္းျဖစ္တာေၾကာင့္ မေကြးတိုင္းေဆးရံုႀကီးမွာ ႐ိုး႐ိုးေမြးဖို႔စီစဥ္ထားခဲ့တာပါ (႐ိုး႐ိုးေမြးရင္ တိုင္းေဆးရံုက ပုဂၢလိကေဆးရံု ထက္ပိုေကာင္းတယ္ေျပာၾကလို႔/ OG နဲ႔ေသခ်ာတိုင္ပင္ၿပီး USG လဲ ၃ ခါ႐ိုက္ၾကည့္ၿပီး ကေလး လူႀကီးအေျခအေနအားလံုးေကာင္းလို႔ OG ကလဲ ႐ိုး႐ိုးပဲေမြးဖို႔အားေပးတယ္)

– ၄ နာရီခြဲမွာ မေကြးတိုင္းေဆးရံုႀကီးကိုေရာက္ပါတယ္။ သားအိမ္ ၂ လက္မပြင့္ေနပါၿပီတဲ့…ၿပီးေတာ့ ေသြးကစစ္ၿပီးသားပါ က္ုယ္ဝန္ ၅ လမွာ ဒါေပမယ့္ ထပ္စစ္မယ္ဆိုၿပီး ေသြးထပ္ေဖာက္ယူပါတယ္….ေသြးရွာေပးထားရပါတယ္

– ဗိုက္ကအနာစိပ္လာပါၿပီ ဒါေပမယ့္ မၫွစ္ေသးပါဘူး….ပုလင္းခ်ိတ္ေပးထားပါတယ္

– ၉ နာရီခြဲမွာေတာ့ ဆီးျခဴၿပီး ေရမႊာေဖာက္လိုက္ပါၿပီတဲ့…

– ၁၀ နာရီခြဲေနာက္ပိုင္းမွာေတာ့ အရမ္းၫွစ္ခ်င္လာပါၿပီ ( ကေလးတိုးတာလားေတာ့ ကိုယ္လဲပထမဆံုးဆိုေတာ့ ေသခ်ာနားမလည္ေသး)

– လူနာေစာင့္လည္း ဘယ္သူမွအဝင္မခံ ( ဆူ/ေငါက္ လႊတ္) အနားမွာလည္းဘယ္သူမွမရွိ ( တစ္ေယာက္တည္း ေဆးရံုကုတင္ေပၚမွာ ေအာ္ဟစ္ရင္း ေမြးေနရတယ္) လာၾကည့္ေပးၾကပါဆိုေတာ့လဲ ဆရာဝန္ေဝး သူနာျပဳေတာင္မလာ (ကိုယ့္မွာေတာ့ အသနားခံၿပီးေအာ္တာပဲ ရွက္လဲမရွက္ႏိုင္ေတာ့ဘူးေလ)

– ၁၁ နာရီေလာက္မွာေတာ့ ေစာင္းအိပ္ၿပီး ေပါင္စိထားတဲ့ အဲလိုမေနရင္ ကေလးဒုကၡေရာက္လိမ့္မယ္တဲ့ (ကိုယ္လဲစိုးရိမ္သြားၿပီး ေစာင္းအိပ္ရင္းနဲ႔ပဲ ကိုယ္မၫွစ္ပဲနဲ႔ေတာင္ ၫွစ္မိေနတယ္…လူႀကီးေတြေျပာတာေတာ့ ကေလးက အရမ္းသန္လို႔တိုးေနတာလို႔ေျပာတာပဲ)

– ကိုယ့္ေဘးက ကုတင္မွာ USG ႐ိုက္ေနတယ္ (USG ႐ိုက္တဲ့အခန္းကေမွာင္လို႔တဲ့ မေမြးခင္ဗိုက္နာတဲ့လူေတြထားတဲ့ waiting room မွာလာ႐ိုက္ေနတာ) အဲဒါမၿပီးမခ်င္း ကိုယ့္နားကို ဘယ္သူမွေရာက္မလာတဲ့အျပင္ လူနာေစာင့္လည္းေနခြင့္မရွိခဲ့ဘူး….

– ၁၁ ခြဲေလာက္မွာေတာ့ ကေလးကေခါင္းျပဴေနၿပီ…အဲဒါလည္းေစာင္းအိပ္ေနဦးတဲ့ (ၫွစ္ရင္လည္းတစ္ခါတည္းထြက္ေအာင္ၫွစ္တဲ့) ဆူလိုက္ေငါက္လိုက္တာလည္းေျပာမေနနဲ႔ ( နင့္ပါးစပ္ပိတ္ထားလို႔မရဘူးလား အေႏွာင့္အယွက္ျဖစ္တယ္တဲ့)

– ေမြးခန္းကိုလည္းပို႔မေပးေသးပဲ ေဆးေက်ာင္းသူ/သားေတြကို ကေလးေခါင္းျပဴတာစမ္းခိုင္းရင္း စာေတြေမးေနတယ္ ( ဘယ္ year မွာဘယ္အခန္းမွာ သင္ရတာေတြဆိုတာကမွအစ)

– ၁ နာရီခြဲသြားၿပီ လူလည္း အရမ္းပင္ပန္းၿပီး အသံေတာင္မထြက္ႏိုင္ေတာ့ဘူး….အဲဒီ့အခ်ိန္မွာ သူတို႔ ကေလးႏွလံုးခုန္သံကိုနားေထာင္ၾကည့္တယ္

– ကေလးႏွလံုးခုန္သံမၾကားေတာ့ဘူးတဲ့ ( သူတို႔အခ်င္းခ်င္းေျပာေနၾကတာ) ကိုယ္လဲဗိုက္နာေနတဲ့ၾကား ေဆာက္တည္ရာမရျဖစ္သြားခဲ့တယ္ သားဘာမွမျဖစ္ပါေစနဲ႔ သားေလးရယ္အားတင္းထားပါ အားေပးရင္း စိတ္ထဲမွာအရမ္းဝမ္းနည္းေနခဲ့တယ္

-အဲ့ဒီအခ်ိန္က်မွ ေမြးခန္းကိုပို႔ေပးခဲ့တယ္

-တညလံုး တေန႔လံုး လံုးဝမအိပ္ ဘာမွမစားပဲ အသည္းအသန္ဗိုက္နာေနခဲ့ၿပီး ပင္ပန္းေနေပမယ့္ ေမြးစင္ေပၚမွာ ေနာက္ဆံုးအင္အားၫွစ္ထုတ္ၿပီး ၅ မိနစ္ေက်ာ္ေက်ာ္အတြင္း ေမြးဖြားႏိုင္ခဲ့တယ္

-၁ နာရီ ၄၄ မိနစ္မွာ သားကိုေမြးၿပီးတယ္ ( ငိုသံမၾကားရေသး) အဲဒီ့အခ်ိန္မွာလဲ ကေလးကိုကိုင္ရင္း ဒီလိုမ်ိဳးျဖစ္ရင္လည္းလန္႔စရာမလိုဘူးဆိုၿပီး စာသင္ေပးေနတုန္း

– ခဏေနေတာ့ ငိုသံေလး ၂ ခါထြက္လာတယ္ ( ေမေမ့ကိုမ်ားႏႈတ္ဆက္တာလားသားရယ္ ) ဘုရားစာအစံုရြတ္ ဆုေတာင္းေနတုန္းပဲ သားဘာမွမျဖစ္ပါနဲ႔ အသက္ရွင္ေပးပါဆိုၿပီး

– ကေလးၾကပ္မတ္ေဆာင္ကိုပို႔ရမယ္တဲ့ ႏွလံုးခုန္ေနေသးတယ္တဲ့ (ကိုယ့္မွာစိတ္ကိုမနည္းတင္းထားရတယ္)

– ခဏေနေတာ့ ေမေမတို႔ဝင္လာတယ္ မ်က္ႏွာမေကာင္းၾက…ကေလးနဲ႔ပက္သက္ၿပီးေမးေတာ့ ေဆးေတြေတာ့အမ်ားႀကီးဝယ္ပို႔ထားရတယ္တဲ့

– ညေန ၅ နာရီခြဲေလာက္မွာေတာ့ သားကိုလက္ေလွ်ာ့လိုက္ရပါၿပီတဲ့

တကယ္ေတာ့ သားက 3.3 kg ရွိတယ္…OG ကိုယ္တိုင္ သန္တယ္တဲ့…( ဗိုက္အပ္ထားတဲ့ OGက လာၾကည့္ေပးတယ္ သူ႔duty ခ်ိန္မဟုတ္ေတာ့ ေနာက္ dutyက်တဲ့ OG ကေမြးေပးတာ…)

ျဖစ္သြားတာက တကယ္ေမြးခ်င္တဲ့အခ်ိန္မွာ ေမြးခန္းကိုမပို႔ပဲ ေစာင္းၿပီး ေပါင္စိၿပီး ေနခိုင္းခဲ့တယ္( ခုမွျပန္ေတြးၾကည့္ရင္ သားကိုထြက္မရေအာင္ ကိုယ့္ဘသာလုပ္ထားသလိုျဖစ္ခဲ့တယ္

….ကေလးႏွလံုးခုန္ရပ္မွ ေမြးခန္းထဲကိုပို႔ခဲ့တယ္

(မအားၾကလို႔လား ဘာလို႔လဲ)

Source – FB

https://www.facebook.com/su.hlaing.39750?hc_ref=ARRSKOs2B0F0XlurkuwdizHpVXlT3JE9gGOtNtEtzoAbeU6mCZRGF2V50AhOSitpa2Y

Unicode ဖြင့်ဖတ်ရန်

အတွေ့အကြုံမျှဝေခြင်းဖြင့် သင်ခန်းစာရကြပါစေရန်ပါ

– ည ၁၀ နာရီလောက်မှာ အရည်ကြည်လေးတွေစဆင်းပါတယ် ( dd က ၁၂ ရက်နေ့ပေမယ့် ၃ ရက်နေ့မှာဖြစ်တာပါ)

– ဆေးရုံသွားဖို့ လိုအပ်တာအားလုံးပြင်ဆင်ထားပါတယ်

– ၁၂ နာရီလောက်မှာ နည်းနည်းချင်းစနာလာပါတယ် ဒါပေမယ့် ခဏလေးပဲနာပြီး အချိန်ကျဲပါတယ်

– မနက် ၃ နာရီလောက်မှာတော့ ၅ မိနစ်ခြားတစ်ခါနာလာပါတယ်

-ကျွန်မနေတာက ရေနံချောင်းမြို့လေးဖြစ်တဲ့အတွက် ပထမဆုံးသားဦးလည်းဖြစ်တာကြောင့် မကွေးတိုင်းဆေးရုံကြီးမှာ ရိုးရိုးမွေးဖို့စီစဉ်ထားခဲ့တာပါ (ရိုးရိုးမွေးရင် တိုင်းဆေးရုံက ပုဂ္ဂလိကဆေးရုံ ထက်ပိုကောင်းတယ်ပြောကြလို့/ OG နဲ့သေချာတိုင်ပင်ပြီး USG လဲ ၃ ခါရိုက်ကြည့်ပြီး ကလေး လူကြီးအခြေအနေအားလုံးကောင်းလို့ OG ကလဲ ရိုးရိုးပဲမွေးဖို့အားပေးတယ်)

– ၄ နာရီခွဲမှာ မကွေးတိုင်းဆေးရုံကြီးကိုရောက်ပါတယ်။ သားအိမ် ၂ လက်မပွင့်နေပါပြီတဲ့…ပြီးတော့ သွေးကစစ်ပြီးသားပါ က်ုယ်ဝန် ၅ လမှာ ဒါပေမယ့် ထပ်စစ်မယ်ဆိုပြီး သွေးထပ်ဖောက်ယူပါတယ်….သွေးရှာပေးထားရပါတယ်

– ဗိုက်ကအနာစိပ်လာပါပြီ ဒါပေမယ့် မညှစ်သေးပါဘူး….ပုလင်းချိတ်ပေးထားပါတယ်

– ၉ နာရီခွဲမှာတော့ ဆီးခြူပြီး ရေမွှာဖောက်လိုက်ပါပြီတဲ့…

– ၁၀ နာရီခွဲနောက်ပိုင်းမှာတော့ အရမ်းညှစ်ချင်လာပါပြီ ( ကလေးတိုးတာလားတော့ ကိုယ်လဲပထမဆုံးဆိုတော့ သေချာနားမလည်သေး)

– လူနာစောင့်လည်း ဘယ်သူမှအဝင်မခံ ( ဆူ/ငေါက် လွှတ်) အနားမှာလည်းဘယ်သူမှမရှိ ( တစ်ယောက်တည်း ဆေးရုံကုတင်ပေါ်မှာ အော်ဟစ်ရင်း မွေးနေရတယ်) လာကြည့်ပေးကြပါဆိုတော့လဲ ဆရာဝန်ဝေး သူနာပြုတောင်မလာ (ကိုယ့်မှာတော့ အသနားခံပြီးအော်တာပဲ ရှက်လဲမရှက်နိုင်တော့ဘူးလေ)

– ၁၁ နာရီလောက်မှာတော့ စောင်းအိပ်ပြီး ပေါင်စိထားတဲ့ အဲလိုမနေရင် ကလေးဒုက္ခရောက်လိမ့်မယ်တဲ့ (ကိုယ်လဲစိုးရိမ်သွားပြီး စောင်းအိပ်ရင်းနဲ့ပဲ ကိုယ်မညှစ်ပဲနဲ့တောင် ညှစ်မိနေတယ်…လူကြီးတွေပြောတာတော့ ကလေးက အရမ်းသန်လို့တိုးနေတာလို့ပြောတာပဲ)

– ကိုယ့်ဘေးက ကုတင်မှာ USG ရိုက်နေတယ် (USG ရိုက်တဲ့အခန်းကမှောင်လို့တဲ့ မမွေးခင်ဗိုက်နာတဲ့လူတွေထားတဲ့ waiting room မှာလာရိုက်နေတာ) အဲဒါမပြီးမချင်း ကိုယ့်နားကို ဘယ်သူမှရောက်မလာတဲ့အပြင် လူနာစောင့်လည်းနေခွင့်မရှိခဲ့ဘူး….

– ၁၁ ခွဲလောက်မှာတော့ ကလေးကခေါင်းပြူနေပြီ…အဲဒါလည်းစောင်းအိပ်နေဦးတဲ့ (ညှစ်ရင်လည်းတစ်ခါတည်းထွက်အောင်ညှစ်တဲ့) ဆူလိုက်ငေါက်လိုက်တာလည်းပြောမနေနဲ့ ( နင့်ပါးစပ်ပိတ်ထားလို့မရဘူးလား အနှောင့်အယှက်ဖြစ်တယ်တဲ့)

– မွေးခန်းကိုလည်းပို့မပေးသေးပဲ ဆေးကျောင်းသူ/သားတွေကို ကလေးခေါင်းပြူတာစမ်းခိုင်းရင်း စာတွေမေးနေတယ် ( ဘယ် year မှာဘယ်အခန်းမှာ သင်ရတာတွေဆိုတာကမှအစ)

– ၁ နာရီခွဲသွားပြီ လူလည်း အရမ်းပင်ပန်းပြီး အသံတောင်မထွက်နိုင်တော့ဘူး….အဲဒီ့အချိန်မှာ သူတို့ ကလေးနှလုံးခုန်သံကိုနားထောင်ကြည့်တယ်

– ကလေးနှလုံးခုန်သံမကြားတော့ဘူးတဲ့ ( သူတို့အချင်းချင်းပြောနေကြတာ) ကိုယ်လဲဗိုက်နာနေတဲ့ကြား ဆောက်တည်ရာမရဖြစ်သွားခဲ့တယ် သားဘာမှမဖြစ်ပါစေနဲ့ သားလေးရယ်အားတင်းထားပါ အားပေးရင်း စိတ်ထဲမှာအရမ်းဝမ်းနည်းနေခဲ့တယ်

-အဲ့ဒီအချိန်ကျမှ မွေးခန်းကိုပို့ပေးခဲ့တယ်

-တညလုံး တနေ့လုံး လုံးဝမအိပ် ဘာမှမစားပဲ အသည်းအသန်ဗိုက်နာနေခဲ့ပြီး ပင်ပန်းနေပေမယ့် မွေးစင်ပေါ်မှာ နောက်ဆုံးအင်အားညှစ်ထုတ်ပြီး ၅ မိနစ်ကျော်ကျော်အတွင်း မွေးဖွားနိုင်ခဲ့တယ်

-၁ နာရီ ၄၄ မိနစ်မှာ သားကိုမွေးပြီးတယ် ( ငိုသံမကြားရသေး) အဲဒီ့အချိန်မှာလဲ ကလေးကိုကိုင်ရင်း ဒီလိုမျိုးဖြစ်ရင်လည်းလန့်စရာမလိုဘူးဆိုပြီး စာသင်ပေးနေတုန်း

– ခဏနေတော့ ငိုသံလေး ၂ ခါထွက်လာတယ် ( မေမေ့ကိုများနှုတ်ဆက်တာလားသားရယ် ) ဘုရားစာအစုံရွတ် ဆုတောင်းနေတုန်းပဲ သားဘာမှမဖြစ်ပါနဲ့ အသက်ရှင်ပေးပါဆိုပြီး

– ကလေးကြပ်မတ်ဆောင်ကိုပို့ရမယ်တဲ့ နှလုံးခုန်နေသေးတယ်တဲ့ (ကိုယ့်မှာစိတ်ကိုမနည်းတင်းထားရတယ်)

– ခဏနေတော့ မေမေတို့ဝင်လာတယ် မျက်နှာမကောင်းကြ…ကလေးနဲ့ပက်သက်ပြီးမေးတော့ ဆေးတွေတော့အများကြီးဝယ်ပို့ထားရတယ်တဲ့

– ညနေ ၅ နာရီခွဲလောက်မှာတော့ သားကိုလက်လျှော့လိုက်ရပါပြီတဲ့

တကယ်တော့ သားက 3.3 kg ရှိတယ်…OG ကိုယ်တိုင် သန်တယ်တဲ့…( ဗိုက်အပ်ထားတဲ့ OGက လာကြည့်ပေးတယ် သူ့duty ချိန်မဟုတ်တော့ နောက် dutyကျတဲ့ OG ကမွေးပေးတာ…)

ဖြစ်သွားတာက တကယ်မွေးချင်တဲ့အချိန်မှာ မွေးခန်းကိုမပို့ပဲ စောင်းပြီး ပေါင်စိပြီး နေခိုင်းခဲ့တယ်( ခုမှပြန်တွေးကြည့်ရင် သားကိုထွက်မရအောင် ကိုယ့်ဘသာလုပ်ထားသလိုဖြစ်ခဲ့တယ်

….ကလေးနှလုံးခုန်ရပ်မှ မွေးခန်းထဲကိုပို့ခဲ့တယ်

(မအားကြလို့လား ဘာလို့လဲ)

Source – FB
http://www.lyhealthcare.com/archives/30330
https://www.facebook.com/su.hlaing.39750?hc_ref=ARRSKOs2B0F0XlurkuwdizHpVXlT3JE9gGOtNtEtzoAbeU6mCZRGF2V50AhOSitpa2Y