ZawGyiျဖင့္ဖတ္ရန္
သက္ေတာ္ 91နွစ္ရွိျပီျဖစ္တဲ့ဘုရင္မၾကီးဟာ သတိေတာ့ေကာင္းတုန္းပါပဲ။မၾကာေသးမီက ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဳးတစ္ခုမွာ တန္္ခိုးအရွိ္န္အဝါၾကီးထြားတဲ့ သက္ေတာ္ရွည္ဘုရင္မၾကီးဟာသူမရဲ႕ ဘဝတစ္ေလွ်ာက္က အေတြ႔အၾကံဳတစ္ေစ့တစ္ေစာင္းနဲ႔ သူမျမတ္နိုးတဲ့လက္ဝတ္ရတနာေတြအေၾကာင္းကုိေႏြးေထြးေအးခ်မ္းစြာျပန္ေျပာင္းေျပာျပခဲ့ပါတယ္။ သူမရဲ႕ နွစ္ေပါင္နဲ႔ ငါးေအာင္စ အေလးခ်ိန္ရွိတဲ့သရဖူၾကီးကေတာ့ ဇာတ္လိုက္ေက်ာ္ေပါ့။
“သရဖူေတြဆုိတာေတာ့သိတဲ့အတိုင္းပဲ။ ဝတ္ထားရတာ ငယ္တုန္းမွာမသိသာေပမယ့္ခုေတာ့ေတာ္ေတာ္ခက္ခဲပါတယ္။ မိန္႔ခြန္းေျပာဖို႔ေတာင္ေအာက္ငံု႕မၾကည့္နိုင္လို႔ မိန္္႔ခြန္းစာရြက္ကိုမ်က္နွာေရွ႕တည့္တည့္ထားျပီးေျပာရေတာ့တာပဲ။ငံု႔လိုက္လို႔ သရဖူၾကီးက ေအာက္ျပဳတ္က်သြားရင္လည္ပင္းက်ိဳးမယ္ေလ။ သရဖူဆိုတာ အေကာင္းၾကီးပဲမဟုတ္ေပမယ့္ ရာဇဝင္နဲ႔ အေရးၾကီးတဲ့နို္င္ငံေရးအမွတ္တံဆိပ္တစ္ခုလို႔ေျပာရမယ္ေပါ့”

ဘုရင္မၾကီးဟာ သရဖူလႊဲေျပာင္းေပးအပ္ျခင္းခံခဲ့ရစဥ္က သက္ေတာ္27 နွစ္ရွိိျပီျဖစ္ျပီး နန္းတက္တဲ့ဝတ္ရံုေတာ္ၾကီးဆင္ျမန္းလို႔ လွေသြးၾကြယ္ခဲ့ပါတယ္။
ထီးနန္္းလႊဲအပ္ခံခဲ့ရတဲ့ေန႔အေၾကာင္းကို ေအာက္ေမ့သတိရေနတဲ့ဘုရင္မၾကီးရဲ႕ မ်က္နွာေတာ္မွာ အတိတ္ရဲ႕အျပံဳးေတြ ေဝျဖာေနဆဲပါပဲ…။

“အဲဒီေန႔က သရဖူေခါင္းေပၚေရာက္လာေတာ့ ဇက္ပါခိုင္သြားတယ္။သိတယ္မဟုတ္လားသရဖူဆုိတာက ဆင္ျမန္းျပီးရင္ ေခါင္းကုိတည့္တည့္ထားျပီး ဝဲယာလွည့္လို႔ရေတာ့တာမဟုတ္ဘူးေလ။ေတာ္ေသးတာက ဖခင္ျဖစ္သူနဲ႔ကုိယ္နဲ႔က ေခါင္းအရြယ္အစားျခင္းသိပ္မကြာလွေတာ့ သရဖူဆင္ျမန္းရတာအခက္အခဲေတာ့မေတြ႕ခဲ့ပါဘူး။ ေနာက္တစ္ခုက ဝတ္ရံုၾကီးပဲ။ေက်ာက္သံပတၱျမားေတြစီျခယ္ထားတဲ့ဝတ္ရံုၾကီးက ေလးလုိက္ပံုမ်ား ျမင္းရထားနဲ႔တုိင္းခန္းလွည့္လည္ေတာ့ ျမင္းေတြက သိပ္္မေရြ႕ေတာ့ဘူးေလ။ဝတ္ရံုက သိပ္လွေပမယ့္ ဝတ္ရတဲ့လူအတြက္ ဆုိးရြားပါတယ္။ တေလးတလံနဲ႔လမ္းေလ်ွာက္ရသလုိ အဲဒီဝတ္ရံုၾကီးဟာဝတ္ျပီး ေဝးေဝးလံလံသြားဖို႔လံုးဝကုိေတြးရဲစရာမရွိတဲ့ ဝတ္ရံုၾကီးပါ။ဒါေပမယ့္ အဲဒါၾကီးဆင္ျမန္းျပီးလန္ဒန္ျမိဳ႕တစ္ဝက္ေလာက္ပတ္ခဲ့ရတယ္။” လို႔ ဘုရင္မၾကီးက သူမရဲ႕ ထီးနန္းပထဆံုးေန႔အေတြ႕အၾကံဳကိုေဝမ်ွခဲ့ပါေသးတယ္။

သူမသိပ္ျမတ္နုိးတဲ့ အရာေတြကေတာ့ Elizabeth 1 ရဲ႕ နားဆြဲရတနာေတြပါပဲ။ေက်ာက္ေတြနဲ႔စီျခယ္ထားသလိုပုလဲေတြလည္းပါပါတယ္။

“ပုလဲေတြက အသက္ရွိတယ္။သူတို႔က လူရဲ႕အေႏြးဓာတ္နဲ႔ခ်စ္ေမတၱာကိုလိုအပ္ပါတယ္။အသက္ၾကီးတဲ့အခါက် နားဆြဲရဲ႕အေလးခ်ိန္ကိုမခံနုိင္ေတာ့ နားဆြဲမဆင္ျမန္းနုိင္ေတာ့ဘူးေလ။ဒီေတာ့သူတို႔လည္း ဝမ္းနည္းေနပံုေပၚတယ္….သူတို႔ မေပ်ာ္ၾကဘူး”လို႔ စိ္တ္မေကာင္းစြာေျပာခဲ့ပါတယ္။

Credit: buzzy.com.mm

Unicodeဖြင့်ဖတ်ရန်

သက်တော် 91နှစ်ရှိပြီဖြစ်တဲ့ဘုရင်မကြီးဟာ သတိတော့ကောင်းတုန်းပါပဲ။မကြာသေးမီက ပြုလုပ်ခဲ့တဲ့ အင်တာဗျုးတစ်ခုမှာ တန််ခိုးအရှိ်န်အဝါကြီးထွားတဲ့ သက်တော်ရှည်ဘုရင်မကြီးဟာသူမရဲ့ ဘဝတစ်လျှောက်က အတွေ့အကြုံတစ်စေ့တစ်စောင်းနဲ့ သူမမြတ်နိုးတဲ့လက်ဝတ်ရတနာတွေအကြောင်းကိုနွေးထွေးအေးချမ်းစွာပြန်ပြောင်းပြောပြခဲ့ပါတယ်။ သူမရဲ့ နှစ်ပေါင်နဲ့ ငါးအောင်စ အလေးချိန်ရှိတဲ့သရဖူကြီးကတော့ ဇာတ်လိုက်ကျော်ပေါ့။

“သရဖူတွေဆိုတာတော့သိတဲ့အတိုင်းပဲ။ ဝတ်ထားရတာ ငယ်တုန်းမှာမသိသာပေမယ့်ခုတော့တော်တော်ခက်ခဲပါတယ်။ မိန့်ခွန်းပြောဖို့တောင်အောက်ငုံ့မကြည့်နိုင်လို့ မိန့််ခွန်းစာရွက်ကိုမျက်နှာရှေ့တည့်တည့်ထားပြီးပြောရတော့တာပဲ။ငုံ့လိုက်လို့ သရဖူကြီးက အောက်ပြုတ်ကျသွားရင်လည်ပင်းကျိုးမယ်လေ။ သရဖူဆိုတာ အကောင်းကြီးပဲမဟုတ်ပေမယ့် ရာဇဝင်နဲ့ အရေးကြီးတဲ့နို်င်ငံရေးအမှတ်တံဆိပ်တစ်ခုလို့ပြောရမယ်ပေါ့”

ဘုရင်မကြီးဟာ သရဖူလွှဲပြောင်းပေးအပ်ခြင်းခံခဲ့ရစဉ်က သက်တော်27 နှစ်ရှိိပြီဖြစ်ပြီး နန်းတက်တဲ့ဝတ်ရုံတော်ကြီးဆင်မြန်းလို့ လှသွေးကြွယ်ခဲ့ပါတယ်။

ထီးနန််းလွှဲအပ်ခံခဲ့ရတဲ့နေ့အကြောင်းကို အောက်မေ့သတိရနေတဲ့ဘုရင်မကြီးရဲ့ မျက်နှာတော်မှာ အတိတ်ရဲ့အပြံုးတွေ ဝေဖြာနေဆဲပါပဲ…။

“အဲဒီနေ့က သရဖူခေါင်းပေါ်ရောက်လာတော့ ဇက်ပါခိုင်သွားတယ်။သိတယ်မဟုတ်လားသရဖူဆိုတာက ဆင်မြန်းပြီးရင် ခေါင်းကိုတည့်တည့်ထားပြီး ဝဲယာလှည့်လို့ရတော့တာမဟုတ်ဘူးလေ။တော်သေးတာက ဖခင်ဖြစ်သူနဲ့ကိုယ်နဲ့က ခေါင်းအရွယ်အစားခြင်းသိပ်မကွာလှတော့ သရဖူဆင်မြန်းရတာအခက်အခဲတော့မတွေ့ခဲ့ပါဘူး။ နောက်တစ်ခုက ဝတ်ရုံကြီးပဲ။ကျောက်သံပတ္တမြားတွေစီခြယ်ထားတဲ့ဝတ်ရုံကြီးက လေးလိုက်ပုံများ မြင်းရထားနဲ့တိုင်းခန်းလှည့်လည်တော့ မြင်းတွေက သိပ််မရွေ့တော့ဘူးလေ။ဝတ်ရုံက သိပ်လှပေမယ့် ဝတ်ရတဲ့လူအတွက် ဆိုးရွားပါတယ်။ တလေးတလံနဲ့လမ်းလျှောက်ရသလို အဲဒီဝတ်ရုံကြီးဟာဝတ်ပြီး ဝေးဝေးလံလံသွားဖို့လုံးဝကိုတွေးရဲစရာမရှိတဲ့ ဝတ်ရုံကြီးပါ။ဒါပေမယ့် အဲဒါကြီးဆင်မြန်းပြီးလန်ဒန်မြို့တစ်ဝက်လောက်ပတ်ခဲ့ရတယ်။” လို့ ဘုရင်မကြီးက သူမရဲ့ ထီးနန်းပထဆုံးနေ့အတွေ့အကြံုကိုဝေမျှခဲ့ပါသေးတယ်။

သူမသိပ်မြတ်နိုးတဲ့ အရာတွေကတော့ Elizabeth 1 ရဲ့ နားဆွဲရတနာတွေပါပဲ။ကျောက်တွေနဲ့စီခြယ်ထားသလိုပုလဲတွေလည်းပါပါတယ်။

“ပုလဲတွေက အသက်ရှိတယ်။သူတို့က လူရဲ့အနွေးဓာတ်နဲ့ချစ်မေတ္တာကိုလိုအပ်ပါတယ်။အသက်ကြီးတဲ့အခါကျ နားဆွဲရဲ့အလေးချိန်ကိုမခံနိုင်တော့ နားဆွဲမဆင်မြန်းနိုင်တော့ဘူးလေ။ဒီတော့သူတို့လည်း ဝမ်းနည်းနေပုံပေါ်တယ်….သူတို့ မပျော်ကြဘူး”လို့ စိ်တ်မကောင်းစွာပြောခဲ့ပါတယ်။

Credit: buzzy.com.mm

LEAVE A REPLY